Monday, June 23, 2014

အင်းစိန်ဓမ္မတက္ကသိုလ် (MIT) ဟောပြောပွဲ ''လူငယ်နှင့်စွန့်ဦးတီထွင်မှု"

True Man's photo.

Photo: အင်းစိန်ဓမ္မတက္ကသိုလ် (MIT) ဟောပြောပွဲ
''လူငယ်နှင့်စွန့်ဦးတီထွင်မှု"

လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB seekers Journal Vol.2,No.52

ဒီတစ်ပတ် ဆရာဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)တို့နှင့် မြစ်ကြီးနား Regional Business Seminar ဟောပြောပွဲက ပြန်လာပြီး လေယာဉ်ပေါ်က ဆင်းဆင်းချင်း စာရေးသူ၏ လက်ကိုင်ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်တော့ ...

“ကျွန်မတို့က အင်းစိန် MIT ဓမ္မတက္ကသိုလ်ကပါ။ ဆရာ့ကိုကျွန်မတို့ကျောင်း မှာ စာပေဟောပြောပွဲဖိတ်ချင်လို့ပါ”ဟုပြောလာသည်။ စာရေးသူ အနေဖြင့်လည်း ဇူလိုင်လဆန်းက တော်ဝင်စင်တာတွင် စာရေးသူရဲ့ Myanmar's Land သင်တန်းကျောင်း Myanmar's Land ဖွင့်လှစ်ရေးအတွက် အလုပ်ရှုပ်နေ ပေမဲ့ ဓမ္မတက္ကသိုလ် (MIT) ဖြစ်နေ၍ သွား ရောက်ဟောပြောပေးဖြစ်ခဲ့သည်။ ဟောပြောမည့် ခေါင်းစဉ်ကိုတော့ ...

“လူငယ်နှင့် စွန့်ဦးတီထွင်မှု”
ဟု ပေးလိုက်သည်။

ဟောပြောမည့်နေ့ ဓမ္မတက္ကသိုလ်ကို ရောက်တော့ လူငယ်ပရိသတ် အတော်များများကိုတွေ့၍ အားတက်ရသည်။ ဒီဟောပြောပွဲက စာပေ ဟောပြော ပွဲလို့ ဆိုပေမဲ့ တက္ကသိုလ်ဖြစ်တာမို့ Projector လည်း ရှိတာနဲ့ စာရေးသူလည်း ပါဝါပွိုင့် ဆလိုက်ရှိုးသုံးကာ Seminar ပုံစံ ဟောပြောဖြစ်ခဲ့သည်။

တကယ်တော့ စာပေဟောပြောပွဲပုံစံပြောဆိုခြင်းနှင့် Seminar ပုံစံ ဆလိုက်ရှိုးသုံး၍ ဟောပြောခြင်းပုံစံက မတူလှ။ စာပေဟောပြောပွဲပုံစံ အလွတ်သဘော ဟောပြောခြင်းက ပို၍လွတ်လပ်မှုရှိသည်။ Seminar ပုံစံ ဆလိုက်ရှိုးအသုံးပြု ၍ ဟောပြောခြင်းက မိမိကိုယ်ကို ကန့်သတ်လိုက် ရာကျသည်။ ဆလိုက်ရှိုးများဖြင့် ပြောကြားခြင်း ဖြစ်သည့်အတွက် မိမိဟောပြော မည့်အကြောင်းအရာ အစီအစဉ်များကို ပရိသတ်ကိုချပြလိုက်သလို ဖြစ်သည့် အပြင် ယင်းဆလိုက်ရှိုးများနှင့် ကိုက်ညီဘောင်ဝင်အောင် ဟောပြောရမည် ဆို သည့်စိတ်ကလည်း ဟောပြောသူကို ၀န်ထုပ် ၀န်ပိုးကြီးတစ်ခု ဖြစ်သွားစေသည်။ စာပေဟော ပြောပွဲပုံစံ အလွတ်ဟောပြောခြင်းက စည်းဘောင် ကန့်သတ် မထား၍ ပိုမိုလွတ်လပ်ပေါ့ပါးသည့် သဘောဖြစ်သည်။

ဟောပြောပွဲတွင်တော့ လူငယ်များစွန့်ဦး တီထွင်ပြီး ဘ၀ကိုကြိုးစားအား ထုတ် အောင်မြင်ချင်စိတ်များ ပေါ်ပေါက်လာအောင် အဓိကထား ဟောပြောဖြစ် ခဲ့သည်။ ရှေးဦးစွာ စွန့်ဦးတီထွင်မှု ဆိုသည်မှာ ပိုက်ဆံရှာသည့် စီးပွားရေးသက် သက်မဟုတ်ဘဲ လူတွေကို မည်သို့မည်ပုံ ကူညီ လုပ်ကိုင်ရမည်ဆိုသည်ကို စွန့်စားတီထွင် လုပ် ကိုင်ရသည့် စီးပွားရေးဖြစ်ကြောင်းကို ရှင်းပြရသည်။ ကနဦးမိတ်ဆက် ဟောပြောအပြီးမှာ တော့ နားထောင်နေသည့် ပရိသတ်တွေ အနေဖြင့် စွန့်ဦးတီထွင်မှုအပေါ်မှာ အနည်းငယ် စိတ်ဝင်စားလာသည် ကို တွေ့ရသည်။

စွန့်ဦးတီထွင် လုပ်ကိုင်ခြင်း ဆိုသည်မှာ Apple, Facebook စသည့် ဧရာမလုပ်ငန်းကြီး များကို လုပ်ကိုင်နိုင်မှမဟုတ်ပါ။ အဆိုတော် တစ်ယောက် အနေဖြင့် သီချင်းပုံစံ အသစ် တစ်မျိုးမျိုး၊ သီဆိုဟန်တစ်မျိုးမျိုး၊ တင်ဆက်ပုံ တစ်မျိုး မျိုးကို စွန့်ဦးတီထွင်ပြီး အောင်မြင်လာ ခြင်းမျိုး၊ စာရေးဆရာတစ်ယောက် အနေဖြင့် ရေးဟန်အသစ်တစ်မျိုး၊ တင်ပြပုံအသစ်တစ်မျိုး မျိုးကို ဆန်းသစ်တီထွင်ပြီး အောင်မြင်လာခြင်း မျိုးကိုလည်း စွန့်ဦးတီထွင်မှုဟု သတ်မှတ်နိုင်သည်။ အဓိကက လူတစ်ယောက်အနေဖြင့် မိမိ၏ ဘ၀ကို စွန့်ဦး တီထွင်ပြီး မည်သူမဆို အောင် မြင်နိုင်သည်ဆိုသော အချက်ဖြစ်သည်။

စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်လာရေး အတွက် ပြုစုပျိုးထောင်ရမည့် ၀ိသေသလက္ခဏာ ၆ ချက်ရှိသည်။ ယင်း ၆ ချက်မှာ-
(၁) အနာဂတ် မြင်ကွင်းကျယ် ရှိရမည်။
(၂) စွမ်းအင်ပြည့်ဖြိုး တက်ကြွဖျတ်လတ်ရမည်။
(၃) အောင်မြင်လိုစိတ် ပြင်းထန်ရမည်။
(၄) အရှုံးများကို သည်းခံနိုင်ရမည်။ (ခုနစ်ခါလဲရင် ရှစ်ခါထနိုင်ရမည်။)
(၅) တီထွင်ဖန်တီးလိုစိတ် ရှိရမည် (၀ါ) တီထွင်ဖန်တီးနိုင်ရမည်။
(၆) မသေမချာ မရေရာမှုများကို သည်းခံနိုင်ရမည်။ 

စသည်တို့ဖြစ်သည်။ မိမိမှာ ဤ၀ိသေသလက္ခဏာများနှင့် ပြည့်စုံပြီဆိုပါက မိမိ၏အိပ်မက်များ ကို အကောင်အထည်ဖော်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုခု (သို့မဟုတ်) မိမိဗီဇ၀ါသနာပါရာကို စွန့်ဦးတီထွင်လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။

သို့သော် မိမိ၏ အိပ်မက်များ လက်တွေ့ အကောင်အထည်ပေါ် လာရေး ဆောင်ရွက်ကြရာ၌ စာရေးသူတို့ မဖြစ်မနေအသုံးပြုရမည့် ရင်းမြစ် (Resource) ၄ မျိုး ရှိသည်။ ယင်းရင်းမြစ် ၄ မျိုးမှာ-
(၁) ရုပ်ပိုင်းဆိုင်ရာ ရင်းမြစ်များ (Physical Resources)
(၂) ငွေကြေးရင်းမြစ်များ (Financial Resources)
(၃) လူ့စွမ်းအား အရင်းအမြစ်များ (Human Resources)
(၄) အသိဉဏ်ဆိုင်ရာ ရင်းမြစ်များ (Intellectual Resources)
တို့ဖြစ်သည်။ 

မိမိ၏စိတ်ကူးဥာဏ်များကို အောင် မြင်မှုအနေဖြင့် ပြောင်းလဲနိုင်အောင် ယင်းရင်း မြစ်များကို မိမိတို့တွင် ပြည့်စုံလာအောင် ဖြည့် တင်းကြရမည် ဖြစ်သည်။

ထိုသို့ ဖြည့်တင်းပြီးပါက သင့်ရဲ့စိတ်ကူး အိပ်မက်များကို စတင်၍ လက်တွေ့အကောင် အထည်ဖော်နိုင်ပါပြီ။ ဤကမ္ဘာလောကကြီးတွင် စာရေးသူတို့အနေဖြင့် ရှုပ်ထွေးမှုမျိုးစုံဖြင့် ၀န်းရံ နေထိုင်နေကြရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင့် အနေဖြင့် တစ်စုံတစ်ရာ ရိုးရှင်းအောင် ဆောင်ရွက်ပေးနိုင် သည်နှင့်အမျှ စွန့်ဦးတီထွင်သူတစ်ဦး အနေဖြင့် အောင်မြင်လာနိုင်မည် ဖြစ်သည်။ အဓိကက သင့်ရဲ့အတွေးအခေါ်တွေ၊ ဆောင် ရွက်ချက်တွေသည် ...

(၁) ရိုးရှင်းဖို့၊
(၂) ဆွဲဆောင်နိုင်စွမ်းရှိဖို့၊
(၃) နုပျိုဆန်းသစ်ပြီး ခေတ်နှင့်လိုက်လျောညီ 
ထွေဖြစ်ဖို့သာ လိုအပ်ပါသည်။ ။
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB seekers Journal Vol.2,No.52

ဒီတစ်ပတ် ဆရာဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)တို့နှင့် မြစ်ကြီးနား Regional Business Seminar ဟောပြောပွဲက ပြန်လာပြီး လေယာဉ်ပေါ်က ဆင်းဆင်းချင်း စာရေးသူ၏ လက်ကိုင်ဖုန်းမြည် လာ၍ ကောက်ကိုင်လိုက်တော့ ...
“ကျွန်မတို့က အင်းစိန် MIT ဓမ္မတက္ကသိုလ်ကပါ။ ဆရာ့ကိုကျွန်မတို့ကျောင်း မှာ စာပေဟောပြောပွဲ ဖိတ်ချင်လို့ပါ”ဟုပြောလာသည်။

စာရေးသူ အနေဖြင့်လည်း ဇူလိုင်လဆန်းက တော်ဝင်စင်တာတွင် စာရေးသူရဲ့ Myanmar's Land သင်တန်းကျောင်း Myanmar's Land ဖွင့်လှစ်ရေးအတွက် အလုပ်ရှုပ်နေ ပေမဲ့ ဓမ္မတက္ကသိုလ် (MIT) ဖြစ်နေ၍ သွား ရောက်ဟောပြောပေးဖြစ်ခဲ့သည်။ ဟောပြောမည့် ခေါင်းစဉ်ကိုတော့ ...

“လူငယ်နှင့် စွန့်ဦးတီထွင်မှု”
ဟု ပေးလိုက်သည်။

ဟောပြောမည့်နေ့ ဓမ္မတက္ကသိုလ်ကို ရောက်တော့ လူငယ်ပရိသတ် အတော်များများကိုတွေ့၍ အားတက်ရသည်။ ဒီဟောပြောပွဲက စာပေ ဟောပြော ပွဲလို့ ဆိုပေမဲ့ တက္ကသိုလ်ဖြစ်တာမို့ Projector လည်း ရှိတာနဲ့ စာရေးသူလည်း ပါဝါပွိုင့် ဆလိုက်ရှိုးသုံးကာ Seminar ပုံစံ ဟောပြောဖြစ်ခဲ့သည်။

တကယ်တော့ စာပေဟောပြောပွဲပုံစံပြောဆိုခြင်းနှင့် Seminar ပုံစံ ဆလိုက်ရှိုးသုံး၍ ဟောပြောခြင်းပုံစံက မတူလှ။ စာပေဟောပြောပွဲပုံစံ အလွတ်သဘော ဟောပြောခြင်းက ပို၍လွတ်လပ်မှုရှိသည်။ Seminar ပုံစံ ဆလိုက်ရှိုးအသုံးပြု ၍ ဟောပြောခြင်းက မိမိကိုယ်ကို ကန့်သတ်လိုက် ရာကျသည်။ ဆလိုက်ရှိုးများဖြင့် ပြောကြားခြင်း ဖြစ်သည့်အတွက် မိမိဟောပြော မည့်အကြောင်းအရာ အစီအစဉ်များကို ပရိသတ်ကိုချပြလိုက်သလို ဖြစ်သည့် အပြင် ယင်းဆလိုက်ရှိုးများနှင့် ကိုက်ညီဘောင်ဝင်အောင် ဟောပြောရမည် ဆို သည့်စိတ်ကလည်း ဟောပြောသူကို ၀န်ထုပ် ၀န်ပိုးကြီးတစ်ခု ဖြစ်သွားစေသည်။ စာပေဟော ပြောပွဲပုံစံ အလွတ်ဟောပြောခြင်းက စည်းဘောင် ကန့်သတ် မထား၍ ပိုမိုလွတ်လပ်ပေါ့ပါးသည့် သဘောဖြစ်သည်။

ဟောပြောပွဲတွင်တော့ လူငယ်များစွန့်ဦး တီထွင်ပြီး ဘ၀ကိုကြိုးစားအား ထုတ် အောင်မြင်ချင်စိတ်များ ပေါ်ပေါက်လာအောင် အဓိကထား ဟောပြောဖြစ် ခဲ့သည်။ ရှေးဦးစွာ စွန့်ဦးတီထွင်မှု ဆိုသည်မှာ ပိုက်ဆံရှာသည့် စီးပွားရေးသက် သက်မဟုတ်ဘဲ လူတွေကို မည်သို့မည်ပုံ ကူညီ လုပ်ကိုင်ရမည်ဆိုသည်ကို စွန့်စားတီထွင် လုပ် ကိုင်ရသည့် စီးပွားရေးဖြစ်ကြောင်းကို ရှင်းပြရသည်။ ကနဦးမိတ်ဆက် ဟောပြောအပြီးမှာ တော့ နားထောင်နေသည့် ပရိသတ်တွေ အနေဖြင့် စွန့်ဦးတီထွင်မှုအပေါ်မှာ အနည်းငယ် စိတ်ဝင်စားလာသည် ကို တွေ့ရသည်။

စွန့်ဦးတီထွင် လုပ်ကိုင်ခြင်း ဆိုသည်မှာ Apple, Facebook စသည့် ဧရာမလုပ်ငန်းကြီး များကို လုပ်ကိုင်နိုင်မှမဟုတ်ပါ။ အဆိုတော် တစ်ယောက် အနေဖြင့် သီချင်းပုံစံ အသစ် တစ်မျိုးမျိုး၊ သီဆိုဟန်တစ်မျိုးမျိုး၊ တင်ဆက်ပုံ တစ်မျိုး မျိုးကို စွန့်ဦးတီထွင်ပြီး အောင်မြင်လာ ခြင်းမျိုး၊ စာရေးဆရာတစ်ယောက် အနေဖြင့် ရေးဟန်အသစ်တစ်မျိုး၊ တင်ပြပုံအသစ်တစ်မျိုး မျိုးကို ဆန်းသစ်တီထွင်ပြီး အောင်မြင်လာခြင်း မျိုးကိုလည်း စွန့်ဦးတီထွင်မှုဟု သတ်မှတ်နိုင်သည်။ အဓိကက လူတစ်ယောက်အနေဖြင့် မိမိ၏ ဘ၀ကို စွန့်ဦး တီထွင်ပြီး မည်သူမဆို အောင် မြင်နိုင်သည်ဆိုသော အချက်ဖြစ်သည်။

စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်လာရေး အတွက် ပြုစုပျိုးထောင်ရမည့် ၀ိသေသလက္ခဏာ ၆ ချက်ရှိသည်။ ယင်း ၆ ချက်မှာ-
(၁) အနာဂတ် မြင်ကွင်းကျယ် ရှိရမည်။
(၂) စွမ်းအင်ပြည့်ဖြိုး တက်ကြွဖျတ်လတ်ရမည်။
(၃) အောင်မြင်လိုစိတ် ပြင်းထန်ရမည်။
(၄) အရှုံးများကို သည်းခံနိုင်ရမည်။ (ခုနစ်ခါလဲရင် ရှစ်ခါထနိုင်ရမည်။)
(၅) တီထွင်ဖန်တီးလိုစိတ် ရှိရမည် (၀ါ) တီထွင်ဖန်တီးနိုင်ရမည်။
(၆) မသေမချာ မရေရာမှုများကို သည်းခံနိုင်ရမည်။

စသည်တို့ဖြစ်သည်။ မိမိမှာ ဤ၀ိသေသလက္ခဏာများနှင့် ပြည့်စုံပြီဆိုပါက မိမိ၏အိပ်မက်များ ကို အကောင်အထည်ဖော်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုခု (သို့မဟုတ်) မိမိဗီဇ၀ါသနာပါရာကို စွန့်ဦးတီထွင်လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။

သို့သော် မိမိ၏ အိပ်မက်များ လက်တွေ့ အကောင်အထည်ပေါ် လာရေး ဆောင်ရွက်ကြရာ၌ စာရေးသူတို့ မဖြစ်မနေအသုံးပြုရမည့် ရင်းမြစ် (Resource) ၄ မျိုး ရှိသည်။ ယင်းရင်းမြစ် ၄ မျိုးမှာ-
(၁) ရုပ်ပိုင်းဆိုင်ရာ ရင်းမြစ်များ (Physical Resources)
(၂) ငွေကြေးရင်းမြစ်များ (Financial Resources)
(၃) လူ့စွမ်းအား အရင်းအမြစ်များ (Human Resources)
(၄) အသိဉဏ်ဆိုင်ရာ ရင်းမြစ်များ (Intellectual Resources)
တို့ဖြစ်သည်။

မိမိ၏စိတ်ကူးဥာဏ်များကို အောင် မြင်မှုအနေဖြင့် ပြောင်းလဲနိုင်အောင် ယင်းရင်း မြစ်များကို မိမိတို့တွင် ပြည့်စုံလာအောင် ဖြည့် တင်းကြရမည် ဖြစ်သည်။

ထိုသို့ ဖြည့်တင်းပြီးပါက သင့်ရဲ့စိတ်ကူး အိပ်မက်များကို စတင်၍ လက်တွေ့အကောင် အထည်ဖော်နိုင်ပါပြီ။ ဤကမ္ဘာလောကကြီးတွင် စာရေးသူတို့အနေဖြင့် ရှုပ်ထွေးမှုမျိုးစုံဖြင့် ၀န်းရံ နေထိုင်နေကြရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင့် အနေဖြင့် တစ်စုံတစ်ရာ ရိုးရှင်းအောင် ဆောင်ရွက်ပေးနိုင် သည်နှင့်အမျှ စွန့်ဦးတီထွင်သူတစ်ဦး အနေဖြင့် အောင်မြင်လာနိုင်မည် ဖြစ်သည်။ အဓိကက သင့်ရဲ့အတွေးအခေါ်တွေ၊ ဆောင် ရွက်ချက်တွေသည် ...

(၁) ရိုးရှင်းဖို့၊
(၂) ဆွဲဆောင်နိုင်စွမ်းရှိဖို့၊
(၃) နုပျိုဆန်းသစ်ပြီး ခေတ်နှင့်လိုက်လျောညီ
ထွေဖြစ်ဖို့သာ လိုအပ်ပါသည်။ ။
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...