Saturday, December 12, 2015

အသံတွေကြားလာရပြီ

Tin Nyunt

ကမ္ဘာပေါ်မှာ ဥပဒေပညာတတ်ရန် ဉာဏ်ရည်အမြင့်မားဆုံးလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ ကတော့ ဉာဏ်ရည် အမြင့်မားဆုံးမလိုဘူးဆိုတဲ့ ဆန့်ကျင်ဘက် အတွေးအမြင်တွေဖြစ်နေ တယ်ဆိုတဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ် တော် တရားစီရင်ရေးကော်မတီက အစီရင်ခံစာ ထုတ်ပြန်လိုက်တယ်လို့ သိလိုက်ရပါသဗျာ။
ထူးထွေသည့် အံ့ရာသော် တိုင်းပြည်ပါပဲ။ တရားစီရင်ရေးကို စစ်ဗိုလ်တွေ အာဏာသိမ်းပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်ကတည်းက လမ်းဘေးကလူတွေကို တရားသူကြီးခန့်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကို ပြက်ရယ်စရာ လုပ်ခဲ့တာကနေ ပြန်ပြီးတော့ အစကောက်ကြ ရအောင်လားဗျာ။
နိုင်ငံခြား လန်ဒန်ပြန် ရှေ့နေကြီးတွေက ပါတီဝင် အလုပ်သမားအစည်းအရုံးဥက္ကဋ္ဌ ဆိုတဲ့ကောင် တရားသူကြီး နေရာလာထိုင်ပြီး စီရင်ဆုံးဖြတ်တာကို ခံနေကြရတဲ့ တိုင်းပြည်ဟာ မြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်ဆိုတာလည်း ထည့် ပြောကြဦးမှပေါ့။
မနေ့က ကာတွန်းတစ်ကွက် တွေ့လိုက်ပါသေးတယ်။ ပုံဆိုးဆိုး တရားသူကြီးရှေ့နေမက “သေဒဏ် … သေဒဏ် … သေဒဏ်” ဆိုပြီး ဘာအမှုဖြစ်ဖြစ် သေဒဏ်ကြီး ချနေတော့ တာပဲဆိုတာလည်း ခေတ်စနစ်ရဲ့ မကောင်းတဲ့ ပြယုဂ်တစ်ခုကို ဖော်ထုတ်လိုက်တာပဲ။
ခုတစ်ခါ ဥပဒေအထက်မှာ ဘယ်သူတွေ ရှိနေသလဲဆိုတာကို ပိုပြီး ထင်ဟပ်နိုင်စေမယ့် စာပေးစာယူလည်း လာထား၊ မဆိုင်တဲ့ဘွဲ့လည်း လာထား၊ ရာထူးနဲ့နေရာ အာဏာရှိသူနဲ့ ခွင်ရိုက်နိုင်ရင်ရတယ်။ ငွေများ တရားနိုင်တယ်။ ရှေ့နေတောင် အပီလွတ်ရှေ့နေ ဘွဲ့ရတွေပေါ်လာတဲ့ခေတ်။ အဘစိတ်ကြိုက် တရားစီရင်ရေး၊ အထက်ပို့ အောက်ဖိ တရားစီရင်ရေး၊ အတက်မျှော် အသိမဲ့တရားစီရင်ရေးစနစ်တွေကြောင့် တရားရေး မဏ္ဍိုင်ကြီးတစ်ခုလုံး ယိုင်နေတာကြာလှပါပြီ။
ဘာမှသိစရာမလို၊ ဘာမှဖတ်စရာမလို၊ အချိန်တန်ရင် ရာထူးတက်သွားပြီး အဘနဲ့ မယ်မယ်တို့စိတ်ကြိုက် လွှတ်ဆို လွှတ်လိုက်တာနဲ့ အားလုံးအဆင်ပြေနေတဲ့ခေတ်ဟာ ကြာခဲ့ပြီပဲဗျာ။
တခြားမကြည့်နဲ့လေ ငွေစက္ကူပေါ်မှာ လက်မှတ်ထိုးရင် ဥပဒေအရ အရေးယူနိုင်ပါတယ်လို့ ဆိုထားတဲ့ နိုင်ငံမှာ ငွေစက္ကူပေါ်ကို လက်မှတ်ထိုးပါတယ်ဆိုပြီး သိက္ခာကျအောင် လိုက်ဖန်တီးထားတဲ့ကောင်ကိုတောင် အရေး မယူနိုင်တဲ့ တိုင်းပြည်မှာ ဥပဒေလောကမှာ ရှိနေတဲ့သူတွေ ဉာဏ်ရည်မမီဘူး၊ နိမ့်နေသေးတယ်၊ သောက်သုံး မကျတဲ့ တရားစီရင်ရေးတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့ ဖွင့်ပြောတာ အသံတွေကြားလာရပြီလို့ ဆိုလိုက်ချင်ပါ သဗျာ။
၁၂.၁၂.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...