Monday, June 23, 2014

{ စာရေးဆရာ နှင့် ငြိမ်းချမ်းရေး }


စာအုပ် သန်းချီရောင်းရသော စာရေးဆရာ
တစ်ယောက်ကို သတင်းထောက်တစ်ယောက်က မေးမြန်းနေစဉ်......
မေး ။ ။ ဆရာ ခုလိုအောင်မြင်တဲ့စာရေးဆရာ
တစ်ယောက်ဖြစ်လာတဲ့အတွက် ဘယ်လို ခံစားရပါသလဲ......

ဖြေ ။ ။ ပျော်ပါတယ်.....ဒါနဲ့ ကျွန်တော့်ကို
အောင်တဲ့စာရေးဆရာလို့ပြောခဲ့တယ်နော်......
မေး ။ ။ ဟုတ်ပါတယ်.....ဆရာ့ရဲ့ စာအုပ်က
သန်းချီရောင်းထွက်တော့ အောင်မြင်
တဲ့ စာရေးဆရာလို့ သုံးသင့်တယ်ထင်လို့ပါ......
ဖြေ ။ ။ ခင်ဗျားမှားနေပြီ.....စာရေးဆရာ
တစ်ယောက်ရဲ့အောင်မြင်မှုကို ရောင်း
လို့ရတဲ့ စာအုပ်အရေအတွက်နဲ့ တိုင်းတာလို့မရဘူး....
မေး ။ ။ ဆရာ ရှင်းပြပေးပါဦး.....
ဖြေ ။ ။ ကိုယ်ရေးတဲ့စာကို ဖတ်ပြီး လူဘယ်နှစ်
ယောက်ရဲ့ဘဝ ငြိမ်းချမ်းသွားလဲ ဆိုတာ
ပေါ်မူတည်ပြီး စာရေးဆရာတစ်ယောက်
ရဲ့ အောင်မြင်မှုကို တိုင်းတာလို့ရတယ်...
ဥပမာဗျာ ကျွန်တော့်စာအုပ်က သန်းချီရောင်းရပေမယ့် စာဖတ်သူတစ်ယောက်
ရဲ့ဘဝကိုတောင် ငြိမ်းချမ်းမှု မပေးနိုင်ဘူး။
စာရေးဆရာမ J.K.Rowling ဆို ဟယ်ရီပေါ်တာ
စာအုပ်ကို သန်းချီရောင်းရပြီး သန်းကြွယ်
သူဌေးမတစ်ဦးဖြစ်သွားတယ်။ ဒါပေမယ့်
သူဟာအောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်တော့ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့ သူ့စာအုပ် က
လူတွေရဲ့ဘဝကို ငြိမ်းချမ်းစေမယ့် စာအုပ် မဟုတ်လို့။
မြန်မာပြည်က စာရေးဆရာ
တစ်ယောက်က စာအုပ်တစ်ထောင်ပဲ ရောင်းရပေမယ့် သူ့စာအုပ်က
လူတစ်ယောက်ရဲ့ဘဝကို ငြိမ်းချမ်း
စေခဲ့မယ်ဆိုရင် အဲဒီမြန်မာစာရေးဆရာက ကျွန်တော့်ထက် အောင်မြင်
တယ်လို့ မှတ်ယူရမယ်။
J.K.Rowling ထက်အောင်မြင်တဲ့ စာရေးဆရာလို့ သတ်မှတ်ရမယ်။
မေး ။ ။ ဒါဆို စာရေးဆရာရဲ့အောင်မြင်မှုက စာအုပ်
အရေအတွက်ပေါ်မှာ မူမတည်ပဲ ငြိမ်းအေး
သွားတဲ့ ဘဝအရေအတွက်ပေါ်မှာ မူတည်တာပေါ့.....
ဖြေ ။ ။ မှန်တယ်.....စာအုပ်တစ်အုပ်ကိုဖတ်ပြီး
လူတစ်ယောက်ရဲ့ဘဝ ငြိမ်းချမ်းသွားမယ်...
နောက်စာအုပ်တစ်အုပ်ကို ဖတ်ပြီး နောက်
ထပ် လူတစ်ယောက် ငြိမ်းချမ်းသွားမယ်....
တစ်ယောက်ပြီးတစ်ယောက်ငြိမ်းချမ်းလာ
ရင်းနဲ့ ဘဝများစွာငြိမ်းချမ်းလာမယ်.....
နောက်ပိုင်း လူအားလုံးရဲ့ဘဝ ငြိမ်းချမ်း
သွားပြီး တိုင်းပြည်များလည်း ငြိမ်းချမ်း
သွားလိမ့်မယ်.....တိုင်းပြည်များစွာ
ငြိမ်းချမ်းသွားတော့ ကမ္ဘာကြီးလည်း
ငြိမ်းချမ်းသွားမယ်.............................
.................................................
စာရေးခြင်းရဲ့ အမွန်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံး ရည်ရွယ်ချက်ကလည်း ကမာ
လောကကြီး ငြိမ်းချမ်းရေးရဖို့အတွက်ပဲ
..................................
.................................................
မေး ။ ။ အိုး မိုင် ဂေါ့......ဟုတ်သားပဲဗျ.........
စာရေးတာ လောကငြိမ်းချမ်းဖို့အတွက်ပဲ....ဆရာ ဆက်စပ်ရှင်းပြမှ
နားလည်တော့တယ်....ရှင်းပြပေးတဲ့
အတွက်ရော ဖြေကြားပေးတဲ့အတွက်ပါ ဆရာ့ကို ကျေးဇူးတင်ပါတယ်.......
ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...