Saturday, June 14, 2014

တောင်းပန်ခြင်း

<<<<<  တောင်းပန်ခြင်း  >>>>>

တောင်းပန်ပါတယ် အဖေ.....

မနက်ဖြန် ဇွန်လရဲ့ တတိယတနင်္ဂနွေဆိုတာ နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့
 `` အဖေများနေ့´´ ပါတဲ့....။

မိတ်ဆွေကြီး တစ်ယောက်က သတိပေးမှ ကျွန်တော် အဖေ့ကို သတိရဖြစ်ခဲ့ပါတယ်။

ထပ်ပြီး တောင်းပန်ပါတယ် အဖေ...။

အရင်ကတော့ ဘ၀ဆိုတဲ့ သံသရာ ခရီးလမ်းက ကြမ်းလှပြီလို့ ထင်ခဲ့တာပါ။

အခု ဒီထက်ကြမ်းတမ်းတဲ့ သတင်းလမ်းမှာ အခု သား စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းမိနေလို့ အဖေ့ကို မေ့သလိုဖြစ်သွားခဲ့ပါတယ်။

ဒါနဲ့ အဖေ... ပြောပြရဦးမယ်... ကျွန်တော် လျှောက်လှမ်းနေတဲ့ စမ်းတ၀ါးဝါး နိုင်ငံရေး ခရီးလမ်းလေးအကြောင်း နည်းနည်း ပြောပြချင်ပါတယ်...။

ဒါက ဘာလဲ ဆိုတော့.....  @#$%^&*  အဲလိုပါပဲအဖေ....

တစ်ခုချင်းကို သိနေပေမယ့် အားလုံးစုလိုက်တဲ့အခါ အဖေမသိတော့ဘူး မဟုတ်လား...

ဒါကြောင့် ကျွန်တော်လည်း စဉ်းစားရင်း... စဉ်းစားရင်းနဲ့  ဘ၀ရဲ့ ကျေးဇူးတရား အကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အဖေ့ကို မေ့နေခဲ့မိတယ်...။

ကျွန်တော်သိပါတယ်... ဘာပဲဖြစ်ဖြစ် အဖေက ခွင့်လွှတ်ထားတယ်ဆိုတာကိုပါ။

ဒါနဲ့ အဖေ....
အမေ့ကိုလည်း ပြောပြပေးပါ... ဘယ်နေ့ ဘယ်အချိန်မှာဖြစ်ဖြစ် ကျွန်တော်အမေ့ကို ချစ်ပါတယ်လို့နော်...။

သေသေချာချာလည်း ပြောပြပါဦးအဖေရယ်....
အမေ့ကိုချစ်တယ်ဆိုလို့.... အမေ အားငယ်နေပါဦးမယ်...

သိပ်ကိုခေတ်စားနေတဲ့ ``အမေ´´ ကို ပြောတာ မဟုတ်ဘူး... ကျွန်တော့်ကို မွေးထားတဲ့အမေ့ကို ပြောတာပါလို့နော်....

ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းပြီး ကျေးဇူးတရားနဲ့ ဂါရ၀တရားကြီးမားတဲ့.... သတ္တ၀ါတွေကို မေတ္တာပို့ အမျှအတန်းပေးဝေရင်း တတ်နိုင်သမျှလှူဒါန်းနေတဲ့... လက်လှမ်းမီသမျှ ယဉ်ကျေးလိမ်မာအောင် ဆိုဆုံးမတတ်တဲ့ အမေ့ကို ချစ်တာပါလို့နော်....

အမေ စိတ်ချပါ... ယောင်တောင်ပေါင်တောင်နဲ့ သူများ ပြောတဲ့ အမေ့ကို ချစ်တာ မဟုတ်ပါဘူး...
အနန္တကျေးဇူးရှင် မွေးမေမေကို ချစ်တာပါလို့...

အဖေနဲ့ အမေ့ကိုချစ်တဲ့....

သားလေး မောင်ကွန် (၁၄-၆-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...