Wednesday, December 16, 2015

ရန်ကုန်မြို့ ကားကြပ်ခြင်းကို ငွေကုန်ကြေးကျမရှိဘဲ လွယ်ကူလျင်မြနိစွာ ဖြေရှင်းနိုင်သောအချက်များ

အရည် ကြို

 ဒီနေ့ ၂၇.၁၁.၂၀၁၅ သတင်းမှာလာသွားတယ် ကားကြပ်တာကိုဖြေရှင်းဖို့ ကျပ် ဘီလီယံနဲ့ချီ သုံးမယ်တဲ့… မီးပွိုင့်တွေမှာ Control center တွေဆောက်သွားမှာလို့ မထသ ကလူကြီးတစ်ယောက် ကဖြေသွားတယ်။ပစည်းတင်သွင်း လိုတဲ့ ကုမဏီ ၂၀ ကျော်ကိုလည်းတင်ဒါပေးထားတယ်တဲ့..။
ယဉ်ကြောကြပ်တည်းမှုဖြေရှင်းဖို့ ဂုံးကျော်တံတားတွေလည်း တစ်စင်းပြီးတစ်စင်းထိုးကြတယ်..အခုလည်း Control center လုပ်ဦးမယ်။

ကျွန်တော်တို့တိုင်းပြည်ကခေတ်လူငယ်တွေကို နေရာမပေးချင်ကြတဲ့လူတွေပေါ့ဗျာ..စီးပွားရေး
ပညာရှင်ကြည့်မလား နိုင်ငံရေးပညာရှင်ကြည့်မလား နည်းပညာနယ်ပယ် ကြည့်မလား အကုန်လုံးတီဗွီထဲကြည့်လိုက် အိုနေတာတွေများပါတယ်။
အခုလည်း မထသ က ကားကြပ်တာကို Control Center နဲ့ဖြေရှင်းဦးမယ်လို့ မထသက ဆရာကြီးပြောသွားတယ်..မထသ က နည်းပညာရှင်တွေမှမဟုတ်တာပဲ ဘတ်စ် ကားထောင်တဲ့အသင်းတစ်ခုပဲလေ..ထားပါ .ကားကြပ်တာ ဘီလီယံ နဲ့ချီပြီးကုန်မယ်ဆိုလို့ စဉ်းစားမိတာလေးတွေရေး ကြည့်တာပါ။
ကားကြပ်တာဘာကြောင့်လဲ ?
~~~~~~~~~~~~~~~~~~~~~~~~
မြို့ထဲကားကြပ်ရတဲ့ တရားခံ နံပတ် ၁ ကတော့ ဘတ်စ်ကားတွေပါ။
ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်မြို့မှာရှိသမျှ ဘတ်စ်ကား လိုင်းတွေက မြို့တွင်း၆မြို့နယ်ကိုဖြတ်ကျပါတယ်။ဘတ်စ်ကားလိုင်းတွေအားလုံးပေါင်းရင် ဘတ်စ်ကား ထောင်နဲ့ချီပြီး ဖြတ် နေတာပါ။
ဘတ်စ်ကားဖြစ်နေတဲ့အတွက်သူတို့ရဲ့အရေအတွက်ဟာ အိမ်ကား တက်စီ တွေလို ကျမသွားပဲ မနက် ကနေ ည နေအထိ ဖြတ်နေတဲ့အစီးအရေက လျော့မသွားပါဘူး။
အိမ်ကားနဲ့ တက်စီတွေက မြို့ထဲကို တစ်နေ့လုံးနေမှ ၂ ခါ ၃ခါ အများဆုံးဖြတ်ကြပေမယ့် ဘတ်စ်ကားတစ်စီးကတော့ ၁၀ ခါလောက်ဖြတ်မောင်းကြပါတယ်။
ဘတ်စ်ကားဝင်မောင်းတဲ့ လမ်းကိုပိတ်ခြားထားတာကလည်း ဘတ်စ်ကားတွေအခြားနေရာမှာ ပိုပိတ်စေပါတယ်..ဘတ်စ်ကားပြသနာကို ရှင်းမယ်ဆိုရင် မြို့တွင်းခြောက်မြို့နယ်ပဲပတ်မောင်းနေတဲ့ Citybus တစ်လိုင်းထဲကိုပဲထားရပါမယ်…
လှိုင်သာယာဖက်ကလာတဲ့ ဘတ်စ်ကား ကို သခင်မြပန်းခြံမှာဂိတ်ဆုံး ၊ ပြည်လမ်းကလာတဲ့ဘတ်စ်ကား ဘုန်းကြီးလမ်း အောက်လမ်းကမ်းနားလမ်းမှာဂိတ်ဆုံး၊ မြောက်ဥကလာ ကမာအေး ဖက်ကလာတဲ့ ဘတ်စ်ကားတွေကို ဆူးလေဘုရားလမ်း ကမ်းနားလမ်းမှာဂိတ်ဆုံး၊သဃန်းကျွန်းတာမွေဖက်ကလာတဲ့ဘတ်စ်ကားက သိမ်ဖြူလမ်း ကမ်းနား လမ်းမှာ ဂိတ်ဆုံး၊ သာကေတ သံလျှင် ဒဂုံဖက်က လာတဲ့ ဘတ်စ်ကားတွေက ဗိုလ်တထောင် ကမ်းနားလမ်းမှာ ဂိတ်ဆုံး မြို့တွင်း၆မြို့နယ် အတွင်းပတ်တဲ့ City bus တွေက အနော်ရထာလမ်း၊ဗိုလ်ချုပ်လမ်း၊ကမ်းနားလမ်း၊ကုန်သည်လမ်း၊ မဟာဗနုလမ်း များတစ်လျောက် အသွားအပြန် သခင်မြပန်းခြံကနေ ဗိုလ်တထောင်သံလျှက်စွန်းအထိ ဆွဲပေး..အဆင့်မြင့် တဲ့ အဲကွန်းကားတွေကိုသုံး..အတုံးတွေကိုဖယ်လိုက်ပါ ယူပစ်သလိုရောဂါပျောက်သွားမယ်။
ဘတ်စ်ကားခတွေကိုလည်း ယခုလက်ရှိဈေးနှုန်းနဲ့သိပ်မကွာလှစေပဲသတ်မှတ်ပေးလိုက်ပါ။။
ပုံမှာကြည့်ပါ ပထမပုံက ရှိသမျှလိုင်းတွေ အကုန်မြို့ထဲဝင် ဆွဲတော့ ကြပ်ကုန်တာပေါ့ ဒုတိယပုံကြည့်လိုက်ပါ ရှင်းသွားပါပြီ။
ကားပြောင်းစီးလိုက်ရတော့ ပိုက်ဆံကုန်သွားပေမယ့် အချိန် ကုန်သက်သာသွားတယ် အဆင့်မြင့် Citybus တွေနဲ့ သက်တောင့်သက်သာသွားနိုင်တယ်
။ကားခပိုက်ဆံက အခက်ခဲဆိုရင်တော့ မပြောတတ်တော့ပြီ…။နောက်တစ်ခုက ဘတ်စ်ကားတွေလည်း မမိုက်ရိုင်းတော့ပါဘူး..။
ဘတ်စ်ကား တွေအောက်တန်းကျတယ် မိုက်ရိုင်းရတဲ့အကြောင်းတစ်ခုရှိနေပါတယ်။ဘာလဲဆိုတော့ ..မိတ်ဆွေသာ ကားအကြီးကြီး တစ်စီးကိုမောင်းပြီး ဒီတစ်လမ်းတည်းတစ်နေ့ကို အကြိမ်ပေါင်းမြောက်များစွာ ဖြတ်ကြည့်ပါလား..ကားကကျပ်ရတဲ့အထဲ ရာသီဥတုကပူတယ်..အိမ်ကချို့တဲ့ တဲ့ မိသားစုအတွက်ကလည်းရှာဖွေနေရတဲ့အခြေအနေ..ကားမောင်းနေတဲ့လူ စိတ်ဖိ စီးမှုကဘယ်လောက်များမလဲ ဒေါသတွေက လည်း အလိုလိုနေရင်းအထွတ်အထိပ်မှာ..ကျွန်တော်တို့တောင် အဲကွန်းနဲ့ ကားလေး ကိုမောင်းသွားရင် နှစ်ခါသွားရရင်တောင်မသွားချင်ကြတော့ဘူး…ရှေ့ကဖြတ်ဝင်ရင်တောင်ဒေါသတွေထွက် ရတယ်။ ဘတ်စ်ကားမောင်းတဲ့လူဆို ပြောဖွယ်မရှိတော့ဘူး..။
လမ်းချောင်သွားရင်သူတို့စိတ်ဖိစီးမှုလျော့ကျသွားမယ် အချိုးမပြေတာတွေမိုက်ရိုင်းတာတွေလျှော့သွားမယ်..ကားမောင်းတဲ့လူအားလုံးအတူတူ အေးဆေးဖြစ်သွားမယ်…
တရားခံ နံပတ် ၂ ကတော့ TAXI
~~~~~~~~~~~~~~~~~~~~~~~~
Taxi တွေပါ..တက်စီမောင်းသမားတွေကြောင့်လို့ဆိုတာထက် စနစ်တစ်ခုလုံးမှားယွင်းနေတာ ပါ။ကျွန်တော်တို့ တက်စီ တားစီးကြရင် သွားမယ့်နေရာကို တက်စီသမားကိုပြောပါတယ်..တက်စီသမားက ဈေးပြောပါ တယ်။
ဈေးနှုန်း များတယ်နဲတယ်နဲ့တစ်ယောက်တစ်ခွန်းစကားများကြပါတယ်။အဲဒီအချိန်မှာနောက်မှာကားတွေ တသီကြီး ပိတ်မိနေတာပါ။
တက်စီသွားခ ဈေးနှုန်းစကားပြောတယ်ဆိုတာ တကယ်တော့ စနစ်အမှားကြီးပါ။ ခရီးသည်က တားပြီး သွားချင်တဲ့နေရာကိုပြော ပြီးရင်ဝင်ထိုင် တက်စီထဲမှာမီတာကိုဖွင့် ရောက်လိုရာရောက်ရင် မီတာပေါ်က ကျသင့်ငွေအတိုင်း ရှင်းလိုက်ရင်အဆင်ပြေပြီပေါ့..ကားကျပ်ရင် ကားခပိုများမယ် ကားမကျပ်ရင် ပုံမှန်ဈေး ဆိုပြီးမီတာက တွက်ပေးမယ်..။
ဒါပေမယ့် ..တက်စီမီတာစနစ်လို့ပြောတာနဲ့ လူတွေကအော့ကြောလန်ကြတယ်..ဘာဖြစ်လို့လဲဆိုတော့ တာဝန်ရှိသူတွေက မတက်မနေရစနစ်နဲ့ ဈေးကြီးကြီးရောင်းပြီး တက်စီ လောက ကိုခေါင်းပုံဖြတ်အမြတ်ထုတ်သွားခဲ့ကြ တယ်။
တကယ်လုပ်ရမည့်စနစ်က တက်စီမီတာစက်တွေကို နေရာမရွေးဆိုင်မရွေးရောင်းချဖို့ခွင့်ပြုရမယ်..
တက်စီသမား ၀ယ်ယူတပ်ဆင်ထားတဲ့မီတာကို ကညန လိုအဖွဲ့အစည်းက မများတဲ့အခကြေးငွေကိုယူပြီး ချိန်ညှိပေးလိုက်ရမယ် ။ ပြည်သူလူထုကိုလည်း တစ်ကီလိုမီတာကို ဘယ်လောက်နှုန်း နှင့် စတင် သတ်မှတ်နှုန်းတွေကို နှစ်ဖက်စလုံး အတွက် မများပဲညီမျှ လှတဲ့အခကြေးငွေသတ်မှတ်ပြီးအသိပေးကြေငြာရမယ်။
မီတာနဲ့ မနက်၆ နာရီ ည ၇ နာရီအတွင်းမောင်းနှင်ပြီး ကျန်တဲ့အချိန်မိမိစိတ်ကြိုက်မောင်းနှင်နိုင်ဖို့လုပ်ပေးရမယ်။
မီတာနဲ့မမောင်းရင် ထိရောက်စွာအရေးယူဆောင်ရွက်တဲ့အခါ ခရီးသည်တွေပါပူးပေါင်းဆောင်ရွက်လိုက်ရင် မီတာ စနစ်က အောင်မြင်လာမှာဖြစ်ပါတယ်။
မီတာစနစ်အောင်မြင်လာတာ ဟာကမာလှည့်ခရီးသွားတွေအတွက်ပါပိုအဆင်ပြေလာစေမှာဖြစ်ပါတယ်။
တက်စီနဲကအတူနောက်တရားခံက တက်စီ တားစီးတဲ့ လူတွေပါ..
တက်စီတားတာပဲ တွေ့တဲ့နေရာတားတော့ ရပ်တဲ့တက်စီ ကိုးလို့ကန့်လန့် ဈေးစကားများကြ အကုန် တစ်သီကြီးပိတ်ကုန်ပါလေရော..ဒီတော့ တက်စီတားတဲ့လူတွေကလည်း ယာဉ်ကြောအခြေအနေကိုကြည့်ပြီးမှ တက်စီလည်းတားတဲ့အခါ လွတ်လွတ်လပ်လပ်ရပ်လို့ရမယ့်နေရာကိုရွေးပြီးတားစီး သင့်ပါတယ်။
နောက် နံပတ် ၃ တရားခံကတော့ကိုယ်ပိုင်ကားလေးတွေပါ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲကွန်းကလည်းအေး ကားကလည်းကျပ်တော့ အေးအေးလူလူ ကားထဲ ဖေ့ဘုတ်၊ COC ၊ ချက်တင်တွေ ကားရပ်နေရင်း ကားမောင်းနေရင်းသုံးကြပါတယ်။
တချို့က Selfie တောင်ရိုက်နေသေး..Feeling ကားကျပ်..တို့ဘာတို့ပေါ့။အဲလိုလေးဇိမ်ရှိနေတာကနေ ကားမောင်းလို့လည်းရ ရော ကားကိုဖြေးဖြေးချင်းအေးအေးလူလူ တလိမ့်ချင်းမောင်းကြတဲ့ကိုယ်ပိုင်ကားလေးတွေကိုတွေ့လာရတာပေါ့။
လမ်းက အချောင်ကြီး ကားကိုရှေ့ဆုံးကနေ အေးအေးလူလူပိတ်မောင်းနေတာတွေကို ကျွန်တော်တို့ကြုံဖူးကြမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ယနေ့ခေတ်ကာလ ကားတန်ဖိုးတွေကလျှော့ကျ ခေတ်ပေါ်ကားလေးတွေက အော်တိုဂီယာနဲ့ ၃ ရက်လောက်သင်ပေးရင်မောင်းလို့တတ် တဲ့ခေတ် ဆိုတော့ လူတိုင်းနီးပါးကားတွေစီးလာတဲ့အခါမှာ ကားမမောင်းတတ် ယဉ်စည်းကမ်းနားမလည် စတာတွေကလည်း ကားကြပ်တည်းမှုရဲ့ တရားခံပါပဲ..
အ၀ိုင်းမပတ်တတ်သူများ မျဉ်းဝါကွက်ထဲ ကားရပ်သူများ သူလည်းသွားမရ တစ်ခြားလူကိုလည်းမပေးပဲခေါင်းထိုးထည့်ထားသူများ
ကားကိုမလွတ် မလပ်ပိတ်ရပ် သွားသူများ
ကားပါကင်မထိုးတတ်သူများသည်လည်း
ကားကြပ်တည်းမှုတရားခံတွေပဲဖြစ်ပါတယ်။
ကားကိုသွတ်သွတ်လပ် လပ်မောင်းမယ် ယာဉ်စည်းကမ်းကိုနားလည်ကြမယ်ဆိုရင် ကားချောင်သွားမှာပါ။
နံပတ်၎ တရားခံကတော့ လမ်းဘေးဈေးသည်တွေပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လမ်းလျှောက်တဲ့ပလက်ဖောင်းမှာပြည့်နေရုံမက ကားလမ်းပေါ် အထိတက်ရောင်းကြပါတယ်။
လုပ်ပေးထားတဲ့ ကားပါကင်နေရာတွေမှာ ဆိုင်ကြီးတွေတောင်ဖွင့်ထားလိုက်ပါသေးတယ်။
တရုတ်တန်းကိုပဲကြည့်လိုက်ပါ။ လမ်းမကြီးမှာကားသွားဖို့တစ်လမ်းပဲချန်ပြီး ဆိုင်တွေအကုန်ခင်းထားပါတယ်။
အနော်ရ ထာလမ်းမကြီးပေါ်က ထမင်းကြော်ဆိုင်ကြီးတွေဆိုရင် လမ်း သုံးပုံ ၁ ပုံ ရောက်အောင်ခင်းထားပါတယ်။
လမ်းဘေးဈေး သည်တွေကစားဝတ်နေရေးမပြေလည်လို့လမ်းဘေးဆင်းရောင်းရတာပါဆိုပေမယ့် သဌေးတောင်မစားနိုင်တဲ့လမ်းဘေး ဈေးသည်တွေကိုလည်း တအံ့တသြ တွေ့ရပါတယ်။
လမ်းဘေးဈေးသည်တွေ ကိုစနစ်တကျ လုပ်ဖို့က စည်ပင်မှာတာ ၀န်ရှိပါတယ်။
သိုပေမယ့် စည်ပင်တွေဟာ လမ်းဘေးဈေးသည်သဌေးတွေဆီကနေ လာဘ်ငွေအမြောက်အများရတော့ မဖမ်းရဲပါဘူး..
ဘာမှမဟုတ်တဲ့ ဖရဲသီးရောင်းတဲ့လူနဲ့ ဘိန်းမုန့်ရောင်းတဲ့ကလေးတွေကိုတော့ လိုက်ဖမ်းကြပါတယ်။
မြို့ထဲ ရဲ့လမ်းဘေးဈေးသည်ရောင်းချချိန်ကိုသတ်မှတ်ထားတဲ့စည်ပင်ကိုလည်းအံ့သြမိပါတယ် ညနေ ၄ နာရီမှ ည ၈ နာရီ ရောင်း ဆိုပြီးသတ်မှတ်ထားတာပါ။
အဲဒီအချိန်က ကားအင်မတန်ကျပ်တဲ့အချိန်ဆိုတာတောင်မသိတဲ့ဥာဏ်ကြီးရှင်တွေပါပဲ..။လမ်း ဘေးဈေးသည်တွေကို ည ၈ နာရီကနေစပြီး ရောင်းခိုင်း ကားပါကင် ကားလမ်းပေါ် ဘယ်သူမှတက်မရောင်းရ ဆိုရင် ကား ကျပ်တည်းတာကို အလွယ်လေးဖြေရှင်းနိုင်သွားမှာပါ။
တကယ်တော့ တိုင်းပြည်မှာ ကားကြပ်တည်းမှုကိုဖြေရှင်းဖို့ အမှန်အကန်နည်းလမ်းတွေရှိရဲ့နဲ့ မဖြေရှင်းတာဟာ မရိုးသား ပါဘူး။ပြည်သူတွေကို နေ့စဉ် စိတ်ကျပ်တည်းအောင် ကသိကအောက်ဖြစ်အောင် အချင်းချင်းအမြဲရန်ဆောင်နေအောင် လုပ်ထားသလိုပါပဲ။
မယောင်ရာဆီလူးတဲ့ ဂုံကျော်တံတား ပရောဂျက်တွေ Control Center ပရောဂျက်တွေ ကတော့ အကောင် ထည်ဖော်ပြီးနေပါပြီ။ တိုင်းပြည်ဆင်းရဲတွင်းနက်စေတဲ့အကြောင်းအရာတွေထဲကမြို့တွင်း ကားကျပ်မှုပြသနာကို ငွေကုန် ကြေးကျမများပဲ ဖြေရှင်းနိုင်ဖို့ ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်…။
ZPL 28.11.2015
မူရင်းဆောင်းပါးရေးသားသူ, Zaw Phyo Linn နှင့် ဓာတ်ပုံ - မူရင်းလူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...