Tuesday, June 24, 2014

#‎တိုချင်သူ‬" (Dirty joke!) (မိန်းကလေးများ မဖတ်ရ..)

လူတစ်ယောက် သူ့ပစ္စည်း ၂၅ လက်မခန့် ရှည်နေသဖြင့် အဆင်မပြေဖြစ်နေသောကြောင့် ဖြတ်ရန် ဆရာဝန်သွားပြသည်။ ဆရာဝန်ပြောသည်။
"ဒါမျိုးက ဖြတ်ရင် တစ်ခါတည်းသုံးမရဖြစ်သွားမယ်။ ဆေးသောက်လို့လဲ မဖြစ်နိုင်ဘူး။ အဲဒီတော့ သမားရိုးကျမဟုတ်တဲ့နည်းပေးမယ်။ ဒီနားက ရေကန်ကိုသွား၊ အဲဒီမှာ ဖားမတစ်ကောင်ရှိတယ်။ သူ့ကိုလက်ထပ်ခွင့်တောင်း။ သူငြင်းလိမ့်မယ်။ တစ်ခါငြင်းတိုင်း ခင်ဗျား ပစ္စည်းလည်းတိုသွားလိမ့်မယ်။"

သို့နှင့်ထိုလူလည်း မယုံ့တယုံဖြင့် ရေကန်နားသွားရာ ဖားတစ်ကောင်တွေ့သည်။
အရှူံးမရှိဟုတွေးကာ ဖားကိုမေးသည်။
"ဖားမကလေး ငါနဲ့လက်ထပ်ပါလား"
"ဟင့်အင်း မထပ်နိုင်ပါဘူး"
ထိုလူလည်း ဘောင်းဘီဟကြည့်ရာ ငါးလက်မတိုသွားသည်ကို တွေ့သဖြင့် သေမတတ်ပျော်သွားပြီး ထပ်မေးသည်။
"ဖားမလေး ငါနဲ့လက်ထပ်မှာလား"
"ရော် မထပ်နိုင်ပါဘူးဆို"
ထပ်ကြည့်ရာ ထပ်တိုသွားသဖြင့် ၁၅ လက်မသာကျန်တော့သည်။ ၁၀လက်မခန့်ဆိုလျှင် အကောင်းဆုံးဟု ယူဆသဖြင့် နောက်ဆုံးတစ်ကြိမ်ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။
"ဖားမလေး ငါနဲ့လက်ထပ်နော်"
"အော် တယ်ခက်တဲ့လူပါလား။ ဘယ်နှစ်ခါပြောမှနားလည်မှာလဲ။ ရှင်နဲ့ လက်မထပ်ဘူး! လက်မထပ်ဘူး!! လက်မထပ်ဘူး!!!"
- Chilly Chan

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...