Wednesday, December 16, 2015

ဟိုက်ဒြိုဂျင်ဗုံး

Lwin Pyin
 
ဟိုက်ဒြိုဂျင်ဗုံးဆိုတာဘာလဲ!
အခြေခံအားဖြင့် နျူကလီယာဗုံး (၂) မျိုးရှိပါတယ်။ ဟိုက်ဒြိုဂျင်ဗုံး
နဲ့  အက်တမ်ဗုံး။ သည်နှစ်မျိုးရဲ့အခြေခံကွာခြားချက်ကတော့ အက်
တမ်ဗုံးက Fission ကိုအခြေခံပေါက်ကွဲပြီး ဟိုက်ဒြိုဂျင်ဗုံးက Fusion
ကိုအခြေခံပေါက်ကွဲခြင်းပါ။


Fission နဲ့  Fusion
Fission နဲ့  Fusion ဟာ နျူကလီယာဗုံးပေါက်ကွဲဖို့ အတွက်စေ့ဆော်
တဲ့ သဏ္ဍန်နှစ်မျိုးပဲဖြစ်ပါယတ်။ Fission ဆိုတာဟာ တစ်ခုနဲ့ တစ်ခု
ဓါတ်ပြုပေါက်ကွဲခြင်းပါ၊ ဥပမာ- မီးလောင်နေတဲ့ဆီပူအိုးထဲကိုရေအေး
တွေလောင်းထည့်လိုက်ချိန်မှာ ၀ုန်းဆိုမီးတောက်ကြီးထလာတဲ့အသွင်
နဲ့ အလားသဏ္ဍန်တူပါတယ်။ Fusion ကတော့ သီတင်းကျွတ်ဖေါက်
တဲ့ စနက်တံ (ယမ်းကြိုးစလေး) ပါတဲ့ဗျောက်အိုးဖေါက်တဲ့အသွင်နဲ့ 
တူပါတယ်။ စနက်တံရဲ့အပူစွမ်းအားကြောင့် ဗျောက်အိုးကိုယ်ထည်
တစ်ခုလုံးထကွဲတဲ့သဘောပါပဲ။
ဟိုက်ဒြိုဂျင်ဗုံး = သာမိုနျူကလီယာဗုံး
ဟိုက်ဒြိုဂျင်ဗုံးကို သာမိုနျူကလီယာဗုံး ( Thermonuclear Bomb )
လို့ လည်းခေါ်ပါတယ်။ သာမာန်အက်တမ်ဗုံးထက် အဆများစွာပိုပြီး
ပေါက်ကွဲအားပြင်းထန်တဲ့အကြောင့်ပါပဲ။ ဥပမာ - ဟီရိုရှီးမားကိုချခဲ့
တဲ့ဗုံးဟာ အက်တမ်ဗုံးဖြစ်ပါတယ်။ ယူရေနီယံ (Uranium) သို့ မ
ဟုတ် ပလူတိုနီယမ် (Plutonium) အိုက်ဆိုတုပ် (Isotope) တွေ
ပြိုကွဲပြီး နျူကရီအက်တမ် (Atomic Nuclei) အချင်းချင်း ဓါတ်ပြု
ပေါက်ကွဲပြီး Fission ဖြစ်ခြင်းပါပဲ။ ဟိုက်ဒြိုဂျင်ဗုံးကတော့ ဟိုက်ဒြို
ဂျင် အိုက်ဆိုတုပ် (Hydrogen Isotope) တွေဟာ ဟီလီယံ
(Helium) အဖြစ်ပြောင်းသွားပြီး စွမ်းအင်အမြောက်အများကိုထုတ်
ပေးပြီး အပူစွမ်းအင်ဟာ စင်တီဂရိတ်သန်းချီပြီးထွက်ပြီးပေါက်ကွဲ
စေတဲ့အတွက် ဟိုက်ဒြိုဂျင်ဗုံးကို သာမိုနျူကလီယာဗုံးလို့ ခေါ်ဆို
ခြင်းပါ။ (Thermo ဆိုတာ အပူကိုရည်ညွှန်းပါသည်)။
Fission ဗုံးဖြစ်တဲ့ အက်တမ်ဗုံးတွေဟာ ယူရေနီယံနဲ့ ပလူတို
နီယံကိုအခြေခံပြီး - Fusion ဗုံးဖြစ်တဲ့ ဟိုက်ဒြိုဂျင်ဗုံးတွေကတော့
မက်ဂနီဆီယံ (Mechanism) + ဟိုက်ဒြိုဂျင် (Hydrogen) သို့ 
မဟုတ် တရီတီယမ် (Tritiun) ကို Fusion ဖြစ်ဖို့ အတွက်သုံးပါ
တယ်။ အက်တမ်ဗုံးတွေမှာ Fission ဖြစ်ဖို့ အတွက် ယူရေနီယံ
U-235 အဆင့် ဒါမှမဟုတ် ပလူတိုနီယံ Pu-239 အဆင့်ကိုသုံး
ရပါတယ်။ ဟိုက်ဒြိုဂျင်ဗုံးမှာတေ့ Fusion ဖြစ်ဖို့ အတွက် ဒျူတာ
ရီယမ် (Deuterium) နဲ့  တရီတီယံ (Tritium) တွေကိုအသုံးပြု
ပါတယ်။ တရီတီယံဆိုတာကတော့ လစ်တ်သီယံ Li-6 (Lithium)
ကနေ နျူထရွမ်ပြိုကွဲမူကြောင့် Fusion ဖြစ်နေတုံးမှာထွက်လာ
ခြင်းပါ။ သည်ဖြစ်စဉ်အတွင်းမှာ လစ်သီယမ် ဒျူတာရွိုက် (Lithium
Deuteride) ဟာ အပူချိန်စင်တီဂရိတ်သန်းတစ်ရာ (100,000,
000) အထိမြင့်တက်ပြီး နျူထရွန်အမြောက်အများကိုထုတ်လွှတ်
ခြင်းပါ။ သည်နောက်မှာ ဒျူတာရွိုက်ဟာ ဟီလီယံနဲ့ ပေါင်းပြီး
Fuse ဖြစ်ခြင်းပါ။
တကယ်တော့ ဟိုက်ဒြိုဂျင်ဗုံးရဲ့အတွင်းက ဖြစ်စဉ်မှာ အဆင့်
သုံးခုရှိပါတယ်။ Fission, Fusion, Fission ဗုံးလို့ လည်းခေါ်ကြ
ပါတယ်။ ပထမအဆင့် Fission ဖြစ် ဒုတိယအဆင့်မှာ Fusion
ဖြစ်ပြီး တတိယအဆင့်မှာ Fission ထပ်ဖြစ်ခြင်းပါပဲ။ ဒါကြောင့်
ဟိုက်ဒြိုဂျင်ဗုံးဆိုတာ သူပေါက်ကွဲဖို့ အတွက် သူ့ ရဲ့အတွင်းမှာ
အက်တမ်ဗုံးအနည်းဆုံးတစ်လုံးအရင်ပေါက်သေးတယ်လို့ ဆို
ပါတယ်။ (Note: ဒျူတာရွိုက် (Deuteride) ဆိုတာကတော့
သာမာန် ဟိုက်ဒြိုဂျင်နေရာမှာ ၀င်ယူလိုက်တဲ့ Deuterium
ပဲဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင်ဒျူတာရွိုက် Hydrogen Deuteride
ဆိုတာကတော့ ဟိုက်ဒြိုဂျင်အိုက်ဆိုတုပ်နှစ်ခုပေါင်နေတာ
ဖြစ်ပြီးသူ့ ကို H-D လို့  ဓါတုဗေဒအရခေါ်ပြီး ဓါတုသင်္ကေတ
ကတော့ H[2H] ပါ)။ သည်နေ့ ခေတ်ရဲ့ ဟိုက်ဒြိုဂျင်ဗုံးတစ်
လုံးဟာ ဟီရိုရှီးမားကိုချခဲ့တဲ့ “ဖိုးဝ - Fat Boy” ဆိုတဲ့ နျူ
ကလီယာဗုံးထက် အဆပေါင်း သုံးထောင် (၃၀၀၀) ပိုမိုပြင်း
ထန်တဲ့အဖျက်စွမ်းအားရှိတယ်လို့ ဆိုပါတယ်။

█ မှတ်ချက်။ ကျွန်တော်ကိုယ်၌က ဓါတုဗေဒသမား ရူပဗေဒ
သမားမဟုတ်သလို၊ နျူကလီယာပညာရှင်လည်းမဟုတ်တဲ့
အတွက် သိထားသလောက်ကိုစီစစ်ပြီး တင်ပြလိုက်တာပါ။
သည်နေ့ မြန်မာပြည်မှာ နိုင်ငံခြားပြန် နျူကလီယာပညာရှင်
တွေအမျာကြီးရှိနေပြီဖြစ်တဲ့အတွက် သူတို့ က ပိုမိုတိကျတဲ့
အဖြေတွေကိုပေးနိုင်မယ်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ 
တော့ သည့်ထက်ပိုပြီးဆက်ရှင်းမယ်ဆိုရင် Terms တွေ ဝေါ
ဟာရတွေနဲ့ တင် ဖတ်တဲ့သူပါ ခေါင်းမူးသွားဖို့ ရှိကြောင်းပါ။
( မြောက်ကိုရီးယားမှာ ဟိုက်ဒြိုဂျင်ဗုံးရှိနေပြီဆိုတာ သိရတဲ့
အတွက် .... ညီလေးအချို့ က ဟိုက်ဒြိုဂျင်ဗုံးဆိုတာဘာလဲ! လို့ 
လာမေးထားတဲ့အတွက် လက်လှမ်းမှီသလောက် ဖြေလိုက်ခြင်း
သာဖြစ်ကြောင်းပါ)။
------------
တတိယ ကမ္ဘာစစ်ဟာ ဘယ်လိုလက်နက်တွေနဲ့ ချမလဲဆို
တာတော့ကျုပ်မသိဘူး။ စတုတ္ထကမ္ဘာစစ်ကတော့ တုတ်တွေ
ခဲတွေနဲ့ ချကြလိမ့်မယ်။
(အဲလ်ဘာတ့်အိုင်စတိုင်း)
(Hlaing Bwa လှိုင်ဘွား)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...