Monday, July 14, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၇)

သစ်ထူးလွင်


Posted: 14 Jul 2014 07:34 AM PDT
 ဂါဇာဒေသမှာ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတကာက ဖိအားပေး ပြောဆိုမှုတွေ တိုးပွားလာနေပေမယ့်လည်း အစ္စရေးတို့ဘက်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ လျှော့ချမယ့် ပုံမျိုး မရှိသေးပါဘူး။ ဒါပေမယ့် မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာကိုတော့ ခုချိန်ထိ မလုပ်သေးပါဘူး။ ဂါဇာဘက်နေ အစ္စရေးဘက်ခြမ်းကို ရော့ကက် ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အက်ရှ်ဒေါ့ဒ် မြို့ပေါ်မှာ
Posted: 14 Jul 2014 07:30 AM PDT
၁၄ ဇူလိုင် ၂၀၁၄  (၁၉း၃၀) ဒီနေ့ ၁၄-၇-၂၀၁၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်မှ စပြီး ငမိုးရိပ်ချောင်း ထူးကဲဒီရေ တက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်တွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။ မနေ့က ၁၃-၇-၂၀၁၄ ရက်နေ့မှာလည်း ညနေ(၄)နာရီ အချိန်ခန့်မှာ ငမိုးရိပ် ချောင်းရေ တက်မှုကြောင့် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် တစ်ခုလုံးနီးပါး ရေလွှမ်းမိုးခဲ့ ပါသည်။
Posted: 14 Jul 2014 06:38 AM PDT
 ပြန်ပေးဆွဲ ခံထားရတဲ့ ကျောင်းသူ ၂ရာကျော် ပြန်လွတ်လာရေး အတွက် နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်ရေး ဖိအားပေးဖို့ နိုင်ဂျီးရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ပါကစ္စတန် အမျိုးသမီးငယ် မာလာလာ ယူဆက် ဇာအီ က ကျောင်းသူတွေကို ပြန်ပေးဆွဲထားတဲ့ ဘိုကို ဟာရမ် အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ဟာ အစ္စလာမ် အမည်ကို အလွဲသုံးစား လုပ်နေတယ်လို့ ပြောလိုက်ပါတယ်။ ပညာရေးဟာ မိန်းကလေးတွေ အတွက် မဟုတ်ဘူးလို့ ပြောနေတာဟာ လုံးဝ မှားယွင်းတယ်လို့
Posted: 14 Jul 2014 06:39 AM PDT
စစ်တွေ ကျေးတောရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ) ထူးကဲဒီရေ တက်မူကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် နေရာ အများ အပြားတွင် ရေမြုပ်မူများ ပေါ်ပေါက် နေကြောင်း သတင်း ရရှိသည်။ ယနေ့ ရရှိသော သတင်းအရ ရခိုင်ပြည်နယ် အတွင်းရှိ ပင်လယ်နားနီး မြို့နယ်တိုင်း လိုလိုတွင် ထူးကဲဒီရေများ တက်လာရာမှ လမ်းများ၊ အိမ်များ၊ ဈေးဆိုင်များနှင့် အစိုးရ အဆောက်အဦးများ ရေမြုပ်နေသည်ဟု သိရသည်။
Posted: 14 Jul 2014 05:15 AM PDT
နေပြည်တော်၊ ဇူလိုင် ၁၄ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့သည်။  စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)
Posted: 14 Jul 2014 03:47 AM PDT
ရန်ကုန်၊ ဇူလိုင် ၁၄ ၁၄.၇.၂၀၁၄ရက်နေ့ ၀၈၃၀အချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း မြောက်မှတောင်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း တင်ထွန်းအောင် (၄၀)နှစ် မောင်းနှင်လာသော 5E---RG ယာဉ်လိုင်းအမှတ် (၂၂၆)ခရီးသည် တင်ယာဉ်သည် ပိတောက်လမ်းမှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်နေ ကိုအောင်မြတ် (၃၄)နှစ်ကို တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ကိုအောင်မြတ်မှာ ဦးခေါင်းနောက်စေ့ဖူးရောင်၊
Posted: 14 Jul 2014 03:03 AM PDT
ပုသိမ် ဇူလိုင် ၁၂  (၁-၇-၂ဝ၁၄)ရက်နေ့ (၁၈းဝဝ)နာရီ အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းတောင်ရပ်နေ မ----(၄ဝ)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ မှီခိုသည် တစ်ခြံ တည်းနေ ခင်ပွန်းဖြစ်သူ၏ တူတော်သူ မောင်---- (၂၉)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း (အို)နှင့်အတူ ရွေမြင်တင်အုပ်စု၊ စံပြကျေးရွာနေ ကို-----၏ နေအိမ်၌ ခြုံစောင်ယူရန် ဆိုင်ကယ်ဖြင့်လိုက်သွားရာ ခြုံစောင်အား မီးဖွားသူမှ အသုံးပြုထားသဖြင့် မယူဘဲေ
Posted: 14 Jul 2014 02:55 AM PDT
 ကုန်ပစ္စည်း မှောင်ခို ကုန်ကူးသူ တွေထဲမှာ သာမန်ကုန်သည် တွေနဲ့ အတူ လက်နက်ကိုင် အဖွဲ့အစည်း ၀င်တွေပါ ပါဝင်နေ တာကြောင့် မှောင်ခိုကုန်တားဆီးရာမှာ လိုအပ်ရင် စစ်တပ်ကို အကူအညီ တောင်းဖို့ ရှိတယ်လို့ ရန်ကုန်မိုဘိုင်း တင်းမ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ အထူးသဖြင့် မြ၀တီ-ဘားအံနဲ့ ရန်ကုန် လမ်းကြောင်းပေါ် မှာ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လည်း မှောင်ခိုကုန် ကူးကြတဲ့အတွက် သူတို့ကုန်တွေကို ဖမ်းဆီးရင်
Posted: 14 Jul 2014 02:52 AM PDT
 မြစ်ကြီးနား ၊ ၁၄-၇-၂၀၁၄ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြစ်ကြီးနား မြို့နယ် လုံဂါဇွပ် ကျေးရွာအနီး ဧရာဝတီမြစ် အတွင်းမှ အသက် သေဆုံးလျက် မျောပါနေသော လူသေ အလောင်း တစ်လောင်းကို အနီး ဝန်းကျင်မှ ရွာသားများက တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရာ အဆိုပါ အလောင်းအား ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိ သူများ နှင့် မြစ်ကြီးနား မြို့မရဲစခန်း မှ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သေဆုံးနေ
Posted: 14 Jul 2014 02:45 AM PDT
 မတူရိုးရာ လိုးဆခ် ခိုသူး ကို ချင်းပြည်နယ် မတူပီမြို့  အထက (၁) ကျောင်း ဝင်း အတွင်း ကျင်း ပခြင်း မပြု ရန် ကျောင်း အုပ် ဆရာ ကြီး ဦ ချာ ဝိုင်း မှ အမိန့် ထုတ် အကြောင်းကြား ကြောင်း သိရှိရ သည်။ နှစ်စဉ် ဇူလိုင် (၁၅) ရက် နေ တွင် ကျင်း ပ လျက် ရှိ သော မတူ ရိုးရာ လိုဆခ် ခိုသူး ပွဲ ကို နှစ်စဉ် ကျောင်း ဝင်း တွင် အခမ်း အနား တစ်ရပ်ဖြင့် ကျင်းပခဲ့သည်။ ယခုနှစ် တွင်  ပွဲ ရက် ကပ် မှ ကျောင်း ဝင်း အတွင်း ၌ ကျင်း ပ
Posted: 14 Jul 2014 02:35 AM PDT
 ရွှေ့ပြောင်း အလုပ်သမား မှတ်ပုံတင်ရေး စခန်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ထဲမှာ စခန်း ၆ ခု ထပ်ဖွင့်မယ်လို့ ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကောင်စီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုးချားက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ် ပြန်ပါတယ်။ အဲဒီနေရာတွေကတော့ ဘန်ကောက်ခရိုင်ထဲ က  ဗန်းခဲန်း၊ ဒင်းဒဲန်း၊ မိင်းပူးရီ၊ ၀ိဝပ်ထနား၊ ပထုမ်းဝမ်းနဲ့ ဗန်းဗွန်းစတဲ့
Posted: 14 Jul 2014 02:30 AM PDT
 ရန်ကုန်၊ ဇူလိုင် ၁၄ ၁၃.၇.၂၀၁၄ရက်နေ့ ၁၂၃၀အချိန် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ကမ်းနား အနောက်ရပ်ကွက်၊ လှိုင်မြစ်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်နေ မောင်အောင်ကျော်ဌေး၊ (၁၅)နှစ် ဖြစ်ကြောင်းသိရှိ ရပါသည်။ ဖြစ်စဉ်အား စုံစမ်းခဲ့ရာ သေဆုံးသူမှာ ၁၂.၇.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊
Posted: 14 Jul 2014 02:25 AM PDT
 ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့ ရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက်ခဲ့တဲ့ ထိုင်း ငါးဖမ်းလှေ နှစ်စီးကို မြန်မာ့ ရေတပ်ကင်းလှည့် သင်္ဘောက ပစ်ခတ်ခဲ့တဲ့ အတွက် လှေတစ်စီး နှစ်မြုပ်သွား ခဲ့တယ် ဆိုတဲ့ သတင်း ဟာ မှားယွင်းကြောင်း၊ နစ်မြုပ်ခဲ့တဲ့လှေဟာ မတော်တဆ နစ်မြုပ်သွား ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန် ငြင်းဆို လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
Posted: 14 Jul 2014 02:26 AM PDT
 ထိုင်း မြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ နေရပ် ပြန်ပို့ခံရရင် လုံခြုံရေးနဲ့ သက်မွေး ဝမ်းကျောင်း မှုတွေ အတွက် စိုးရိမ်စရာ ကောင်းကြောင်း ဒုmက္ခသည်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။ ထိုင်းစစ်အစိုးရရဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ ထိုင်းနိုင်ငံ အတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာရှိနေတဲ့ မြန်မာ ဒုက္ခသည် ၁ သိန်း၊ ၃ သောင်းကျော် နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းနဲ့ မြန်မာအစိုးရတို့ ဆုံးဖြတ်ခဲ့ ကြကြောင်း
Posted: 14 Jul 2014 02:26 AM PDT
 ၁ လအတွက် ထောက်ပံ့ကြေး ကျပ် ၁၀၀ အောက် ပေးဖို့ပဲ သတ်မှတ်ထားတဲ့ ဇနီးမယားနဲ့ သားသမီးများ ထောက်ပံ့ကြေး ဆိုင်ရာဥပဒေ ပုဒ်မ ၄၈၈ ကို ပြင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်တယ် လို့  တရားရုံး ချုပ်ရဲ့ တာဝန်ရှိသူ ဦးစိုးညွန့်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ မော်လမြိုင်မြို့ နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်ဌေးကြွယ် က ၀င်ငွေ အလုံအလောက် ရှိပါလျက် ကိုယ့်ရဲ့ ဇနီးနဲ့
Posted: 14 Jul 2014 02:18 AM PDT
 လာမယ့် စက်တင်ဘာလဆန်းက စပြီး ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း ပလက်ဖောင်းနဲ့ လမ်းဘေးတွေမှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ဖမ်းဆီး အရေးယူ သွားတော့မယ်လို့ ရန်ကုန်စည်ပင် ဈေးများဌာန တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။ ဒီလို ဖမ်းဆီး အရေးယူခြင်း မလုပ်ခင် အဲဒီ လမ်းဘေးဈေးသည်တွေ ကို နီးစပ်ရာ ဈေးတွေ မှာနေရာချသွားဖို့ စီစဉ်ပေးမယ် လို့ ပြောပေမယ့် ဘယ်ဈေးတွေ မှာ ဈေးသည် ဘယ်လောက်စီ နေရာချပေးမယ်
Posted: 14 Jul 2014 02:16 AM PDT
 ရေတာရှည်၊ ဇူလိုင် ၁၄ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် ကလေးငယ်နှစ်ဦး ရေပြည့်နေ သော အသစ်တူးထားသည့် ကျင်းထဲသို့ ပြုတ်ကျသွားရာမှ နှစ်ဦးစလုံးသေဆုံးခဲ့သော အမှုတစ်ခု ဇူလိုင်လ(၁၀)ရက် ညနေ(၃)နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး စိုးစိုးဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေယျနှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေတာရှည်မြို့၊
Posted: 14 Jul 2014 02:27 AM PDT
ရန်ကုန် ဇူလိုင် ၁၃  ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္က လာပမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း အမှတ်(၄) တွင် ကျောင်း လမ်းမများ ရေကြီး ရေလျှံလျက်ရှိပြီး ကျောင်းသားမိဘ များနှင့် အလှူရှင်များက ကိုယ့်အား ကိုယ်ကိုး အလှူငွေများ ဖြင့် ကျောင်းလမ်းပြင်ဆင် မြေဖို့ခြင်းများကို လုပ်ကိုင် လျက်ရှိကြောင်း ဇူလိုင် ၁၂ ရက်က သိရှိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြွေဟောက်များကို မကြာခဏတွေ့ရှိ ရပြီး အလုပ်သမားများက ၎င်း
Posted: 13 Jul 2014 07:32 PM PDT
တောင်ငူ ဇူလိုင် ၁၃ တောင်ငူမြို့နယ် ကံလှကျေးရွာနေ မောင်ကောင်းမြတ်ဝေယံ (၂၁နှစ်)သည် ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ညီမဖြစ်သူ မသက်သက်ခိုင် (၁၅နှစ်) တက္ကသိုလ်ဝင်တန်း ကျောင်းသူကို ကျူရှင်သို့ လိုက်ပို့ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် တောင်ငူ- ညောင်ကိုင်း ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကံလှကျေးရွာ အနီးတွင် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်လေးဦးသည် အရက်များ မူးနေပြီး အရှည်
Posted: 13 Jul 2014 07:24 PM PDT
 အစ္စရေးကလည်း ဂါဇာ မြောက်ဖျား မှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းတွေ ကို နေအိမ်တွေ က ရှောင်တိမ်း နေကြဖို့ သတိပေး ကြေညာ အပြီးမှာ လေကြောင်းတိုက်ခိုက်မှု ကို ပြန်လည်စတင် ပါတယ်။ ဝန်ကြီးချုပ် နက်တန်ယာဟူး ပြောတာကတော့ အစ္စရေး ဘက်မှ တိုက်ခိုက်မှု ကြောင့်၊ အရပ်သားတွေ သေဆုံးရတာ စိတ်မကောင်းကြောင်း ပြောပါတယ်။ တကယ်တော့ ဟားမားစ်တွေ ဟာ ဂါဇာ နေ ပါလက်စတိုင်း ပြည်သူတွေ ကို လူသား ကာဒိုင်းသဘွယ် ကြားခံထားလို့ လူအသေအပျောက်
Posted: 13 Jul 2014 07:38 PM PDT
  ၂၀၁၄ ကမ္ဘာ့ဖလားကို ဂျာမနီက အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပါပြီ။ ရီယိုဒီ ဂျနေရိုမြို့က မာရာကနာကွင်းမှာ ဂျာမနီနဲ့ အာဂျင်တီးနားတို့ တနင်္ဂနွေနေ့က ကစားကြတာမှာ မိနစ် ၉၀ ပြီးတဲ့အထိ ဂိုးမရှိ သရေဖြစ်နေတာကြောင့် အချိန်ပိုကစားတာမှာ  ဂျာမနီအသင်းက Gotze အချိန်ပိုဒုတိယပိုင်း ၁၁၂ မိနစ်မှာ အနိုင်ဂိုးသွင်းပြီး ဗိုလ်စွဲသွားတာပါ။ ဂျာမနီအတွက်တော့ ဒါဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ်မြောက် ဗိုလ်စွဲတာလည်းဖြစ်ပါတယ်။
Posted: 13 Jul 2014 04:45 PM PDT
 ထိုင်းမြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မနက် ၂ နာရီလောက်မှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူခုနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်က သရက်တောဘုန်းကြီးကျောင်းအနီးမှာ နေထိုင်တဲ့ ငါးခန်းတွဲ အဆောက်အဦးပေါ်ကို မြေပြိုကျပြီး သေဆုံးခဲ့ကြတာနဲ့ ပတ်သက်လို့
Posted: 13 Jul 2014 04:43 PM PDT
 ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဇူလိုင် ၁၃ ရက်မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်မှာ မြေထိန်းအုတ်နံရံ ပြိုကျပြီး နံဘေးက အိမ်တွေပေါ် ပိခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် လူ ၇ ဦး သေဆုံးခဲ့ရပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ညအိပ်ချိန်မှာ
Posted: 13 Jul 2014 04:40 PM PDT
 အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ အရင်တပတ်ကစပြီး Hamas စစ်သွေးကြွတွေကို အစ္စရေးတို့ တိုက်ခိုက်နေတာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာပဲ အစ္စရေးကမြေပြင်စစ်ဆင်ရေးကို စတင်လိုက်ပြီဖြစ်ပါတယ်။ အစ္စရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဒုံးကျဉ်ပစ်လွှတ်တဲ့ နေရာတခုကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့မှာ တခဏချင်း ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေနဲ့
Posted: 13 Jul 2014 04:38 PM PDT
 ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။ တယ်လီနော ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးတာကို လက်မခံနိုင်တာကြောင့် ကန့်ကွက်သွားမှာဖြစ်ကြောင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...