ဒေါ်အောင်ဆန်းစုကြည်၏ ဘာသာရေးအမြင်နှင့် ၀ိပဿနာ သတိပဌာန်ရှုမှတ်ပုံ
Than Min KyawFollow
{အောက်ပါ Status ကို "ဓမ္မဂင်္ဂါ" ရေးသားသော "#အောင်ဆန်းစုကြည်
သို့မဟုတ်#ဗုဒ္ဓဘာသာသူရဲကောင်း"စာအုပ်မှ (Burma Project USA) ကို တည်ထောင်သူ
ဒီမိုကရေစီရေးကျွမ်းကျင်သူ မြန်မာပြည်တွင် ရဟန်းဘ၀ဖြင့် ၈ နှစ်ကြာ
နေထိုင်ခဲ့ဖူးသည့် #အလန်ကလီးမင့်ထ်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့၏ 1997 မှ ဆွေးနွေးပြောဆိုချက် တချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်}
#အလန် - ဗုဒ္ဓ၀ိပဿနာတရားက ဘယ်လို အကျိုးသက်ရောက်မှုရှိလဲဗျ
#စု - စိတ်ပိုင်းဆိုင်ပညာရေးနဲ့ ဖြူစင်ရေးလမ်းစဉ် တစ်ခုပါ ။ အခြေခံအားဖြင့် သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိသိနေရင် ရှင့်အနေနဲ့ မသမာမှု မစင်ကြယ်မှုတွေကို သတိထား ရှောင်ကျဉ်နိုင်တာပေါ့
#အလန် - နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်အားပေးသလဲဗျ
#စု - အဓိကအကြောင်းကတော့ ကျမ လုပ်သင့်တယ်လို့ထင်တာကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ (သတိပဌာန် ပွားများမှုလိုမျိုး) လုပ်နေတယ်လို့သိနေတဲ့ အသိကရလာတဲ့ စိတ်ချမ်းမြေ့မှုလေးပါပဲ။ ကျမမှာ ဘ၀နဲ့ပတ်သတ်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျမအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့နာမည်နဲ့ ကျမလုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတရာရှိရင် အဲဒါကို ကျမလုပ်မှာပါ။
#အလန် - ခင်ဗျားရဲ့ အဇ္ဈတ္တ အတွင်းသား အစစ်ကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လိုအထောက်ကူပြုလဲ ၀ိပဿနာ ဆိုတာ#မိမိကိုယ်ကိုရှာဖွေခြင်း လုပ်ငန်းစဉ် တမျိုးလား။
#စု - ၀ိပဿနာဆိုတာ မိမိကိုယ်ကိုရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလားဆိုတာ ကျမမသိပါဘူး ။ကျမ သိထားတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲငယ်ငယ်လေကတည်းက ကျမမှာ ကိုယ့်အလုပ်နဲ့ ကိုယ်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျမမှာ ကျမကိုယ်တိုင်နဲ့ ပတ်သတ်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး။ ဒါပေမဲ့ ဗုဒ္ဓ ၉ိပဿနာကတော့ မှန်ကန်တဲ့ (သမ္မာမဂ္ဂင်) လမ်းကိုလိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ် ။ပြီးတော့ ကျမအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ ဘာဖြစ်လို့လဲဆိုတော့ တရားအားထုတ်တယ်ဆိုတာ သတိတရားကို ပွားများပြီး စိတ်ကိုထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်ကူဖြစ်နေမှာပါ။ ကျမအတွက်တော့ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေအကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျမရဲ့သတိအာရုံတွေ မြင့်မားလာတယ်လေခုဆို ကျမဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိကိုင်မိတာတွေ နည်းလာပါတယ်။
#အလန် - ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြား ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူလေ့လာဖို့ စိတ်ကိုဖွင့်ထားတာမျိုး မျှမျှတတ ဖြစ်အောင် ဆောက်တည်ထားတာမျိုး ရှိပါသလား။
#စု - ကျမက ထေရဝါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယနနဲ့ ၀ဇီရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျမစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က လူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်သေးခွင့် ရှိတယ်လို့မမြင်မိပါဘူး။ ကျမက တခြားလူတွေရဲ့ ဘာသာရေး အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျမကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေဆီက ကျမ အများကြီး သင်ယူရပါဦးမယ် ။။။။။
ထိုစာအုပ်ကို ဓမ္မဒါနအဖြစ် လက်ဆာင်ပေးသော ပုလဲစာပေမှ Ma Thin Thin Khaingအား
ကျေးဇူးတင်ပါသည်
လွတ်ငြိမ်း ချမ်းမျှ(Mon)
21 Dec 2015)

0 comments:
Post a Comment