ဘယ်တော့မှမလာလို့.....
ရှစ်နှစ်အရွယ်....သားငယ်ကလေးများအကြောင်းကို အမျိုးသမီး သုံးယောက်တို့သည် ဂုဏ်ယူ ၀င့်ကြွှားစွာပြောဆိုနေကြ၏။
ပထမအမျိုးသမီး။ ။ ကျမသား ဖိုးတုတ်ကတော့....ကြီးလာရင် အင်ဂျင်နီယာဖြစ်မှာပဲ၊သူ့ကို အရုပ်တစ်ရုပ် ၀ယ်ပေးလိုက်ရင် အဲဒီအရုပ်ကို တစစီ ဖြုတ်ပီး ဘယ်လိုလုပ်ထားသလဲလို့ ကြည့်တယ်လေ။

ဒုတိယအမျိုးသမီး။ ။ကျမသား.....ပေါက်စ... အတွက်တော့ ဂုဏ်ယူတယ်ရှင့် သိလား။
သူကရှေ့နေ တစ်ယောက်ဖြစ်လာမယ်ဆိုတာ ကျမသိထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန်လုံးလိုလို...
သူ့သူငယ်ချင်းတွေနဲ့ ငြင်းခုံ နေတတ်တယ်....လေ..။
တတိယအမျိုးသမီး။ ။ကျမသား.....မောင်မေတ္တာ..ကတော့ ရဲအရာရှိကြီး တစ်ယောက်ဖြစ်မယ်ဆိုတာ...ရှင်တို့ငြင်းစရာမလိုပါဖူးရှင်။
ဘာလို့လဲဆိုတော့....မုန့်ဖိုး ပေးချိန်ကလွဲလို့....သူ့ကိုခေါ်လိုက်တိုင်း ဘယ်တော့မှ ပေါ်မလာဖူးလေ....။
တိန်...ရီမောပျော်ရွှင်ပါစေ
ကိုလုံ

0 comments:
Post a Comment