Thursday, June 19, 2014

ဖျန်ဖြေခြင်းအနုပညာ

ဖျန်ဖြေခြင်းအနုပညာ

ရွာရောက်တုန်း 
ဘေးနှစ်အိမ်ကျော်က 
ဆူညံပွက်လောထနေတဲ့ 
သမီးယောက်မ ရန်ပွဲ 
နားတော့ထောင်ဖြစ်တယ်
ဒေါသ လျိုလျိုနဲ့
သူနိင်ကိုယ်နိင်ပြောနေတော့
စကားလုံးအကြောင်းအရာတွေ 
မသဲကွဲပဲ...ခွေးတွေ 
အချင်းချင်းကိုက်နေသလိုပဲ 
နားလည်ရခက်တယ်တယ်။
သမီးယောက္မ နှစ်ယောက် ဘယ်လောက်
အသဲမာပြီးဇွဲကောင်းသလဲ ဆိုတော့
ကျနော် ယာထဲရေနွေးအိုးပို့ပြီးပြန်လာတာတောင်
ရန်ပွဲက မရပ်သေးဘူး။ဘာတွေများ နာကျည်းနေကြလဲ မသိ။
အဲဒီအချိန်မှာပဲ…
ယာထဲ နှမ်းကျဲနေတဲ့ မောင်က 
ရွာထဲက မိန်းမနဲ့အစ်မဖြစ်သူ ရန်ပွဲကြားလို့ထင်ရဲ့ ။ယာထဲ နွားရှဉ်းပစ်ပြီး 
အလုပ်ရပ်ကာ အရည်မရ အဖတ်မရ လုကြားလို့မှ မကောင်းတဲ့ ရန်ပွဲကို ဘီးလူးဆိုင်းတီးပြီး 
'' လခွီးမှဟာတွေ မိုးလေဝသက မမှန်ရတဲ့ကြားထဲ…ဒုန်းးးးးး 
 နင်တို့အသံတွေ  
ငါ… သင်္ချိုင်းကုန်းကနေကြားရတယ်
အားလုံး တော်ကြ … 
ပြောချင်ဆိုချင် ရွာထဲမှာအော်မနေနဲ့
သင်္ချိုင်းမှာသွားပြော 
နင်တို့မရှက်ကြဘူးလား ''
(မောင်ဖြစ်သူခမျာ ရွာသင်္ချိုင်းအနီးက ယာခင်းမှာ
နှမ်းကျဲနေတယ်ထင်ရဲ့။)
အိမ်ထရံကို ဘာနဲ့ပစ်ပေါက်  ဝင်လာသလဲ
မသိ။ဒုန်းးးးးခနဲ့ပစ်ပေါက်သံ ကျယ်သွားတော့ အသံတချို့ ခေတ္တခဏ 
တိတ်ဆိတ်သွားတာ အမှန်။
်ကျနော့် အတွေးထဲမှာတော့ မောင်တော် ဝင်ကြမ်းလို့ သမီးယောက္မနှစ်ယောက်
်ငြိမ်ကျသွားပြီထင်ရပေမယ့် အသံစွာစွာ လေးတွေကဖြင့် ကီးမြင့်မြင့်လာတာ သတိထားမိပြန်တယ်။မကြာပါဘူး …
ပိုနေမြဲ ကြားနေမြဲ ။
ယောက္မနှစ်ယောက် ရန်ပွဲက
မြန်မာ နေရှင်နယ်လိဂ်ပွဲ လိုပဲ....ဲ စည်းကမ်းထိန်းသိမ်းသူ ဒိုင်လူကြီးပါးကို ဝင်ရိုက်သွားဘိ့ သကဲ့သို့ 
ဝင်ရောက်ဖျန်ဖြေသူ မောင်ဖြစ်သူအား ဖုတ်လေသည့်ငပိ ရှိလေသည် မမှတ် ။မောင်ဖြစ်သူလည်း ယာထဲ နှမ်းကျဲနေအကောင်းသား ။
ဒေါနဲ့မောနဲ့ ပစ်ပေါက်ဝင်လာပြီး 
ဆုံးမကာမှ … 
တစ်ဘက်ကလည်း
ရှင်မသနားနဲ့ကျမက ကျားးး
လက်မရွံ့ ပါးစပ်မရွံ့ တဲ့ ...
အမေကြမ်းနဲ့တန်းစီးခင်စိန်
နှစ်ဦးကြားမှာ …
ယောက်ကျားတို့ရဲ့မာနကိုတော့ 
ဆီးချုပ် ဝမ်းချုပ် အဖြစ်ခံချင်ပုံမရ၍ထင်၏။

  ''ဟေ့ နှစ်ယောက်လုံး တော်ကြ…''

  ''ဟေ့ အားလုံးတော်ကြလို့ငါပြောနေတယ်''

တစ်ချက် တစ်ချက် ဝင်ဝင်ဟန့်နေတဲ့
မောင်ဖြစ်သူရဲ့ဖျန်ဖြေသံပါ။ရန်ဖြစ်သံကတော့ စဲမသွားသေးဘူး။တစ်ခဏနေ
ယောက္မနှစ်ယောက်က ကနဦးကြားနေရတဲ့
အတိုင်း အချင်းချင်း မိုးမွှန်အောင်ဆဲကြ
ဲပါ လိမ့်မယ်။
မကြားဝံ့မနာသာ နားမခံနိုင်တဲ့အခါ ဖြစ်လာမှ...
မောင်ဖြစ်သူက အခြေအတင် ရန်ပွဲထဲ ပြန်ဝင်ရောက်လာပြီးသကာလ ....
်
  
'' ဟေ့ အားလုံးရပ်ကြနော် ငါပစ်မိတော့မယ်''

ရန်ပွဲဟာ ရပ်ဖို့လမ်းမမြင်တော့ပါ။စောစောက ရန်ဖြစ်နေတာ သမီးယောက္မ နှစ်ယောက်တည်းပါ။
ခုတော့ ရန်ပွဲမှာ သုံးယောက်ဖြစ်လာလို့ ပိုမြိုင်နေသလားလို့ ပါ…။

      တော်ကြလို့ငါဘယ်နှစ်ခါ ပြောရမှာလဲ…တဲ့။
ဖျန်ဖြေသူ မောင်ဖြစ်သူမှထပ်ပြောပြန်ပြီ။
ကျနော်လည်း ကြားနေရတာပဲ ။
ဘယ်နှစ်ကြိမ်မှန်းလဲ အတိအကျ မမှတ်မိတော့ဘူးရယ်....။

ံ
်
်
ဲ
ဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...