အစိုးရ ဘာလုပ်သင့်သလဲ
BrainWave ဉာဏ်လှိုင်း
ဒီနေ့ ထိုင်းတရားရုံးကနေ လိပ်က္ဈန်း လူသတ်မှု နဲ့ ပါတ်သက်ပြီး စွပ်စွဲထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝေဖြိုး တို့ကို သေဒဏ် စီရင်ချက် ချလိုက်ကြတယ်။
အမှနိတကယ် အပြစ်ကျူးလွန်မှု ရှိမရှိ ဆိုတာ.ဘယ်သူမှ အတိအကျ
မပြောနိုင်ခဲ့တဲ့ အမှုမျိုး ရောက်သွားခဲ့ရပါတယ်။ ဒါဟာလည်း ထိုင်း ရဲ
တပ်ဖွဲ့နဲ့ တရားရုံးစနစ်ရဲ့ အမှုကို အလွဲလွဲ အချောချော ကနဦးကတည်းက
ကိုင်တွယ်ခဲ့လို့ ဖြစ်ပါတယ်။
အမှုက ဗြိတိသျ နိုင်ငံသား တွေ အသတ်ခံခဲ့ရတဲ့ အမှု ဖြစ်တော့ နိုင်ငံတကာက အာရုံစိုက်ခြင်း ခံခဲ့ရတယ်။
ဒီအတွက် ထိုင်း ရဲ တွေက အရင်ကထက် ၀ိရိယ စိုက်ထုတ်ပြီး သက်သေ အထောက်အထား တွေ မရမက ရှာလာခဲ့ကြပြန်ပါတယ်။
က္ဈန်းနေ လူ ပေါင်း ၂၀၀ ကို DNA စစ်ပါတယ်။ ခက်တာက နဂိုမူလကတည်းက တရားခံတွေကို လုပ်နေကျ အတိုင်း ရိုက် နှက် စစ်ဆေးပြီး ဖြောင့်ချက် ယူထားတာက ပေါ်လွင်နေတော့ ထိုင်း ရဲ အဖွဲ့ရဲ့ DNA စစ်တာကို ဘယ်သူမှ မယုံကြည်ကြပါဘူး။
ဗြိတိသျ ၀န်ကြီးချူ ပ်ကတောင် တရားခံတွေ တကယ်ကျူး လွန်ခဲ့ခြင်း ရှိမရှိ သေချာအောင် ဗြိတိသျ ရဲ အဖွဲ့က ၀င်ရောက်စုံစမ်းပါရစေ တောင်းဆိုတယ်။ လက်မခံပါဘူး။
ထိုင်းမှာ တရားရုံးကို ရောက်တဲ့ အမှုပေါင်းရဲ့ ၃၀% က သက်သေ အခိုင်အလုံမရှိပဲ ရောက်လာတဲ့ စာရင်းဇယားတွေကလည်း ရှိနေတော့ ဗြိတိသျ ၀န်ကြီးချူ ပ် တောင်းဆိုမှုက မလွန်ပြန်ပါဘူး။
အပြစ်မရှိတဲ့သူတွေ အပြစ်ဒဏ်ခံရပြီး အမှန်တကယ် ကျူး လွန်သူတွေ လွတ်နေပြန်ရင် အပြစ်မရှိပဲ ခံလိုက်ရဆုံးတဲ့သူတွေကော သေဆုံးသွားသူ မိသားစု တွေ အတွက် အင်မတန်မှ နစ်နာစရာ ကောင်းလှပြီး စိတ်ဒုံးဒုံးချ closure လုပ်ဘို့ ခက်နေပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီး မိဘဆွေမျိုးတွေက စိတ်ရှုပ်ထွေးလှပြီး လက်ခံဘို့ ကြိုးစားရမယ် ဆိုနေပြီး အမျိုးသား သေဆုံးသူ ဘက်ကတော့ လက်ခံတယ်လို့ ဆိုနေပါတယ်။
တရားခံပြ ရှေ့နေတွေက DNA က အမှုရဲ့ အခရာ ဖြစ်နေတာမို့ အစိုးရနဲ့ မပါတ်သက်တဲ့ သေမှုသေခင်း စစ်ဆေးရေး (forensic) အဖွဲ့ နဲ့ ထပ်မံ စစ်ဆေးပေးရေးနဲ့ သေသွားသူ တွေရဲ့ DNA နမူနာ အသစ်တွေကိုပါ တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့တာ တွေ့ရပါတယ်။
ထိုင်းမှာ အာဏာသိမ်းပြီး ကမ္ဘာလှည့် ခရီးသွားလာမှူ ကျဆင်းတာကို ခံနေရတဲ့ အချိန်မှာ ခုလို ဖြစ်လိုက်တဲ့အတွက် ပိုဆိုးလာလို့ တရားခံကို အမြန် ဖမ်းပြခဲ့ကြတာ ဖြစ်တယ်လို့ အဲ့သည်တုံးက ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရပါတယ်။
မြန်မာအစိုးရ အနေနဲ့ လည်း ဗြိတိသျ ၀န်ကြီးချူ ပ်တောင် ၀င်ပြောလို့ မရခဲ့တဲ့ အမှုမှာ အခုလောက်ထိ လိုက် လုပ်ပေးတာကိုက အရင်ကထက် စာရင် အများကြီး တော်လာတယ် ဆိုရပါမယ်။
ဒါပေမယ့် မြန်မာဟာ ယိုးဒယား နဲ့ မဆက်ဆံလို့ ဘာမှ မဖြစ်ပေမယ့် ယိုးဒယားက မြန်မာနဲ့ မဆက်ဆံရင် ထိခိုက် နစ်နာစရာတွေ အများကြီး ရှိနေပါတယ်။ လောလောဆယ်ပဲ ထားဝယ် စီမံကိန်းကြီး ရှိနေပါတယ်။
ဒီအတွက် သံတမန်ရေး နည်းလမ်းကို အပြည့်အ၀ အသုံးချပြီး အမှုကို ပွင့်လင်း မြင်သာစွာ ပြန်လည် စစ်ဆေးဘို့ တောင်းဆိုရမှာ ဖြစ်ပြီး ဒီလိုပြု လုပ်ပေးခြင်းဖြင့် မြန်မာ အစိုးရသစ် နဲ့ ရှေ့ လျောက် ဆက်ဆံရေး အဖုအထစ် တွေ ပြေပျောက်မယ်ဖြစ်သည်သာမက ထိုင်းအကျိုး စီးပွားကို ကာကွယ်ရာ ရောက်ကြောင်း ဆိုတာ နားချ ပေးနိုင်စွမ်း ရှိရပါမယ်။
မြန်မာအနေနဲ့ ရှေ့လျောက် စီးပွားရေးအရ အရင်ကလို ထိုင်း တရုတ် တို့ လောက်နဲ့တင်မက တကမ္ဘာလုံးက ကုမ္ပဏီ တွေနဲ့ ဆက်ဆံလာမှာ ဖြစ်တဲ့အတွက် ဒီအရေးကြောင့် ထိုင်း ကုမ္ပဏီ တွေ နောက်ရောက်သည်ထက် ရောက်သွားမှာကို သဘောပေါက်အောင် ပြောဘို့ လိုပါတယ်။
အခုလို အယူခံ တက်နေချိန်ဟာ အင်မတန်မှ လုပ်သင့်တဲ့ အချိန်ဖြစ်ပြီး မျက်နှာပျက်စရာ ကိစ္စတွေ မဖြစ်အောင် ကာကွယ်ဘို အကောင်းဆုံး အချိန်ဖြစိကြောင်း တင်ပြလိုက်ရပါတယ်။
အယူခံဝင်တဲ့ ကိစ္စကလည်း လ နဲ့ နှစ်နဲ့ ချီပြီး ကြာတတ်တာမို့ ခေါင်းအေးအေး ထားကြဘို့ တိုက်တွန်းပါတယ်။
HSW

0 comments:
Post a Comment