ရွာတွင်းဖြစ် (၁)
Author: lubo601 | 10:36 PM | No မှတ်ချက် |
Kyaw Ba Thit's status.
ရွာမှာ ငယ်ငယ်တည်းက ကျွန်တော်ကြည့်မရတဲ့ အတန်းဖော်မတစ်ယောက် ရှိတယ်။
ကြည့်မရတာက ကျွန်တော်က သူနဲ့ပတ်သက်ပြီး ခံထားခဲ့ရတဲ့သူကိုး။
ဒီလို...။ သူက ကလေးတည်းက ဘုဆတ်ဆတ်၊ စွာတာတာ၊ အာဗြဲလျှာဗြဲရယ်...။
တစ်ခါမှာ ကျွန်တော်က (သူ့ဘက်က စွာတာတာပြောလို့ထင်ပါတယ်) ခွေးမ... လို့ သူ့ကို သွားခေါ်မိတယ်။ အဲဒါကို သူကလည်း ဆတ်ဆတ်ထိမခံ ခွေးထီး... ဆိုပြီး ကျွန်တော့်ကို ပြန်ပက်တယ်။
ခွေးမ... ခွေးထီး၊ ခွေးမ... ခွေးထီး.. နှစ်ယောက်သား အပြန်အလှန် ကိုက်ကြဖဲ့ကြရင်းက
နောက်ဆုံး ဆရာမကြားသွားပြီး ကျွန်တော့်ကို ခေါ်တီးပါလေရော....။ (သူ အော်ကြီးဟစ်ကျယ်လုပ်လို့ ဆရာမကြားသွားတာ၊ သူ့ကျတော့ အတီးမခံရဘူး)။
အဲဒီကိစ္စ အခဲမကျေဖြစ်ရာက နောက်ပိုင်းမှာ ကျွန်တော်နဲ့သူနဲ့ စကားမပြောကြတော့ဘူး။ သူ့ဘက်ကတော့ ကျွန်တော်အရိုက်ခံရတာ သူ့ကြောင့်ဆိုပြီး စိတ်မကောင်း ဖြစ်ပုံတော့ရပါတယ်။ ဒါပေမဲ့ ကြာလာတော့ ပြန်ခေါ်ဖို့က ခပ်အန်းအန်းတွေ ဖြစ်၊ တဖြေးဖြေး စိမ်းသွားကြရာက ကြီးလာလို့ တစ်ယောက်တစ်နေရာစီ ကွဲကွာသွားကြတဲ့အထိ ပြန်မခေါ်ဖြစ်ကြတော့ဘူး။ (အမှန်တော့ သူက သဘောကောင်းပါတယ်။ စကားပြောရင် ဘုဆတ်ဆတ်နိုင်တာတစ်ခုပဲရယ်)။
အဲ... ပြီးခဲ့တဲ့အခေါက် ရွာပြန်ရောက်တုန်းကတော့ ထိုသူမနဲ့ ပြန်ဆုံဖြစ်ကြတယ်။ သူ့အိမ်အလည်လာပါဦး... ခေါ်တာနဲ့ ကျွန်တော်လည်း ပါချသွားတာပေါ့။ သုံးတန်းတုန်းက တင်ခဲ့တဲ့သူ့အကြွေးကို ဧည့်ဝတ်ပြုပြီး ဆပ်တော့မဟဲ့လို့လည်း လမ်းမှာ ပြုံးရင်းတွေးလာမိတယ်။
သူအိမ်ရောက်တော့ ညစာနဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံမယ်လို့ ပြောပါတယ်။
ညစာပြင်ဆင်နေတုန်း ရေနွေးကြမ်း အရင် သောက်နှင့်ဆိုတာနဲ့ ...
စားပွဲနားထိုင်၊ အသင့်ငှဲ့ပေးထားတဲ့ ရေနွေးပန်းကန်ကို ကောက်ကိုင်လိုက်တယ်။ ပန်းကန်ကို မ,ယူလာပြီး ပါးစပ်နားတေ့ခါနီးမှာ... ပန်းကန်လုံးပေါ်ဆော့ပင်သေးသေးနဲ့ ကြောင်ထားတဲ့ စာတစ်ကြောင်း သွားတွေ့တယ်။
“ဒီပန်းကန်နဲ့ သောက်သောသူ ခွေး...” တဲ့။
သူ ဟေးလေးဝါးလားလုပ် ရှင်းပြတာကတော့...
အဲဒါ... သူ့သမီး လက်ဆော့ထားတာဖြစ်နိုင်တယ်... တဲ့။
သူ ရေးတာတော့ မဟုတ်ဘူး... တဲ့။
အေးဗျာ...၊
ဒီဘုဆတ်ဆတ်မနဲ့တော့... ဘယ်အထိ ဆက်ခံနေရဦးမလဲ မသိပါဘူး။ ။
ကြည့်မရတာက ကျွန်တော်က သူနဲ့ပတ်သက်ပြီး ခံထားခဲ့ရတဲ့သူကိုး။
ဒီလို...။ သူက ကလေးတည်းက ဘုဆတ်ဆတ်၊ စွာတာတာ၊ အာဗြဲလျှာဗြဲရယ်...။
တစ်ခါမှာ ကျွန်တော်က (သူ့ဘက်က စွာတာတာပြောလို့ထင်ပါတယ်) ခွေးမ... လို့ သူ့ကို သွားခေါ်မိတယ်။ အဲဒါကို သူကလည်း ဆတ်ဆတ်ထိမခံ ခွေးထီး... ဆိုပြီး ကျွန်တော့်ကို ပြန်ပက်တယ်။
ခွေးမ... ခွေးထီး၊ ခွေးမ... ခွေးထီး.. နှစ်ယောက်သား အပြန်အလှန် ကိုက်ကြဖဲ့ကြရင်းက
နောက်ဆုံး ဆရာမကြားသွားပြီး ကျွန်တော့်ကို ခေါ်တီးပါလေရော....။ (သူ အော်ကြီးဟစ်ကျယ်လုပ်လို့ ဆရာမကြားသွားတာ၊ သူ့ကျတော့ အတီးမခံရဘူး)။
အဲဒီကိစ္စ အခဲမကျေဖြစ်ရာက နောက်ပိုင်းမှာ ကျွန်တော်နဲ့သူနဲ့ စကားမပြောကြတော့ဘူး။ သူ့ဘက်ကတော့ ကျွန်တော်အရိုက်ခံရတာ သူ့ကြောင့်ဆိုပြီး စိတ်မကောင်း ဖြစ်ပုံတော့ရပါတယ်။ ဒါပေမဲ့ ကြာလာတော့ ပြန်ခေါ်ဖို့က ခပ်အန်းအန်းတွေ ဖြစ်၊ တဖြေးဖြေး စိမ်းသွားကြရာက ကြီးလာလို့ တစ်ယောက်တစ်နေရာစီ ကွဲကွာသွားကြတဲ့အထိ ပြန်မခေါ်ဖြစ်ကြတော့ဘူး။ (အမှန်တော့ သူက သဘောကောင်းပါတယ်။ စကားပြောရင် ဘုဆတ်ဆတ်နိုင်တာတစ်ခုပဲရယ်)။
အဲ... ပြီးခဲ့တဲ့အခေါက် ရွာပြန်ရောက်တုန်းကတော့ ထိုသူမနဲ့ ပြန်ဆုံဖြစ်ကြတယ်။ သူ့အိမ်အလည်လာပါဦး... ခေါ်တာနဲ့ ကျွန်တော်လည်း ပါချသွားတာပေါ့။ သုံးတန်းတုန်းက တင်ခဲ့တဲ့သူ့အကြွေးကို ဧည့်ဝတ်ပြုပြီး ဆပ်တော့မဟဲ့လို့လည်း လမ်းမှာ ပြုံးရင်းတွေးလာမိတယ်။
သူအိမ်ရောက်တော့ ညစာနဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံမယ်လို့ ပြောပါတယ်။
ညစာပြင်ဆင်နေတုန်း ရေနွေးကြမ်း အရင် သောက်နှင့်ဆိုတာနဲ့ ...
စားပွဲနားထိုင်၊ အသင့်ငှဲ့ပေးထားတဲ့ ရေနွေးပန်းကန်ကို ကောက်ကိုင်လိုက်တယ်။ ပန်းကန်ကို မ,ယူလာပြီး ပါးစပ်နားတေ့ခါနီးမှာ... ပန်းကန်လုံးပေါ်ဆော့ပင်သေးသေးနဲ့
“ဒီပန်းကန်နဲ့ သောက်သောသူ ခွေး...” တဲ့။
သူ ဟေးလေးဝါးလားလုပ် ရှင်းပြတာကတော့...
အဲဒါ... သူ့သမီး လက်ဆော့ထားတာဖြစ်နိုင်တယ်... တဲ့။
သူ ရေးတာတော့ မဟုတ်ဘူး... တဲ့။
အေးဗျာ...၊
ဒီဘုဆတ်ဆတ်မနဲ့တော့... ဘယ်အထိ ဆက်ခံနေရဦးမလဲ မသိပါဘူး။ ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment