Friday, June 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်


Posted: 27 Jun 2014 04:03 AM PDT
 မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်တွင် မိဘများက တက္ကသိုလ် ဆက်တက်ရန် ပြောကြားရာမှ မိဘများနှင့်မခွဲလို၍ အမျိုး သမီးငယ်တစ်ဦး ပိုးသတ်ဆေး သောက်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် ညနေ ၆နာရီက ရမည်းသင်း ဆေးရုံသို့ အဆိပ်သောက် သေဆုံးနေသည့် အမျိုးသမီး တစ်ဦး ရောက်ရှိ လာကြောင်း သတင်းအရ ရဲကင်းစခန်းမှူး(ထူးကုန်း) ရဲအုပ်မျိုးထွန်း နှင့်အဖွဲ့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရမည်းသင်းမြို့နယ်
Posted: 27 Jun 2014 03:46 AM PDT
 သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။  အမျိုးသမီးများ အနေဖြင့် မိမိတို့၏ ကိစ္စရပ်များအား ရင်ဖွင့်တိုင်ကြားလိုပါက လူမှုဝန်ထမ်း ဦးစီးဌာန၏ သတင်းပြန်ကြားရေး စင်တာသို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။ “၂၀၁၃ ခုနှစ်၊ သြဂုတ်လကစပြီး အခုချိန်ထိ လာရောက်တိုင်ကြားမှု ၂၀ လောက် ရှိနေပါပြီ။ အမျိုးသမီးကိစ္စဆိုရာမှာ လိင်အကြမ်းဖက်ခံရတာတွေ လိမ်လည်ဖြားယောင်း ခံရတာတွေ အိမ်ထောင်ရေးပဋိပက္ခတွေ
Posted: 27 Jun 2014 03:38 AM PDT
 မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလကုန်အထိ လူကုန်ကူးခံရသူ တစ်ထောင်ကျော်တွင် နှစ်ရာခန့်မှာ လုံးဝ ကယ်တင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) မှ သိရသည်။ အစိုးရသစ် တာဝန်ယူချိန်မှ စ၍ လူကုန် ကူးမှုအမှုပေါင်း (၃၉၀) မှုတွင် လူကုန်ကူးခံရသူ (၁၀၆၉) ဦးရှိခဲ့ပြီး၊ ကယ်တင်နိုင်ခဲ့သူ (၈၆၉) ဦး ရှိခဲ့ကာ လုံးဝ မကယ်တင်နိုင်သူမှာ (၂၀၀) ဦးရှိကြောင်း သိရသည်။ “
Posted: 27 Jun 2014 03:49 AM PDT
 “အောင်မယ် အစ်ကိုကြီးကို ဘယ်သူကခန့်လို့ စားပွဲပေါ်မှာ သမ္မတရုံး အကြံပေးဆိုပြီး စာတမ်းကြီး ထောင်ထားရတာလဲ။ ဘယ်ဘုန်းကြီးကျောင်းကို မုန်းလို့ ဘယ်လိုဒုက္ခပေးချင်လို့လဲ” ဆိုတဲ့ အသံနဲ့ အတူတပည့်ကြီး မောင်ကြွက်နီ ရောက်လာပါတယ်။ “နေစမ်းပါဦး၊ သမ္မတရုံး အကြံပေးဆိုတာ ကိုယ့်ဟာကိုယ်ရော ခန့်လို့ရောမရဘူးလား။ အခုတောင် သမ္မတ အကြံပေးလိုလို၊ သမ္မတရုံး အကြံပေးလိုလို တစ်ယောက်ကို ပြဿနာဖြစ်မှ ဘယ်သူကမှ ခန့်တာမဟုတ်ဘူးြေ
Posted: 27 Jun 2014 03:18 AM PDT
 ရန်ကုန်၊ ဇွန်-၂၆ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ထူးခြား ဖြစ်စဉ်များသည် မေလ အတွင်းက ဖြစ်ပေါ်ခဲ့သော နေထီးဆောင်းမှု ဖြစ်စဉ်နှင့် ယှဉ်တွဲ ဆက်စပ်နေပြီး ယင်းဖြစ်စဉ် ကြောင့်ပင် အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ် လာနိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံ အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ဇွန် ၂၅ ရက်၌ ပြောဆိုခဲ့သည်။ နေထီးဆောင်းမှု ဖြစ်စဉ်သည်ြ
Posted: 27 Jun 2014 03:08 AM PDT
 သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ
Posted: 27 Jun 2014 03:05 AM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်း လွှတ်တော်ရုံးအရှေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ဆူးလေးဘက်သို့ သွားသည့်ယာဉ်ကြော၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက် နံနက် ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲ တစ်နာရီခွဲသည်အထိ အမှုဖွင့်နိုင်ခြင်း မရှိသေးဟု ဒဂုံမြို့မ ရဲစခန်းက တာဝန်ကျရဲတပ်သား တစ်ဦးက မဇ္ဈိမကို ပြောသည်။ "ကျွန်တော်တို့ဆီက စခန်းမှူးနဲ့တာဝန်မှူး ဖြစ်တဲ့နေရာကို
Posted: 27 Jun 2014 03:03 AM PDT
 ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ညသန်းခေါင်ယံအချိန်တွင် ဖုန်း လိုင်းပြတ်တောက် မှု ညစဉ်ဖြစ်နေသည်ဟု ဖုန်းသုံးစွဲ သူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ပေါ်နေခြင်းသည် ယခုလ တတိယ အပတ်မှ စ ၍ ဖြစ်ပေါ် နေခြင်းဖြစ် ပြီး ရန်ကုန်မြို့အပြင် အခြား နယ်မြို့ များ ပါ ဖြစ်နေကြောင်း သိရသည်။ ”အရင်ကဖြစ်လား မဖြစ်လားဆိုတာတော့ သတိမထားမိဘူး။ အခုရက်ပိုင်းမှ သတိထားမိတယ်။ ကမ္ဘာ့ဖလားကြည့်ဖို့ သူငယ်ချင်းကို ဖုန်းဆက်မှဖုန်း
Posted: 27 Jun 2014 02:53 AM PDT
 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ
Posted: 27 Jun 2014 02:51 AM PDT
မန္တလေး၊ ဇွန်၂၆  မန္တလေးမြို့တော်တွင် အကြီးဆုံး ဈေးဝယ်စင်တာဖြစ်သည့် ဒိုင်းမွန်းပလာ ဇာဒုတိယအလွှာရှိ မြန်မာ့ရှေ့ဆောင်ဘဏ် MPU ငွေထုတ်စက်နှင့် SONY, LG Showroom တို့ကို ဇွန်လ ၂၅ ရက်နေ့ ညပိုင်းအချိန်က ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀ ကျော် ပါသွားခဲ့ကြောင်း ယင်းဖောက်ထွင်းခံရသည့် ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။ ဒိုင်းမွန်းပလာဇာ ဒုတိယအထပ်ရှိ SONY, LG Showroom အရောင်းပြခန်းနှင့်
Posted: 27 Jun 2014 02:48 AM PDT
ရန်ကုန်၊ ဇွန် ၂၆  နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ယူနတီ အပတ်စဉ်ထုတ် ဂျာနယ်၏ ထုတ်ဝေမှုကို ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦး တရားစွဲခံထားရသည့် အပြင် ရုံးအဖွဲ့တစ်ခုလုံး ဖိဖိစီးစီး အလုပ်မလုပ်နိုင်ခြင်း၊ ဂျာနယ် ထုတ်ဝေမည့်ရက် နီးကပ်ချိန်အထိ ဝန်ထမ်းများကို ဖုန်းဆက်ခေါ်ရခြင်း
Posted: 27 Jun 2014 02:51 AM PDT
 ဘာမှန်း သိတာကို  ကြောက်နေရ သ လို ဘာမှန်းမသိတာကို ကြောက်နေ ရတာမျိုး ကလည်း မြန်မာပြည်မှာ ဖြစ်နေတာ ကြာလှရှိပါပြီ။ အထူးသဖြင့် အစိုးရစစ်တပ်၊ ရဲနဲ့လက်နက်ကိုင်ထားတဲ့ အခြားသော အဖွဲ့အစည်း အသီးသီးကိုလည်း လက်နက်မဲ့တဲ့ ပြည်သူတွေက ကြောက်ကြရပါတယ်။ လက်နက်ကိုင်ထား သူများကလည်း သူတို့လက်နက်ကိုင်ထား တာကြောင့် လူတွေကကြောက် တယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် အဲဒီအပေါ်မှာ အခွင့်အရေးယူပါတယ်။ ဟိုရက်ပိုင်းက ဖြစ်သွားတဲ့
Posted: 27 Jun 2014 02:51 AM PDT
 ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး  စုစုပေါင်းရှစ်စီး
Posted: 26 Jun 2014 08:07 PM PDT
 ဆီးရီးယားမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ ကို၊ လေ့ကျင့်ပေးဖို့ နဲ့ လက်နက် တပ်ဆင်ပေး ဖို့၊ ဒေါ်လာ သန်း ၅၀ဝ အသုံးပြုခွင့် ကို၊ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကနေ၊ သမ္မတ အိုဘားမား က တောင်းဆို လိုက်ပါ တယ်။ အဲ့ဒီ့ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ဟာ၊ ဆီးရီးယား အစိုးရကိုရော၊ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ် ရှိပြီး အီရတ် နိုင်ငံထဲကို ပါ ဝင်ထွက်လို့ရအောင် နယ်မြေတွေ ထိန်းချူပ်ထားနိုင် တဲ့
Posted: 26 Jun 2014 07:54 PM PDT
ရန်ကုန်၊ဇွန် ၂၆  ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ “တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတော့ စာပေလောက က
Posted: 26 Jun 2014 07:52 PM PDT
 ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲ မှာတော့ ဂျာမနီ ၊ အမေရိကန် နဲ့ အယ်လ်ဂျီရီးယား အသင်းတို့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်သွားကြပါပြီ။ Recife မြို့မှာ ကစားတဲ့ ဂျာမနီ နဲ့ အမေရိကန်အသင်းတို့ ကစားခဲ့ကြတာမှာ ဂျာမနီက အမေရိကန်ကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရ သွားခဲ့ပါတယ်။ ဂျာမနီ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ရှေ့တန်းလူ မူလာက ဒုတိယပိုင်း ၅၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ
Posted: 26 Jun 2014 07:47 PM PDT
 တရုတ်နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ကာ တရားမ၀င်သွား ရောက်အလုပ် လုပ်ကိုင်နေရ သော မြန်မာနိုင်ငံသားများအ တွက် အာမခံချက်ပေးနိုင်ရန် နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အ ကာအကွယ်ပေးနိုင်ရေးနားလည် မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးမှုကို တရုတ်နိုင်ငံဘက်က ကမ်းလှမ်းလာမှသာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ‘‘ဒုဝန်ကြီးဖြေသွားတဲ့အထဲ မှာ တရုတ်ကကမ်းလှမ်းမှု MOU ထိုးပြီးလုပ်ပေးမယ်ဆိုတော့ ဒါက မလုပ်ပေးနိုင်ဘူး
Posted: 26 Jun 2014 04:17 PM PDT
  ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီး စက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာ အလုပ်သမား အရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံ ကိုလည်း ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ လူပွဲစားဇနီး မောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ေ
Posted: 26 Jun 2014 04:12 PM PDT
ပုသိမ်၊ ဇွန် ၂၆။  ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် အကြမ်းဖက်မှု များမှ တဆင့် အဓိကရုဏ်း ဖြစ်ပွားခဲ့မှုကို စတင်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်ခဲ့သူဟု ထင်ရှားသော ရွာသူရွာသား ခြောက်ဦးကို ဇွန်လ၂၆ရက်နေ့ က ပုသိမ်မြို့ ခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်လိုက်ကြောင်း လူ့အခွင့်ရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်မှ ဦးဆောင်သူ ဦးမြင့်နိုင်က ပြောကြားသည်။ အမျိုးသားသုံးဦးကို အကျိုးစီးပွား
Posted: 26 Jun 2014 04:01 PM PDT
  ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဂေါက်ကွင်းပေါ်တွင် မူလလယ်ပိုင်ရှင်(၆)ဦးမှ ဇွန်လ ၂၄ ရက်နေ့က လယ်တက်ထွန်သဖြင့် ပြသနာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ “ လယ်သမားတွေရဲ့ ရှေ့နေက ဥပဒေ အကြောင်း အရ ဖြေရှင်းဖို့ တောင်ကုတ်မြို့ဂေါက်ကွင်း ကော်မတီ ကို ဆင့်ခေါ် တယ်ပေါ။ မလာဘူးပေါ့။  ဥပဒေကို ဂရုမစိုက်တဲ့ သဘောပေါ့။ သူတို့က ဥပဒေကို မလေးစား ရင် ဒီကလည်း ဥပဒေကို လိုက်နာစရာ မလိုဘူးပေါ့။ ဒီတော့ ကိုယ်လယ်ကို ကိုယ်တက်ထွန်ကြပါတယ်။
Posted: 26 Jun 2014 02:27 PM PDT
 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်နေ မxxxx(၁၅)နှစ်သည် နေအိမ်အရှေ့ဘက် တစ်အိမ်ကျော်ရှိ ဒေါ်ခင်ညွန့်နေအိမ်တွင် ဗွီဒီယိုကြည့်ပြီး ည ၈ နာရီခွဲအချိန် နေအိမ်သို့ အပြန်မှာ အဓမ္မပြုကျင့်ခံရ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိပါသည်။  နေအိမ်သို့ပြန်ရန် လှေကားပေါ်မှ အောက်သို့ဆင်းစဉ် လှေခါးခြေရင်း အရောက် တစ်ရပ်တည်းနေ မျိုးလွင်(၃၃)နှစ်မှ
Posted: 26 Jun 2014 02:15 PM PDT
 မြန်မာ နိုင်ငံက မိုလ်ဘိုင်း ဖုန်းတွေကို International Roaming လို့ခေါ်တဲ့ နိုင်ငံရပ်ခြား သွားရောက်တဲ့ အခါမှာလည်း အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ International Outbound စနစ် ဖြစ်တဲ့ ဒီလို နိုင်ငံ ရပ်ခြားမှာ အသုံးပြု နိုင်မယ့် အစီ အစဉ်ကို ဇူလိုင် လဆန်းမှာ စတင်ဖို့ မြန်မာ စာတိုက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး MPT ကနေ ဆောက်ရွက် နေပြီ ဖြစ်ပါတယ်။ ငွေဖြည့်ကဒ်သုံးနဲ့ ငွေဖြည့်စရာ မလိုပဲ နောက်မှ ကျသင့်ငွေ
Posted: 26 Jun 2014 02:06 PM PDT
သံရုံးသိမ်း သေနတ်သမားနှင့် ဒုတိယအကြိမ် အင်တာဗျုးရခြင်းထူးထူးရှယ် အင်တာဗျုး ပို့ပြီးလို့ အိမ်ပြန်ဖို့ပြင်နေတုန်း ကိုဝင်းနိုင်ဦးဆီက ဖုန်းဝင်လာပါတယ်။ ''ဆော ရီးဗျာ ဟေ့လူ။ ခင်ဗျားပို့ထားတဲ့ ဖွိုင်ကိုမှားပြီး Delete လုပ်မိလို့၊ ပြန်ပို့ပေးပါဦး'' တဲ့။ သေပြီဆရာပေါ့။ အဲဒီအချိန်က အခုခေတ်လို အသံဖွိုင်ကို ကွန်ပျူတာပေါ်တင်၊ Cool edit ပရိုဂရမ်နဲ့တည်းဖြတ်၊ အီးမေး လ်နဲ့ပို့တဲ့ အဆင့်မရှိသေးပါ။
Posted: 26 Jun 2014 01:59 PM PDT
 ဇွန်လ ( ၂၈) ရက်နေ့ ထုတ် Net Guide Journal Vol 3 No 40  ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 26 Jun 2014 01:57 PM PDT
 ဇွန်လ ( ၂၇) ရက်နေ့ ထုတ် Myanmar Times Journal Vol 34 No 678  ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...