မယုံပါနဲ့ .....
ထားပါဗျာ...
ကျနော့်ကိုကျနော် စာရေးဆရာလို့ပဲ ခံယူခွင့်ပြုပါ။
သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ကျနော့်စာမူလေးတွေ ပါဖူးတယ်။
တစ်ဦးတည်း သီးခြားဟာသစာအုပ်ထုတ်တာ အတွဲ ၂ ရှိပြီ။

ဒါဆို... ကျနော် စာရေးဆရာပေါ့နော်... ...
ကျနော်အဓိက ပြောချင်တာက... ...
ကျနော်ရေးတဲ့ စာတွေ၊ အဖြစ်အပျက်တွေကို တကယ်ဖြစ်ပျက်ခဲ့တာလို့ မယုံကြဖို့ပါ။
မယုံပါနဲ့ ဆိုတာက ကျနော်လိမ်နေတာလို့ ပြောနေတာ မဟုတ်ပါဘူး။
အများသိကြတဲ့အတိုင်း ဥပမာပေးရရင်... ...
ထမင်းစားတဲ့အခါ အမြဲတမ်း ကြက်သားဟင်းချည်း စားနေရရင် ညည်းငွေ့လာတတ်တာ လူ့သဘာဝလေ...
အဲဒီအခါ...
ဝက်သားဟင်းလေး တစ်လှည့်၊ ချဉ်ပေါင်ဟင်းလေး တစ်လှည့်၊ ပဲဟင်းချိုလေးတစ်လှည့်၊ စသဖြင့်ပေါ့လေ အပြောင်းအလဲလေး လုပ်ပေးရပါတယ်။
မေ့လောက်ပြီဆိုတော့မှ ကြက်သားဟင်းလေးပြန်ချက်... ဒီလို မလား
ဒါ့ကြောင့်...
ကျနော့်ရဲ့ ဖေ့စ်ဘုတ်မှာလည်း ဟာသတွေချည်း တင်နေရင် ကြာလာတော့ ညည်းငွေ့လာမယ်။
မညည်းငွေ့ရင်တောင် သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိတော့တာမျိုး ဖြစ်လာမယ်။
အဲလိုမျိုးမဖြစ်ရအောင်...
ကျနော်က အပြောင်းအလဲလေးတွေ ရေးဖြစ်၊ ပြောဖြစ်၊ တင်ဖြစ်ပါတယ်။
တကယ်ကြီး မဟုတ်ရပါဘူးဗျာ...
ငယ်ရည်းစားကို လွမ်းသလိုလိုလည်း လုပ်တတ်ပါတယ်....
လက်ရှိရည်းစားကို တမ်းတသလိုလိုလည်း လုပ်တတ်ပါတယ်...
နောက်ရည်းစားကို မျှော်လင့်သလိုလိုလည်း လုပ်တတ်ပါတယ်... ...
မယုံပါနဲ့
ထပ်ပြောပါရစေ...
မယုံပါနဲ့
အဲဒါတွေဟာ ကျနော့်ရဲ့ ချစ်စွာသော မိတ်ဆွေ၊ သူငယ်ချင်း၊ စာဖတ်ပရိတ်သတ်တွေရဲ့ စိတ်တွေကို အပြောင်းအလဲလေး ဖြစ်အောင် လုပ်နေတာတွေပါဗျာ... ..
အချစ်အကြောင်းတွေ၊ အလွမ်းအကြောင်းတွေ၊ ကောင်မလေးတွေ အကြောင်းတွေ ရေးနေလို့... 'ဒီလူ မကြီးမငယ်နဲ့ ငယ်မူပြန်နေတယ်'... လို့ မထင်ကြပါနဲ့... ...
စာရေးဆရာဆိုတာ...
တခါတလေ အငှားခံစားရပါတယ်
တခါတလေ ကိုယ်တွေ့တွေနဲ့ ရောသမမွေရပါတယ်
တခါတလေ လူပြောသူပြောတွေ၊ ကြားဖူးနားဝတွေကို ပြန်ပြီး ဖောက်သည်ချရပါတယ်... ..
ချုပ်ပြီးပြောရရင်...
ကျနော် ရေးနေ၊ ပြောနေ၊ ပို့စ်တင်နေတာတွေကို အလုံးစုံ ဖြစ်ရပ်မှန်ကြီး... လို့ မထင်ကြဖို့
ကြေညာမောင်းခပ်လိုက်ရပါကြောင်း ခင်ဗျာ.. ...
ယုံရင် ယုံတဲ့သူ အရူးဗျာ... ကဲ မှတ်ပီလား ဟီး ဟီး
လေးစားပါသည် - သန်၎ကို နဲ့ သို၎ကန်
https://www.facebook.com/thanlayko
https://www.facebook.com/profile.php?id=100008280784100

0 comments:
Post a Comment