Sunday, June 15, 2014

ဟ . သ . င (သို့) ဟန်သစ်ငြိမ်

June 15, 2014 at 2:17am
Acronym ဆိုတာ အတိုကောက်သုံးတဲ့ စကားလုံးတွေကို ပြောတာပါ။ မြန်မာမှာလည်း တော်တော်သုံးပါတယ်။ အထူးသဖြင့် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း နာမည်တွေမှာပါ။ (ဥပမာ။ ဆသရ၊ မထသ စသဖြင့်ပေါ့...) ကျွန်တော်တို့ငယ်ငယ်တုန်းက ဖတ်စာအုပ်မှာ ဖဆပလ အဖွဲ့ဆိုပြီး သင်ရတယ်။ အဲဒါကို ကျွန်တော်တို့သူငယ်ချင်းတွေက `ဖင်ဆေးပါလား´ ဆိုပြီး ဟာသလုပ်ဖူးတယ်။ `မထသ´ ဆိုတာကိုလည်း `မိန်းမ ထိန်းသိမ်းရေး´ဆိုပြီး နောက်ပြောင်ပြောကြဖူးတယ်။ အင်္ဂလိပ်မှာလည်း အဲလိုမျိုး ဘရုတ်ကျတာတွေရှိတယ်။

ဒီဆောင်းပါးကိုရေးဖို့ Acronym တွေ စုဆောင်းနေတာ အတော်ကြာသွားခဲ့ပါတယ်။ ခုရေးဖို့ လုပ်တော့ အများကြီးဖြစ်နေပြန်ရော။ ဒါနဲ့ပဲ လိုတိုးပိုလျှော့လေးတွေ လုပ်ပြီး ရေးလိုက်ရပါတယ်။
အတည်အတံ့တွေရှိသလို အပြောင်အပျက်တွေလည်း အများကြီး ပါပါတယ်။ ဒါကြောင့် ချင့်ချိန်ပြီး သုံးဖို့ရန်အကြံပြုလိုပါတယ်။

ပထမဆုံးလိုက်ရှာတာမှာ Acronym ဆိုတာကိုတွေ့ပါတယ်။

A.C.R.O.N.Y.M 
A Concise Reduction Of Nomenclature Yielding Mnemonics
A Capitalised Representation Of Names You Memorize

တခါကဟာသတစ်ခုထဲမှာ BE ဘွဲ့ဆိုတာ ဘီယာသောက်ပြီး အီးပေါက်တယ် ဆိုပဲ။ “ဘီကွမ်း” ဆိုတာကျတော့ ဘီယာရောင်းတယ် ကွမ်းရောင်းတယ် ဆိုပဲ။


BA= Bloody Awful
BEng = Brainless Engineer - Not Good
BS = Bull Shit
MBA = Married But Available

MBA= Married By Accident
PhD = Pretty Huge Dick


FBI= Fat Bumbling Idiots!
FBI = Free Beer Inside.

FBI = Female Body Inspector

Adidas = Advertising Does Influence Dumb Asshole's Selection
Adidas = All Day I Dream About Sex

DIET= Did I Eat Today?

DIARY ဆိုပြီး သုံးနေတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲဒါဟာ Darling I Always Remember You ဆိုတာကနေဖြစ်လာတာလို့ ကြားဖူးပါတယ်။ MARLBORO စီးကရက်ရဲ့ အရှည်က Men Always Remember Ladies Because Of Romance Only ဆိုပြီး ဖတ်ဖူးပါတယ်။

ငယ်ငယ်ကဘေးအိမ်နားက မြန်မာဆေးဆရာကြီးကို ဦးလေးတွေက MBBS ဆိုပြီး ခေါ်ကြတယ်။ အဲဒါနဲ့ မေးကြည့်တော့“မြန်မာ့ဗုဒ္ဓ ဗိန္နောဆရာ” ဆိုပြီး ဖြစ်နေပြန်ရော။ TTMY ကျတော့ “တောက်တိုမယ်ရ” ဖြစ်နေပြန်ရော။ ဝန်ထမ်းလောကမှာ အထက်က မကြည်ရင် ထုတ်ပြန်တဲ့ ပုဒ်မတစ်ခုရှိတယ် “ဆမက ပုဒ်မ” ဆိုပဲ။ အဲသလိုသာဆို“ဗကသ” ဆိုတာ... “ဗိုက်ကြီးသည်”များ “လသစ” ဆိုတာ... “လိုင်စင်ရ သူတောင်းစားများ” စသည်ဖြင့်ဖြစ်တော့မှာပေါ့။

W.W.W = World Wide Wait
WINDOWS = Will Install Needless Data On Whole System

ရှည်နေတာကိုတိုအောင်လုပ်တာကို “အတိုကောက်” လို့ ခေါ်တယ်ဆိုတော့ ခုလို အတိုတွေကို အရှည်ဖြစ်အောင်ပြန်ထွင်ရေးတာမျိုးကျ “အရှည်ကောက်” လို့ပဲ ခေါ်ရချေမှာပေါ့။ ပြည်သူ့မေတ္တာ MPT ကို သူငယ်ချင်းတွေက“မပုတု” လို့ ချစ်စနိုးနဲ့ ခေါ်ကြတယ်။ ဆိုလိုတာက လူစဉ်မမှီချေဘူးပေါ့ဗျာ...။ မွေးကတည်းကချူချာရှာတဲ့ “မောင်ပြေသိမ်း” ဆိုပြီးတော့လည်း ဟာသတစ်ခု ဖတ်ရဖူးတယ်။ ကဲ... ငါးပိဖုတ်ပြီးပြီဆိုတော့ ဘိုလို မှုတ်ကြရအောင်။

V.I.P = Vampire In Paradise
F.A.M.I.L.Y = Father And Mother, I Love You.

W.I.F.E.
WHYdoes a man want to have a WIFE? Because:
W---Washing
I---Ironing
F---Food
E---Entertainment

H.U.S.B.A.N.D.
WHYdoes a woman want to have a HUSBAND? Because:
H---Housing
U---Understanding
S---Sharing
B---Buying
A---and
N---Never
D---Demanding



H.E.L.L.O.
Doyou know that a simple "HELLO" can be a sweet one?
Especiallyfrom our loved ones.  The word HELLO means: 
H=Howare you?
E=Everythingall right?
L=Liketo hear from you  
L=Loveto see you soon!
O=Obviously,I miss you ..... so,   HELLO! Good day!

ဒီပုံလေးကKFC ကြော်ငြာထဲကပါ။ LOVE ဆိုတာကို ဖွင့်ဆိုထားတာပါ။ လူသည် အချစ်နှင့်မကင်းဆိုတော့လည်း LOVE ဆိုတာကို ဖွင့်ဆိုတာတွေကလည်း အများသားပေါ့ဗျာ။ အတော်လေး အနောက်သန်တဲ့ ဘော်ဒါတစ်ယောက်က LOVE ဆိုတာ License Of Vagina Entry ဆိုပြီး ပြောပါတယ်။ ထားပါတော့။

LOVE= Legs Open Very Easy
LOVE= Let Our Values Endure
LOVE= Let Our Violence End
LOVE= Let Our Voices Echo
LOVE= Living On Various Emotions
LOVE= Loss Of Valuable Energy
LOVE= Loyalty On Virginity Ends
LOVE= Lust Over Vigorous Erection

LOVE:
L= Land of sorrow
O= Ocean of tears
V= Valley of death
E= End of life



အဲဒီလိုစကားလုံး အစတွေနဲ့ ဖွဲ့ပြီးစပ်ထားတဲ့ ကဗျာတွေကိုတော့ Acrostic Poem လို့ ခေါ်ပါတယ်။နမူနာဆိုရမယ်ဆိုရင်...

“ဟန်သစ်ငြိမ်ရေးသော ကဗျာဖြစ်သည်”
ဟန်ပန်တွေဆောင်
သစ်ယောင်လျှောက်ပွား
ငြိမ်ကားမငြိမ်
ရေးချိန်ရောက်ရော
သောသောညံအောင်
ကယောင်ချောက်ချား
ဗျာများကြသည်
ဖြစ်ကြသည်မှာ
သည်စာမျက်နှာ။

ဒီလောက်ဆိုရင်ဖြင့်ကဗျာသဘောကို ရိပ်မိလောက်ပြီ ထင်ပါရဲ့။ Acrostic Poem အရေးကောင်းလို့ ဆိတ်ငြိမ်ရာကိုအပို့ခံလိုက်ရတဲ့ ကဗျာဆရာတစ်ယောက် အကြောင်းကို ကြားဖူးကြမယ် ထင်ပါရဲ့။ ပြီးရင်တော့ဒီအောက်က LOVE Acrostic Poem လေးကို ခံစားကြည့်ပါဦး။

“LOVE”
L - Love is life and life is love.
Ourlove created life.
O - Only one for us when we are truly in love.
One- When two become one - Our love can create a new one.
OhOh Oh - Orgasmic oratory to end our love opera.
V - Valentine - A special time to show our love - our love.
Void- The pain of emptiness in our heart when love has gone.
E - Extraordinary - Love is extraordinary - Not plain ordinary.
Exciting- Love thrills us; makes our hearts beat faster.
(RitchieFan)


Calendar Acrostic Poem ဆိုတာ ရှိပါတယ်။ ပြက္ခဒိန်ထဲက လတွေရဲ့အစစာလုံးတွေဖြစ်တဲ့ JAN, FEB စတာတွေကို သုံးပြီး ကဗျာရေးဖွဲ့ထားတာမျိုးပါ။ ဉာဏ်စမ်းစာအုပ်တစ်အုပ်မှာ အဲဒီကဗျာလေးရဲ့ ထူးခြားချက်ကို ရှာဖွေခိုင်းတာ တွေ့ဖူးပါတယ်။ နမူနာ အောက်မှာကြည့်ကြည့်ပါ။

JANet was quite ill one day.
FEBrile trouble came her way.
MARtyr-like, she lay in bed;
APRoned nurses softly sped.
MAYbe, said the leech judicial
JUNket would be beneficial.
JULeps, too, though freely tried,
AUGured ill, for Janet died.
SEPulchre was sadly made.
OCTaves pealed and prayers were said.
NOVices with ma'y a tear
DECorated Janet's bier.

ဘဝ၊ဒဿန လူသားတွေနဲ့ ဆိုင်တဲ့ Acronym တွေလည်း ရှိပါသေးတယ်။ စိတ်ဝင်စားစရာပါပဲ။

LIFE= Leaning, It's Finally Empty.
GIRL= Gentle In Real Life
BOY= Book Of Youth
ABC= Always Be Careful
A.B.C.D.E.F.G= A Boy Can Do Everything For Girl.
G.F.E.D.C.B.A= Girl Forgot Everything Done, Call Boy Again.

သတင်းနဲ့ ဆိုင်တဲ့ NEWS ဆိုတဲ့ ဝေါဟာရဟာ North, East,West, South ဆိုတဲ့ အရပ်လေးမျက်နှာကနေ ဖြစ်တည်လာတာလို့လည်း မှတ်သားဖူးပါတယ်။

အတော်လည်း စိတ်ကူးဉာဏ်ကွန့်တတ်ကြတာ လူတွေပါ။ ကမ္ဘာ့နိုင်ငံတွေ၊မြို့တွေကို Romantic Acronym ဆိုပြီးဖန်တီးထားတာပါ။ အွန်လိုင်းက ရလာတဲ့ နမူနာ တချို့ကို ဖော်ပြလိုက်ပါတယ်။ BURMA ဆိုတာလည်း ပါပါတယ်။ (MYANMARဆိုပြီး လုပ်ချင်သူတွေတော့ ကိုယ့်ဘာသာ ကြံဆကြပါလေ။)

BURMA = Between Us,Remember Me Always.
CANADA = Cute And NaughtyAction that Developed into Attraction
CHINA = Come Here.. I NeedAffection.
EGYPT = Everything's Great,You Pretty Thing!
FRANCE = FriendshipsRemain And Never Can End.
HOLLAND = Hope Our LoveLasts And Never Dies.
INDIA = I Nearly Died InAdoration.
ITALY = I Trust And LoveYou.
JAPAN = Just Always PrayAt Night
KENYA = Keep EverythingNice, Yet Arousing.
KOREA = Keep OptimisticRegardless of Every Adversity.
LIBYA = Love IsBeautiful; You Also.
MANILA = May All NightsInspire Love Always.
NEPAL = Never Ever PartAs Lovers.
RUSSIA = Romance Under theSky & Stars is Intimate Always.

ကဲ...ခုလောက်ဆိုရင်ဖြင့် Acronym တွေအကြောင်း အတော်လေး စုံစေ့လောက်ပြီလို့ ထင်ပါရဲ့။ ဒါကြောင့်ကျွန်တော့်နာမည်နဲ့ ကဗျာလေးရေးပြီး နှုတ်ဆက်လိုက်ပါရစေ။

Hello!
Are you okay?
Nice to see you.
Today’s sunny.
How are you?
I am fine.
Thank you.
No problem.
You’re welcomed
Everything’s okay.
I miss you.
Mingalabar!

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...