Wednesday, June 18, 2014
သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၆)
သစ်ထူးလွင်
Posted: 18 Jun 2014 08:03 AM PDT
 အီရတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ဆူနီ တိုက်ခိုက်ရေး သမားတွေ သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေရရှိပါတယ်။ ပြီးခဲ့တဲ့ညက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စက်ရုံကို စစ်သွေးကြွတွေ ထိန်းချုပ်ထားလိုက်ပြီလို့ ဘေဂျီ Baiji မှာ ရှိတဲ့ ရေနံချက် စက်ရုံ တာဝန်ခံတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ အီရတ် စစ်တပ်ကတော့ တန်ပြန် တိုက်ခိုက်ရာမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို သုံးခဲ့တယ်လို့ သိရပါတယ်။ သူတို့
Posted: 18 Jun 2014 08:01 AM PDT
 အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ် မြို့မှာ အလုပ်လုပ်နေတဲ့ အိန္ဒိယ ဆောက်လုပ်ရေး အလုပ်သမား ၄၀ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို အိုက်ဇစ် ISIS ဆူနီ စစ်သွေးကြွတွေ ထိန်းချုပ်ရာ ဒေသကို ခေါ်သွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ကို ဖမ်းသွားတာ ဖြစ်ပေမယ့် ဘယ်မှာ ရှိတယ် ဆိုတာတော့ အတိအကျ မသိရဘူးလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ငွေပေးပြီးေ
Posted: 18 Jun 2014 07:59 AM PDT
 ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်းဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ
Posted: 18 Jun 2014 07:57 AM PDT
 ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထားရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ အထက်မြန်မာပြည်သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ မဟာသန္တိသုခကျောင်းတိုက်
Posted: 18 Jun 2014 05:52 AM PDT
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ ဟုန်စိန်ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ လုပ်အားခတိုးပေးဖို့ ဒီနေ့ ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ် အလုပ်သမားတွေဟာ ရှားပါးစရိတ် ၂ သောင်း၊ ထမင်းစရိတ် ၁ သောင်းနဲ့ ခရီးစရိတ် ၁ သောင်း စုစုပေါင်းကျပ် ၄ သောင်းအထိ တိုးပေးဖို့၊ အလုပ်သမားတွေအတွက် ထမင်းစားချိန် သတ်မှတ်ပေးဖို့ စတဲ့အချက် ၇ ချက်ကို တောင်းဆိုနေကြတာပါ။ မနေ့က
Posted: 18 Jun 2014 05:21 AM PDT
 အီရတ်နိုင်ငံ မြောက်ပိုင်းက နိုင်ငံရဲ့အကြီးဆုံး ရေနံချက် စက်ရုံကို ဆွန်နီမွတ်စလင် စစ်သွေးကြွတွေက စက်သေနတ်တွေ မော်တာတွေနဲ့ ဒီနေ့ ပစ်ခတ် တိုက်ခိုက်ပါတယ်။ စက်ရုံရဲ့ အဓိက ၀င်ပေါက် ၂ ခုအပြင်ကနေ တိုက်ခိုက်တာဖြစ်ပြီး မော်တာကျည်ဆန်တခုက အပိုပစ္စည်းသိုလှောင်ရုံကို ထိမှန်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန် ၁၇ ရက်နေ့ကတော့ လုံခြုံရေးတပ်တွေက တိုက်ခိုက်မှုကနေ ကာကွယ်ပေးထားပြီး စက်ရုံထဲက
Posted: 18 Jun 2014 04:03 AM PDT
Posted: 18 Jun 2014 03:57 AM PDT
 ခင်ဦး ဇွန် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကုတ္တက်ကျေးရွာအုပ်စု၊ သီဟတောကျေးရွာရှိ သမိုင်းဝင်အညာ သီဟတောဘုရား ထီးတော်တင်ပြီးနောက်ပ်ုင်း ပဲခူးမြို့(၁၀)မိုင်ကုန်းရပ်နေ ပတ္တမြားဆရာတော်ဘုရားဖူးအဖွဲ့မှ ဘုရားဖူး လာရောက်စဉ် အဆိုပါအဖွဲ့၌ပါလာသော အမျိုးသမီးတစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက၀င်ပူးပြီး နဂါးရုံဘုရားတစ်ဆူတည်ပေးရန် ဆရာတော်အား လျှောက်ထားရာ ဆရာတော်မှ တည်ထားပေးရန် တာဝန်ယူခဲ့သည်။
Posted: 18 Jun 2014 03:47 AM PDT
နေပြည်တော် ဇွန် ၁၇   ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်းရှိ အခြေခံပညာကျောင်း အားလုံး၏ ၅၂ဒသမ၂၉ ရာခိုင် နှုန်းတွင် အဝီစိတွင်းမရှိသဖြင့် သောက်ရေနှင့်သုံးရေများ ခက်ခဲ လျက်ရှိကြောင်းသိရသည်။ ယနေ့ကျင်းပသော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အခြေခံပညာကျောင်းအားလုံး၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက် စွာရရှိရန် နိုင်ငံတော်မှ
Posted: 18 Jun 2014 03:28 AM PDT
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးတွင် လုပ်ငန်းခွင် အတွင်း အသုံးပြုနေသည့် ယန္တရားများနှင့် ကားကြီး ကားငယ်များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ အများအပြား ပါဝင်နေ သဖြင့် သက်ဆိုင်ရာ မှပြန်လည် စိစစ်ရန် လိုအပ်နေကြောင်း ကြေးနီ စီမံကိန်း ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။ နိုင်ငံတော်အဆင့် ကြေးနီစီမံကိန်းကြီးအတွင်း ပြည်ပမှ တရားမ၀င်ရောက်ရှိ လာသည့် မော်တော်ယာဉ် များကို တွင်ကျယ်စွာ
Posted: 18 Jun 2014 03:25 AM PDT
 ယခင်အစိုးရ လက်ထက်က အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များမှ သိမ်းယူထားသော လယ်ယာမြေ နှင့် အခြားမြေများ နှင့် ပတ်သက်၍ မူလ ပိုင်ဆိုင်ခဲ့သော သူများမှာ ပုသိမ်မြို့နယ် တရားရုံးတွင် ပုဒ်မ (၄၄၇)ဖြင့် တရားစွဲဆိုခံနေရကြောင်း သိရသည်။ အနောက်တောင်တိုင်း ဒေသကြီး စစ်ဌာနချုပ် မှ ဒုတိယ ဗိုလ်မှူးကြီး သက်ထွန်း၊ စစ်ဦးစီး (ပထမတန်း) ထောက်ဌာနက တပ်မတော်ပိုင် အုန်းခြံ (၃၃ ဒဿမ ၉၆)
Posted: 18 Jun 2014 03:21 AM PDT
 ၂၀ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုပွဲတွေရဲ့ ဒုတိယပွဲစဉ်တွေ စတင် ယှဉ်ပြိုင်ကစား နေကြရာ မှာ ဒီနေ့ညနဲ့ မနက်ဖြန် မနက်အစောပိုင်းမှာတော့ အုပ်စု (ခ)နဲ့ အုပ်စု (က) တို့က အသင်းတွေ ကစားကြ မှာပါ။ အုပ်စု(ခ)က နယ်သာလန်နဲ့ သြစတြေလျအသင်းတို့ ဒီနေ့ည ၁၀နာရီခွဲမှာ ကစားမှာ ဖြစ်ပြီး နာမည်ကြီး စပိန်နဲ့ ချီလီတို့ကတော့ မနက် ၁ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။ အုပ်စု(က)က လက်ကျန်တပွဲဖြစ်တဲ့ ကင်မရွန်းနဲ့
Posted: 18 Jun 2014 03:37 AM PDT
ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။  ကရင်အမျိုးသား အစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)အနေဖြင့် ၎င်းတို့ လက်အောက် ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)အဖွဲ့အား စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် တနင်္သာရီတိုင်း ဒေသကြီး အစိုးရမှ ပေးပို့သည့် အမိန့်စာအပေါ် သဘောမတူကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။ KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “ကျနော်တို့ဘက်က နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျနော်တို့ ရဲတွေက ဆူပူသောင်းကျန်းတာလည်း
Posted: 18 Jun 2014 03:10 AM PDT
 ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ် ဖိနပ်ချုပ်သည့် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦး ငွေကြေးအဆင်မပြေသဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ ဖြစ်ပွားပုံမှာ သာကေတမြို့နယ်၊ ၃/ မာန်ပြေရပ်ကွက်အတွင်း နေထိုင်သည့် အောင်မျိုးသူ(၃၅)နှစ်သည် ၎င်း၏ နေအိမ်အရှေ့ခန်း
Posted: 18 Jun 2014 03:37 AM PDT
 ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ် သန်လျင်မြို့နယ်အတွင်း နေထိုင်သည့် အမျိုးသားနှစ်ဦးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကားပစ္စည်း အရောင်းဆိုင်တွင် အလုပ်ရမည်ဆိုကာ အကျိုးဆောင်ခများယူ၍ တရားမ၀င်ပို့ဆောင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ ဖြစ်ပွားပုံမှာ သန်လျင်မြို့နယ်၊ ကျိုက်အင်းေ
Posted: 18 Jun 2014 03:05 AM PDT
 ရန်ကုန်- ရန်ကုန်ယူနိုက်တက် ဘောလုံး ကစားသမား ကြည်လင်းသည် အသက်မပြည့် သေးသော မိန်းကလေး ငယ်တစ်ဦးကို ခိုးယူပေါင်းသင်းမှု စွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခံထားရကြောင်း သတင်းရရှိသည်။ မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ကွင်းလယ်ကစားသမား ကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီ
Posted: 18 Jun 2014 02:59 AM PDT
 မုံရွာ− တရုတ်နိုင်ငံမှ ချေးငွေကိုရ ယူကာ သမ၀ါယမအသင်းသား များအား ထောက်ပံ့နေခြင်းဖြစ် ကြောင်း မုံရွာမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၁၇ ရက် နံနက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် သမ၀ါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။ ‘‘၀ယ်တဲ့ စက်ကိရိယာတွေ ကိုတော့ ကိုယ့်ဆန္ဒနဲ့ အညီဝယ်ယူ ခွင့်ရှိပါတယ်။ အခုအတိုးနှုန်းနဲ့ ပတ်သက်ပြီး ၇၅ြ
Posted: 18 Jun 2014 02:57 AM PDT
 အီရတ်နိုင်ငံမှာ ဆွန်နီအာရပ်သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းကို သိမ်းထားပြီး မြို့တော်ဘဂ္ဂဒက်ဘက်ကို ချီတက်နေပါတယ်။ ဇွန် ၁၇ ရက်နေ့က ကာကွက်ခရိုင်ထဲမှာ ကာဒစ်ရှ် လုံခြုံရေးတပ်တွေနဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ် စစ်သွေးကြွသူပုန်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အိုင်အက်စ်အိုင်အယ်လ် သူပုန်တွေဟာ အရင်အပတ်က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ အီရတ်စစ်သားတွေကို အစုလိုက်အပြုံလိုက်
Posted: 18 Jun 2014 03:38 AM PDT
 မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ အင်ဒိုနီးရှား တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရသူတွေကို တင်လာတဲ့ သစ်သားလှေတစီး ဒီနေ့ နစ်မြှုပ်ခဲ့ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ လူ အနည်းဆုံး ၄၂ ယောက်ကို ရှာနေပါတယ်။ အစောပိုင်းကတော့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရဲ့ အလောင်းကို ဆယ်ထားတယ်လို့ မီဒီယာတွေက ရေးပါတယ်။ မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ
Posted: 18 Jun 2014 02:52 AM PDT
 ကလေး- ချင်းပြည်နယ် ပလက်ဝ မြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်စု တွင် လက်နက်ကိုင်ရှစ်ဦး ပါဝင် သော အဖွဲ့တစ်ဖွဲ့က ဆက်ကြေး ကောက်ခံခဲ့ကြောင်း ပလက်ဝမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်း အောင်က ပြောသည်။ ‘‘ဘယ်အဖွဲ့ကလည်း ဆို တာကတော့ စုံစမ်းဆဲပါ။ ည ဘက် ၈ နာရီလောက်ကြီး ၀င်လာ ပြီး ကောက်ကြတယ်။ တစ်အိမ် ထောင်ကို ကျပ်ရှစ်ထောင်ကောက် သွားတယ်။ သူတို့က ကောက်ပြီး ပြီးချင်း နယ်စပ်ဘက်ကို ဖြတ်ပြီး ထွက်သွားတာဆိုတော့ ကျွန်ေ
Posted: 18 Jun 2014 02:49 AM PDT
 ရန်ကုန်- ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ပိတ်ပင်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ
Posted: 18 Jun 2014 02:32 AM PDT
 သတ္တုတွင်း ၀န်ကြီးဌာနကို အခွန်အခအဖြစ် ရွှေပေးသွင်းဖို့ ကျန်နေသေးတဲ့ ကုမ္ပဏီတွေရဲ့ အကြွေးတွေကို လျော်ပေးဖို့ မြန်မာနိုင်ငံ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်ကိုက တောင်းဆိုလိုက်ပြီး ၀န်ကြီးဌာနကို စာရေးသား တောင်းဆိုမယ်လို့ သိရပါတယ်။ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ သူက ခုလို တောင်းဆိုလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ ကုမ္ပဏီပေါင်း ၂၂၃ ခုဟာ
Posted: 18 Jun 2014 02:36 AM PDT
 စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၃ နှစ်တာကာလ ၁၉၈၈က ၂၀၁၁ ခုနှစ်အထိ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်း အသီးသီး အတွက် အရာထမ်း အလုပ်နေရာ ၂၃၀၀၀ ကျော် ခေါ်ယူခဲ့ရာမှာ လျှောက်ထား သူတွေရဲ့ ၆ ရာခိုင်နှုန်းကျော်ကိုပဲ ခန့်ထားနိုင်ခဲ့တယ်လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။ ဒီအထဲကမှ ၂ သောင်းလောက်ကိုပဲ ခန့်ထားနိုင်ခဲ့ပြီး ၂ သိန်း ၈ သောင်းလောက်ကိုတော့ မခန့်နိုင်ခဲ့ဘူးလို့ ဆိုလိုတာပါ။ ဇွန် ၁၇ ရက်နေ့က
Posted: 17 Jun 2014 08:40 PM PDT
 ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ် ဘွဲ့ရလူငယ်များကို ယခင်အစိုးရလက်ထက်က အစိုးရ၀န်ထမ်းအဖြစ် လုံးဝမခန့်အပ်ခဲ့သဖြင့် ဘ၀များ ပျက်စီးခဲ့ရသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်၏ ဝေဖန်မှုကို ဆီလျော်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ငြင်းဆိုလိုက်သည်။ ဦးစတီဗင်သာဘိတ်က နိုင်ငံ့ဝန်ထမ်း ခန့်ထားရာတွင် အသက်ကန့်သတ်မှုနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် ယင်းသို့
Posted: 17 Jun 2014 08:18 PM PDT
  သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် ပတ္တမြားမှော် (လွယ်ဆိုင်) တောင်ပေါ် ရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စ ခန်းအား အ စိုးရ တပ်မတော်မှ လက်နက် ကြီးများ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်သော ကြောင့် အဆိုပါ စခန်း ဆုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောရေး ဆိုခွင့် ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။ လွယ်ဆောင်ထောက် (ဘိုးဘွားတောင်) တောင်ကြောပေါ်ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ် ဆိုင်တပ်စခန်းအား
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...