Saturday, June 14, 2014

insecure, worries & fear သိမ်ငယ်မူ၊ စိုးရိမ်ပူပန်မူ နှင့် အကြောက်တရား ခံစားမူ


သိမ်ငယ်မူ၊ စိုးရိမ်ပူပန်မူ နှင့် အကြောက်တရား ခံစားမူများဟာ လူတိုင်းလောက်နီးပါး ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထ ရှိတတ်တဲ့၊ မဖိတ်ခေါ်ပဲ တခါတရံ အလည်အပတ် ဝင်ရောက်လာတတ်တဲ့၊ မိမိနှင့်ရင်းနှီးပြီးသား ဆွေမျိုးဧည့်သည် များဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ ကျနော့်ရဲ့  မှတ်ယူချက်ဟာ မှားယွင်းကောင်းလည်း မှားယွင်းနေပါလိမ့်မယ်၊ လူတယောက်ထဲလည်း ဖြစ်ကောင်းဖြစ်နေမှာပါ။

သို့ သော်၊ မဖိတ်ခေါ်ပဲ အလည်အပတ်ဝင်ရောက်လာတတ်တဲ့ မိမိ၏ ဆွေမျိုးဧည့်သည်များဖြစ်တဲ့ သိမ်ငယ်မူ၊ စိုးရိမ်ပူပန်မူ နှင့် အကြောက်တရား ခံစားမူများ ကိုလက်ခံကြိုဆိုနေခြင်းသည်ကား၊ အခွန်အကောက် အဖိုးအခ ပိုပေးနေစရာမလိုပဲ၊ အလကား အခမဲ့ ယူဆောင်မိလိုက်တဲ့ စိတ်ဒုက`ခများသာဖြစ်တယ်လို့ ပြောချင်ပါတယ်။


အခွန်အကောက် အဖိုးအခ ပိုပေးနေစရာမလိုပဲ၊ အလကား အခမဲ့ စိတ်ဒုက`ခများ ယူဆောင်နေခြင်းဟာ၊ မိမိကိုယ် မိမိလေးစားခြင်း အမူအကျင့် မရှိတာကြောင့်၊ အချောင်အလားကားရတိုင်း ယူချင်တတ်တဲ့ မိမိ၏ကိုယ်ပိုင်သိ ကိုယ်ပိုင်ရှိ "ညဉ်" ပဲဖြစ်တယ်လို့  ပြောချင်ပါတယ်။

မိမိ၏ကိုယ်ပိုင်သိ ကိုယ်ပိုင်ရှိ "ညဉ်" ဆိုတာဟာလည်း ခိုးစားလိမ်ပြောမှ မိသားစု ထမင်းဝမှာမို့ ဆယ်စုနှစ်ပေါင်းများစွာ လိမ်ပြောခိုးစားပြီး အချောင်ယူလာတတ်တဲ့ ညဉ်ရယ်လို့ ဖြစ်လာရခြင်းပဲဖြစ်တယ်။

မိမိကိုယ်မိမိ လေးစားမူမရှိသောသူဟာ လူမူ့ အသိုင်းအဝန်းအတွင်း တန်ဘိုးမဲ့လူသား အဖြင့်နှင့် အသက်ရှင်နေရမှာဖြစ်ပါတယ်။

တန်ဘိုးမဲလူသားဖြစ်နေခြင်းဟာ မိမိ၏စောင့်ထိန်းသင့်စောင့်ထိမ်းအပ်တဲ့ ကိုယ်ကျင့်သီလ မရှိခြင်းကြောင့်၊

ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် လည်းမရှိတော့တာမို့  သိမ်ငယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အကြောက်တရားရှိနေခြင်း ဆိုတဲ့ မဖိတ်ခေါ်ပဲ အလည်အပတ် ဝင်ရောက်လာတတ်တဲ့ မိမိနှင့် ရင်းနှီးပြီးသား ဆွေမျိုးဧည့်သည်များ ဗုံမဆင့် ဆိုင်းမတွ ပျော်ပျော်ရွှင်ရွှင်ကြီး ဝင်ခပေးစရာမလိုပဲ လွယ်လွယ်ကူကူ ကခုန်ပေါက် အလကားအချောင် ဝင်ရောက်လာနိုင်ခြင်း သာဖြစ်တယ်လို့  ဆန်းစစ်လိုက်ပါရစေ။ :)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...