သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)
သစ်ထူးလွင် |
- ကိုယ့်လည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်
- ဦးလေးဖြစ်သူက အလိုမတူပဲ သားမယားပြုကျင့်
- မြန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ် သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား
- ရန်ကုန်ရှိ မြို့နယ်အချို့ ရေကြီး၊ စာသင်ခန်းများပင် ပိတ်ထားရ
- ဦးဆန်းဆင့် ငွေအလွဲသုံးမှု ရှိမရှိ လွှတ်တော်စိစစ်မည်
- မန်ဝင်း ဒေသအတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
- ခေါင်းတလုံး နှင့် ကိုယ် ၂ ခုပါ လပိုင်း ကလေး ၅ နာရီ ကျော်ကြာ အောင်မြင်စွာ ခွဲစိတ်နိုင်
- တရုတ်ဝမ်ပေါင်ကုမ္ပဏီအား မြန်မာ၊ တရုတ်၊ အမေရိကန် ဥပဒေပညာရှင်များ ပူးပေါင်းစစ်ဆေးမည်
- ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦး အ၀င်လမ်းမများ သံဆူးကြိုးဖြင့် ကာရံပိတ်လိုက်ပြီ
- ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတ သ၀ဏ်လွှာပို့
- ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
- ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ
- လူသတ်ပြီးထွက်ပြေးသူကို သုံးရက်အတွင်း ပြန်လည် ဖမ်းဆီးရမိ
- ထိုင်းငါးဖမ်းလုပ်ငန်းနှင့် လူကုန်ကူးလုပ်အား အသုံးပြုမှု
- ရိုမန်းဘော့ထ်ဂယက်
- အရင်လိုပဲ သမီးလက်ကို ပြန်လိုချင်တယ်ဟု ကလေးလုပ်သား မဇင်မာထွေးကပြော
- ယူကရိန်း တပ် ရဟတ်ယာဉ် တစင်း ပစ်ချ ခံရ
- အင်္ဂ္လန် နဲ့ အီတလီ အုပ်စုက ထွက်ရပြီ
- နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက်မရှိဟု သမ္မတပြောခွင့်ရ ပြော
- ဘောလုံးပွဲရှုံးကြွေးတွေကြောင့် တရုတ်ကောလိပ် ကျောင်သားတဦး (၇)ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံး
- ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဈေးကွက်ကနေ ပြန်သိမ်း
- ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေပွဲကျင်းပမှု တရားစွဲဆိုခံရ
- နမ့်ခမ်းတွင် အစိုးရတပ်က ရွာသားခြောက်ဦးကို ဖမ်းဆီးသွား
- ရန်ကုန်မြို့က ရှေးဟောင်းအဆောက်အအုံများ (ရုပ်/သံ)
Posted: 25 Jun 2014 05:10 AM PDT
လှိုင်မြို့နယ် မာလာမြိုင်(၈) လမ်းတွင် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က လူတစ်ဦး
ကိုယ့်ကိုယ်ကိုယ် လည်ပင်းဓားဖြင့် လှီးကာသေကြောင်း ကြံစည်မှု ဖြစ်ပွားကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သေကြောင်းကြံစည်သူမှာ ပဲခူးတိုင်းဒေသကြီးနေ ဦးသိန်းမောင် (၆၀ နှစ်)ဖြစ်ပြီး
အသဲရောဂါပြသရန် ဇွန်လ ၁၅ ရက်နေ့က ယောက်ဖဖြစ်သူ နေအိမ်သို့ ရောက်ရှိနေသူဖြစ်ကြောင်း၊
အဆိုပါနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင်ေ
|
Posted: 25 Jun 2014 05:06 AM PDT
ဒလမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ ဇွန်လ ၂၂ ရက်နေ့ ညနေ
၆ နာရီခွဲခန့်တွင် တိုင်ကြားခဲ့ရာ ယမန်နှစ် စက်တင်ဘာလ အတွင်းက ဖခင်ဖြစ်သူ၏ ညီဖြစ်သူ
စန်းဝင်း (၅၅ နှစ်)မှ နေစရာ အိမ်မရှိသဖြင့် နေအိမ်တွင်လိုက်နေရန် လက်ခံခေါ်ယူခဲ့သည်။
ယခုနှစ် ဇန်န၀ါရီလတွင်းက ဖခင်မရှိခိုက် ဦးလေးဖြစ်သူက အိပ်ခန်းအတွင်း သားမယားပြုကျင့်ခဲ့
ကြောင်း မိဘများကို ပြန်ပြောပါက သတ်ပစ်မည်ဟုပြောပြ ခြိမ်းခြောက်ြေ
|
Posted: 25 Jun 2014 04:24 AM PDT
မြန်မာနိုင်ငံမှာ
မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ် ငွေကြေးစနစ်ကို တချိန်ကျရင်
အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က
ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ
ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့်
ကိစ္စနဲ့ ပြည်တွင်း ဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့်
|
Posted: 25 Jun 2014 03:34 AM PDT
ဗုဒ္ဓဟူးနေ့၊
ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။
မိုးတွင်းကာလ တစ်လပင်မပြည့် သေးသော်လည်း ရန်ကုန်မြို့တော်ရှိ
မြို့နယ်အချို့တွင် ရေကြီးရေလျှံ မှုကြောင့် မြောက်ဥက္ကလာပနှင့်
ဒဂုံတောင်ပိုင်းမြို့နယ် အခြေခံပညာ ကျောင်းအချို့ရှိ စာသင်ခန်းများ
ပိတ်ထားရသည်ဟု ကျောင်းဆရာများနှင့် မိဘများကဇွန် ၂၄ ရက်တွင် မဇ္ဈိမကို
အတည်ပြု ပြောကြား သည်။
မြောက်ဥက္ကလာမြို့နယ် (ည)ရပ်ကွက်ရှိ အမှတ်၁၇ အခြေခံပညာမူလတန်းကျောင်းနှင့်
အမှတ်(၃)
|
Posted: 25 Jun 2014 03:28 AM PDT
ဗုဒ္ဓဟူးနေ့၊
ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။
သာသနာရေး ၀န်ကြီးဌာန ဘတ်ဂျတ်တွင် ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏
ငွေအလွဲသုံးမှု ရှိမရှိ ဆိုသည်ကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်
ပြည်သူ့ ဆက်ဆံရေး ကော်မတီက စိစစ်သွားမည်ဟု ၎င်းကော်မတီဝင် ကော်မတီရုံး
အဖွဲ့မှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယနေ့ ပြည်သူ့
လွှတ်တော် အစည်းအဝေး မစမီ မဇ္ဈိမကို ပြောသည်။
“ဦးဆန်းဆင့် ငွေအလွဲသုံးမှုရှိ၊ မရှိ ဆိုတာကလည်း
|
Posted: 25 Jun 2014 03:23 AM PDT
အင်္ဂါနေ့၊
ဇွန်လ 24 ရက် 2014 ခုနှစ်
ကချင်ပြည်နယ် တောင်ပိုင်း မန်ဝင်း (Manwing) ဒေသအတွင်း အစိုးရတပ် နှင့်
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား နေ့စဉ်လို အချိန်တို
ပစ်ခတ်တိုက်ခိုက်မှုများ တစ်ပတ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် အပတ်အတွင်း KIA တပ်ရင်း ၂၇ နယ်မြေအတွင်း၌ အစိုးရတပ် တပ်မ ၈၈
လက်အောက် စစ်ကြောင်း တစ်ကြောင်းသည် နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ် နှင့်
ဝင်ရောက် ထိုးစစ်ဆင်လှုပ်ရှား
|
Posted: 25 Jun 2014 03:15 AM PDT
ဗုဒ္ဓဟူးနေ့၊
ဇွန်လ 25 ရက် 2014 ခုနှစ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိ နေသည့် ခေါင်းတလုံး နှင့်
အမွှာပူး ကလေးလေးအား မဟာရတ် နခွန်းချိန်းမိုင် ဆေးရုံကြီးက ယနေ့
အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း ဖခင် ဖြစ်သူက ပြောသည်။
ရင်ညွန့်မှ အပိုထွက်လာသည့် ခြေလက်တစုံနှင့် ကိုယ်တပိုင်းအားခွဲထုတ်နိုင်ခဲ
|
Posted: 25 Jun 2014 03:12 AM PDT
တရုတ်ဝမ်ပေါင်ကုမ္ပဏီအား မြန်မာ၊ တရုတ်၊ အမေရိကန်
ဥပဒေပညာရှင်များပူးပေါင်းကာ စစ်ဆေးမှု ပြုလုပ်သွား မည်ဖြစ် ကြောင်း
မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ သတင်းရရှိသည်။
”မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဆရာဦးအောင်သိန်း၊ ဦးကြီးမြင့်၊
ဦးမောင်မောင်စိုးနဲ့ ကျွန်တော်ပါဝင်ပြီး တရုတ်ပြည်ကို ဇူလိုင်လအတွင်း ၁ဝ
ရက်ကြာ ခရီးသွားကြမှာပါ။ သူတို့နိုင်ငံအတွင်း ဝမ်ပေါင်အပါအဝင်
တရုတ်စီးပွားရေးလုပ်ငန်းတွေ ဥပဒေလိုက်နာမှု
|
Posted: 25 Jun 2014 02:32 AM PDT
ရန်ကုန်၊
မဇ္ဈိမ။ ။ လစ်လပ် သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးအတွက် ဇွန်
၂၅ရက်တွင် ဆွေးနွေးရန်ရှိရာ ထိုနေ့ နံနက်တွင် ရခိုင်ပြည်နယ် လွှတ်တော်
အဆောက်အဦ၏ အ၀င်လမ်းများကို သံဆူးကြိုးများဖြင့် ကာရံခြင်း၊ လုံခြုံရေး
အင်အား တိုးချထားသည်ဟု စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို
ပြောသည်။
“လွှတ်တော် အဆောက်အဦးကို ၀င်မယ့် လမ်းဆုံတွေ အားလုံးကို လုံခြုံရေးတွေ
တိုးချပြီး သံဆူးကြိုးတွေ ကာလိုက်ပြီ၊ေ
|
Posted: 25 Jun 2014 02:27 AM PDT
ရန်ကုန်၊
မဇ္ဈိမ။ ။ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ်
ခန့်အပ်နိုင်ရန် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ ဇွန် ၂၅ ရက်တွင် သမ္မတက
သ၀ဏ်လွှာေ ပးပို့လိုက်ပြီး ဖြစ်သည်ဟု ကျောက်တော်မြို့ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက မဇ္ဈိမကိုပြောသည်။
“သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားတယ်၊ ၃၀ ရက်နေ့မှာ လွှတ်တော်က
အတည်ပြုရမှာဖြစ်ပါတယ်”ဟု ဦးစောငြိမ်းကပြောသည်။
ရခိုင်ပြည်နယ်
|
Posted: 25 Jun 2014 02:07 AM PDT
အရေးပေါ်လိုင်းမှ သတင်းပေးမှုကြောင့် မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အရေးပေါ်လိုင်း သတင်းပေးမှုကြောင့်
အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရတယ်လို့
မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်ခရိုင် ဒင်းဒဲန်းမြို့နယ် ပချားဆုန်ခေါ့လမ်းသွယ် ၁၆ ထဲမှာ တရားမ၀င်
အလုပ်သမားတွေ ရှိတယ်ဆိုပြီး ဖုန်းနံပတ် ၁၁၉၁ အရေးပေါ်လိုင်းကို
သတင်းပေးပို့ချက်အရ လူကုန်ကူးမှု
|
Posted: 25 Jun 2014 02:05 AM PDT
ပါကစ္စတန်နိုင်ငံ
မြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီး
သည်တင် လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ
ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ်လို့
ဆိုပါတယ်။
ခရီးသည် ၁၇၈ ဦးနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကနေ ထွက်ခွာတဲ့လေယာဉ် ဖြစ်ပြီး
လေယာဉ်ဆင်းခါနီးမှာ အပစ်ခံရတာ ဖြစ်ပါတယ်။ ေ
|
Posted: 24 Jun 2014 09:00 PM PDT
တရုတ်ဝမ်ပေါင်နဲ
့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့်
လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက်
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ
ဖြစ်တယ်လို့  လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။
"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ
|
Posted: 24 Jun 2014 08:13 PM PDT
မိတ္ထီလာ
၊ ၂၅-၆-၂၀၁၄
မိတ္ထီလာ မြို့နယ် တောမကျေးရွာ အုပ်စု မကျီးပင်ပု ကျေးရွာ မှန်ကျောင်း
ဘုန်းတော်ကြီးကျောင်း အနီး မိုးနှံချုံ အတွင်းမှ ဇွန်၁၉ ရက်က ဒဏ်ရာဖြင့်
လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မကျီးပင်ပု ကျေးရွာနေ
ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မောင်း သည် ဇွန် ၁၇ ရက် အစ်မဖြစ်သူ ဒေါ်လှလှဝင်း ထံမှ
အရက်ဖိုး ငွေကျပ် ၁ဝဝဝ တောင်း၍ အရက်သောက် သွားရာ ပြန်မလာ၍
|
Posted: 24 Jun 2014 07:44 PM PDT
ထိုင်းနိုင်ငံဟာ
ကမ္ဘာပေါ်မှာ တတိယ အများဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ်
ဒေါ်လာ သန်းပေါင်း ၇ ထောင်ကျော်ဖိုး တင်ပို့ ရောင်းချနေပါတယ်။ ဒါပေမဲ့လည်း
ငါးနဲ့ ပင်လယ်စာ လုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေနဲ့ အလုပ်သမားတွေကို
ကျေးကျွန်သဖွယ် ခိုင်းစေမှုတွေ ရှိနေတယ်ဆိုပြီး မကြာသေးခင်ကထုတ်တဲ့ အမေရိကန်
နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ ပုဇွန်နဲ့ Tuna ငါး
|
Posted: 24 Jun 2014 07:35 PM PDT
ယခုရက်ပိုင်း စာပေလောက အတွင်း သာမက လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ပင်
ကျယ်ပြန့်စွာ ရိုက်ခတ်သွားခဲ့ပြီး လူအများစု ဆွေးနွေး ဝေဖန်မှုများ နေသည့်
အမည်တစ်ခုက ရိုမန်းဘော့ထ်ဖြစ်သည်။
ရိုမန်းဘော့ထ်ဆိုသည့် အသံ က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တစ် ခွင် ကျယ်ကျယ်
လောင်လောင် ဖြစ်လာရပြီး စာပေလောက အတွင်းမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့သည်။
ရိုမန်းဘော့ထ်ဟူသည် အဘယ်နည်းဟု မသိသူတို့က မေးမြန်း လာကြသည်။ မဖတ်ရသေး
သူတို့က
|
Posted: 24 Jun 2014 05:37 PM PDT
မန္တလေးတိုင်း
ဒေသကြီး၊ စက်မှုဇုံ(၂)၊ ကနောင် မင်းသား လမ်းနှင့် ဖိုးရာဇာလမ်းကြားတွင်
ရှိသော ရှင်းယဲစတီး ဂျိုင့်စက်ရုံ၌ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်
အသက်(၁၄)နှစ်အရွယ် အလုပ် သမားဖြစ်သူ ဇင်မာထွေးသည် လုပ်ငန်းခွင်အတွင်း
ထိခိုက်မှုကြောင့် ဘယ်ဘက်လက် ဖြတ်ခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ဖြစ်ခဲ့ရခြင်းကို မဇင် မာထွေးက “သမီးတို့ မိသားစုတွေ
အဆင်မပြေတော့အလုပ်လုပ်ချင် တယ်လို့ အမေကိုပြောတော့ အမေက
|
Posted: 24 Jun 2014 05:01 PM PDT
ယူကရိန်း
အရှေ့ပိုင်းက သူပုန် သိမ်းထားတဲ့ Sloviansk မြို့နားမှာ အစိုးရ တပ်က
ရဟတ်ယာဉ် တစင်း ပစ်ခတ် ခံရတဲ့ အတွက် လူ ၉ ယောက် သေဆုံးတယ် လို့
အာဏာပိုင်တွေက ပြောကြား ပါတယ်။
ယူကရိန်း သမ္မတ အဆိုပြုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို လိုက်နာ ပါ့မယ်
ဆိုပြီး သူပုန် ဘက်က သဘောတူ ခဲ့ပြီး နောက်တရက် မှာပဲ ဒီလို တိုက်ခိုက်
ခံခဲ့ရတာ ဖြစ်ပါတယ်။
ဧပြီ လ လယ်ပိုင်း ကထဲက စပြီး ယူကရိန်း အရှေ့ပိုင်း မှာ သတ်ဖြတ် ခံရသူ ၄၂ဝ
|
Posted: 24 Jun 2014 04:59 PM PDT
စတားရစ်ခ်ျလည်း ဂိုးပေါက်လွဲ
ဒီကနေ့ ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စု ( D ) ပွဲစဉ်မှာ အင်္ဂ္လန် နဲ့
ကော့စတာရီကာတို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ဘယ်လိုအဖြေပဲ ထွက်ထွက် အင်္ဂ္လန်အနေနဲ့ အုပ်စုက ထွက်ရပြီမို့ လူငယ်လူသစ်တွေ
အများစုကို ပွဲထုတ်ကစားပါတယ်။
တိုက်စစ်မှူး စတားရစ်ခ်ျက ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုး မဝင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာ လူစားဝင်ကစားတဲ့ ဝိန်းရူနီ သွင်းတဲ့ ဂိုးလည်း မဝင်ခဲ့လို့
အင်္ဂ္လန် ဂိုးမရပဲ ပွဲ
|
Posted: 24 Jun 2014 04:53 PM PDT
ပြီးခဲ့တဲ့
သီတင်းပတ် တွေအတွင်း မဟာသန္တိသုခ ကျောင်းဖြစ်ရပ်နဲ့ စာနယ်ဇင်းတချို့ကို
ရဲအထူးတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာ့ ဒီမိုကရေစီ
ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်လှည့်ဖို့ အလားအလာ
ဖြစ်လာပြီလားဆိုတဲ့ စိုးရိမ်ချက်တွေကို သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူက
ပယ်ချပါတယ်။
မူပြောင်းပြီး လူဟောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်
ဖော်နေတာကြောင့် နဂိုကတည်းက အသားကျခဲ့ပြီးသား
|
Posted: 24 Jun 2014 04:50 PM PDT
တရုတ်နိုင်ငံတောင်ပိုင်း
ဂွမ်ဒေါင်းပြည်နယ်က ဒုတိယနှစ် ကောလိပ်ကျောင်းသား တယောက်ဟာ ဘောလုံးပွဲ
ရှုံးကြွေးတွေကြောင့် ၇ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံး ခဲ့ပါတယ်။
လင်းလို့ အမည်ရတဲ့ အဲဒီကျောင်းသားဟာ ပိုက်ဆံပြန်ဆပ်ပါ့မယ်။
အတင်းအကြပ်မတောင်းပါနဲ့ စသဖြင့် တယ်လီဖုန်းကို ဆယ်မိနစ်လောက်ကြာအောင်
ပြောပီး ချက်ချင်းပဲ ထရပ်လိုက်ပီး ခုန်ချလိုက်တဲ့ အကြောင်း
မျက်မြင်တွေကပြောပါတယ်။
အဲဒီကျောင်းသားဟာ ပြီးခဲ့တဲ့
|
Posted: 24 Jun 2014 04:38 PM PDT
စာရေးဆရာ
အောင်ရင်ငြိမ်းရေးတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ၀တ္ထုစာအုပ်ကို
စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေပြီ ဖြစ်ပါတယ်။
ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ရဲ့ ဇာတ်ဝင်ခန်းအချို့မှာ
လိင်အသားပေးရေးသားမှုတွေ ပါဝင်တဲ့အတွက် ဝေဖန်မူတွေထွက်ပေါ်လာပြီးနောက်
ထုတ်ဝေဖြန့်ချိသူတွေက စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေတာဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖြန့်ချိခဲ့တဲ့ ပင်လယ်သစ်စာပေတာဝန်ရှိသူကတော့
စာပေမှတ်ပုံတင်ဌာနကနေြ
|
Posted: 24 Jun 2014 04:32 PM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင် ပါတီရန်ပုံငွေ
ရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပရာမှာ ခွင့်ပြုချက်မတောင်းလို့ဆိုပြီး
တရားစွဲဆိုခံထား ရကြောင်း မြောက်ပိုင်းခရိုင်ဥက္ကဌက ဒီနေ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ NLD မြောက်ပိုင်းခရိုင် ဥက္ကဌ
ဦးခင်မောင်ရှိန်က
"မြို့နယ်အုပ်ချုပ်ရေးကို တင်ပြတယ်၊ ခရိုင်အုပ်ချုပ်ရေး မှူး တင်ပြတယ်၊
ခရိုင်နဲ့
|
Posted: 24 Jun 2014 04:30 PM PDT
ချင်းမိုင်၊
ဇွန် ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ရွာသား ခြောက်ဦးကို အစိုးရ၏
တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များက ဇွန်လ ၂၄ ရက် နံနက်က ၎င်းတို့၏ နေအိမ်မှ
ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နမ့်ခမ်းမြို့ ဘုရားကြီးကျောင်းမှ သံဃာ ဦးပညာရူပ
က မဇ္ဈိမကို မိန့်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအနီး
အစိုးရစစ်တပ်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့
တိုက်ပွဲြ
|
Posted: 24 Jun 2014 04:25 PM PDT
ရန်ကုန်မြို့
မှာ ရှေးဟောင်း အဆောက်အဦး တစ်ထောင်နီးပါး လောက်ရှိပြီး အဲဒီအထဲက ၆ဝဝ
နီးပါး လောက် ဟာ ထိန်းသိမ်းသင့်တဲ့ အဆောက်အဦးတွေ ဖြစ်တယ်လို့ ပညာရှင်တွေ
ကပြောပါတယ်။ ဘယ်လို ထိန်းသိမ်း ကြမလဲ ၊ ထိန်းသိမ်းရာမှာ ဘယ်လို အခက်အခဲတွေ
ရှိနိုင်မလဲဆိုတာ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment