Sunday, June 29, 2014

ဟာသ အတိုအထွာများ

" ‪#‎ရောဂါရှိမှ‬ သောက်မယ် "

" အစာကြေဖို့ အတွက် ကျနော် ဘီယာ သောက်တယ်..သွေးခုန်နှုန်း သိပ်ပြီး နိမ့်နေရင် ၀ိုင်အနီကို သောက်တယ်
တုတ်ကွေးဖြစ်ရင်တော့ ကော့ညှက် ဒါမှမဟုတ်ရမ်ကို သောက်တယ်
..အဲ..လည်ချောင်းနာရင်..မီးတောက်အရက်ကို သောက်ချလိုက်တယ်...
" အဲ့ဒါဆို ခင်ဗျား ဘယ်အချိန်မှာ ရေသောက် သလဲ "
" အဲ့ဒီ ရောဂါမျိုး ကျနော့်ဆီမှာ မရှိသေးဘူးဗျ "

#‎ညွှန်ကြားချက်‬

လူနာ-ကိုယ်လက်တွေသိပ်အေးနေရင်ဘယ်လိုလုပ်ရမလဲဆရာ။
ဆရာ-ရေနွေးအိတ်ကပ်ပေးပါ။
လူနာ-ကိုယ်လက်တွေသိပ်ပူနေရင်ရောဆရာ။
ဆရာ-ရေခဲအိပ်ကပ်ပေးလိုက်ပေါ့။
လူနာ-ဒါဆိုနားပူရင်တော့ဘယ်လိုလုပ်ရမလဲဆရာ။
ဆရာ-ခင်ဗျားရဲ့မိန်းမနဲ့ဝေးဝေးနေပေးသင့်ပါတယ်။


#ဘာတက်နိုင်သေးလဲ

- တော်ဘာလို့ ကတုံးတုံးလာရတာလဲ?
- မင်းကဆံပင်ဆွဲ ပါးရိုက်မယ်ချည်းပြောနေလို့။
 


#ကြိုတင်ပြင်ဆင်မှု

xxx မြို့ကြီး ၏ xxx မြို့နယ်တွင် ဘီယာဆိုင် တဆိုင် မီးလောင်သည်။

မီးသတ်ကားများ ရောက်လာကြသည် ။ သို့သော် ရေစုပ်စက်က ပျက်နေသည်၊
မီးသတ်ပိုက်ကလဲ နေရာအနှံ့အပေါက်အပြဲများနှင့် ။ ထို့ကြောင့် တဆိုင်လုံးပြာကြသွားသည်ကို ဒီအတိုင်းလက်ပိုက်ကြည့်လိုက်ကြရသည်။
နောက်တနေ့တွင် တိုင်းရုံး၌ အရေးပေါ်အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ချက်တခု ချမှတ်လိုက်ကြသည်။
"မီးမလောင်မီ တရက်အလိုတိုင်း ရေစုပ်စက်နှင့် မီးသတ်ပိုက်များကို စနစ်တကျစစ်ဆေးရမည်။" ဟူသတည်း ။
LikeLike ·
 


(#မိန်းမများမှတ်ဥာဏ်ကောင်းပုံ)

တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..

" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."

လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့် " ဘယ်လိုလုပ်သိမှာလဲ "

" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်.၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။

ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်.....

(ဆရာဝန်ကြီး ) " အွန် .. ဘာလို့ရီတာလဲ .. မယုံလို့လား.."

(လူနာအမျိုးသမီး) " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောတာနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."

( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ်ဆိုတာလေး ပြောပြချင်လို့ပါ..)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...