Tuesday, July 1, 2014

ဆူရက်ဇ် ကိုယ်အပြစ်ကိုသိပြီး ၆ရက်အကြာ၊ အပြစ်ဝန်ချတောင်းပန်ခြင်း

ဆူရက်ဇ် ကိုက်ခြင်း Bite by Surez ၊ တကမ္ဘာလုံးက အားကစားသမားမပီသမှုအတွက် ရှုံ့ချကြပါတယ်။ ပိုဆိုးတာက သူမကိုက်ဘူးလို့ ပိတ်ပြီးငြင်းဆန်ခဲ့ခြင်းပါ။ အခု ကမ္ဘာဖလားသမိုင်းမှအကြီးလေးဆုံး ပြစ်ဒဏ် ချခံရပြီး၊ ၆ ရက်အကြာမှာ ဝန်ချတောင်းပန်လိုက်ပါတယ်။ ဆူရက်ဇ်ဟာ ဝင်ငွေအလွန်ကောင်းပါတယ်။
အင်္ဂလိပ်သူ့ကို သံယောဇဉ်ရှိသူတွေက စာနာကြပါတယ်။ ငယ်စဉ်က ဆင်းရဲမွဲတေစွာ မောင်နှမ၇ယောက် ကြီးပြင်းလာခဲ့တယ်။ ၇နှစ်ကြီးတဲ့ အစ်ကိုကြီး၊ ဥရုဂွေးတိုက်စစ်မှုးနဲ့ ရင်းနှီးစွာနေပါတယ်။ အလွန်ထူးချွန်တဲ့ တိုက်စစ်မှုးဖြစ်ပြီး၊ ၂၀၁၁မှာ ယူရို၂၆.၅သန်းနဲ့ လီဗာပူအသင်းကို ရောက်လာပါတယ်။ အပြင်လောကမှာလဲ ပြသနာမကြားရပါဘူး။ ဘောလုံးကွင်းထဲမှာပဲ ပြိုင်ဖက်ကို ကိုက်ခြင်း ၂ကြိမ်လုပ်ခဲ့ဖူးလို့ အပြစ်ဒဏ်ပေးခံရပါတယ်။ သူ့အသင်းနိုင်မယ်ဆိုရင် ညစ်တဲ့နည်းမျိုးစုံး သုံးမယ်၊ ဂိုးဝင်မဲ့ဘောလုံးကို လက်နဲ့ပုတ်ထုတ်ခြင်းမျိုးကိုလဲ လုပ်ပါတယ်။ ပြိုင်ဖက်ကို ကိုက်တတ်တဲ့အကျင့်က သူ့ရဲ့ ငယ်စဉ် အလွန်ဆင်းရဲ၊ ရိုင်းစိုင်းတဲ့ဘဝဒဏ်ကြောင့် ဖြစ်ရတယ်လို့ စာနာသူများက ဆိုပါတယ်။ လူမဲသွေးပါသူမို့ လမျိုးခွဲခြားဆက်ဆံခံရတာလဲ ခံစားရသူဖြစ်ပါတယ်။ သူ့မှာ သမီး၊ သား ၂ယောက်ရှိပြီး၊ မိသားစုဘဝကို နှစ်သက်သူဖြစ်ပါတယ်။ ဘုရားတရားနဲ့ နေထိုင်တဲ့ မိသားစုပါ။ ဒါကြောင့် စိတ်လှုပ်ရှားနေတဲ့ ဆူရက်ဇ် မိသားစုနဲ့Quiet Time ဆိတ်ငြိမ်စွာ သုံးသပ်ပြီးတဲ့နောက် အမှားကိုမြင်လာပါတယ်။ ဝန်ချတောင်းပန်မှု ဖြစ်လာပါတယ်။ ၂၇နှစ်ပဲ ရှိသေးတဲ့ ဆူရက်ဇ် ရှေ့ဘဝခရီး ဥရုဂွေးနိုင်ငံအတွက် အများကြီးလုပ်စရာ ရှိပါသေးတယ်။ ဒီဝန်ချတောင်းပန်မှုသာ အစစ်အမှန်ဆိုရင် သူ့ဘဝ၊ မိသားစု ပိုမို၊ ထွန်းပြောင်လာဖို့ရှိပါတယ်။

ဘရာဇီးကမ္ဘာဖလားပွဲနဲ့ဆူရက်ဇ်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးများစွာသွင်းပြီး၊ ခြေစွမ်းပြနေတဲ့ လီဗာပူကလပ်အသင်းက၊ ဥရုဂွေးတိုက်စစ်မှုး၊ ဆူရက်ဇ် လုပ်ရပ်ကြောင့် တော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ ဒိုင်လူကြီးကလွဲပြီး အားလုံးမြင်တဲ့ အီတလီဘောလုံးသမား ချီလီနီကို ဆွာရက်ဇ် ကိုက်ခြင်းအမှုပါ။ ဂိုးမရှိသရေကျနေချိန် ပွဲပြီးခါနီး ကိုက်မှုဖြစ်လို့အပြစ်မပေးပါဘူး။ ဥရုဂွေးအသင်းချက်ခြင်း အနိုင်တစ်ဂိုးသွင်းလိုကပြီး နောက်ဆုံး၁၆သင်းအဆင့်ကို တက်သွားပါတယ်။ အီတလီအသင်းတော့ သရေကျရင်တောင် နောက်တဆင့်တက်ဖို့၊ ဥရုဂွေကိုရှုံးသွားလို့ အုပ်စုကထွက်ခွာရရှာပါတယ်။ အသင်းမန်နေဂျာလဲ တာဝန်ရှိတယ်ဆိုပြီး၊ နှုတ်ထွက်သွားပါတယ်။ ဥရုဂွေးတစ်နိုင်ငံလုံး မိုးလုံးပြည့်ပျော်ရွှင်ကြပါတယ်။
ပြသနာက ကိုက်မှုထင်ရှားနေတော့ ဥရုဂွေးအသင်းကို ကမ္ဘာ့ဖလားစည်းကမ်းထိမ်းကော်မတီက ထုချေလွှာတင်ခိုင်းပါတယ်။ ဆူရက်ဇ် က သူမကိုက်ကြောင်း၊ ပခုံးနဲ့တိုက်လို့ သူ့ပါးစပ်တောင် နာသွားကြောင်း ချေပပါတယ်။ ဥရုဂွေးဘော်လုံးအသင်းချုပ်ကလဲ ဗြောင်ငြင်းဆန်ပါတယ်။ နောက်တနေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကမ္ဘာ့ဖလားသမိုင်းမှာ အပြင်းထန်ဆုံး ဒဏ်ဖြစ်တဲ့ ၄လပယ်ခြင်း၊ ၉ပွဲ ကစားခွင့်ပိတ်ခြင်း၊ ဒဏ်ငွေ ဒေါ်လာတစ်သိန်းပေးဖို့ အမိန့်ချလိုက်ပါတယ်။
အကိုက်ခံရတဲ့ အီတလီဘော်လုံးသမား ချီလီနီ ကိုယ်တိုင်က ဆူရက်ဇ်ရဲ့ ပြစ်ဒဏ်ဟာ ကြီးလေးလွန်းလို့ စိတ်မကောင်းကြောင်း။ သူနဲ့ဖြစ်ခဲ့တာလဲ ကွင်းထဲမှာကစားရင်းဖြစ်တာမို့ မေ့လိုက်ပြီဖြစ်ကြောင်း။ ပြစ်ဒဏ်ကိုလျှော့ပေးဖို့လည်း တောင်းဆိုပါတယ်။
ဒါပေမဲ ဘောလုံးအသင်းနဲ့၊ ဥရုဂွေးတစ်နိုင်ငံလုံး ပိုပြီးဒေါသထွက်ကြပါတယ်။ သူတို့နိုင်ငံကလေးမို့ ဒါလောက်အပြစ်ဒဏ်ချမှတ်ခံရတယ်။ မတရားဘူး။ နိုင်ငံကြီးဘောလုံးသမားဆို ဒီလိုပြစ်ဒဏ်ချမှာမဟုတ်ကြောင်း၊ ကန့်ကွက်ကြပါတယ်။ လီဘာပူအသင်းကနေ နောက်ပြောင်းရွှေ့မဲ့ ဘာစီလိုနာကလပ်အသင်းက ဒီအမှုဖြစ်လဲ ဆူရက်ဇ်ကို လက်ခံမယ်လို့ ကြေညာပါတယ်။ နောက်ပိုင်းတော့ ဘာစီလိုနာအသင်းက အပြစ်ဝန်ခံဖို့ ဖိအားပေးခြင်းခံရပါတော့တယ်။
ဆူရက်ဇ်လဲ ဥရုဂွေးကို ပြန်သွားပြီး သူ့မိသားစုနဲ့ ငြိမ်သက်စွာနေထိုင်ခဲ့ပါတယ်။ အခု ဖြစ်ပျက်ပြီး ၆ရက်မြောက်နေ့မှာ လည်တောင်းပန်ခဲ့ပါတယ်။

ဆူရက်ဇ်ရဲ့ တွီတာစာမျက်နှာမှာ တောင်းပန်စာ။
မိသားစုနဲ့အတူနေရင်း စိတ်ငြိမ်သက်မှုပြန်လည်ရရှိခဲ့ပြီး၊ သူမှားခဲ့တာတွေကို ပြန်လည်မြင်ယောင်လာပါတယ်။ တမင်ကြံစည်မှုမရှိပဲ ရုတ်တရက်ဖြစ်သွားလို့ နိုင်ငံရဲ့ဘော်လုံးအသင်းကို ထိခိုက်စေခဲ့ပါတယ်။ ကစားဖော်၊ အီတလီဘောလုံးသမား ချီလီနီ အကိုက်ခံဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့်
-  ဖြစ်ရပ်အတွက်ရင်တွင်းကနောင်တရခဲ့ပါတယ်
-  ကစားသမား ချီလီနီ နဲ့ ဘောလုံးမိသားစုအားလုံးကို ဝန်ချတောင်းပန်ပါတယ်။
- ပရိတ်သတ်တွေကိုလဲပြောလိုပါတယ်။ နောက်နောင်ဒါမျိုးမလုပ်တော့ပါဘူး.
မွန်တီဗီဒီယို ၃၀-ဇွန်-၂၀၁၄

 
ကမ္ဘာ့ဘော်လုံးပွဲကြီးကို အကျည်းတန်စေခဲ့တဲ့ ဆူရက်ဇ် ကိုက်မှုပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားပွဲ တရားမျှတမှုရရဲ့ ရလဒ်ဖြစ်ပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့လည်း ပြစ်ဒဏ်လျှော့ချ ပေးမယ် မျှော်လင့်ပါတယ်။ တကယ်တော့ ဆူရက်ဇ် ပိတ်ပြီးငြင်းနေခြင်းကြောင့် ပြစ်ဒဏ်ကြီးမားစွာ ချခံလိုက်ရတယ်လို့ ယူဆပါတယ်။ စောစောကတည်းက သူ့မှာအပြစ်ရှိတယ် ဝန်ခံရင်၊ ဒါလောက်ပြသနာကြီးမယ် မဟုတ်ပါဘူး လိ့ဆိုပါတယ်။

အပြစ်ဝန်ချတောင်းပန်မှုဇတ်လမ်းများ
အမေရိကန်မှာ ၁၀နှစ်လောက် တရားမဝင်နေခဲ့တဲ့ မြန်မာတစ်ဦး အမေရိကန် ဒီဗွီမဲပေါက်ပြီး၊ တရားမဝင်ဘဝကနေ တရားဝင်ဖြစ်ဖို့ မြန်မာပြည်ကို ပြန်လာပါတယ်။ သူကိုယ်တိုင်က ၁၀တန်းမအောင်ပေမဲ့ အောင်တယ် လိမ်ညာလျောက်ခဲ့ပါတယ်။ ရန်ကုန်ပြန်ပြီး အမေရိကန်သံရုံးမှာ ဗီဇာဝင်တဲ့အခါ ဆယ်တန်းအောင်လက်မှတ် စာစစ်ဌာနက အစစ်ရအောင်လုပ်ခဲ့ပါတယ်။ အဲဒီ ၂၀၀၀ ပတ်ဝန်းကျင်က ဒါမျိုးလဲ မြန်မာပြည်မှာလုပ်လို့ရပါတယ်။ ဒါပေမဲ့ အမေရိကန်သံရုံးက အင်တာဗျူးပြီး၊ သူ့ကိုဗီဇာပယ်ချလိုက်ပါတယ်။ သူဘာတစ်ခုမှ အမှားမလုပ်ခဲ့ဘူးထင်ပြိး နောက်တစ်ကြိမ် ရန်ကုန်အမေရိကန်သံရုံးမှာ ထပ်ပြီး ဗီဇာဝင်ပါတယ်။ ဒီဗွီစည်းကမ်းအရ ၁၀တန်းမအောင်သူ ဗီဇာမပေးပါဘူး။ ဒုတိယအကြိမ် အင်တာဗျူးမှာ ပထမအကြိမ်မှတ်ချက်က ၁၀တန်းအောင်တာကို သံသယနဲ့ ထပ်မေးပါတယ်။ သူက ဘုရားထံဝန်ချတောင်းပန်လိုက်ပါတယ်။ ပြီးတော့ ဗီဇာအရာရှိကိုလဲ သူအတုလုပ်လိုက်မိပါကြောင်း၊  စီရင်သလို ခံပါမယ်လို့ ဝမ်းနည်းစွာနဲ့ဝန်ချတောင်းပန်လိုက်ပါတယ်။ စိတ်တော့ ပေါ့ပါးသွားပါတယ်။ ဒီဗွီပေါက်ပြီး ဗီဇာမရလဲ ဘုရားအလိုတော်ပဲ လို့အင်တာဗျူးခန်းက ထွက်လာခဲ့ပါတယ်။ နောက် အဲဒီမြန်မာ ဗီဇာရရှိသွားပါတယ်။ အခု အဲဒီမြန်မာနိုင်ငံသား၊ အမေရိကန်နိုင်ငံသားဖြစ်နေပါပြီ။ သူ့ ဇနီးသားသမီးအပြင်၊ မိဘ၊ မောင်နှမများပါ ခေါ်ပြီး၊ နယူယောက်မြို့မှာ အဆင်ပြေ၊ စိတ်ချမ်းမြေ့စွာ ဘုရားနဲ့မွေ့လျော် နေထိုင်လျှက်ရှိပါတယ်။
တစ်ခါလည်း ၂၀၀၇မှာ ချင်းလူမျိုးတစ်ဦး ပတ်စပို့တောင်မရှိပဲ မလေးရှားမှာ တရားမဝင်နေထိုင်လျှက်ရှိပါတယ်။ ဘုရားကျောင်းမှာပဲ ဘုရားရှိခိုး၊ သီချင်းဆို၊ ကျမ်းစာဖတ် နေထိုင်ရင်း ရတဲ့အလုပ်လေးလုပ်ပြီး ကွာလာလမ်ပူမှာ နေထိုင်ခဲ့ပါတယ်။ သူများက ဒုက္ခသည်လျှောက်ပါ ..ပြောလို့ ဖောင်ဖြည့်ပြီး၊ မြန်မာပြည် စစ်အစိုးရက ရက်စက်စွာ ထောင်ချ၊ နှိပ်စက်လို့၊ ထောင်ကလွတ်ပြီး ထောက်လှမ်းရေးက ဆက်ပြီးဒုက္ခပေးနေလို့ အသက်လုပြီးထွက်ပြေးလာခဲ့ကြောင်း၊ ဇတ်နာအောင် ဇတ်လမ်းရေးပေးတဲ့အတိုင်း တင်လိုက်ပါတယ်။ အင်တာဗျူးအဆင့်ဆင့်တော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်နိုင်ငံခြားသားများက အသေးစိတ်မေးမြန်းတဲ့အခါ ရှေ့နောက်မညီဖြေမိပြီး၊ လိမ်ထားတာ အထင်အရှားဖြစ်သွားပါတယ်။ အလွန်အကြပ်တည်းဖြစ်သွားပါတယ်။ ဘုရားဆီပဲ ဆုတောင်းလိုက်ပါတယ်။ မလိမ်တော့ပါဘူး... ဆိုပြီး၊ ဝမ်းနည်းကျေကွဲစွာနဲ့ အမေရိကားမရောက်လဲ ဘုရားထားတဲ့ နေရာမှာပဲ နေတော့မယ် ဆုံးဖြတ်ပါတယ်။ ကျွန်တော့်ကို မိတ်ဆွေက ရေးပေးတဲ့ဇတ်လမ်းအတုဖြစ်ပါတယ်..လို့ဝန်ချတောင်းပန်လိုက်ပါတယ်။ ဒါဆိုကောင်းပြီး ပြန်လို့ရပြီ..လို့ပြောချိန် အင်တာဗျူးခန်းက ဝမ်းနည်းစွာနဲ့ ပြန်ထွက်လာရပါတယ်။ စိတ်ကတော့ အရမ်းပေါ့ပါးသွားပါတယ်။ ဗီဇာမရရင်လဲ ဘုရားထားတဲ့နေရာပဲ နေတော့မယ်ဆုံးဖြတ်ပါတယ်။ သူလဲ အမေရိကန်ဗီဇာ ရသွားပြီး အခု အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ နေထိုင်လျှက်ရှိပါတယ်။ 
လောကမှာ လိမ်ညာ၊ ခိုးဆိုး၊ မိုက်မဲတဲ့ စာတန်နောက်လိုက်များ ရှိပါတယ်။ သူတို့ကတော့ လိမ်လည်နေကျဆိုတော့ မကောင်းမှုနေကျ၊ လုပ်နေမှာပါပဲ။  မြန်မာပြည်က လာဘ်စား၊ လိမ်စားလို့ ရတဲ့ဒေါ်လာသိန်း၊သန်း အထုတ်ကြီးပိုက်ပြီး အမေရိကန်နိုင်ငံကို ရောက်လာသူတစ်ဦး တွေ့ဖူးပါတယ်။ သူကတော့ စစ်အစိုးရက မတရားထောင်ချ၊ နှိပ်စက်ခံရတဲ့ သူတစ်ဦးနာမည်ကို အလွဲသုံးစားလုပ်တယ်။ အဲဒီလူက နိုင်ငံခြားထွက်ဖို့ စိတ်ကူးတောင်မရှိပါဘူး။ အဲဒီလူနာမည်နဲ့ ပိပိရိရိ နိုင်ငံကူးလက်မှတ်လုပ်ပြီး၊ အမေရိကန်ကို ထွက်လာတယ်။ အမေရိကန် အမြဲနေထိုင်ခွင့် ဂရင်းကဒ်ရတယ်။ အမေရိကန်မှာလဲ ပိုက်ဆံအဆင်ပြေတယ်။ ဒါပေမဲ့ သူ့ဘဝဟာ ပုံသက်သေကောင်း လုံးဝ မရှိပါဘူး။ ဒါမျိုးလူတွေလဲ များစွာရှိပါတယ်။ သူတို့ ငွေကြေးချမ်းသာပေမဲ့ ဝိညာဉ်ဆိုးအောက်မှာ နေရပါတယ်။ အားမကျပါဘူး။
ဘဝအတွက် သင်ခန်းစာကတော့
၁။ မိမိအပြစ်ကိုသိပြီး၊ နောင်တရဖို့လိုပါတယ်။
၂။ အမြန်ဆုံး၊ ဝန်ချတောင်းပန်ရပါမယ်။
၃။ အဲဒီအချိန် ရှင်းလင်းတဲ့ သြတ္တပစိတ်ကိုရရှိပါတယ်။ နောက် ဒီလိုအမှား ထပ်မလုပ်ဖြစ်ဖို့သေချာပါတယ်။
ဆူရက်ဇ်အကြောင်းကို ရေးရင်း၊ ရှေ့ဆက်ပြီး သူဘဝ၊ သူ့နိုင်ငံနဲ့တကမ္ဘာလုံး ကျေနပ်မယ် မျှော်လင့်ပါတယ်။  မုရန် 

How about Myamar leaders

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...