ငီး ငီး တော်ဘာတေးဒယ်
မနက်က အိပ်ရာထ နောက်ကျတော့ ရုံးကို နေ့လည် ၁၂း၄၅ သင်္ဘောနဲ့ လိုက်မယ်လေ ဆိုပြီး စဉ်းစားတယ်။
F B ဖွင့်လိုက်မိတော့ ကွန်ပြူတာမှာ မြောသွားတာနဲ့၊ အဲဒီ သင်္ဘော မမှီဘူး၊
ဒါနဲ့ နေ့လည် ၁ နာရီခွဲ သင်္ဘောနဲ့ လိုက်မယ်လို့ ဆုံးဖြတ်တယ်။
ဒါလည်း မမှီပြန်ဘူး (FB က သုံးကောင်းတုန်းကိုး)
နောက်ဆုံး Site က အတင်းခေါ်တော့မှ ၂ နာရီ ခွဲ သင်္ဘောနဲ့ လိုက်ဖို့ မထချင်ထချင်နဲ့ အိမ်ကထွက်လာတယ်။
အဲ...
တိုက်ဆိုင်ချင်တော့ ရထား ၂ ဆင့်စီးရတာ ၂ ဆင့်လုံး ၅ မိနစ်စီ စောင့်ရတယ်။
ဟိုဘက်မှာ MRT ကနေ Jetty နားကို ဘတ်စ်ကား စီးရတာ၊ ကားက တော်တော်နဲ့ မလာပြန်ဘူး။
လိုရင်းချုပ်လိုက်တော့ ကားပေါ်ကအဆင်းမှာ ၂ နာရီ ၂၀ မိနစ်ရှိနေပြီ။
ခပ်သွက်သွက် လျှောက်ရတာပေါ့။
Arrival မှာ ဂိတ်ဖြတ်တော့ လုံခြုံရေးကို Gate pass ကမန်းကတန်းပြပြီးလို့ Jetty စင်္ကြန်ထဲလည်း ဝင်ရော ကိုရွှေသင်္ဘောက နှဲမှုတ်နေပြီ အဲလေ ဥသြဆွဲနေပြီ...
စင်္ကြန်လမ်းကလည်း သင်္ဘောဆီရောက်ဖို့ ပုံမှန်လျှောက်ရင်ကို ၂ မိနစ်လောက် လျှောက်ရတာ
သင်္ဘောကို လက်လှမ်းပြပြီး ပြေးရတာပေါ့...
စင်္ကြန်လမ်းမှာ ခပ်ကြမ်းကြမ်းလေး ပြေးတာ ကိုယ့်ခြေသံ တဖောင်းဖောင်းနဲ့
အဲလို ပြေးနေတုန်း နောက်ကလည်း ပြေးလာတဲ့ ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့
ငင်...
စင်္ကာပူရဲ
ယူနီဖောင်းအပြည်နဲ့... ခါးပေါ်က နံပတ်တုတ်ပေါ်မှာ လက်တင်လို့ ကိုယ့်နောက်က ပြေးလိုက်လာတယ်.... ...
ဘုရား ဘုရား...
ငါ.. ငါ... အလောတကြီးနဲ့ဆိုတော့ ဂိတ်မှာ ဝင်ခွင့်ကဒ်ပြားကို Sensor မဖြတ်ခဲ့မိဘူးထင်တယ်။
ဒါမှမဟုတ် င့ါအိတ်ကို မစစ်လိုက်ရလို့ မသင်္ကာလို့ လိုက်လာတာလား မသိ။
အင်း... ...
ဆက်ပြေးနေလည်း လွတ်မှာ မဟုတ်တော့ အဲ... သူ့ ရပ်စောင့်နေလိုက်တယ်။
ခဏနေတော့ ကိုယ့်အနားရောက်လာတယ်
"ဘာဖြစ်လို့လဲငင်" ... လို့ မျက်နှာငယ်လေးနဲ့ မေးလိုက်တော့... ... သူက မျက်မှောင်ကြုပ်ပြီး ပြောတယ်... ...
"မြန်မြန်ပြေးလေ၊ ဘာလို့ ရပ်နေတာတုန်း၊ ဟိုမှာ သင်္ဘောက မင်းနဲ့ငါ့ကို စောင့်နေတာ"... တဲ့။
ငင်... မအေပေး၊ သူလည်း သင်္ဘောမှီအောင် ပြေးလာတာကိုး။
တားတားမှာ လန့်လိုက်တာမှ... ဒီတချီတော့ သွားဘီ ထင်တာ.... ငီး ငီး တော်ဘာတေးဒယ်။

0 comments:
Post a Comment