Monday, November 2, 2015

“မျက်စေ့ကြည်ဆေး”


စင်္ကာပူက မူစတာဖာကုန်တိုက်ဘက်ရောက်တော့ သူငယ်ချင်းတစ်ယောက်က ညွန်တာနဲ့ Sefuel ဆိုတဲ့ အားဆေးတစ်ဘူး ဝယ်လာခဲ့တယ်။
ဆေးရဲ့အဓိကအားသာချက်က အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ အသက်ငယ်သော်လည်း ယောက်ျားစွမ်းဆောင်မှုပိုင်းဆိုင်ရာမှာ အားနည်းလာလိုပဲ ဖြစ်ဖြစ် သောက်ရမယ့်ဆေး။
ခပ်ရှင်းရှင်းပြောရရင် အိမ်ထောင်ရေးသုခ အားကောင်းတဲ့ဆေး။

အလုံး ၆၀ ပါတစ်ဘူးကို စလုံးငွေ ၃၀။
ဆေးညွန်းကတော့ တစ်ရက်နှစ်လုံးသောက်ပါ၊ မယုံနိုင်လောက်အောင် ‘အားသန်’ လာမယ်လို့ ဆိုတယ်။
ဒီတော့ ကိုယ့်အနေနဲ့က တစ်ရက်တစ်လုံးလောက်ပဲ သောက်တယ်။
စားကောင်း အိပ်ပျော် မျက်စေ့ကြည်တယ်လေ။
မနက်အိပ်ရာထဆို ဘာမှစားလေ့စားထ မရှိတာရယ်၊ အစားစားပြီးမှ ဆေးသောက်ချင်တာရယ်ကြောင့် အဲ့ဒီအားဆေးတစ်လုံးကို တစ်ရှုးပေပါလေးထဲထည့်ပြီး ရုံးကိုယူလာတယ်။
ရုံးရောက်လို့ မနက်စာစားပြီးတာနဲ့ သောက်တယ်။
တစ်ရက်တော့…
ကိုယ်ဆေးသောက်နေတာကို မြင်သွားတဲ့ ရုံးက အမကြီးတစ်ယောက်က မေးတယ်… …
‘ဟဲ့… ဘာဆေးတွေ သောက်နေတာလဲ’
အမှန်အတိုင်း မပြောချင်တာနဲ့… …
‘မျက်စိကြည်ဆေးပါ အမ’
‘ဟုတ်လား နင်က မျက်စေ့မမြင်တော့ဘူးလား’
‘အသက်ကြီးလာတော့ မျက်စေ့က ဝါးလာတယ်လေ၊ ဒီဆေးသောက်တော့ အမြင်တွေကြည်လာတာ သိသာတယ်’
‘ဟယ်… ဟုတ်လား၊ င့ါယောက်ျားလည်း အသက်ကြီးပြီး မျက်စေ့တွေ တအားမှုန်တာ၊ အာ့ဆေးနာမယ် ပြောစမ်း၊ ငါ့ယောက်ျားကိုတိုက်ချင်လို့’
‘ဆေးက အပြင်မှာဝယ်လို့ မရဘူး၊ အမလိုချင်ရင် ကျနော်ရှိတာထဲက ခွဲပြီး ပေးပါမယ်’
‘အာ့ဆိုလည်း ကျေးဇူးပါဟယ်၊ မနက်ဖန်ယူခဲ့နော်’
‘ဟုတ်ကဲ့… အမ’
ဒါနဲ့ နောက်ရက်ကျတော့ ပုလင်းလွတ်တစ်လုံးနဲ့ ဆေး ၁၅ လုံး ခွဲယူလာခဲ့တယ်။
‘ရော့… အမ၊ တစ်နေ့ ၂ လုံးသောက်ခိုင်းလိုက်၊ တပတ်အတွင်း ထူးခြားလာမယ်’
‘အေး… အေး…’
၂ ရက်လောက်နေတော့ အဲ့ အမ လူကို ကွက်ကြည့်ကွက်ကြည့်လုပ်လာတယ်။
၃ ရက်နေတော့ သူ တခုခုပြောဖို့ ပြင်ပြင်နေတာ သတိထားမိတယ်။ လာတော့ မပြောဘူး။
၎ ရက်မြောက်ကျတော့ သူ မနေနိုင်တော့ဘူး လာမေးရော… …
‘ဟဲ့… နင် င့ါကို မှန်မှန်ပြောစမ်း၊ အဲ့ဆေးက ဘာကောင်းတာလဲ’
‘မျက်စေ့ကြည်တယ်လေ အမရဲ့’
‘ဟုတ်လို့လားဟယ်…’
‘ဟုတ်ပါတယ်ဗျ… ခု ဘာဖြစ်လို့လဲ’
‘အင်း… … အဲ… ဟိုလေ ငါ့ယောက်ျားကြည့်ရတာ ဒီရက်ပိုင်း တမျိုးကြီးဖြစ်နေသလားလို့’
‘ဘာတွေထူးလို့လဲ အမရဲ့ မျက်စေ့မကြည်လို့လား’
‘မျက်စေ့... အင်း မျက်စေ့လား... ကြည်ပါတယ်… ဟိုလေ.. ဟာ ခက်ထှာဟယ်’
‘ပြောပါ အမရဲ့ ဆေးရဲ့အာနိသင်လေး သိရတာပေါ့'
'ဆေးက... ... ဆေးက ကောင်းတယ် ဟဲ့'
'ဘာကောင်းတာလဲ အမရဲ့'
'မတာလေး... နင်သိရဲ့သားနဲ့၊ ငါ့ကို သက်သက် သက်သက် ... ဂျောက်ချတာ'
'ငိ.. ငိ... နောက်ထပ် လိုချင်ရင်ပြော၊ မူစတာဖာဘက်ရောက်ရင် တစ်ဘူး ပိုဝယ်ခဲ့ပေးမယ်’
‘အေးဟဲ့… လမ်းကြုံရင်တော့ သုံးဘူးလောက်ဝယ်ခဲ့ မောင်လေးရယ်’
‘ဟုတ်ကဲ့ပါ… အမကြီး ဆေးစွမ်း တော်တော်ကြိုက်တယ်ထင်တယ် ငိ ငိ’
‘အဟီး… မျက်စေ့ကြည်တယ်လေဟယ်… သူ အဲ့လို မျက်စေ့မကြည်တာ ကြာပြီ။ သူမျက်စေ့ကြည်တော့ ငါဝမ်းသာတာပေါ့ ဟီး’
အဟင်း…
ဒီက ဂျောက်ချတာကို သူက ဂျောက်မကျတဲ့အပြင် နောက်ထပ်မှာနေသေး
အေးတာပဲ…။
.
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...