'သမက်သူခိုးထင်'
Thanlay Ko
မနက်တိုင်း ၈ နာရီခွဲ အစည်းအဝေးတက်ရတာ အလွန်ပျင်း။
အလုပ်အကြောင်းတွေ ပြောနေကြတာလေ၊ အဲ့ဟာမျိုးတွေ ကိုယ်က စိတ်မဝင်စား။
နိုင်ငံရေးလေးဖြစ်ဖြစ်၊ ဘော်လုံးပွဲအကြောင်းဖြစ်ဖြစ်၊ ကောင်မလေးတွေအကြောင်းဖြစ်ဖြစ် ပြောတယ်ဆိုတော်သေး

အမယ်... ခုမှကြည့်မိတယ်၊ အစည်းအဝေးခန်းထဲက စားပွဲက အသစ်ဟ
ဘယ်တုန်းက လဲလိုက်တာပါလိမ့်
အဲ... ...
ဒီလောက်ကြီးတဲ့ စားပွဲကြီး အခန်းထဲ ဘယ်လိုထည့်ပါလိမ့်?
တံခါးပေါက်ကနေလည်း မဆန့်ပါဘူး
ခေါင်မိုးများဖွင့်ထည့်လေသလား?
တစ်စစီသယ်လာပြီး ဒီထဲကျမှ ကောက်တပ်လို့ရတဲ့ ဖွဲ့စည်းပုံလည်း မဟုတ်ပါဘူး။
စဉ်းစားရ အတော်ကြပ်တာပဲ. . . အင်း. . . . အင်း
အဲလို ကြီးပွားရာကြီးပွားကြောင်း တွေးနေတာကို အလိုက်မသိဘူး၊
အစည်းအဝေးက ပြီးသွားတော့ ဘောစ်က လှမ်းမေးတယ်... ...
"ကဲ... အားလုံး ဘာပြောစရာရှိသေးလဲ၊ မရှင်းတာရှိ မေး"
မရှင်းတာရှိမေးဆိုတော့ မေးအုံးမှဘာ... ...
"ဒီစားပွဲကြီး ဒီအခန်းထဲ ဘယ်လိုထည့်လဲ ငင်"
"ဘာာာ... ဘာကွ၊ အလုပ်ကိစ္စ မမေးဘဲ မဆိုင်တာတွေ လာမေးနေတယ် ဟမ်"
"တားက တိချင်ရို့ဟာကို ဦးလေးကလည်း"
"အေး... ပြူတင်းပေါက်က သွင်းတာဟေ့ သိပလား"
"ဟုတ်လား... အော် အော် ... အမ် နောက်သာလားဂျ"
"ဟေ့ကောင် ဘယ်ကသွင်းသွင်း နင့်အလုပ်မဟုတ်ဘူး၊ နင့်အလုပ်က ဒီနေ့ ပရီကပ်စ်ရဒ်ကို သွားစစ်ရမယ်၊ ခဏနေ မစ္စတာအန်ထော်နီ ဖုန်းခေါ်လိမ့်မယ်၊ မင်းနံပတ် သူ့ကိုပေးလိုက်တယ်၊ သူနဲ့ချိန်းပြီးသွား ကြားလား"
"ဝုတ်ကဲ့ ဘောစ်"
တောက်စ် သိချင်လို့မေးတာကို မဖြေဘူးဗျ
တော်တော်ညစ်ပတ်တဲ့ သထိန်း
နေပေ့စေအုံး
သူဆောက်နေတဲ့တိုက်က လှေခါးတွေ ပြောင်းပြန်ကို တပ်ခဲ့လိုက်အုံးမယ်။
ခဏနေတော့ နံပတ်အစိမ်းတစ်ခုနဲ့ ဖုန်းဝင်လာတယ်
အန်ထော်နီနေမှာပေါ့
တတ်သလောက်မှတ်သလောက် စင်္ကလိခ်ျနဲ့ ပြန်ထူးလိုက်တယ်...
"Helloee..."
"Is't Mr Tan (Than)?"
"Yes"
"Ummm... Mr Tan, today ummm we have arrrr some inspection ummmm at precast-yard"
"okey. what time?"
"Ummm arrr 10 am. Are you ummm available?"
"Sure. But I have no transport. So can you arrange for me?"
"Ahhh... ummm.. I can bleh bleh bleh.. for bleh bleh., transport bleh bleh"
ဟာ ဒီလူ ဘလိုတွေ ပြောနေတာလဲ
ညံ့လိုက်တဲ့ အင်္ဂလိပ်စကား၊ မနည်းနားထောင်နေရတယ်
"What?. What did you say?"
"Arr ummm... I said bleh bleh bleh"
"what... what?... အာ ဒီမအေပေး ဘာတွေ လာပြောနေလဲ မသိဘူး၊ လခွီးတဲ့မှ"
"ခများ မဆဲပါနဲ့ဗျ"
"အမ်... မင်းက မြန်မာစကား နားလည်တယ် ဟုတ်လား"
"နားလည်တာပေါ့ဗျ ကျုပ်က မြန်မာပဲဟာ"
"ငင်... ငါက အန်ထော်နီဆိုလို့ စလုံးတရုတ် ထင်နေတာ"
"သူ မအားလို့ ကျနော်ကို ခိုင်းလိုက်တာ၊ ကျနော်က ထက်ခိုင်၊ မြန်မာလူမျိုး၊ ရောက်တာ တစ်လဘဲရှိသေးတာ၊ အင်္ဂလိပ်လို သိပ်မပြောတတ်ဘူး"
"အာ့ဆိုလည်း အစထဲက ငါ့ကို မြန်မာလိုပြောပါလားဟ၊ ငါ့နာမည် သန်း Than ဆိုမှတော့ မြန်မာမှန်း မသိဘူးလား"
"သိဘူးဗျ... သူတို့ပြောတာကို မစ္စတာတန် လို့ကြားတာ၊ Mr Tan ဆိုတော့ တရုတ်ထင်လို့"
"အင်း ကောင်းကြသေးရဲ့လား၊ ဒါ့ကြောင့် ထင်တော့ထင်ပါတယ် ဒီစလုံးတရုတ် အင်္ဂလိပ်လိုပြောတာ ညံ့လှချည်လားလို့"
"ဘာဗျ... ခများပြောတာကျ ကောင်းလွန်းလို့၊ ငပိသံနဲ့များ ဟွင့်"
"ငိ ငိ အေးဘာကွာ..."
.
အချက်မသိတော့ သမက်သူခိုးထင်
အသံမကျက်မိတော့ ရွှေအချင်းချင်း တရုတ်ထင်
.
.
သို၎ကန် ပေါက်ကရရေးတာပါ
https://www.facebook.com/tholaykan

0 comments:
Post a Comment