“သူသည်သာ….”
ဘဝမှာ ဘယ်လောက်အခက်အခဲ
ကြမ်းတမ်းမှုတွေနဲ့ ကြုံပါစေ
သူ့မျက်ဝန်းထဲ အပြုံးတစ်ပွင့်မြင်တိုင်း
ကျွန်မနှလုံးသား ကြည်နူးမှုတွေ
ဘဝအမောဆိုတာ ဘာပါလိမ့်လို့
မသိနားမလည်လောက်အောင်
သူ့ကြောင့် ကျွန်မပျော်ခဲ့ရတယ်..
သူသာ.....
“ကျွန်မဘဝရဲ့ မိုးကောင်းကင်...”
အတ္တဟိတ ပရဟိတစုံညီ
ဘဝဆိုတဲ့ လောကဇာတ်ခုံထဲ
လူအမျိုးမျိုး စိတ်အထွေထွေ
သရုပ်ဆောင်မှုတွေ ဟန်ချက်မညီ
အတ္တတွေကိုယ်စီ အသက်သွင်းကြပြန်တော့
သူကကျွန်မကို သတိပေးတယ်
"ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့"
"ကိုယ်ပျက်ရင် ရွာပြင်ထုတ်ခံရမယ်" ဒါ သူ့ဒဿန။
သူသည်သာ….
"ကျွန်မဘဝရဲ့ ပဲ့ကိုင်ရှင်"
“အကောင်းဆုံးတွေ လိုချင်ခဲ့ရင်
အကောင်းဆုံးသာ ပေးတတ်ရမယ်”
အတိတ် ပစ္စုပ္ပာန် အနာဂါတ်မတွေး
ကိုယ်ပြုသမျှကံ ကိုယ်သာခံရမှာမို့
ရောင်ပြန်တာ မပြန်တာမစဉ်းစား
မိမိနှလုံးသားကို ဖြူအောင်ထားတဲ့
အမုန်းတရားတွေနဲ့ အရှုံးမများစေနဲ့
အမုန်းများရင် နှလုံးသားပူလောင်မယ်..
အရှုံးများတဲ့ သံသရာဝဲဂယက်မှာ
အပြုံးများနဲ့သာ အနှိုင်ယူပါတဲ့....။
သူသည်သာ….
“ကျွန်မနှလုံးသားလေးရဲ့ အရှင်သခင်...”
သူသည်သာ...
ကျွန်မဘဝရဲ့ မိုးကောင်းကင်ဖြစ်သလို
ပထ၀ီမြေပြင်လည်းဖြစ်တယ်..
လေထုဆိုရင် မှန်သလို
ရေထုဆိုလည်းမမှားဘူး..
ကျွန်မ အသက်ရှင်ချိန်တိုင်း
ကျွန်မနှလုံးခုန်သံတိုင်းကို
သူ့အတွက် လှပစွာပေးဆပ်နေမှာ..
အဲဒီကျွန်မဘ၀ရဲ့ သူဆိုတာ…..
ကျွန်မဘဝရဲ့ အနန္တကျေးဇူးရှင်..
ကျွန်မချစ်သော ကောင်းကင်ဖေဖေ
ကျွန်မချစ်သော ပထဝီမေမေ.....။
လေးစားလျက်
ပန်းစကား
( အဖေများနေ့ အမှတ်တရ ပြန်တင်ချင်လို့ပါရှင်…အဟောင်းလေးပါပဲ
ဒီကဗျာလေးနဲ့ လောကကြီးမှာရှိနေတဲ့ အဖေအားလုံးကို ပန်းစကားက ဦးညွှတ်လျက်ပါရှင် )
ဘဝဆိုတဲ့ လောကဇာတ်ခုံထဲ
လူအမျိုးမျိုး စိတ်အထွေထွေ
သရုပ်ဆောင်မှုတွေ ဟန်ချက်မညီ
အတ္တတွေကိုယ်စီ အသက်သွင်းကြပြန်တော့
သူကကျွန်မကို သတိပေးတယ်
"ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့"
"ကိုယ်ပျက်ရင် ရွာပြင်ထုတ်ခံရမယ်" ဒါ သူ့ဒဿန။
သူသည်သာ….
"ကျွန်မဘဝရဲ့ ပဲ့ကိုင်ရှင်"
“အကောင်းဆုံးတွေ လိုချင်ခဲ့ရင်
အကောင်းဆုံးသာ ပေးတတ်ရမယ်”
အတိတ် ပစ္စုပ္ပာန် အနာဂါတ်မတွေး
ကိုယ်ပြုသမျှကံ ကိုယ်သာခံရမှာမို့
ရောင်ပြန်တာ မပြန်တာမစဉ်းစား
မိမိနှလုံးသားကို ဖြူအောင်ထားတဲ့
အမုန်းတရားတွေနဲ့ အရှုံးမများစေနဲ့
အမုန်းများရင် နှလုံးသားပူလောင်မယ်..
အရှုံးများတဲ့ သံသရာဝဲဂယက်မှာ
အပြုံးများနဲ့သာ အနှိုင်ယူပါတဲ့....။
သူသည်သာ….
“ကျွန်မနှလုံးသားလေးရဲ့ အရှင်သခင်...”
သူသည်သာ...
ကျွန်မဘဝရဲ့ မိုးကောင်းကင်ဖြစ်သလို
ပထ၀ီမြေပြင်လည်းဖြစ်တယ်..
လေထုဆိုရင် မှန်သလို
ရေထုဆိုလည်းမမှားဘူး..
ကျွန်မ အသက်ရှင်ချိန်တိုင်း
ကျွန်မနှလုံးခုန်သံတိုင်းကို
သူ့အတွက် လှပစွာပေးဆပ်နေမှာ..
အဲဒီကျွန်မဘ၀ရဲ့ သူဆိုတာ…..
ကျွန်မဘဝရဲ့ အနန္တကျေးဇူးရှင်..
ကျွန်မချစ်သော ကောင်းကင်ဖေဖေ
ကျွန်မချစ်သော ပထဝီမေမေ.....။
လေးစားလျက်
ပန်းစကား
( အဖေများနေ့ အမှတ်တရ ပြန်တင်ချင်လို့ပါရှင်…အဟောင်းလေးပါပဲ
ဒီကဗျာလေးနဲ့ လောကကြီးမှာရှိနေတဲ့ အဖေအားလုံးကို ပန်းစကားက ဦးညွှတ်လျက်ပါရှင် )
0 comments:
Post a Comment