Wednesday, December 16, 2015
----
Ref - rishikajain
www.yoyarlay.com
‪#‎kln_yyl‬
‪#‎story_yyl‬
(Unicode version)
သောမက်စ် အက်ဒီဆင်ရဲ့ အမှန်တကယ် အဖြစ်အပျက် ဇာတ်လမ်း
တစ်နေ့မှာတော့ သောမက်စ် အက်ဒီဆင်ဟာ အိမ်ပြန်ရောက်လာပြီး သူ၏ မိခင်ကို စာတစ်စောင် ပေးလိုက်တယ်။
"အမေ ဆရာမက အမေ့ကို စာတစ်စောင် ပေးလိုက်ပါဆိုလို့ ကျွန်တော် ပေးတာပါ"
အမကေလည်း ဆရာမ ပေးလိုက်တဲ့ စာကို ဖတ်ပြီးတော့ မျက်ရည်ကျနေတယ်။ မင်းရဲ့သားက အရမ်းကို ဉာဏ်ထက်မြက်တယ်။ ဒီကျောင်းမှာက သူ့ကို သင်ပေးနိုင်မယ့် ဆရာ မရှိသေးပါဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ မင်းရဲ့သားကို သင်ပေးပါ။
နှစ်တွေ အတော်ကြာတော့ သောမက်စ် အက်ဒီဆင်၏ မိခင်ဟာလည်း သေသွားပြီး သူဟာလည်း ရာစုနှစ် အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက် ဖြစ်လို့နေပါပြီ။ တစ်နေ့တော့ သူရဲ့ မိသားစုနှင့် သက်ဆိုင်သော အချက်အလက် အဟောင်းတွေကို သူတွေ့ခဲ့တယ်။ ရုတ်တရက် သူ၏ စားပွဲ အံ့ဆွဲအောက်မှာ စာရွက်ခေါက်လေး တစ်ရွက်ကို တွေ့လို့ ဖွင့်ကြည့်ပါတယ်။
စာရွက်မှာ ရေးထားတာက "မင်းရဲ့ သားဟာ စိတ်ရောဂါ ဖြစ်နေတဲ့ သူပါ။ ဒါကြောင့် ဘယ်တော့မှ ကျောင်းကို မလွှတ်ပါနဲ့တော့"
----
သောမက်စ် အက်ဒီဆင် နာရီများစွာ ကြာအောင် ငိုခဲ့ပြီး ဒီဒိုင်ယာရီကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ သောမက်စ် အက်ဒီဆင်ဟာ စိတ်ရောဂါသည် တစ်ယောက်လို့ အထင်ခံခဲ့ရတယ်၊ သူရဲကောင်း မိခင်က ရာစုနှစ် အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက် ဖြစ်အောင် ဖန်တီးပေးခဲ့တယ်။
Ref - rishikajain
ကျော်လင်းနိုင်(ရိုးရာလေး)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...