Thursday, December 24, 2015

#‎ပုခက်လွှဲသောခင်ကြည့်လက်‬

 

ခင်ကြည်လေ
မောင်စစ်သားကြီးကိုဆုံးရှုံးခံရပြီးထဲက
ဘာမဆို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတာရှင့်
ခင်ကြည့်မှာ ခင်တွယ်စရာဆိုလို့ သားနဲ့သမီးရယ်
မောင်ခေါင်းချသွားတဲ့ ဗမာပြည်ရယ်ပဲရှိတာပါ


ဒါပေမဲ့ရှင် ခင်ကြည် ဟာမုဆိုးမဆိုတော့
အနိုင်ကျင့်ပြီး တိုင်းပြည်ကနေ နှင်ထုတ်ကြတယ်လေ
ဒါပေမဲ့ မပြီးဆုံးခဲ့တဲ့မောင့်တာဝန်ကို
ဆက်ယူရတယ်လို့ ခင်ကြည်ခံယူတယ်
ပြည်ပမှာ သမီးလေးနဲ့သားကြီးပညာတွေသင်
အောင်ဆန်း သွေးလို့ကြေညာနိုင်အောင်
ခင်ကြည်ကြိုးစားခဲ့ပါတယ်မောင်

မောင်ရယ် မောင်မရှိတဲ့ဘဝမှာ ခင်ကြည့်ဘဝ
ကြမ်းတမ်းတယ်လို့ယူဆရပေမဲ့
မောင့်တာဝန်အဖြစ်နဲ့ မောင့်သွေးတွေကို
ရှာဖွေကျွေးမွေးခဲ့ပါတယ်
ယောကျာ်းသားမရှိတဲ့ မိန်းမတစ်ယောက်ဟာ
မြှီးကောင်ပေါက်သမီးကို ထိန်းရခက်ပေမဲ့
ဘာသာကိုင်းရှိုင်းတဲ့
မိုက်ကယ်နဲ့သဘောတူတာ မောင်စိတ်ဆိုးလားဟင်

ဘာပဲပြောပြောပါမောင်
အခုဆိုရင် သမီးလေးမိစုဟာ
မောင့်တိုင်းပြည်မှာ
မောင့်တာဝန်ထမ်းတော့မယ်
မောင်ရဲ့
ခင်ကြည်လေ
မြန်မာ့ရိုးရာ ထိန်းဖို့သမီးလေးကို
မိန်းမပီသစေခဲ့တာ ဟာ အခုအချိန် သိပ်မှန်တယ်

မောင်ရေ အောင်ဆန်းသမီးအောင်ဆန်းလို
တော်အောင်သင်ပေးနိုင်ခဲ့တာ မောင်ကျေနပ်မယ်ဆို
ပုခက်လွှဲခဲ့ရတဲ့ ခင်ကြည့်လက် အညောင်းပြေပါပြီမောင်

စဝ်ခွန်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...