Sunday, June 29, 2014

သေလိုက်ပါတော့ဟယ်. . . .



သူငယ်ချင်းမနှစ်ယောက်တို့ အအေးဆိုင် တစ်ဆိုင်တွင်း၌
စကားကောင်းနေကြသည်။
ဟဲ့ . . . ဒါနဲ့ . . . မင်းအမျိုးသားက မင်းကို လက်ထက်ခွင့်တောင်းတာ၊
မင်းကစဉ်းစားရကြပ်နေတယ်ဆို . . . .

အေးလေဟာ. . . . .
ဟဲ့. . . . ဘာများစဉ်းစားရ ကြပ်စရာရှိလို့လဲ
မင်းအမျိုးသားက ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် အပျော်အပါး အသောက်အစားမရှိ၊ ဘယ့်ကလောက်ကောင်းလိုက်သလဲ။ ဒါနဲ့များအေ . . . .
အဲ့ဒါကြောင့် စဉ်းစားရကြပ်နေတာပေါ့အေ့။
မင်းစဉ်းစားကြည့်လေ. . . . တို့ဘွားဘွားဆို တို့ဘိုးဘိုးနဲ့ယူခဲ့တယ်။
တို့မေမေဆိုရင် တို့ဖေဖေနဲ့။ တို့အန်တီဆိုရင်လည်း တို့အန်ကယ်နဲ့ ယူခဲ့တာပဲ။
အဲ . . . ငါ့ကျမှ သွေးမတော်သားမစပ်တဲ့လူနဲ့ ယူလိုက်ရင်
ပတ်ဝန်းကျင်က မေးငေါ့စရာများ ဖြစ်နေမလားလို့ပါ။
သေလိုက်ပါတော့ဟယ်. . . .
Credit > အိပ်မက်ချို......

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...