Saturday, December 12, 2015

Baba Vanga ဆိုတဲ့ ဘူဂေးရီးယားအမျိုးသမီးကြီး

Htin Aung 

Baba Vanga ဆိုတဲ့ ဘူဂေးရီးယားအမျိုးသမီးကြီးဟာ
အသက် ၈၅ နှစ်အရွယ် ၁၉၉၆ ခုနှစ်မှာ သေဆုံးခဲ့ပြီးပါပြီ။
သူမကို 'Nostradamus of the Balkans' လို့လူသိများကြတယ်။
Balkans ဒေသမှ အကြားအမြင်ရသူတဦးပါ။
သူမဟာ မျက်လုံး ၂ လုံးစလုံးကွယ်နေသူဖြစ်ပြီး
အကြားအမြင်နဲ့ ကြိုတင်ဟောကိန်း ၁၀၀ ခန့်ဟောကာ
၈၅% မှန်ကန်တယ်လို့ဆိုကြတယ်။

သူမဟာ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာကိစ္စ၊
ရာသီဥတုကိစ္စများကိုလည်း ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။
၁၉၅၀ ခုနှစ်များကတည်းက ဝင်ရိုးစွန်းများမှ ရေခဲများအရည်ပျော်ပြီး
ပင်လယ်ရေမျက်နှာပြင်နဲ့ အပူချိန် မြင့်တက်လာလိမ္မယ်လို့
ကမ္ဘာကြီးပူနွေးလာမဲ့အကြောင်း ဘယ်သူမှမကြားဖူးခင် ဟောကိန်းထုတ်ခဲ့တယ်။
မီးတောင်တွေ ပြန်လည်ရှင်သန်ပေါက်ကွဲလိမ္မယ်လို့ဆိုတယ်။
၁၉၈၉ ခုနှစ်မှာကတည်းက အကြားအမြင်နဲ့ ကြိုတင်ဟောကိန်းထုတ်တာက
၂၀၀၁ ခုနှစ်မှာ အမေရိကန်ကို
သံမဏိငှက်ကြီး ၂ ကောင် (Two steel birds) တိုက်ခိုက်ပြီး
အပြစ်မဲ့လူသားများသွေးစွန်းလိမ္မယ်လို့ ဟောကိန်းထုတ်ခဲ့ပြန်တယ်။
(လေယာဉ် ၂ စီးနဲ့ World Trade centre ကိုတိုက်ခိုက်ပြီး 9/11 ဖြစ်ခဲ့တယ်။)
လှိုင်းလုံးကြီးများဟာ ကမ်းရိုးတန်းတလျှောက်ဖုံးလွှမ်းကာ
လူများ အိမ်များ မြို့များကို ရေအောက်ရောက်စေလိမ္မယ်လို့ ဟောခဲ့ပြန်တယ်။
(၂၀၀၄ ခုနှစ် Boxig day (၂၆ ဒီဇင်္ဘာလ) မှာ ဆူနာမီတိုက်ခတ်ခဲ့တယ်။)
၂၀၁၀ မှာ အာရပ်တို့ အချင်းချင်းသဘောထားကွဲလွဲကြပြီး
၂၀၁၆ မှာ ဥရောပကို အစွန်းရောက်မူစလင်တွေအများကြီး ရောက်လာလိမ္မယ်။
ဆီးရီးယားမှာ စစ်ဖြစ်ပြီး မွတ်စလင်တွေဓါတုလက်နက်တွေသုံးလိမ္မယ်လို့ဆိုတယ်။
၂၀၄၃ မှာ ရောမ (Rome) ကို ဗဟိုပြုပြီး အစ္စလမ်မြို့တော်တည်ထောင်လိမ္မယ်။
၄၄ ယောက်မြောက် အမေရိကန်သမတဟာ
အမေရိကန်-အာဖရိကန် ဖြစ်ရမယ်။
ဒါပေမဲ့ သူဟာ အမေရိကန်ရဲ့နောက်ဆုံးသမတပါလို့လည်း ဟောခဲ့တယ်။
အခြားကမ္ဘာကဂြိုလ်သားများအကူအညီနဲ့
၂၁၃၀ မှာ ရေအောက်ကမ္ဘာတည်ထောင်ပြီး
ခေတ်မှီလူ့အဖွဲ့အစည်းကြီး နေထိုင်ကြလိမ္မယ်။
၃၀၀၅ ခုနှစ်မှာ အင်္ဂါဂြိုလ် (Mars) မှာစစ်ဖြစ်မယ်။
၃၇၉၇ ခုနှစ်မှာ ကမ္ဘာပေါ်ရှိလူသားအားလုံး
ပျက်စီးသေဆုံးပြီး ဒီကမ္ဘာကြီးနိဂုံးချုပ်ကာ
အခြားစင်္ကြာဝဠာသစ်ကြီးပေါ်ပေါက်လာလိမ္မယ်လို့ဟောကိန်းထုတ်ထားခဲ့တယ်။
အချို့ဟာတွေက ကျွန်ုပ်တို့သက်တမ်းမှာမမှီနိုင်ပေမဲ့
အမေရိကန်သမတအကြောင်းနဲ့
မူစလင်စစ်ပွဲပြီးမဲ့အချိန်လောက်အထိတော့ မှီလိမ္မယ်ထင်ပါတယ်။
HOW A BULGARIAN VILLAGER PREDICTED MAJOR GLOBAL EVENTS
GLOBAL WARMING AND THE BOXING DAY TSUNAMI
In the 1950s Vanga reportedly predicted how 'a huge wave will cover a big coast covered with people and towns, and everything will disappear beneath the water'.
She also warned of the effects of climate change by suggesting 'cold regions will become warm... and volcanoes will awaken.'
'Everything will melt, just like ice,' she added.
THE 9/11 TERROR ATTACKS ON NEW YORK
In 1989, she is said to have made reference to the 2001 attacks on the World Trade Center.
News.com.au reports how she once said: 'Horror, horror! The American brethren will fall after being attacked by the steel birds. '
She added that 'innocent blood will gush.'
BARACK OBAMA BECOMING PRESIDENT
The pensioner once predicted that the 44th US president would be African American - but she also warned that he would be the 'last US president'.
LOOKING IN TO THE FUTURE
Vanga made predictions for the next few centuries before she died. Highlights include her warnings that aliens will help civilisations live underwater by 2130 and that there will be a war on Mars in 3005.
In another apocalyptic message, she said everything on earth will die by 3797 - but that by this stage humans should be capable of moving to a new star system.
Baba Vanga ကို Strumica မြို့အနီး မီးတောင်ခြေရင်းရှိ
ကျေးရွာလေး Vangelia Pandeva Dimitrova မှာမွေးဖွါးခဲ့တယ်။
အသက် ၁၂ လောက်အရွယ်မှာ မုန်တိုင်းတိုက်ခတ်ပြီး
သူမ မုန်တိုင်းထဲကိုပါသွားကာ ရုတ်တရက်အရှိန်နဲ့ပြန်ကျလာတယ်။
ရက်အနည်းငယ်ကြာမှ သူမကိုမိသားစုရှာတွေ့ခဲ့ပြီး
သူမမှာ မျက်လုံးထိခိုက်ထားတဲ့အတွက် မှိတ်ထားတယ်။
တကိုယ်လုံးလည်း အမှိုက်တွေ ဖုန်တွေပေလူးနေတယ်။
၎င်းတို့မှာ အလွန်ဆင်းရဲတဲ့အတွက် ဆေးဝါးကုဖို့မတတ်နိုင်ကြပဲ
သူမရဲ့မျက်လုံး ထာဝရကွယ်ခဲ့ရတယ်။
သူမဟာ ဒီအချိန်အတောအတွင်း ပထမဆုံးအကြားအမြင်ရခဲ့တယ်လို့ဆိုတယ်။
အခြားသူများရဲ့ရှေ့ရေးကိုဟောကြားရင်း ရုတ်ချည်းကျော်ကြားလာတယ်။
နောက်ပိုင်းမှာ ဘူဂေးရီးယမ်းကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့သေးတယ်။
ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင် သမိုင်းပညာရှင်တွေသာမက
စီးပွါးရေးသမား၊ နိုင်ငံရေးသမားများလာရောက်မေးမြန်းကြလို့
အထူးထောက်လှမ်းရေးအဖွဲ့စောင့်ကြည့်ခံခဲ့ရတယ်။
သူမအကြောင်ကို ဂူဂယ်မှာ Baba Vanga လို့ရိုက်ရှာရင်ရတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...