Wednesday, December 16, 2015

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။
ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေးပါ။
ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ် အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ် ။
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...