ထီးကလေးကို အားနာလို့ .....

ထီးအဟောင်းလေးတစ်လက်
မိုးရွာတဲ့အခါ ဆောင်းဖို့အတွက်
ရည်ရွယ် သိမ်းဆည်းထားခဲ့တယ်။
မိုးတွေရွာပါပြီ...
ဒီရာသီမှာလည်း သွားလာဖြစ်ပါတယ်
မိုးတိတ်အောင် စောင့်ပြီးတော့ပေါ့။
မိုးတွေရွာနေပေမယ့်
အားနာမိတဲ့ကြောင်းကြောင့်
ထီးကလေးကို မဆောင်းဖြစ်ခဲ့ဘူး။
ထီးကလေးဖွင့်ပြီး မော့ကြည့်မိတဲ့အခါ
တစ်ခါက ချစ်သူမျက်နှာကို
မြင်ယောင်လာလို့ပါ။
ဟိုးအရင်မိုးတွေရွာတုံးက
ချစ်သူပြုံးရင်း ကိုယ့်နံဘေးမှာ
ထီးကလေးကို မော့ကြည့်ခဲ့ဘူးတယ်....။
အခုတော့လေ....
မိုးရေတွေ စိုချင် စိုပါစေတော့
ထီးကလေးမဆောင်းချင်တော့ဘူး
ပြီးပြည့်စုံတဲ့ အပြုံးလေးကို
ထီးကလေးလွမ်းမှာ စိုးလို့ပါ။
(ကွန်ဆူးမား)(၂၄-၆-၂၀၁၄)
ဒီရာသီမှာလည်း သွားလာဖြစ်ပါတယ်
မိုးတိတ်အောင် စောင့်ပြီးတော့ပေါ့။
မိုးတွေရွာနေပေမယ့်
အားနာမိတဲ့ကြောင်းကြောင့်
ထီးကလေးကို မဆောင်းဖြစ်ခဲ့ဘူး။
ထီးကလေးဖွင့်ပြီး မော့ကြည့်မိတဲ့အခါ
တစ်ခါက ချစ်သူမျက်နှာကို
မြင်ယောင်လာလို့ပါ။
ဟိုးအရင်မိုးတွေရွာတုံးက
ချစ်သူပြုံးရင်း ကိုယ့်နံဘေးမှာ
ထီးကလေးကို မော့ကြည့်ခဲ့ဘူးတယ်....။
အခုတော့လေ....
မိုးရေတွေ စိုချင် စိုပါစေတော့
ထီးကလေးမဆောင်းချင်တော့ဘူး
ပြီးပြည့်စုံတဲ့ အပြုံးလေးကို
ထီးကလေးလွမ်းမှာ စိုးလို့ပါ။
(ကွန်ဆူးမား)(၂၄-၆-၂၀၁၄)
0 comments:
Post a Comment