Thursday, December 24, 2015

တစ္ဆေကို မီးဖုတ်စားသော လယ်သမား

နည်းစနစ်ကျကျအတွေးအခေါ်

အလောင်းမင်းတရား လက် ထက်တွင် အတုလ ဆရာတော် ဟူ၍ ထင်ရှားသော ဆရာတော်၏ ဇာတိ၊ ဥသျှစ် ကျေး ရွာမှ ငချမ်းကောင်း ဆို သူ၏ ဖြစ်ရပ် သည်လည်း စိတ်ဝင်စားစရာ ကောင်းသည်။
ငချမ်းကောင်းသည် လယ်သမား၊ ယာသမားဖြစ်သည်။ မယားမိအေးညိုနှင့် အတူ ဥသျှစ်ကုန်းရွာ မှာ နေထိုင်သည်။ ငချမ်းကောင်း မှာ တောလုံးမွှေးနှင့် တွေ့မရှောင်ခေါ် အမဲလိုက်ခွေးနှစ်ကောင်ရှိသည်။ ထိုခွေးများသည် ဒရယ်၊ ယုန်တို့ကို မဆိုထားနှင့်။ ကျားသစ်ကိုပင်သေ အောင် ခံကိုက်နိုင်သော အစွမ်းရှိ သည်။

ဥသျှစ်ကျေးရွာနှင့် ငချမ်း ကောင်း လယ်ယာ လုပ်သော တော ကြား
တွင် တစ္ဆေ အလွန်ခြောက်သည့် အတွက် နေဝင်ရီ တရောတွင် တစ် ယောက်ချင်း၊ နှစ်ယောက်ချင်း မသွားဝံ့ကြ သဖြင့် လမ်းမှာ လူသူ တိတ်ဆိတ်နေသည်။
တပေါင်းလ ပြည့်တွင် ဥသျှစ်ကျေးရွာ ၌ နှစ်စဉ် သံဃာ့ဒါန
ဆွမ်းလောင်းမြဲ ဖြစ်သည့် အတွက် ငချမ်းကောင်းသည် ဆွမ်း
လောင်းပွဲ အမီ အဖိတ်နေ့ ညနေတွင် တောမှ ရွာ သို့ပြန်လာသည်။
ခွေး နှစ်ကောင်လည်းပါသည်။ ဓားမ တစ်ချောင်းကို ထက်နေအောင်ေ
သွးပြီး ကိုင်လာသည်။ ရေအိုင် အနား က ညောင်ပင် ကြီးအရောက်တွင် တစ္ဆေက မြင်းယောင်ဆောင်ပြီး ခွာသံပြင်းပြင်းနှင့် ပြေးလာသည်။
ငချမ်းကောင်းက မကြောက်ဘဲ ဓားမ ကို မြဲမြဲကိုင်ပြီး ရပ်နေသော
အခါ တစ္ဆေ ပျောက်သွားသည်။ ထို့ နောက် လူယောင်ဆောင်ပြီး
ညောင်ကိုင်း တွင် တွဲလွဲ ဆွဲ၍ ခြောက် လှန့်ပြန် သည်။
ငချမ်းကောင်းက “ရော..သည်တစ်ခါ နင်နှင့်ငါတွေ့ ကြတော့မည်”
ဟု ဆဲရေးကြိမ်းမောင်း ပြီး ဓားဖြင့် တုတ်ခုတ် ယူပြီး တုတ်နှင့် ပစ်ရာ တစ္ဆေညောင်ကိုင်းကို လွှတ် ပြီး ထွက်ပြေးတော့သည်။
ခွေးနှစ်ကောင်က ထက်ကြပ်လိုက်လာသောအခါ တစ္ဆေသည်
ကျွန်းပင် တစ်ပင်ကို တက်ပြန်သည်။ ငချမ်းကောင်း မီလာ၍
ကျွန်းပင် ပေါ် တက်ပြီး ကျွန်းကိုင်း ရှိသမျှကို နှင်တံနှင့် ရိုက်ရာ တစ္ဆေ ဆင်းပြေးပြန် သည်။ ခွေးနှစ်ကောင် ကလည်း နောက်က လိုက် သည်။
တစ္ဆေက လမ်းမှာ သစ်ပင် တွေ့တိုင်း တက်လိုက်၊ ဆင်းပြေးလိုက်
လုပ်ရင်း ဥသျှစ်ကျေးရွာ အနီး မုတ္တော ဘုရား တောင် ၊ ရေကန်နား
တွင် ဒဟတ်ပင် တစ်ပင်၏ အခေါင်း ထဲသို့ ဝင်ပြေး သည်။
ခွေးနှစ်ကောင် လည်း သစ် ခေါင်းဝ ကစောင့်ပြီး ဟောင်နေ သည်။ ငချမ်းကောင်း က သစ်ခေါင်း ကို နှင်တံနှင့် ထိုးသောအခါ တစ္ဆေ ထွက်ပြေးပြန်သည်။ ရွာနား အရောက် တွင် လယ်ကန်သင်းရိုး မှာ
ပုစွန် တွင်းခေါင်းထဲသို့ ဝင်ပြန်သည်။
ခွေး နှစ်ကောင်က တွင်းကိုယက်၍ ဟောင်နေသည်။ ငချမ်းကောင်းက “သူကောင့်သား ပုစွန် တွင်းခေါင်းသို့ ဝင်ပြီ။ နင်မသေလျှင် ငါမနေ” ဟု ကြိမ်းဝါးပြီး ပုစွန်တွင်းခေါင်း ကို လုံအောင် ပိတ်ပြီးနောက် အိမ်မှာ
တူရွင်း သွားယူပြီး တူးသည်။ တွင်းထဲ တွင် ပုတ်သင် တစ်ကောင်တွေ့
၍ နင်ပင်ဖြစ်သည် ဟုဆိုပြီး ပုတ်သင် ကို ရိုက်သတ်လိုက်သည်။
ထို့နောက် ထန်းသမား ငပိုက် မယားမိလွမ်းမွှေး တို့၏ ထန်းတဲသို့
သွား၍ ပုတ်သင်ကို မီးဖုတ်ပြီး ထန်းရေခါးနှင့် မြည်းလေ တော့သည်။
တစ္ဆေသည် မိမိရုပ်ကို တပ်မက် သော လောဘကြောင့် ငချမ်းကောင်း
နောက် လိုက်လာပြီး မိလွမ်းမွှေး၏ ဝမ်းတွင် ပဋိသန္ဓေ ယူရာ ဆယ်လ စေ့သော အခါ သားယောက်ျားလေး ဖွားမြင်သည်။
စကားပြောတတ်သော အရွယ်တွင် ငချမ်းကောင်း ကိုမြင် သောအခါ
အလွန် ကြောက်လန့်ပြီး ငိုသည်။ မိလွမ်းမွှေးက “ငါ့သား၊ ဘာကြောင့်ကြောက်သနည်း” ဟု မေးရာ သူငယ်က “င့ါကို ထန်းရေ
နှင့်မြည်း ဖူးသည့် အတွက် ကြောက် လှသည်” ဟုပြောဆိုသည်။
ငချမ်းကောင်းသည် အသက် ၈ဝ ကျော်၊ ၁၁၅၈ ခုနှစ်တွင် အနိစ္စ
ရောက်သည် ဟုဆိုသည်။
တဇ္ဇတ္တဒီပနီ ကျမ်း ကိုရေး သားသော
လှေသင်းဝန်၊ အတွင်းဝန် မဟာဇေယျသင်္ခယာ (ဦးချိန်) သည်
ငချမ်းကောင်း အကြောင်းကို ဥသျှစ်ကျေးရွာ ဇာတိ ဗေဒင် ဆရာ၊ေ
ဆးဆရာ “သဒ္ဓါသီလ သုတပညာနှင့် ပြည့်စုံသော သူတော် ကောင်း ဆရာမောင်စ” ဆိုသော ပုဂ္ဂိုလ် ပြောဟောစဉ် ရှိသည့် အတွက် ထိုအကြောင်းကို ရေးမှတ်လိုက် ကြောင်း ဖော်ပြထားသည်။
တစ္ဆေသေလျှင် ပုတ်သင်ဖြစ် သည့် အကြောင်းနှင့် ပတ်သက်၍
မိလိန္ဒ မင်းကြီး မေးလျှောက်ပြီး ရှင်နာဂသိန်ဖြေသော မိလိန္ဒပဥှာ
ကျမ်း တွင် “ယက္ခသရီရပဥှာ” အခန်း ၌ ဘီလူးတစ္ဆေ တို့သေလွန်လျှင် ပုတ်သင်သဏ္ဋာန်၊ ဖားသဏ္ဋာန်၊ ငှက်သဏ္ဋာန်ဖြစ်ကြောင်း ဖော်ပြ ထားသည်ကို ညွှန်ပြပြီး “မိလိန္ဒပဥှာ ကျမ်းစကားနှင့် ထောက်ထား
ဆင်ခြင် ၍ ယူလေ” ဟု မှတ်ချက်ချထားပါ သည်။
မောင်ခင်မင် (ဓနုဖြူ)
Credit to Popular Myanmar
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...