Tuesday, June 24, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၆)

သစ်ထူးလွင်


Posted: 24 Jun 2014 04:31 AM PDT
ဇွန်လ ၂၄  မကြာသေးခင်က ချင်းအမျိုးသမီး တစ်ဦးအား အစိုးရ စစ်သားတစ်ဦးမှ အတင်းအဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ကို  ပြစ် တင် ရှုတ်ချသည့် အနေဖြင့်၎င်း၊ အမျိုးသမီး နှင့် ကလေးငယ်များ ဘ၀ လုံခြုံမှုရှိရေးအတွက် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် မတူပီ အမျိုးသမီးအဖွဲ့ကဦးဆောင် ကာ ယနေ့  နံနက်ပိုင်း ကငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ဖော် ထုတ်ခဲ့ကြသည်။ မတူပီအမျိုးသမီးအဖွဲ့ နှင့် မတူပီလူငယ်အဖွဲ့တို့မှ
Posted: 24 Jun 2014 03:57 AM PDT
  စည်ပင်သာယာ နယ်နမိတ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ ဖမ်းဆီးရမိမှုတွင် လိုင်စင်ရှိ နယ်ကျော်ဆိုင်ကယ်များ ဖမ်းဆီးရမိမှု အများဆုံးကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ဇွန်လ ၂၃ ရက်နေ့ကပြောကြားသည်။ "စည်ပင်သာယာ နယ်နမိတ်အတွင်းမှ စည်းကမ်းမဲ့ လိုင်စင်ဖမ်းမိတာ ဒီတစ်ပတ် ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်က လိုင်စင်ရှိ နယ်ကျော်ဆိုင်ကယ် ၆၇ စီးရှိတယ်။ လိုင်စင်မဲ့ ဆိုင်ကယ် လေးစီးေ
Posted: 24 Jun 2014 03:34 AM PDT
  ရှမ်းပြည်နယ် သီပေါမြို့နယ်က  ခေါင်းတစ်လုံးသာပါတဲ့ အမွှာကလေးငယ်တစ်ဦးဟာ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မဟာရတ်ခ်ျဆေးရုံမှာ လာရောက်ခွဲစိပ်ဆေးကုသမှု ခံယူနေရပါတယ်။ သီးခြား ဦးခေါင်းပါမလာဘဲ  ရင်ဘတ်ကနေ နောက်တဦးတွဲကပ်နေတဲ့  ၆ လရွယ် သမီးငယ် နောင့်ဆိုင်လောဝ်ကို ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ခွဲစိပ်ကုသ ခဲ့တယ်လို့  ဒီကိစမှာ  လိုက်ပါကူညီပေးနေတဲ့  ရှမ်းအမျိုးသမီးရေးရာ
Posted: 24 Jun 2014 03:32 AM PDT
 ဇွန်လ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ စစ်တပ်သိမ်း လယ်မြေတွေကို မူလပိုင်ရှင် လယ်သမားတွေထံ ပြန်လည်ပေးအပ်ရာမှာ မင်းတစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က မကောင်းတဲ့ လယ်ယာမြေတွေမှာ နေရာချ ထား ပေးနေကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။ အမှတ် (၃၈) ခြေလျှင်တပ်ရင်းက ၁၉၉၄ ခုနှစ်မှာ မင်းတစုကျေးရွာအနီးကသိမ်းယူခဲ့တဲ့လယ်မြေ ၁၇၈
Posted: 24 Jun 2014 03:13 AM PDT
 အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ်စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတစ်ခုကို စစ်တွေတွင် ယမန်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ အမျိုးသမီး ဂိုဏ်းခေါင်းဆောင်မှာ မမိုးစန္ဒာ ဖြစ်ပြီး သူမမှာ GE ( ဆောက်လုပ်ရေးတပ်)မှ စာရေးမ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စာကြည့်တိုက်မှူးဖြစ်ကြောင်း သိရသည်။ သူနှင့်အတူ ဖမ်းဆီးခံရသူများမှာ မင်းဂံရပ်ကွက်၊ ထွန်းသစ်လွှင်
Posted: 24 Jun 2014 03:11 AM PDT
 ရခိုင်ပြည်နယ် မြေပုံမြို့လူထု၏ တောင်းဆိုချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ မူဆလင်များကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု လ၀က ညွှန်မှူးက ဂတိပြု ပြောဆိုခဲ့သည်ဟု မြေပုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကဆိုသည်။ လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည့် မြို့မိမြို့ဖများက ဦးဆောင်ပြုလုပ်ခဲ့သော အစည်းအဝေးမှ တောင်းဆိုချက်ကို ဖြည့်စွမ်းပေးသည့် အနေဖြင့်
Posted: 24 Jun 2014 03:04 AM PDT
 သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းထားတာ နိမ့်နေတဲ့အတွက် တောင်ကျချောင်းကရေတွေ ကောင်းကောင်း မစီးနိုင်ပဲ လယ်တွေရေမြှုပ်နေတယ်လို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ လှည်းကူးကျေးရွာ အုပ်စုက လယ်သမားတွေက ပြောပါတယ်။ “လယ်ဧက ၂၀၀ လောက်မြုပ်တယ်။ ဒီပုံစံအတိုင်းဆိုရင် ပျိုးစိုက်လို့ မရတော့ဘူး” လို့ ကုလားစုကျေးရွာက ဦးဇော်ဝင်းက ပြောပါတယ်။ ပိုက်လိုင်းက ချောင်းကမ်းပါးနဲ့ တညီတည်းဖြစ်နေပြီး ချောင်းရေနဲ့ပါလာတဲ့
Posted: 24 Jun 2014 03:02 AM PDT
 အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁ ရက်မှ ၂၂ ရက်အထိ ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦးထက် မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးခန့်ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးရှိ မှုခင်းမှတ်တမ်းများတွင် တွေ့ရသည်။ ယင်းသို့ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းမှာ သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်နှင့် ပက် သက်ပြီးအသုံးပြုသည့်အခါ ပေါ့ဆစွာလုပ်ကိုင်နေခြင်းကြောင့်ေ
Posted: 24 Jun 2014 02:49 AM PDT
မုံရွာ၊ ဇွန် ၂၃- စစ်ကိုင်းတိုင်းဒေ သကြီး ဘုတလင်မြို့နယ် တွင်းတောင် အင်းမှထွက်ရှိသော မြန်မာ့ရိုးရာ လက်ဖက်ဖြင့် တွဲဖက်စားသုံးသည့် တွင်းပိုးကောင်လေးများ လုံးဝ မထွက် ရှိတော့ကြောင်း ဒေသခံ တွင်းပိုးဖမ်း လုပ်သားများက ပြောသည်။ ''အထွက်လျော့နေတာကြာပြီ။ စိမ်းပြာရေညှိကို ဆေးဝါးထုတ်ဖို့ကုမ္ပဏီ ကို လွှဲအပ်ပြီးနောက်ပိုင်း အထွက်နှုန်း တဖြည်းဖြည်း ကျလာတယ်။ ဒီနှစ်ဆို လုံးဝကို တွင်း ပိုး မရှိတော့တာ။ ဘု
Posted: 24 Jun 2014 02:45 AM PDT
 မန္တလေး၊ ဇွန် ၂၃- မြန်မာနိုင်ငံ မှထွက်ရှိသည့် ငါးရှဉ့်များအား အဓိက ဝယ်လက်ဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မူဆယ် ၁၀၅မိုင် ကုန် သွယ်မှု စခန်းမှ တစ်ဆင့် တင်ပို့လျက် ရှိရာ ငါးရှဉ့်တချို့တွင် ပိုးတွေ့မှု ကြောင့် အရောင်းအဝယ် သိသာစွာ ကျဆင်းသွားကြောင်း သိရသည်။ ထိုသို့ ရောဂါပိုးတွေ့ရှိမှုသည် ပြည်တွင်းငါးရှဉ့်ကုန်သည်များအတွက် နစ်နာမှုများ ဖြစ်ပေါ်စေပြီး တရုတ် ကုန်သည်များက ဝယ်လို အား ကို သိ သာစွာ လျှော့
Posted: 23 Jun 2014 10:04 PM PDT
 အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားသည့် သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာဖြင့် ဖွဲ့စည်း ပေးထား သည့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို အသိပေး အကြောင်း ကြားခြင်း မရှိဘဲ ပြည်ထဲရေး ၀န်ကြီးဌာန၏ အထူးသတင်း တပ်ဖွဲ့က သတင်းဌာနများကို ခေါ်ယူ မေးမြန်းခြင်းသည် ကောင်စီကို အသိအမှတ်မပြုရာရောက်ပြီး မီဒီယာလွတ်လပ်ခွင့်ကို ထိပါးလာလျှင် ကောင်စီက ကြေညာချက်ထုတ် တုံ့ပြန်မည်ဟု
Posted: 23 Jun 2014 10:04 PM PDT
 သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ် တော်သို့ အမည်စာရင်း ပေးပို့ထား သော ဦးစိုးဝင်းမှာ ယခင်ပြန်ကြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်စဉ်ကာလ အတွင်း ငွေ ကြေး ကိစ္စရပ်နှင့် ပတ်သက်၍ နာ မည်ပျက်ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှ ဆွေက ပြောသည်။ ‘‘သူ ဦးဆောင်ညွှန်ကြားရေး မှူးလုပ်တုန်းက စက္ကူတွေဝယ် တာနဲ့ပတ်သက်ပြီး သိန်းထောင် ချီငွေကွာမှုတွေ ဖြစ်တယ်။ အဲဒီ
Posted: 23 Jun 2014 09:50 PM PDT
အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။  ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့်အတူ ဖမ်းဆီး စစ်ဆေးခံနေရသည့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်းကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုပင် မိသားစုများ သိခွင့်မရသေးဟု ကာယကံရှင်တို့က မဇ္ဈိမကို အတည်ပြုသည်။ “ကြာသပတေးနေ့က အလုပ်သွားချိန်က စပြီး အခုထိ ဆက်သွယ်လို့လည်း မရဘူး။ ဖမ်းထားတယ်ပဲ နောက်ပိုင်းကြားတယ်။
Posted: 23 Jun 2014 09:23 PM PDT
ရန်ကုန်၊ ဇွန် ၂၃  မြန်မာနိုင်ငံအတွင်း အင်အားကြီး အတိုက်အခံပါတီ တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောကြားသည်။ အဆိုပါ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ မြို့နယ်နှင့်
Posted: 23 Jun 2014 08:13 PM PDT
 ရန်ကုန်မြို့အင်းလျားလမ်းတွင် အငှားယာဉ်ကို နေ့ခင်း ကြောင်တောင် အကြမ်းဖက် လုယက်ခဲ့သူအား ဥပဒေရုံးက ပြစ်ဒဏ်ပိုကျခံနိုင်သည့်  ပုဒ်မသို့ ပြောင်းလဲ သတ်မှတ်ပေး ခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက် က ဗဟန်းမြို့နယ် ဓမ္မစေတီမီးပွိုင့် မှ အင်းလျားလမ်းအတိုင်းမောင်း နှင်လာသော အငှားယာဉ်တစ်စီး ကို အမျိုးသားတစ်ဦးက ယာဉ်ရှေ့ပိတ်ရပ်ပြီး ယာဉ်အတွင်းသို့ အတင်းဝင်ရောက်ကာ ယာဉ်မောင်းကို
Posted: 23 Jun 2014 08:05 PM PDT
  ဒီရက်ပိုင်း မဟာသန္တိသုခကျောင်းကို ညအမှောင်မှာ ဗြောင် လာပြီး အင်အားသုံးချိပ်ပိတ်ခဲ့တဲ့ အမှုရဲ့နောက်ဆက်တွဲသတင်း တွေက ဖတ်ရတာ တရုတ်သိုင်း ကားကြည့်ရသလိုပါပဲဗျာ။ တစ် ယောက်နဲ့တစ်ယောက် တိုက် ခိုက်တာ၊ တစ်ယောက်တိုက် ကွက်ကို တစ်ယောက်က လက်မတင်လေးပွတ်ရှောင်ထွက်သွား တာတွေဟာ မြန်လွန်းတော့ ကြည့်ကောင်းပေတဲ့ မျက်စိလည်ရသဗျ။ ဒီကြားထဲမှာ လက်နက်ပုန်းထုတ်သုံးတာတွေကလည်း ပါသေးကိုး။ ‘‘ဆန်စဉ်ရာကျည်ပွေ့လိုက်’
Posted: 23 Jun 2014 07:52 PM PDT
 တနင်္လာနေ့မှာ ကျင်းပတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင် ဘရားဇီးအသင်း၊ မက္ကဆီကိုအသင်း၊ ချီလီအသင်းတို့ ဒုတိယအဆင့် တက်လာကြပါပြီ။ Brasilia မြို့တော်မှာ ကျင်းပတဲ့ ပွဲမှာတော့ ဘရားဇီးက တစ်ပွဲမှမနိုင်သေးတဲ့ ကင်မရွန်းကို လေးဂိုးတဂိုးနဲ့ အနိုင်ရပြီးတော့ ၇ မှတ်နဲ့ အုပ်စု A ထိပ်ဆုံးမှာ ရှိနေပါတယ်။ Recife မြို့မှာကျင်းပတဲ့ ပွဲမှာတော့ မက္ကဆီကို က ခရိုအေရှားကို သုံးဂိုး တဂိုးနဲ့ အနိုင်ရပြီး သူကလည်း ၇
Posted: 23 Jun 2014 07:48 PM PDT
 ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းကို ဒီလအစောပိုင်းတုန်းက အာဏာပိုင်တွေ ၀င်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် စွဲချက်တင်အရေးယူဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာဆိုရင် သံဃာထုကို ဖိနှိပ်ဖို့ ရည်ရွယ်တဲ့လုပ်ရပ်အဖြစ် မဟာသန္တိသုခကျောင်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကမိန့်ခဲ့ပေမဲ့
Posted: 23 Jun 2014 05:29 PM PDT
နေပြည်တော်၊ မဇ္ဈိမ။ ။ဖမ်းဆီး စစ်ဆေး ခံနေရသည့် သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး(ဟောင်း) ဦးဆန်းဆင့်နှင့် ပြီးခဲ့သည့်နှစ်ရက်က ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်း ထွက်ပေါ်နေသည့် သာသနာရေးဝန်ကြီးဌာန၊ အကြံပေးဖြစ်သူ ဦးအံ့မောင်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို လောလောဆယ်၌ ထုတ်ဖော် မပြောကြားနိုင်သေးဟု ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇွန်လ ၂၃ရက်က လွှတ်တော်တွင်
Posted: 23 Jun 2014 05:27 PM PDT
  ဗုဒ္ဓဘာသာသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနက တာဝန်ပေးထားတဲ့ စည်းကမ်း ထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော် ၀င်ရောက် စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကျပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။
Posted: 23 Jun 2014 05:17 PM PDT
ရန်ကုန်၊ ဇွန် ၂၂- သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။ အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက် ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိမှု ကို
Posted: 23 Jun 2014 04:12 PM PDT
 အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မြောက်ဘက် Baiji က နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ဆွန်နီ သူပုန် တွေက လုံးဝ သိမ်းပိုက် လိုက်ပြီလို့ သိရ ပါတယ်။ ရေနံချက် စက်ရုံကို သူပုန် တွေ ဝင်စီးထားတာတော့ ၁ဝ ရက်လောက် ရှိနေပြီး သိမ်းပိုက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့ရပါတယ် ။ ရေနံစက်ရုံကို အုပ်ချုပ်ဖို့ ဒေသခံ မျိုးနွယ်စု တွေကို လွှဲပေး သွားမယ်လို့ သူပုန် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောကြား ပါတယ်
Posted: 23 Jun 2014 04:05 PM PDT
 အစ္စလာမ် အယူကို စွန့်ပယ်မှုနဲ့ အရင်လက သေဒဏ် ပေးခံ ခဲ့ရတဲ့ ဆူဒန်သူ Meriam Ibrahim ကို အယူခံနဲ့ ပြန်လွှတ် လိုက်ပြီ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲ သမီး ကလေး မီးဖွား ခဲ့ရတဲ့ Meriam တို့ အမှုက ကမ္ဘာတုန်အောင် ကျော်ကြား သွားရပါတယ်။ ခရစ်ယာန် ဘာသာဝင်ကို လက်ထပ်လို့ အိမ်ထောင်ရေး စည်းဖောက်မှုနဲ့ သူ့ကို ကြိမ်ဒဏ် တရာ ရိုက်ဖို့လဲ ဆူဒန် အောက်ရုံး တရုံးက ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။ လွတ်လာပေမယ့်လဲ သူ့ကို ရန်ရှာ ခံရမှာ
Posted: 23 Jun 2014 03:37 PM PDT
  အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော အပြင်းအထန် သူပုန်ထနေသော စွန်နီဘာသာရေး အစွန်းရောက်အုပ်စု ISIS က မိသားစုများအား သမီးဆက်သရန် တောင်းဆိုကြောင်း The Daily Mirror မှ ဖော်ပြသည်။ ၎င်းတို့ဆင်နွှဲနေသော ဘာသာရေး စစ်ပွဲတွင် အမျိုးသမီးများလည်း မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့် ၀ိညာဉ်အား သန့်စင်ကြရန် တောင်းဆို ထားသည်။ အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့်
Posted: 23 Jun 2014 03:27 PM PDT
 စင်ကာပူနိုင်ငံမှာ ကျင်းပသွားတဲ့ ၁၂ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ မအေးအေးစိုး အကြောင်းကို ဒေါ်ယမင်းဦးက တင်ဆက်ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...