Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း)
ဆရာခင်များ ကျား/မ သိရှိရန်အတွက် ကိုယ်ဝန်ဆောင်တာ ဘယ်နှစ်လရောက်ရင် သိရှိနိုင်ပါပြီလဲဆရာ။
ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရတာဟာ အထဲက ကလေး ကျန်းမာရေး အခြေအနေကို လေ့လာ ဆန်းစစ်နိုင်ရုံသာမကဘဲ၊ မိဘတွေကို စိတ်လှုတ်ရှားမှုပါ ပေးနိုင်သေးတယ်။ ထပ်ရိုက်ရင် ကလေး ဘယ်လို တိုးတက် ကြီးထွားလာတာကို သိနိုင်မယ်။ ကလေးအသက်ကို ခန့်မှန်းနိုင်မယ်။ ဘယ်တော့မွေးမယ်ဆိုတာလဲ တွက်ယူပေးမယ်။
ကလေးသာမက အချင်းတည်ရာကို သိရရင် ဗိုက်ခွဲမွေးဘို့ သေခြာပေါက်လိုမှာကို ကြိုတင် သိလာနိုင်တယ်။
High-frequency sound waves အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ Light and dark areas အလင်း နဲ့ အမှောင်ကိုခွဲသိရမယ်။ ဒါကို Image ပုံရိပ်အဖြစ် ကွန်ပြူတာကနေ Monitor ပေါ်မှာ ဖေါ်ပေးမယ်။ (အာလ်ထွာဆောင်း) မှာ ကလေး-ကိုယ်ဝန်အသက်ကို Pregnancy weeks ကိုယ်ဝန်ပါတ် နဲ့ Conception weeks သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရင် မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာ လှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကိုသုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။
• Baby at 11 weeks ရက်သတ္က (၁၁) ပါတ်။
သန္ဓေဖြစ်ပြီးနောက် ၉ ပါတ် = ကိုယ်ဝန် ၁၁ ပါတ်။ ပုံထဲမှာ ကလေးခေါင်းက ကိုယ်အလျားရဲ့ ထက်ဝက် ရှိနေသေးတယ်။
• Baby's heart ကလေးနှလုံး
ကလေးနှလုံး ၄ ခန်းကိုမြင်နိုင်ပြီ။ နှလုံး-သွေးကြောစနစ်ဟာ ကိုယ်ဝန် ၅ ပါတ် (သန္ဓေဖြစ်ပြီးနောက် ၃ ပါတ်) ကတည်းက စခဲ့တာဖြစ်တယ်။ ဒိနောက်မကြာခင် နှလုံးက စလှုတ်တယ်။
• Baby's brain ကလေးဦးနှောက်
ဒီပုံမှာ ကလေးရဲ့ ဦးနှောက်ကိုမြင်ရမယ်။ Cerebellum (ဆယ်ရီဘယ်လမ်) ခေါ်တဲ့ ကြွက်သားလှုတ်ရှားမှုနဲ့ ကိုယ်ခန္ဓာ တည့်မတ်အောင် ထိန်းတာကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ နေရာဖြစ်တယ်။ Neural tube defects အာရုံကြောပြွန်က ပုံမှန် ဟုတ်-မဟုတ် သိနိုင်တယ်။ (နူရယ်-ကျု-ပ်) ဟာ ကိုယ်ဝန်နုစ ရက်သတ္ကပါတ် နဲနဲကတည်းကနေ ဖြစ်လာတယ်။ ထိပ်ပိုင်းကနေ Brain ဦးနှောက်ဖြစ်လာမယ်။ ကျန်တာက Spinal cord ခါးရိုးထဲနေတဲ့ အာရုံကြောမကြီး ဖြစ်လာမယ်။ ဒီအပိုင်းမှာ ချို့ယွင်ရင် မွေးလာတဲ့အခါ ခါးမှာ အပေါက်ကနေ အထဲနေရမဲ့ အာရုံကြောမကြီးကပွင့်နေတာဖြ စ်မယ်။ အဲဒီ မွေးရာပါ ရောဂါကို Spina bifida ခေါ်တယ်။
• Baby's head ကလေးဦးခေါင်း
ပုံထဲမှာ ကလေးဦးခေါင်းမြင်ရမယ်။ အပေါ်ပိုင်းမှာ စက်ဝိုင်းပုံ အဖြူရောင်မျဉ်းထူထူဟာ Skull ဦးခေါင်းခွံ ဖြစ်တယ်။ စက်ဝိုင်းအလည်မှာ အဖြူရောင်မျဉ်းဟာ ဦးနှောက်ကို နှစ်ချမ်းတူညီ ပိုင်းခြားထာတဲ့နေရာဖြစ်တယ် ။ ကလေးဦးခေါင်းကို တိုင်းတာရင် ကလေးအသက်ကိုသိနိုင်တယ်။
• Baby's hand ကလေးလက်
ပုံမှာ ကလေး လက်နဲ့ လက်ချောင်းလေးတွေမြင်ရမယ်။ Chromosomal abnormalities ချို့ယွင်းချက်ရှိရင် တချို့ကို သိနိုင်တယ်။
• Baby's eyes ကလေးမျက်လုံး
ပုံမှာ ကလေးမျက်လုံးထဲက မှန်ဘီလူးကိုတွေ့ရမယ်။ ကိုယ်ဝန် ၂၃ ပါတ် (သန္ဓေဖြစ်ပြီးနောက်၂၁ ပါတ်) မှာ ကလေးဟာ Rapid eye movements (REM) ဆိုတာ စပြီ။ မျက်ခွံတွေက ကိုယ်ဝန် ၂၈ ပါတ် (သန္ဓေဖြစ်ပြီးနောက်၂၆ ပါတ်) မှာ ဖြစ်လာပြီ။
• Baby's neck ကလေးလည်ပင်း
ပုံမှာ ကလေးရဲ့ လည်ပင်းပိုင်းအရိုးကို ကန့်လန့်ဖြတ် ပြထားတယ်။ ဦးခေါင်းခွံအောက်ကနေစတယ်။
• Baby's spine ကလေး ခါးရိုး
ပုံမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ ကောက်နေပုံကို မှတ်သားရမယ်။
• Baby's femur ကလေးပေါင်ရိုး
တကိုယ်လုံးမှာ အရှည်ဆုံးအရိုးဖြစ်တယ်။ တင်ပါးဆုံအရိုးကွင်းကနေ ဒူးအထက် တန်းနေတယ်။ ပေါင်ရိုးအရှည်ကိုတိုင်းရင် ကလေးအသက်ကိုသိနိုင်တယ်။
• Baby's lower legs ကလေးခြေပိုင်း
ကလေးဒူးကို ညာဘက်နေရာမှာမြင်ရမယ်။ ခြေခြင်းဝတ်က ဘယ်ဘက်မှာနေတယ်။ ခြေသလုံးထဲက အရိုး ၂ ချောင်းကိုလဲ မြင်ရမယ်။
• Site of baby's umbilical cord ကလေးချက်ကြိုးနေရာ
မြားပြထားတာက ကလေးဗိုက်ကနေ ချက်ကြိုး စထွက်တဲ့နေရာဖြစ်တယ်။ ဒီနေရာမျာ တကယ်လို့ Omphalocele ဗိုက်က မလုံရင် အထဲက အင်္ဂါတွေ ထွက်နေတာသိနိုင်တယ်။
• Baby's profile
ကလေး (မိန်းကလေး) လက်တွေက ဒူးပေါ်မှာမြင်ရမယ်။
• 3-D Fetal ultrasound
သုံးဘက်မြင် (လာလ်ထွာဆောင်း) ဓါတ်ပုံရိုက်သလို မြင်နိုင်တယ်။
Dr. တင့်ဆွေ
ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရတာဟာ အထဲက ကလေး ကျန်းမာရေး အခြေအနေကို လေ့လာ ဆန်းစစ်နိုင်ရုံသာမကဘဲ၊ မိဘတွေကို စိတ်လှုတ်ရှားမှုပါ ပေးနိုင်သေးတယ်။ ထပ်ရိုက်ရင် ကလေး ဘယ်လို တိုးတက် ကြီးထွားလာတာကို သိနိုင်မယ်။ ကလေးအသက်ကို ခန့်မှန်းနိုင်မယ်။ ဘယ်တော့မွေးမယ်ဆိုတာလဲ တွက်ယူပေးမယ်။
ကလေးသာမက အချင်းတည်ရာကို သိရရင် ဗိုက်ခွဲမွေးဘို့ သေခြာပေါက်လိုမှာကို ကြိုတင် သိလာနိုင်တယ်။
High-frequency sound waves အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ Light and dark areas အလင်း နဲ့ အမှောင်ကိုခွဲသိရမယ်။ ဒါကို Image ပုံရိပ်အဖြစ် ကွန်ပြူတာကနေ Monitor ပေါ်မှာ ဖေါ်ပေးမယ်။ (အာလ်ထွာဆောင်း) မှာ ကလေး-ကိုယ်ဝန်အသက်ကို Pregnancy weeks ကိုယ်ဝန်ပါတ် နဲ့ Conception weeks သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရင် မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာ လှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကိုသုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။
• Baby at 11 weeks ရက်သတ္က (၁၁) ပါတ်။
သန္ဓေဖြစ်ပြီးနောက် ၉ ပါတ် = ကိုယ်ဝန် ၁၁ ပါတ်။ ပုံထဲမှာ ကလေးခေါင်းက ကိုယ်အလျားရဲ့ ထက်ဝက် ရှိနေသေးတယ်။
• Baby's heart ကလေးနှလုံး
ကလေးနှလုံး ၄ ခန်းကိုမြင်နိုင်ပြီ။ နှလုံး-သွေးကြောစနစ်ဟာ ကိုယ်ဝန် ၅ ပါတ် (သန္ဓေဖြစ်ပြီးနောက် ၃ ပါတ်) ကတည်းက စခဲ့တာဖြစ်တယ်။ ဒိနောက်မကြာခင် နှလုံးက စလှုတ်တယ်။
• Baby's brain ကလေးဦးနှောက်
ဒီပုံမှာ ကလေးရဲ့ ဦးနှောက်ကိုမြင်ရမယ်။ Cerebellum (ဆယ်ရီဘယ်လမ်) ခေါ်တဲ့ ကြွက်သားလှုတ်ရှားမှုနဲ့ ကိုယ်ခန္ဓာ တည့်မတ်အောင် ထိန်းတာကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ နေရာဖြစ်တယ်။ Neural tube defects အာရုံကြောပြွန်က ပုံမှန် ဟုတ်-မဟုတ် သိနိုင်တယ်။ (နူရယ်-ကျု-ပ်) ဟာ ကိုယ်ဝန်နုစ ရက်သတ္ကပါတ် နဲနဲကတည်းကနေ ဖြစ်လာတယ်။ ထိပ်ပိုင်းကနေ Brain ဦးနှောက်ဖြစ်လာမယ်။ ကျန်တာက Spinal cord ခါးရိုးထဲနေတဲ့ အာရုံကြောမကြီး ဖြစ်လာမယ်။ ဒီအပိုင်းမှာ ချို့ယွင်ရင် မွေးလာတဲ့အခါ ခါးမှာ အပေါက်ကနေ အထဲနေရမဲ့ အာရုံကြောမကြီးကပွင့်နေတာဖြ
• Baby's head ကလေးဦးခေါင်း
ပုံထဲမှာ ကလေးဦးခေါင်းမြင်ရမယ်။ အပေါ်ပိုင်းမှာ စက်ဝိုင်းပုံ အဖြူရောင်မျဉ်းထူထူဟာ Skull ဦးခေါင်းခွံ ဖြစ်တယ်။ စက်ဝိုင်းအလည်မှာ အဖြူရောင်မျဉ်းဟာ ဦးနှောက်ကို နှစ်ချမ်းတူညီ ပိုင်းခြားထာတဲ့နေရာဖြစ်တယ်
• Baby's hand ကလေးလက်
ပုံမှာ ကလေး လက်နဲ့ လက်ချောင်းလေးတွေမြင်ရမယ်။ Chromosomal abnormalities ချို့ယွင်းချက်ရှိရင် တချို့ကို သိနိုင်တယ်။
• Baby's eyes ကလေးမျက်လုံး
ပုံမှာ ကလေးမျက်လုံးထဲက မှန်ဘီလူးကိုတွေ့ရမယ်။ ကိုယ်ဝန် ၂၃ ပါတ် (သန္ဓေဖြစ်ပြီးနောက်၂၁ ပါတ်) မှာ ကလေးဟာ Rapid eye movements (REM) ဆိုတာ စပြီ။ မျက်ခွံတွေက ကိုယ်ဝန် ၂၈ ပါတ် (သန္ဓေဖြစ်ပြီးနောက်၂၆ ပါတ်) မှာ ဖြစ်လာပြီ။
• Baby's neck ကလေးလည်ပင်း
ပုံမှာ ကလေးရဲ့ လည်ပင်းပိုင်းအရိုးကို ကန့်လန့်ဖြတ် ပြထားတယ်။ ဦးခေါင်းခွံအောက်ကနေစတယ်။
• Baby's spine ကလေး ခါးရိုး
ပုံမှာ ရှင်းရှင်းလင်းလင်းမြင်နိုင
• Baby's femur ကလေးပေါင်ရိုး
တကိုယ်လုံးမှာ အရှည်ဆုံးအရိုးဖြစ်တယ်။ တင်ပါးဆုံအရိုးကွင်းကနေ ဒူးအထက် တန်းနေတယ်။ ပေါင်ရိုးအရှည်ကိုတိုင်းရင်
• Baby's lower legs ကလေးခြေပိုင်း
ကလေးဒူးကို ညာဘက်နေရာမှာမြင်ရမယ်။ ခြေခြင်းဝတ်က ဘယ်ဘက်မှာနေတယ်။ ခြေသလုံးထဲက အရိုး ၂ ချောင်းကိုလဲ မြင်ရမယ်။
• Site of baby's umbilical cord ကလေးချက်ကြိုးနေရာ
မြားပြထားတာက ကလေးဗိုက်ကနေ ချက်ကြိုး စထွက်တဲ့နေရာဖြစ်တယ်။ ဒီနေရာမျာ တကယ်လို့ Omphalocele ဗိုက်က မလုံရင် အထဲက အင်္ဂါတွေ ထွက်နေတာသိနိုင်တယ်။
• Baby's profile
ကလေး (မိန်းကလေး) လက်တွေက ဒူးပေါ်မှာမြင်ရမယ်။
• 3-D Fetal ultrasound
သုံးဘက်မြင် (လာလ်ထွာဆောင်း) ဓါတ်ပုံရိုက်သလို မြင်နိုင်တယ်။
Dr. တင့်ဆွေ
0 comments:
Post a Comment