သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၆)
သစ်ထူးလွင် |
- အစိုးရ စစ်သားများလူနေ အိမ်တွေမှာ လိုက်နေ၍ အင်ခါးဂါးကျေးရွာသားများ ကြောက်ရွံ့နေ
- မဟာချိုင်တွင် အလုပ်သမား ထောင်နှင့်ချီ မှတ်ပုံတင်
- အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ
- လမ်းဘေးတွင် လမ်းလျှောက်နေသူကို ယာဉ်တိုက်မိသဖြင့် သေဆုံး
- ထားဝယ်မြို့ပေါ် အကြွေစေ့လောင်းကစားဆိုင်အား ညဘက်ဝင်ဖမ်း
- သမီးရည်းစားချိန်းတွေ့စဉ် ဆိုင်ကယ်လုယူမှုဖြစ်ပွား
- ခင်ပွန်းဖြစ်သူမှ ချွန်ထက်သော အရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူ သေဆုံး
- အရက်မူးနေသူ မောင်းတဲ့ကား မြစ်ထဲထိုးကျ
- အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး
- ယူနတီဂျာနယ်သတင်းထောက်များကို မီဒီယာဥပဒေဖြင့်သာ အရေးယူရန် လျှောက်လဲ
- ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့
- အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော
- မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်
- မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး
- ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့်
- ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး
- စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်
- မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်
- လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်
- တရုတ်ယဉ်ကျေးမှုဌာနများ မြန်မာတွင်ဖွင့်မည့်ကိစ္စ ဝေဖန်မှုများရှိ
- ဂါဇာမှာ အစ္စရေးလေကြောင်းက ထိုးစစ်ဆင်
- ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ
- ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို
- ရခိုင်တွင် စစ်တပ်က ပြန်ပေးသောလယ်မြေများ မူလပိုင်ရှင်များ ပြန်မရဟုဆို
- ကော်စတာရီးကားနဲ့ ဟော်လန်ကွာတားတက်
Posted: 30 Jun 2014 05:15 AM PDT
ကချင်ပြည်နယ်
ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အင်ခါးဂါးကျေးရွာတွင် ဒုဗိုလ်မှူးကြီး
အောင်အောင် ဦးဆောင် သော အင်အား (၃၅) ယောက်ရှိ ခ.လ.ရ (၄၆) တပ်ဖွဲ့များနှင့်
ဦးရင်ထန်ဆင်ဦးဆောင်သော ရ၀မ်ပြည်သူ့စစ် (၁၀) ယောက်တို့သည် ရွာတွင် ရှိ
လူနေအိမ်များတွင်လိုက် နေကြသောကြောင့် ရွာသားများကြောက် ရွံ့နေရ
ကြောင်းရွာသား တစ်ဦးထံမှ သိရှိရပါသည်။
အစိုးရတပ်နှင့် ရ၀မ်ပြည်သူ့စစ်တို့သည် ရွာရှိ နေအိမ်များ အောက်တွင်
|
Posted: 30 Jun 2014 05:06 AM PDT
ထိုင်းစစ်ကောင်စီ
အစိုးရက တရားမ၀င် အလုပ်သမားများ မှတ်ပုံတင်ပေးရေး အစီအစဉ်ကို စမွတ်စခွန်
ခရိုင် မဟာချိုင်မြို့မှာ ဒီကနေ့ စတင် ဆောင်ရွက်ပေးနေပြီး ထောင်နဲ့ချီတဲ့
အလုပ်သမားတွေ လာရောက်မှတ်ပုံ တင်နေကြပါတယ်။
အိမ်နီးချင်း မြန်မာ ၊ လော နဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက တရားမ၀င်အလုပ်
သမားတွေ ကို တရားဝင် အထောက် အထားတွေ ထုတ်ပေးမယ်လို့ ထိုင်းအမျိုး
သားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက ဇွန်လ ၂၅
|
Posted: 30 Jun 2014 05:03 AM PDT
အမြန်လမ်းကို
အသုံးပြု သွားလာနေသော ယာဉ်များကို ကီလို ( ၈၀) ထက်ပို မမောင်းရဟု
ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း
ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း က ပြောသည်။ ကီလို(၈၀)နဲ့ ကျွန်တော်တို့
တင်ပြထားတယ်။ ကျွန်တော်တို့ က အမိန့်ထုတ်လို့ မရဘူး။ ဒါကြောင့်
တင်ပြထားတယ်။ ကျွန်တော် ထင်တယ်။ ရထား ပို့ဆောင်ရေးက ထွက်လာမလား၊
ဆောက်လုပ်ရေးက ထွက်လာမလား ဆိုတာ။ ပြည်ထဲရေး ကတော့ အဲဒီအမိန့်
|
Posted: 30 Jun 2014 04:56 AM PDT
ရန်ကုန်၊
ဇွန် ၃၀
၂၉.၆.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း
တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ)
ယာဉ်သည် ကမာကြည်မီးပွိုင့်အလွန် အရောက်၌ လမ်းဘေးတွင်လမ်းလျှောက် နေသော
သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်အေးအေးသန်း (၅၁)နှစ်အားတိုက်မိပြီး
ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွား
|
Posted: 30 Jun 2014 04:47 AM PDT
ထားဝယ်၊
ဇွန် ၂၉- တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက်
သရက်ချောင်း ကား ဂိတ်အနီးရှိ အကြွေစေ့ထည့် ကစား ရသော
လောင်းကစားဆိုင်ဖြစ်သည့် မန်းနီးဂိမ်းဆိုင်တစ်ဆိုင်အား ဇွန် ၂၇ ရက် ညက
ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။
ယင်းနေ့ ည ၉နာရီခန့်တွင် ကြက်စားပြင်ရပ်ကွက် အောင်ဆွေ ဒဂုံလမ်းနှင့်
ဗိုလ်ချုပ်လမ်းထောင့် သရက်ချောင်း ကားဂိတ် အနီး ဈေး ဆိုင်တန်း အမှတ်(၉)တွင်
ဖွင့်ထား
|
Posted: 30 Jun 2014 04:45 AM PDT
မကွေး၊
ဇွန် ၂၇- ဆိုင်ကယ်ဖြင့်လာပြီး စကားပြောနေသော သမီးရည်းစားနှစ်ဦး ကို
အခြားဆိုင်ကယ်ဖြင့် ရောက်လာသည့် လူငယ်သုံးဦးက တွန်းချရိုက်ပုတ်ကာ ဆိုင်
ကယ်လုယူထွက်ပြေးပြီး ယင်းတို့ဆိုင်ကယ် ကိုလည်း ကျန်တစ်ဦးကမောင်းပြေးစဉ် လူ
ငယ်ဖြစ်သူက လူထုအကူအညီဖြင့် ဆိုင် ကယ်လုသူတစ်ဦးကို လက်ရဖမ်းဆီးခဲ့
ကြောင်း သိရသည်။
မကွေးမြို့ ပွဲကြိုရပ်နေ မ--- ------ အသက်၂၂နှစ်သည် သမီးရည်း စားဖြစ်သူ
ကို-------- နှင့်အတူ မကွေး
|
Posted: 30 Jun 2014 04:42 AM PDT
ရန်ကုန်၊
ဇွန် ၃၀
၂၉.၆.၂၀၁၄ ရက်နေ့ ၁၈၀၅ အချိန်တွင် သန်လျင်မြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်ရှိ
သီလရှင်ကျောင်းရှေ့တွင်အမျိုး
|
Posted: 30 Jun 2014 04:52 AM PDT
ရန်ကုန်၊
ဇွန် ၃၀
၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင်
အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့ကြောင်း
သိရှိရပါသည်။
ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ)
ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအမျိုးအစား မီးခိုးရောင်ယာဉ်အား
မောင်းနှင်လာပြီး အဆိုပါ ဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ်
အနီးရှိအရက်မူး နေသူ သာကေတမြို့နယ်နေ
|
Posted: 30 Jun 2014 04:19 AM PDT
ရန်ကုန်၊
မဇ္ဈိမ။ ။ အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ
ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက်
တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ
တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။
“ နည်းဥပဒေအရ ကောက်ခံဖို့ပါ။ အစောကတည်းက အခုချိန်ထိ တစ်ဦးမှမလာသေးလို့
ကြေညာနေရတာပါ ” ဟု ၎င်း
|
Posted: 30 Jun 2014 04:14 AM PDT
လျှို့ဝှက်ဓာတု
လက်နက် စက်ရုံ ဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက် တွေရဲ့
အပြီး သတ် လျှောက်လဲ ချက်ကို ဒီနေ့ ပေးခဲ့ပြီး မီဒီယာ ဥပဒေနဲ့ အရေးယူ
ဆောင်ရွက် ပေးဖို့ ရှေ့နေတွေက လျှောက်လဲ ခဲ့ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့မှာ စွဲဆို ခံထားရတဲ့ ယူနတီ ဂျာနယ်မှ အမှုဆောင်
အရာရှိချုပ် ဦးတင့်ဆန်း အပါအ၀င် သတင်းထောက် ၄ ဦးကို စီရင်ချက် ချမှတ်မှာ
ဖြစ်သလို တရားလို ရှေ့နေတွေ က မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်
|
Posted: 30 Jun 2014 04:13 AM PDT
ချင်းမိုင်၊ မဇ္ဈိမ။ ။ ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင်
|
Posted: 29 Jun 2014 11:13 PM PDT
မုံရွာဒေသ
မြန်မာယန်စီ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းမှ လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းဖို့ မလုပ်ဆောင်တာကြောင့် အလုပ်သမားတဦး
သေဆုံးခဲ့ပေမယ့် ကုမ္ပဏီက နစ်နာကြေးပေးခြင်းမရှိပါဘူး။
မြန်မာယန်စီကုမ္ပဏီရဲ့ လုပ်ငန်းခွင်မှာ လုပ်သက် ၁၀ နှစ် ကျော် အလုပ်သမားကို
တန် ၁၀၀ မြေသည်ယာဉ်နဲ့ ကြိတ်မိခဲ့ပေမယ့် အဲဒီကုမ္ပဏီ ကနေ သေဆုံးသူအတွက် နစ်
နာကြေး ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ကာယကံရှင်ဇနီးက ပြောပါတယ်။
မုံရွာဒေသြ
|
Posted: 29 Jun 2014 11:07 PM PDT
ရန်ကုန်၊
ဇွန် ၂၉
မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင်
ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့ပတ်မီးရထားကို အဓိပတိယာဉ်လိုင်းမှ
ခရီးသည်တင်ယာဉ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း အဓိပတိ ပါရမီယာဉ်လိုင်းမှ
ဌာနခွဲမှူး ဦးဇေယျာလွင်က The Voice သို့ ပြောကြားသည်။
တောင်ဥက္ကလာပမြို့နယ် ပါရမီဂိတ်မှ ခရီးသည်များ တင်ဆောင် မောင်းနှင်လာသော
အဓိပတိ (အနီ) ခရီးသည်တင်ယာဉ်မှာ ကမ္ဘာအေးဘုရား
|
Posted: 29 Jun 2014 10:58 PM PDT
ချင်းပြည်နယ်၊
တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး
သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူ နေရကြောင်း
ဒေသခံများထံမှ သတင်းရရှိသည်။
တောထဲမှ ရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး
အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာ ဆရာဝန်နှင့်ပင် ဆေးကုသမှု ခံယူခဲ့သည်။
ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇
ရက်တွင် ဖခင်နှင့် အငယ်ဆုံးသားတို့ေ
|
Posted: 29 Jun 2014 10:49 PM PDT
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို
့နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက်
လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင်
ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း
(မွတ်ဆလင်/အစ္စလာမ်) တို့ ညီအစ်ကို နှစ်ဦးက လိမ်လည် လှည့်ဖျားပြီး
အဓမ္မပြုကျင့် ခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။
အဆိုပါ ညက
|
Posted: 29 Jun 2014 10:07 PM PDT
ရန်ကုန်၊
ဇွန် ၂၉
သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ
ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း)
နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်
ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။
ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော
အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း
|
Posted: 29 Jun 2014 08:42 PM PDT
စင်ကာပူနိုင်ငံဈေးဝယ်
စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌
မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ
နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ
သတင်း ရရှိသည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့်
ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင်
ရောင်းကုန်ပစ္စည်းအဖြစ်
|
Posted: 29 Jun 2014 08:38 PM PDT
မိုးသည်းထန်စွာ
ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု
တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း
သတင်း ရရှိသည်။
ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ
ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး
ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊
မြို့မ နှင့်ေ
|
Posted: 29 Jun 2014 08:36 PM PDT
တနင်္လာနေ့၊
ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ်
ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့်
ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့်
လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး
|
Posted: 29 Jun 2014 08:35 PM PDT
တနင်္လာနေ့၊
ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတ
ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အပြန်အလှန် ယဉ်ကျေးမှုစင်တာများ ဆောက်လုပ်ရန်
သဘောတူညီမှုလက်မှတ်များ ရေးထိုးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတွင်
တရုတ်ယဉ်ကျေးမှုဌာနများ ရှိလာတော့မည်ဖြစ်သည်။
“ဒီတစ်ခေါက် လာရောက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိနှင့်ပြီးသား
အပြန်အလှန်ဆက်ဆံရေးနဲ့ ရင်းနှီးမှုတွေရဲ့
|
Posted: 29 Jun 2014 06:55 PM PDT
အစ္စရေးတပ်ဖွဲ့တွေက
တနင်္ဂနွေနေ့မှာ ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့
အစ္စရေး တာဝန်ရှိ သူတွေကပြော ပါတယ်။ ပါလက်စ္စတိုင်းတွေက အစ္စရေးနယ်မြေ အတွင်း
နယ်စပ်ကို ကျော်ဖြတ်ပြီး ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက်
ပြန်လည်ပြုလုပ်တဲ့ အခု တိုက်ခိုက်မှုအတွင်း ဟားမတ်စ် စစ်သွေးကြွ
တဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးပိုင်နယ်မြေအတွင်းကိုေ
|
Posted: 29 Jun 2014 05:34 PM PDT
ဂျွန်လ
၂၉ ရက် ၂၀၁၄
ရင်ညွန့်မှခြေလက်တစုံ အပိုထွက်လာသည့် သျှမ်းပြည်မြောက်ပိုင်း
သီပေါမြို့နယ်မှ ကလေး လေး မှာ ခွဲစိပ်ကုသမှု ခံယူပြီး စီးခဲ့ပြီး
ဖြစ်သော်လည်း အဆုတ်ချွဲကပ်သည့် ရောဂါနှင့် နှလုံး အမြှေးပါး ပေါက် နေသည့်
ရောဂါကိုပါ ကုသမှု ဆက်လက်ခံ ယူရန် ဆရာဝန်က ပြောဆို လိုက်သည်ဟု ဆိုပါသည်။
“အခု အဆုတ်ကို တရက် ၂ ကြိမ် ဆရာဝန်တွေက လာဆေးပေးတယ်။ အဆုတ်မှာ
ချွဲကပ်နေတယ်။ ဒါတော့စိတ်မပူရဘူး။
|
Posted: 29 Jun 2014 05:32 PM PDT
ရခိုင်ပြည်နယ်
ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့
ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု
အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ ဒီနေ့ဘဲ ရခိုင်စာ သင်ကြားရေး အတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက်
ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာ တစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့
နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ်
|
Posted: 29 Jun 2014 05:29 PM PDT
ရခိုင်ပြည်နယ်
ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် စစ်တပ်က သိမ်းယူသွားသော
လယ်မြေများကို ပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားမှာ ၎င်းတို့၏ လယ်မြေများကို
ပြန်မရဘဲ ဖြစ်နေသည်ဟု ကျိန္တလီမြို့နယ်ခွဲ ကျောက်ခေါင်းကွင်းကျေးရွာမှ
ဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက နိရဉ္စရာသို့ ပြောသည်။
“ ခုလို လယ်တွေကို ပြန်ပေးတဲ့နေရာမှာ မူလပိုင်ရှင် လယ်သမား အစစ်အမှန် ၈၀
ခန့်က လယ်ဧက ၂၀၀ ခန့်ကို ပြန်မရဘူး။
|
Posted: 29 Jun 2014 05:26 PM PDT
ဘရာဇီးက ကမ္ဘာ့ဖလားပွဲမှာ ကော်စတာ ရီးကားက ဂရိကို ပင်နယ်တီဂိုး ရှူးပြီး ကွာတား ဖိုင်နယ် တက်သွား ပါတယ်။
ကော်စတာရီးကားက ၅ ဂိုး ဂရိက ၃ ဂိုးနဲ့ ပွဲပြီး သွားခဲ့တာပါ။
အချိန်ပြည့်တဲ့ အထိ တဂိုးစီနဲ့ သရေကျ နေတာမို့ အချိန်ပို ဆက်ကစား ခဲ့ရတာ ဖြစ်ပါတယ်။
နယ်သာလန်က မက္ကဆီကို ၂ ဂိုး တဂိုးနဲ့ နိုင်သွားတာမို့ ကွာတားမှာ ကော်စတာရီးကားနဲ့ နယ်သာလန် တို့ တွေ့ကြ မှာ ဖြစ်ပါတယ်။
ပွဲပြီးခါနီး ၄ မိနစ်မှာ နယ်သာလန် က ချေပဂိုး
|
0 comments:
Post a Comment