Tuesday, June 10, 2014

ကောက်ရသောပိုက်ဆံသိန်း (၉၀)အားပိုင်ရှင်သို.ပြန်ရှာပေးအပ်သောပြည်မြို.မှ ဆိုက္ကားဆရာ ကိုဆန်းဝင်းအား မြို.လူထုမှဂုဏ်ပြုငွေ ခုနစ်သိန်း ငါးထောင်ကျပ်ကို ဆရာမြ၀င်း(ဒသန) နှင်. သရ၀ဏ်(ပြည်)မှ ကိုယ်စားချီးမြင်.ပေးအပ်။

Kyawko Kokyaw's photo.


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို.၊ န၀န်းကမ်းနားလမ်းနေ ဦးစန်းဝင်း(ဆိုက်ကားဆရာ၊ နိဗ္ဗာန်ဆော် ) ဆိုက်ကား နံပါတ်- ၁၆၆၁ ဖြင့် ဆိုက်ကားနင်းအသက်မွေးဝမ်းကြောင်းပြုနေပြီး အကျီအနွမ်းလေးဝတ်၊ ဦးထုပ် အဟောင်းလေးဆောင်းပြီး နေပူပူ မှာ ဘ၀၀မ်းစာရေးကိုဖြေရှင်းနေရပေမယ့် စိတ်ဓါတ်
ရိုးသားမြင့်မြတ်သူ ရဲ. နိုင်ငံကြီးသားပီသလှတဲ့ ဖြစ်ရပ်လေးကိုဂုဏ်ပြုလိုက်ရပါတယ်။

(၃၀) ရက်နေ.က လစာထုတ်ရက်မို. မြန်မာ့စီးပွားရေးဘဏ်မှာ ငွေထုတ်သူ
တွေနဲ.စည်ကားလှတဲ့အချိန်၊နေ.လည်ပိုင်းမှာ ဌာနဆိုင်ရာတစ်ခုက ငွေစာရင်း
ကိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ မြန်မာ့စီးပွားရေးဘဏ်ဘေးက ပီစီအို
ဘေးမှာ ငွေထုပ်ချပြီး တယ်လီဖုံးပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ.ကို
လာကြိုတဲ့ သူတို.ဌာနကကားရောက်လာတာမို. အလောသုံးဆယ်ကားပေါ်
တက်လိုက်ပါတယ်။ ဒုဝန်ကြီးကလည်း ရုတ်တရက်ရောက်လာမှာမို. ကားပေါ်
ပါသူတွေရော သူမတို.ပါ စိတ်လောနေကြတယ်။
ဌာနကိုရောက်လို. လစာငွေထုပ်တွေစစ်လိုက်မိတော့ ကျပ်သိန်း(၉၀)ကျော်
ငွေထုပ်ဟာ သူမဖုံးပြောနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ဘေးနားက ပီစီအို
နားမှ ကျန်ခဲ့တာသိသွားခဲ့ပါတယ်။ ချက်ချင်း ကားနဲ. ပြန်သွားပေမယ့်
ငွေထုပ်ပြန်ရဖို.ဆိုတာ လုံးဝမသေချာတော့ပါဘူး။ စာရင်းကိုင်ဝန်ထမ်း
အမျိုးသမီးလည်း ခေါင်းမီးတောက်နေပြီး ကျန်လုပ်ဖော်ကိုင်ဖက်တွေကလည်း
စိတ်မကောင်းကြီးစွာ ရှိနေခဲ့ကြပါတယ်။
ဘဏ်ဘေးနားမှ ဆိုက်ကားရပ်ထားပြီး ခရီးသည်စောင့်နေတဲ့ ဦးစန်းဝင်းက
ကျွတ်ကျွတ်အိတ်နဲ.ထုပ်ထားတဲ့ အထုပ်တစ်ကိုသူ.ဘေးနားမှတွေ.လို.ဖွင့်
ကြည့်လိုက်တော့ ငွေတွေတွေ.ပါတယ်။ဒါနဲ. ငွေထုတ်အိတ်မှာ ပန်းတောင်း
လို.ရေးထားတာတွေ.လို. ငွေထုပ်တင်ပြီး ပန်းတောင်းကားဂိတ်ကိုသွားခဲ့
တယ်။ ဒါပေမယ့် ကားဂိတ်မှာ ဘယ်သူမှမတွေ.တာကြောင့် သူဆိုက်ကား
ဂိတ်ထိုးတဲ့ ဘဏ်နားကိုပဲပြန်လာခဲ့တယ်။
အဲဒီအချိန်မှာ လူ(၃)ယောက်က ဦးစန်းဝင်း အမူအယာကိုကြည့်ပြီး လက်ထဲ
ကငွေထုပ်ဟာ သူတို.ဟာဆိုပြီး ပေးဖို.ပြောလာတယ်။ မပေးရင်လည်း
အန္တရာယ်ပြုမယ့် ပုံသဏ္ဍာန်ရှိပါတယ်။
ဦးစန်းဝင်းက အခြေအနေကိုကြည့်လိုက်ပြီး " မင်းတို.ပိုက်ဆံဆိုရင် ရဲဆီမှာ
ဘဏ်ထဲမှာပြန်ယူကွာ" ဆိုပြီး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ.ရှိ လုံခြုံရေးရဲ
တပ်သားကတဆင့် ဘဏ်မန်နေဂျာလက်ထဲကို သွားအပ်လိုက်ပါတယ်။
ထိုလူ(၃)ယောက်လည်း မယောင်မလည်နဲ. ပြန်ပြေးသွားကြပါတယ်။
မကြာခင် ငွေထုပ်ပျောက်တဲ့ ဌာနဆိုင်ရာက စာရင်းကိုင်အမျိုးသမီးရောက်
လာပါတယ်။ ဘဏ်မန်နေဂျာရှေ.မှာ သူမေ့ကျန်ခဲ့တဲ့ ကျွတ်ကျွတ်အိတ်နဲ.
ငွေထုပ်ကို အံသြ၀မ်းသာစွာတွေ.လိုက်ရပါတယ်။ သူမလည်း သူ.ငွေထုပ်
ဖြစ်ကြောင်း၊ ဌာနဆိုင်ရာမှ ၀န်ထမ်းလစာများဖြစ်ကြောင်းနဲ. သူမကိုလည်း
ဘဏ်မန်နေဂျာက သိတဲ့အတွက် ပြန်ပေးလိုက်ပါတယ်။
သူမဟာ ဆိုက်ကားဆရာ ဦးစန်းဝင်းကို ကျေးဇူးတင်လွန်းလို. သူမယခုလ
ရမယ့် လစာ ကျပ်(၁)သိန်းကို ကန်တော့ပြီး၊ အများရှေ.မှာပဲ လက်အုပ်ချီမိုး
ထိုင်ကန်တော့ခဲ့ပါတယ်။ ဦးစန်းဝင်းက မယူပါဘူး အတင်းငြင်းပါတယ်။
သူမက ကျေးဇူးရှင်မို.ယူပါဆိုပြီး ငိုယိုပြီးတောင်းပန်မှ လက်ခံယူပါတယ်။
ဘဏ်မန်နေဂျာအပါအ၀င် အားလုံးက အဲဒီ့ဖြစ်ရပ်ကို မျက်ရည်ဝဲလျက်
ဝမ်းနည်းဝမ်းသာ ကြည့်ရှူနေခဲ့ကြပါတယ်။
ဒါကြောင့် ရိုးသားလှတဲ့ နိုင်ငံကြီးသားစိတ်ဓါတ်ကို ရှိတဲ့ ဆိုက်ကားဆရာ
ဦးစန်းဝင်းကိုအတုယူကြဖို.နဲ. လေးစားဂုဏ်ပြုလိုက်ကြရအောင်ပါ။
ထိုသို. ပိုင်ရှင်သို.ပြန်ရှာပေးအပ်သောပြည်မြို.မှဆိုက္ကားဆရာ
ကိုဆန်းဝင်းအား မြို.လူထုမှဂုဏ်ပြုငွေ ခုနစ်သိန်း ငါးထောင်ကျပ်ကို ဆရာမြ၀င်း(ဒသန) နှင်. သရ၀ဏ်(ပြည်)မှ ကိုယ်စားချီးမြင်.ပေးအပ်ခဲ့ကြောင်း သတင်းစုစည်းတင်ပြလိုက်ရပါသည်။

( ဇွန်လ(၁)ရက်နေ. Tomorrow Page မှသတင်းကိုပြန်လည်ဖော်ပြလိုက်ပါသည် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...