Wednesday, June 18, 2014

ဘာတွေပြောင်းပြီလဲ၊ဘယ်သူတွေအတွက်လဲ

(B2B Current)
ဘာတွေပြောင်းပြီလဲ၊ဘယ်သူတွေအတွက်လဲ
************************************************
ဒေါက်တာဇော်ဦး 
နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေး
အမှုဆောင်ဒါရိုက်တာ၊ MDRI-CESD

နိုင်ငံတွေမှာ၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလိုမျိုး အသွင်ကူးပြောင်းရေးကာလကို ဖြတ်ကူးရတဲ့ နိုင်ငံတွေမှာ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့အခါမှာ အဓိကကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကတော့ မိုက်ခရိုစီးပွားရေးဝန်းကျင်ကို တည်ငြိမ်မှု ရှိအောင်ဆောင်ရွက်တဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ ဒီမှာ မိုက်ခရိုစီးပွားရေးဝန်းကျင်ကို တည်ငြိမ်အောင် လုပ်တဲ့အခါမှာ လွယ်လွယ်ပြောရရင်တော့ ဈေးနှုန်းတွေတည်ငြိမ်အောင်လုပ်ရတာပေါ့ဗျာ။ ဈေးနှုန်းဆိုတဲ့နေရာမှာ ကုန်ဈေးနှုန်းဆိုတဲ့ဟာရှိတယ်။ နောက်ပြီးတော့ စားသုံးသူတွေနဲ့ရောင်း တဲ့သူတွေကြားထဲမှာလုပ်ရတဲ့ကိစ္စတွေ။ နောက်ပြီးတော့ ငွေလဲနှုန်းဆိုတာလည်းရှိတယ်။ အတိုးနှုန်း ဆိုတာရှိတယ်။ ဒါတွေဟာ နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ ဘဏ်စနစ်တွေကြားမှာ ခိုင်မာအောင်လုပ်ရတာပေါ့။ အဲဒီနှုန်းတွေအားလုံးကို တည်ငြိမ်အောင်လုပ်ထားရတဲ့ ကိစ္စပေါ့။ ယခင်ခေတ်ကအနေအထားနဲ့ကြည့်မယ်ဆိုရင် ယခင်ခေတ်ကကုန်ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု နှုန်းတွေ အရမ်းမြင့်ခဲ့တဲ့ အနေအထားတွေရှိတယ်။ အတက်အကျတွေကြမ်းခဲ့တဲ့အနေအထား ရှိတယ်။ ငွေလဲလှယ်နှုန်းဆိုရင်လည်း တက်လိုက်၊ ကျလိုက်တွေ တော်တော်များများရှိတယ်။ ပြီးရင် မြန်မာကျပ်ငွေတန်ဖိုးဟာလည်း ပိုပြီးတော့ တခြားနိုင်ငံခြားငွေတွေနဲ့ယှဉ်ရင် တန်ဖိုးကျဆင်းတဲ့ပြဿနာတွေ ကြုံခဲ့ရတာပေါ့။ အဓိကကတော့ အဲဒီဟာတွေဖြစ်တယ်ဆိုရင် အထူးသဖြင့် ကုန်သည်၊ ထုတ်လုပ်သူတွေကိုထိခိုက်သလို အဓိကကတော့ အခြေခံစားသုံးသူ လုပ်သား ပြည်သူတွေအတွက် ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေဖြစ်တာပေါ့။
အဲဒီတော့ ဒီဈေးနှုန်းကိုတည်ငြိမ်အောင်လုပ်တဲ့ကိစ္စကို ဦးစားပေးပြီးဆောင်ရွက်ကြတယ်။ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့တို့၊ ကမ္ဘာ့ဘဏ်တို့ကလည်း ဒီကိစ္စတွေကို များသောအားဖြင့် ကျနိုင်အောင် ကူညီအားပေးဆောင်ရွက်လေ့ရှိကြတယ်။ အဲဒီ တော့ ကျွန်တော်တို့ အဲဒီအစီအစဉ်နဲ့ အရင်ဆုံးစခဲ့တာပေါ့။ နံပါတ် ၁ က ငွေလဲနှုန်းကိုပြင်ခဲ့တယ်။ ဒီပြင်တဲ့အတွက်ကြောင့် အခုဆိုရင် ငွေလဲနှုန်းဟာ အတော်တည်ငြိမ်သွားတဲ့အနေအထားရှိတယ်။ အဓိကကတော့ ဘာတွေလုပ်ရလဲဆိုတော့ အစိုးရရဲ့ဝင်ငွေကျနေတဲ့ပြဿနာကို ပြေလည်အောင်ဖြေရှင်းခဲ့တယ်။ ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ ၀င်ငွေနဲ့သုံးငွေကိုမျတအောင်ဆိုပြီး ဆောင်ရွက်ခဲ့တယ်။ တစ်ချိန်တုန်းကတော့ လိုငွေပြတဲ့ပြဿနာကို ငွေစက္ကူရိုက်ထုတ်ပြီးဖြေရှင်းတဲ့ပုံစံမျိုးကို ဗဟိုဘဏ်ကတစ်ဆင့် နှစ်ရှည်အပေါင်ခံစာချုပ်တွေရောင်းချပေးတဲ့ကိစ္စ၊ ငွေတိုက်စာချုပ်တွေရောင်းချပေးတဲ့ကိစ္စနဲ့ ပြေလည်အောင်ဖြေရှင်းပေးခဲ့တဲ့အခါကျတော့ ခုနကပြောတဲ့ငွေကြေးဖောင်းပွမှုနှုန်းတွေကလည်း ပိုပြီးတည်ငြိမ်လာတယ်။ ၁၀ ရာခိုင်နှုန်းအောက် အခုဆိုရင် ၇ ရာခိုင်နှုန်းလောက်မှာရှိတဲ့အနေအထားပဲဖြစ်သွားတာပေါ့။ ဒါဟာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ဆောင်ရွက်ချက်တစ်ခုကို ဆောင်ရွက်ခဲ့တာပါ။
ဒါပေမဲ့လည်း ခုနကပြောတဲ့နှုန်းတွေကိစ္စက သိသာထင်ရှားတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့။ ငွေလဲနှုန်းဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့ ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။ များသောအားဖြင့် ကုန်သည်ပွဲစားတွေ၊ ဈေးကွက်ထဲမှာကျင်လည်တဲ့လူတွေပဲသိကြတယ်။ ကုန်ဈေးနှုန်းတည်ငြိမ်တဲ့ ဟာက များသောအားဖြင့် ကုန်ဈေးနှုန်းမြင့်သွားရင် လူတွေကသတိထားမိကြပြီးတော့ ကုန်ဈေးနှုန်းက ဘာမှလည်းမတက်ဘူး၊ ငြိမ်နေတယ် ဆိုရင် လူတွေက များသောအားဖြင့် သတိမထားမိတတ်ကြတာတွေရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က အခုလက်ရှိ ဒါတွေ ကိုလည်း ဘယ်လိုပြောလေ့ရှိသလဲဆိုတော့ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အကျိုးကျေးဇူးတွေဆိုပြီးပြောလေ့ရှိတယ်။ များသောအားဖြင့် ပြုပြင်ပြောင်းလဲရေးအစပိုင်းမှာ ဒီလိုအကျိုးကျေးဇူးတွေရအောင်ဖန်တီးဆောင်ရွက်နိုင်တာကိုက အင်မတန်ကြီးမားတဲ့ အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံတွေမှာ အဲဒီလိုဆောင်ရွက်ရင်းနဲ့ပဲ ဆုံးရှုံးခဲ့ရတာတွေ ရှိတယ်။ ကျဆုံးခဲ့ရတာရှိတယ်။ ကျွန်တော်တို့ဆီမှာဆိုရင်တော့ အောင်အောင်မြင်မြင်နဲ့လုပ်နိုင်တဲ့သဘောရှိတာပေါ့။
ဒါပေမဲ့လည်း ဒါကို ပြည်သူလူထုအနေနဲ့ နားလည်ဖို့၊ သဘောပေါက်ဖို့ခက်တာပေါ့။ အကျိုးကျေးဇူးတွေကတော့ ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်သွားတဲ့ပုံစံနဲ့စာရင် စီးပွားရေးပတ်ဝန်းကျင်ကို ပိုပြီးတော့ကောင်းလာအောင်၊ စီးပွားရေးပတ်ဝန်းကျင်ကောင်းလာပြီဆိုရင် ပြည်သူတွေကလည်း ဒါကနေတစ်ဆင့် သွယ်ဝိုက်သောအားဖြင့် အကျိုးခံစားခွင့်ရလာတဲ့အနေအထားမျိုးကိုဖန်တီးရတာပေါ့။ ဈေးနှုန်း တည်ငြိမ်သွားတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်လာတယ်။ နိုင်ငံတကာရဲ့ကုန်သွယ်ဖက်တွေကလည်း ပိုမိုစိတ်ချယုံကြည်ပြီး ကျွန်တော်တို့ ဆီမှာလာပြီး အရောင်းအ၀ယ်တွေလုပ်ကြတယ်။ ကုမ္ပဏီတွေလာဖွင့်ကြတယ်။ အလုပ်အကိုင်တွေရကြတယ်။ လူတွေဟာ အလုပ်အကိုင် သစ်ကနေ ၀င်ငွေအသစ်တွေရကြတယ်။ တချို့ ဒါနဲ့ပတ်သက်ပြီး ပြည်သူအများစုကတော့ ပြောင်းတယ်သာကြားရတယ်၊ ဘာမှအကျိုး ခံစားခွင့်မရသေးဘူးလို့ အားမလိုအားမရပြောကြတဲ့အနေအထားတွေကိုလည်း ကျွန်တော်တို့ကြားနေရတာတွေရှိတယ်။ ဒီကိစ္စက ပြည်သူကို နားလည်အောင်ရှင်းပြဖို့ဆိုတာကလည်း အင်မတန်မှခက်ခဲတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နိစ္စဓူဝဘ၀မှာ ဒါကို ချက်ချင်း လက်ဆုပ် လက်ကိုင်ပြပြီးတော့ သိသာထင်ရှားတဲ့အကျိုးရလဒ်ဖြစ်မလာသေးဘူးပေါ့။
ဒါကြောင့်မို့ ကျွန်တော်တို့ဒုတိယအဆင့်မှာ ပြည်သူကိုဗဟိုပြုတဲ့ဖွံ့ဖြိုးမှုဖြစ်အောင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို နိုင်ငံတော် အနေနဲ့ဇောင်းပေးပြီးလုပ်တယ်ဆိုတဲ့ကိစ္စက ခုနကပြောသလို တည်ငြိမ်သွားပြီဆိုရင် စီးပွားရေးကိုတက်အောင်လုပ်တဲ့အခါမှာ တက်တဲ့ အကျိုးကျေးဇူးဟာ ပြည်သူကိုတိုက်ရိုက်အကျိုးရှိအောင် အဲဒီတော့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်နဲ့ပေါင်းပြီးတော့ ဒီကိစ္စကို ဒုတိယ ပိုင်းမှာ နိုင်ငံတော်အစိုးရဘက်ကနေပြီးတော့ တာဝန်ယူပြီးတော့ဆောင်ရွက်လာတာဖြစ်တယ်။ အဲဒါကြောင့်မို့ အခုဆိုရင် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့မီးရရှိရေး၊ ရေရှိရေး၊ အလုပ်အကိုင်ရရှိရေး၊ ကုန်သွယ်မှုနဲ့ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ဦးစားပေးအစီအစဉ်ကို ဆောင်ရွက်လာတာပေါ့။
မီးဆိုရင် ဒီနှစ်မှာ တော်တော်ကိုမှန်လာတဲ့သဘောရှိတယ်။ ရေဆိုရင်လည်း ရေပြဿနာကြုံနေရတဲ့မြို့တော်ကြီးတော်တော်များများ ရေနဲ့ပတ်သက်တဲ့ကိစ္စကို တာဝန်ယူဖြေရှင်းနေပြီဖြစ်တယ်။ ကုန်သွယ်ရေးကလည်း တော်တော်ကိုပွင့်လင်းလာတဲ့အခါမှာ ဥပမာ- လယ်ယာ ထွက်ကုန်နဲ့ ကုန်သွယ်ရေးဟာ တော်တော်တက်လာတဲ့သဘောရှိတယ်။ ပြီးရင် ကျွန်တော်တို့ဆီမှာလာပြီးတော့ အလုပ်အကိုင်ပိုင်းမှာလည်း အထည်ချုပ်အပါအ၀င် တခြားစက်မှုလက်မှုလုပ်ငန်းတွေမှာလုပ်တဲ့လုပ်ငန်းသစ်တွေကလည်း ပိုပြီးပေါ်လာတဲ့အနေအထားရှိတယ်။ နောက် အရေးအကြီးဆုံးကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တော်တော်လေးတိုးတက်လာပြီးတော့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အလုပ် အကိုင်အသစ်တွေရလာတဲ့အနေအထားတွေဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒါဟာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့လိုနေသေးတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပိုပြီးတော့ ဒီထက်မကဖွံ့ဖြိုးတိုးတက်နိုင်မှသာလျင် ဒီလယ်ယာကဏ္ဍကိုအခြေခံပြီးတော့ တိုင်းပြည်ရဲ့လူဦးရေ အများစုဖြစ်တဲ့လယ်သမားမိသားစုတွေအတွက်က ၀င်ငွေတိုးတက်မှုရရှိနိုင်တယ်ဆိုပြီးတော့ ဒါကိုဇောင်းပေးပြီးလုပ်နေပေမဲ့ လယ်ယာကဏ္ဍ မှာ အခြေအနေအမျိုးမျိုးကြောင့်မို့လို့ အခုထက်ထိ တိုးတက်မှုနှုန်းက နှေးကွေးနေတုန်းပဲဖြစ်နေသေးတယ်။ အဲဒီတော့ ဒါကို မြန်ဆန်အောင် လုပ်ဖို့ဆိုတဲ့ကိစ္စကို အာရုံစိုက်ပြီးစဉ်းစားလာတာပေါ့။
Credit To>>(Myanmar B2B Management Magazine,July 2014)
Coming soon...

နိုင်ငံတွေမှာ၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလိုမျိုး အသွင်ကူးပြောင်းရေးကာလကို ဖြတ်ကူး ရတဲ့ နိုင်ငံတွေမှာ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့အခါမှာ အဓိကကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကတော့ မိုက်ခရိုစီးပွားရေးဝန်းကျင်ကို တည်ငြိမ်မှု ရှိအောင်ဆောင်ရွက်တဲ့လုပ်ငန်းပဲဖြစ်ပါတယ်။
ဒီမှာ မိုက်ခရိုစီးပွားရေးဝန်းကျင်ကို တည်ငြိမ်အောင် လုပ်တဲ့အခါမှာ လွယ်လွယ်ပြောရရင်တော့ ဈေးနှုန်းတွေ တည်ငြိမ်အောင်လုပ်ရတာပေါ့ဗျာ။ ဈေးနှုန်း ဆိုတဲ့နေရာမှာ ကုန်ဈေးနှုန်းဆိုတဲ့ဟာရှိတယ်။ နောက်ပြီးတော့ စားသုံးသူတွေနဲ့ရောင်း တဲ့သူတွေကြားထဲမှာလုပ်ရတဲ့ကိစ္စတွေ။ နောက်ပြီးတော့ ငွေလဲနှုန်းဆိုတာလည်းရှိတယ်။ အတိုးနှုန်း ဆိုတာရှိတယ်။ ဒါတွေဟာ နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ ဘဏ်စနစ်တွေကြားမှာ ခိုင်မာအောင်လုပ်ရတာပေါ့။ အဲဒီနှုန်းတွေအားလုံးကို တည်ငြိမ်အောင်လုပ်ထားရတဲ့ ကိစ္စပေါ့။ ယခင်ခေတ်ကအနေအထားနဲ့ကြည့်မယ်ဆိုရင် ယခင်ခေတ်ကကုန်ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု နှုန်းတွေ အရမ်းမြင့်ခဲ့တဲ့ အနေအထားတွေရှိတယ်။ အတက်အကျတွေကြမ်းခဲ့တဲ့အနေအထား ရှိတယ်။ ငွေလဲလှယ်နှုန်းဆိုရင်လည်း တက်လိုက်၊ ကျလိုက်တွေ တော်တော်များများရှိတယ်။ ပြီးရင် မြန်မာကျပ်ငွေတန်ဖိုးဟာလည်း ပိုပြီးတော့ တခြားနိုင်ငံခြားငွေတွေနဲ့ယှဉ်ရင် တန်ဖိုးကျဆင်းတဲ့ပြဿနာတွေ ကြုံခဲ့ရတာပေါ့။ အဓိကကတော့ အဲဒီဟာတွေဖြစ်တယ်ဆိုရင် အထူးသဖြင့် ကုန်သည်၊ ထုတ်လုပ်သူတွေကိုထိခိုက်သလို အဓိကကတော့ အခြေခံစားသုံးသူ လုပ်သား ပြည်သူတွေအတွက် ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေဖြစ်တာပေါ့။
အဲဒီတော့ ဒီဈေးနှုန်းကိုတည်ငြိမ်အောင်လုပ်တဲ့ကိစ္စကို ဦးစားပေးပြီးဆောင်ရွက်ကြတယ်။ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့တို့၊ ကမ္ဘာ့ဘဏ်တို့ကလည်း ဒီကိစ္စတွေကို များသောအားဖြင့် ကျနိုင်အောင် ကူညီအားပေးဆောင်ရွက်လေ့ရှိကြတယ်။ အဲဒီ တော့ ကျွန်တော်တို့ အဲဒီအစီအစဉ်နဲ့ အရင်ဆုံးစခဲ့တာပေါ့။ နံပါတ် ၁ က ငွေလဲနှုန်းကိုပြင်ခဲ့တယ်။ ဒီပြင်တဲ့အတွက်ကြောင့် အခုဆိုရင် ငွေလဲနှုန်းဟာ အတော်တည်ငြိမ်သွားတဲ့အနေအထားရှိတယ်။ အဓိကကတော့ ဘာတွေလုပ်ရလဲဆိုတော့ အစိုးရရဲ့ဝင်ငွေကျနေတဲ့ပြဿနာကို ပြေလည်အောင်ဖြေရှင်းခဲ့တယ်။ ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ ၀င်ငွေနဲ့သုံးငွေကိုမျတအောင်ဆိုပြီး ဆောင်ရွက်ခဲ့တယ်။ တစ်ချိန်တုန်းကတော့ လိုငွေပြတဲ့ပြဿနာကို ငွေစက္ကူရိုက်ထုတ်ပြီးဖြေရှင်းတဲ့ပုံစံမျိုးကို ဗဟိုဘဏ်ကတစ်ဆင့် နှစ်ရှည်အပေါင်ခံစာချုပ်တွေရောင်းချပေးတဲ့ကိစ္စ၊ ငွေတိုက်စာချုပ်တွေရောင်းချပေးတဲ့ကိစ္စနဲ့ ပြေလည်အောင်ဖြေရှင်းပေးခဲ့တဲ့အခါကျတော့ ခုနကပြောတဲ့ငွေကြေးဖောင်းပွမှုနှုန်းတွေကလည်း ပိုပြီးတည်ငြိမ်လာတယ်။ ၁၀ ရာခိုင်နှုန်းအောက် အခုဆိုရင် ၇ ရာခိုင်နှုန်းလောက်မှာရှိတဲ့အနေအထားပဲဖြစ်သွားတာပေါ့။ ဒါဟာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ဆောင်ရွက်ချက်တစ်ခုကို ဆောင်ရွက်ခဲ့တာပါ။
ဒါပေမဲ့လည်း ခုနကပြောတဲ့နှုန်းတွေကိစ္စက သိသာထင်ရှားတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့။ ငွေလဲနှုန်းဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့ ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။ များသောအားဖြင့် ကုန်သည်ပွဲစားတွေ၊ ဈေးကွက်ထဲမှာကျင်လည်တဲ့လူတွေပဲသိကြတယ်။ ကုန်ဈေးနှုန်းတည်ငြိမ်တဲ့ ဟာက များသောအားဖြင့် ကုန်ဈေးနှုန်းမြင့်သွားရင် လူတွေကသတိထားမိကြပြီးတော့ ကုန်ဈေးနှုန်းက ဘာမှလည်းမတက်ဘူး၊ ငြိမ်နေတယ် ဆိုရင် လူတွေက များသောအားဖြင့် သတိမထားမိတတ်ကြတာတွေရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က အခုလက်ရှိ ဒါတွေ ကိုလည်း ဘယ်လိုပြောလေ့ရှိသလဲဆိုတော့ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အကျိုးကျေးဇူးတွေဆိုပြီးပြောလေ့ရှိတယ်။ များသောအားဖြင့် ပြုပြင်ပြောင်းလဲရေးအစပိုင်းမှာ ဒီလိုအကျိုးကျေးဇူးတွေရအောင်ဖန်တီးဆောင်ရွက်နိုင်တာကိုက အင်မတန်ကြီးမားတဲ့ အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံတွေမှာ အဲဒီလိုဆောင်ရွက်ရင်းနဲ့ပဲ ဆုံးရှုံးခဲ့ရတာတွေ ရှိတယ်။ ကျဆုံးခဲ့ရတာရှိတယ်။ ကျွန်တော်တို့ဆီမှာဆိုရင်တော့ အောင်အောင်မြင်မြင်နဲ့လုပ်နိုင်တဲ့သဘောရှိတာပေါ့။
ဒါပေမဲ့လည်း ဒါကို ပြည်သူလူထုအနေနဲ့ နားလည်ဖို့၊ သဘောပေါက်ဖို့ခက်တာပေါ့။ အကျိုးကျေးဇူးတွေကတော့ ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်သွားတဲ့ပုံစံနဲ့စာရင် စီးပွားရေးပတ်ဝန်းကျင်ကို ပိုပြီးတော့ကောင်းလာအောင်၊ စီးပွားရေးပတ်ဝန်းကျင်ကောင်းလာပြီဆိုရင် ပြည်သူတွေကလည်း ဒါကနေတစ်ဆင့် သွယ်ဝိုက်သောအားဖြင့် အကျိုးခံစားခွင့်ရလာတဲ့အနေအထားမျိုးကိုဖန်တီးရတာပေါ့။ ဈေးနှုန်း တည်ငြိမ်သွားတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်လာတယ်။ နိုင်ငံတကာရဲ့ကုန်သွယ်ဖက်တွေကလည်း ပိုမိုစိတ်ချယုံကြည်ပြီး ကျွန်တော်တို့ ဆီမှာလာပြီး အရောင်းအ၀ယ်တွေလုပ်ကြတယ်။ ကုမ္ပဏီတွေလာဖွင့်ကြတယ်။ အလုပ်အကိုင်တွေရကြတယ်။ လူတွေဟာ အလုပ်အကိုင် သစ်ကနေ ၀င်ငွေအသစ်တွေရကြတယ်။ တချို့ ဒါနဲ့ပတ်သက်ပြီး ပြည်သူအများစုကတော့ ပြောင်းတယ်သာကြားရတယ်၊ ဘာမှအကျိုး ခံစားခွင့်မရသေးဘူးလို့ အားမလိုအားမရပြောကြတဲ့အနေအထားတွေကိုလည်း ကျွန်တော်တို့ကြားနေရတာတွေရှိတယ်။ ဒီကိစ္စက ပြည်သူကို နားလည်အောင်ရှင်းပြဖို့ဆိုတာကလည်း အင်မတန်မှခက်ခဲတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နိစ္စဓူဝဘ၀မှာ ဒါကို ချက်ချင်း လက်ဆုပ် လက်ကိုင်ပြပြီးတော့ သိသာထင်ရှားတဲ့အကျိုးရလဒ်ဖြစ်မလာသေးဘူးပေါ့။
ဒါကြောင့်မို့ ကျွန်တော်တို့ဒုတိယအဆင့်မှာ ပြည်သူကိုဗဟိုပြုတဲ့ဖွံ့ဖြိုးမှုဖြစ်အောင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို နိုင်ငံတော် အနေနဲ့ဇောင်းပေးပြီးလုပ်တယ်ဆိုတဲ့ကိစ္စက ခုနကပြောသလို တည်ငြိမ်သွားပြီဆိုရင် စီးပွားရေးကိုတက်အောင်လုပ်တဲ့အခါမှာ တက်တဲ့ အကျိုးကျေးဇူးဟာ ပြည်သူကိုတိုက်ရိုက်အကျိုးရှိအောင် အဲဒီတော့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်နဲ့ပေါင်းပြီးတော့ ဒီကိစ္စကို ဒုတိယ ပိုင်းမှာ နိုင်ငံတော်အစိုးရဘက်ကနေပြီးတော့ တာဝန်ယူပြီးတော့ဆောင်ရွက်လာတာဖြစ်တယ်။ အဲဒါကြောင့်မို့ အခုဆိုရင် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့မီးရရှိရေး၊ ရေရှိရေး၊ အလုပ်အကိုင်ရရှိရေး၊ ကုန်သွယ်မှုနဲ့ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ဦးစားပေးအစီအစဉ်ကို ဆောင်ရွက်လာတာပေါ့။
မီးဆိုရင် ဒီနှစ်မှာ တော်တော်ကိုမှန်လာတဲ့သဘောရှိတယ်။ ရေဆိုရင်လည်း ရေပြဿနာကြုံနေရတဲ့မြို့တော်ကြီးတော်တော်များများ ရေနဲ့ပတ်သက်တဲ့ကိစ္စကို တာဝန်ယူဖြေရှင်းနေပြီဖြစ်တယ်။ ကုန်သွယ်ရေးကလည်း တော်တော်ကိုပွင့်လင်းလာတဲ့အခါမှာ ဥပမာ- လယ်ယာ ထွက်ကုန်နဲ့ ကုန်သွယ်ရေးဟာ တော်တော်တက်လာတဲ့သဘောရှိတယ်။ ပြီးရင် ကျွန်တော်တို့ဆီမှာလာပြီးတော့ အလုပ်အကိုင်ပိုင်းမှာလည်း အထည်ချုပ်အပါအ၀င် တခြားစက်မှုလက်မှုလုပ်ငန်းတွေမှာလုပ်တဲ့လုပ်ငန်းသစ်တွေကလည်း ပိုပြီးပေါ်လာတဲ့အနေအထားရှိတယ်။ နောက် အရေးအကြီးဆုံးကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တော်တော်လေးတိုးတက်လာပြီးတော့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အလုပ် အကိုင်အသစ်တွေရလာတဲ့အနေအထားတွေဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒါဟာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့လိုနေသေးတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပိုပြီးတော့ ဒီထက်မကဖွံ့ဖြိုးတိုးတက်နိုင်မှသာလျင် ဒီလယ်ယာကဏ္ဍကိုအခြေခံပြီးတော့ တိုင်းပြည်ရဲ့လူဦးရေ အများစုဖြစ်တဲ့လယ်သမားမိသားစုတွေအတွက်က ၀င်ငွေတိုးတက်မှုရရှိနိုင်တယ်ဆိုပြီးတော့ ဒါကိုဇောင်းပေးပြီးလုပ်နေပေမဲ့ လယ်ယာကဏ္ဍ မှာ အခြေအနေအမျိုးမျိုးကြောင့်မို့လို့ အခုထက်ထိ တိုးတက်မှုနှုန်းက နှေးကွေးနေတုန်းပဲဖြစ်နေသေးတယ်။ အဲဒီတော့ ဒါကို မြန်ဆန်အောင် လုပ်ဖို့ဆိုတဲ့ကိစ္စကို အာရုံစိုက်ပြီးစဉ်းစားလာတာပေါ့။
ဒေါက်တာဇော်ဦး
နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေး
အမှုဆောင်ဒါရိုက်တာ၊ MDRI-CESD

Credit To>>(Myanmar B2B Management Magazine,July 2014)
Coming soon...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...