Monday, July 22, 2013

Time မဂ္ဂဇင်းက မှန်သလား မှားသလား


Time မဂ္ဂဇင်းကမှန်သလားမှားသလား အဲဒါလေးဖတ်ကြည့်ရင်အဖြေထွက်သွားပါလိပ်မည်
.
Time မဂ္ဂဇင်း ရဲ့  မျက်နှာဖုံး ဆောင်းပါးတွေက ကမ္ဘာကျော်ပါတယ်။ လူပုဂ္ဂိုလ်တွေရဲ portrait အပြည့်ကိုမျက်နှာဖုံးတင်ပြီး သူတို့ ရဲ့ ဘ၀ ၊ သူတို့ ရဲ့  အတွေးအခေါ်တွေကို နာမည်ကျော် စာရေးဆရာတွေက cover storyအဖြစ် အမြင်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ ရေးသားဖွဲ့ ဆို ကြတာပါ။ စာပေအဆင့်အတန်း တစ်ခုမှာ လည်း ရှိနေတတ်တာမျိုးပါ။ နယ်ပယ်အစုံက ထင်ရှားကျော်ကြားသူအများအပြားကို cover story အဖြစ်ရေးဖွဲ့ ခဲ့ရာမှာ အကြောင်းအမျိုးမျိုးနဲ့ ထင်ရှားကြောက်ကြားတဲ့သူတွေ ပါခဲ့ပါတယ်။ အိုစမာဘင်လာဒင် လို၊ ကဒါဖီ လို လူတွေလည်း ပါခဲ့ပါတယ်။

အမေရိကန်ကထုတ်တဲ့မဂ္ဂဇင်းမို့ ဆိုပြီး အမေရိကန်သမ္မတကိုလည်း ဘေးမဲ့ပေးထားတာမျိုးတော့ မဟုတ်ပါဘူး။မှတ်မှတ်ရရ အိုဘားမားက လိင်တူဥပဒေကို သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အခါ Time ကတင်ခဲ့တဲ့ မျက်နှာဖုံးကGay President ဆိုပြီး အိုဘားမားရဲ့  portrait အပြည့်နဲ့ ပါ။ Time ၏ မျက်နှာဖုံးပေါ်မှာ အချို့ လည်း သေဆုံးပြီးမှရောက်ရှိလာခဲ့ကြပြီး၊ အချို့ ကတော့ ရှင်သန်နေကြဆဲမှာပဲ ရုပ်ပုံလွှာတွေအဖြစ် အကြိမ်ကြိမ် ဖွဲ့ နွဲ့  ခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံနဲ့  ပတ်သက်လို့ လည်း Time က လျစ်လျူမရှုခဲ့ပါဘူး။ မြန်မာအကြောင်းကို cover story အဖြစ် ရှုထောင့်မျိုးစုံကနေ အကြိမ်ကြိမ်ရေးဖွဲ့ ခဲ့တာပါ။

Burma's Long March ..... မြန်မာရဲ့ခရီးရှည်ချီတက်ပွဲ ဆိုပြီး လူငယ်ဗိုလ်လောင်းတစ်ယောက်ရဲ့  ပုံနဲ့ How the junta is grooming a new generation to perpetuate its hold on power အာဏာကိုကြိုးကိုင်ထားနိုင်အောင် စစ်အစိုးရကသူရဲ့မျိုးဆက်သစ်ကို ဘယ်လိုအမွှေး အရောင်ပြောင်အောင် ဖြီးသင်ပေးမှာလဲ..လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Proujin For Barma ..... မြန်မာနိုင်ငံအတွက် ဆုတောင်း ဆိုပြီး အဖြူရောင် cover ပေါ်မှာ လက်အုပ်ချီဆုတောင်းနေတဲ့ဘုန်းကြီးများပုံနဲ့  Monks lead protets against abnuted regine that replies with an iron first. But the wold is watchingသံဃာတွေဦးဆောင်တဲ့ ဆန့်ကျင်ပွဲတွေကို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရက သံလက်သီးနှင့်တုန့်ပြန်တယ်။ ဒါပေမဲ့ ကမ္ဘာကတော့ စောင့်ကြည့်နေရုံပါပဲ....လို့  ပြောပြခဲ့ပါတယ်။

Child Warriors ..... ကလေးစစ်သည်များ ဆိုပြီး ကလေးစစ်သားတစ်ယောက်ရဲ့ ပုံနဲ့  Barma's Tin Hle is only13 years old. In war zones around the world, kids like him are fighting¬— and dyingမြန်မာပြည်က ထင်လေးဟာ ၁၃ နှစ်ပဲရှိပါသေးတယ်။ ကမ္ဘာ့နေရာအနှံ့က စစ်မြေပြင် တွေမှာ သူ့လိုပဲ ကလေးသူငယ်တွေဟာ စစ်တိုက်နေ-သေကျေပျက်စီးနေကြပါတယ်.......လို့  ကမ္ဘာကို လှစ်ဟပြခဲ့ပါတယ်။

The Fighter ....... တိုက်ခိုက်ရေးသမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ငယ်နုစဉ်ကပုံရိပ်အသွင်နဲ့ Burma's ASSK is a beacon of freedom in a country without it ဒေါ်စုဟာ နိုင်ငံတစ်ခုအတွက် လွတ်မြောက်ခြင်းရဲ့မီးသျူးတန်ဆောင်၊ သူမရှိလို့ကတော့........ဆိုပြီး ဒေါ်စုရဲ့  တန်ဖိုးကို ဖော်ပြခဲ့ဖူးပါတယ်။

Burma Unbound ....နှောင်ကြိုးက လွတ်တဲ့မြန်မာ ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့  ပုံနဲ့  Presendent UTS is trying to trous form a military state into a thriuing democracy. Can be succeed and will Burma's Geuseral let him?သမတကြီးဦးသိန်းစိန်ကတော့ စစ်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံကနေအောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူအောင်မြင်နိုင်ပါ့မလား။ မြန်မာဗိုလ်ချုပ်တွေကရော သူ့ကိုခွင့်ပြုပါ့မလား လို့  ဒီမိုကရေစီအစိုးရအသစ်ဆိုတာရဲ့  ခေါင်းဆောင်ကို မေးခွန်းထုတ်ပြခဲ့ပါတယ်။

Bewave of pied pipe...... မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနု ဆိုပြီး ဦးနုပုံပန်းချီနဲ့  Bewave of pied piper မှော်ပလွေဆရာကိုသတိထား .....ဆိုပြီး မျက်နှာဖုံးတင်ခဲ့တာပါပဲ။

Young Burma .......နုနယ်တဲ့မြန်မာ ဆိုပြီး Rapper လူငယ်များပုံနဲ့ There may be little sign of political change, but a quiet resolution is under wayနိုင်ငံရေးပြောင်းလဲတဲ့လက္ခဏာပါးပါးလေးရှိကောင်းရှိနိုင်ပေမဲ့ တိတ်ဆိတ်တဲ့တော်လှန်ရေးကတော့ ဆက်ရှိနေမှာပါ လို့  မြန်မာ့လူ့ ဘောင်အတွင်းက လူငယ်တွေရဲ့  နိုင်ငံရေးအမြင်ကို အကဲဖြတ်ပြခဲ့ပါတယ်။

The Lady Returns .......သူ ပြန်လာပြီ ဆိုပြီး ဒေါ်စုရဲ့  ပုံနဲ့ လည်းBut ASSK now has to become more tham an icon of democracyအခုတော့ ဒေါ်စုဟာ သေးငယ်တဲ့ဒီမိုကရေစီပုံရိပ်တစ်ခုထက်သာလွန်တဲ့ အနေအထားကို ရောက်ဖို့လိုအပ်နေပြီ လို့ ထောက်ပြခဲ့တာပါ။

Asian Jouney ..... အာရှခရီးစဉ် ဆိုပြီး ဦးပိန်တံတားပေါ်သံဃာတော်တစ်ပါး လျှောက်လှမ်းနေပုံနဲ့ In Seanch for Panadise ...နိဗ္ဗာန်ရှာပုံတော် လို့ လည်း ဗုဒ္ဓဘာသာရဲ့  ငြိမ်းအေးရာခရီးကို သရုပ်ဖော်ပြခဲ့ဖူးပါတယ်။

Bankrolling Burma ..... ငွေကြေးထောက်ပံ့မှုတွေရနေတဲ့မြန်မာ ဆိုပြီးတော့လည်း မြန်မာဗိုလ်ချုပ်ကြီးများပုံနဲ့ A flood of investments by Asian Companies is helping a vicious molitary regine cling to power. Is democracy now a vanishing dreamအာရှကုမ္ပဏီတွေရဲ့ များပြားလွန်းလှတဲ့စစ်အစိုးရအာဏာကို တွယ်ကပ်နေနိုင်အောင် အကူအညီပေးနေတယ်။ အခုတော့ ဒီမိုကရေစီဆိုတာ ပျောက်ကွယ်စပြုနေပြီ ဖြစ်တဲ့အိမ်မက်တစ်ခုဖြစ်နေပြီလား လို့  ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေကြေးအလှည့်အပတ်တွေကို ဖော်ပြခဲ့ဖူးတာပါပဲ။

Burmese Days...... မြန်မာတွေရဲ့နေ့ရက်တွေ ဆိုပြီး ကွန်မန်ဒိုလည်စည်းအနီနဲ့  မြန်မာစစ်သား တစ်ဦးရဲ့ လက်နက်ကိုင် ပြေးလွှားနေတဲ့ပုံနဲ့ ရုပ်ပုံကို ဖော်ပြပြီးA people's upsising is brutally put down on the streets of Rangom. But is the resolution truely over? An eyewitness account of a week that shook a nation – and the world ပြည်သူတွေရဲ့အုံကြွမှုတစ်ခု ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာရက်ရက်စက်စက် ခြေမှုန်းခံလိုက်ရတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာအမှန်တကယ်ပဲ အဆုံးသတ်သွားပြီ လား။ ကမ္ဘာနဲ့မြန်မာကို ကိုင်လှုပ်လိုက်တဲ့မျက်ဝါးထင်ထင် တစ်ပတ်အတွင်း သတင်းတစ်ပုဒ် ဆိုပြီး မျက်နှာဖုံးတင်ပြပေးခဲ့တာပါ။

Will She Rule? ....... သူအုပ်ချုပ်ရမှာလား ဆိုပြီး ဒေါ်စုရဲ့  ရုပ်သွင်ကို ဖော်ပြပြီuးnder deution and forbidden to campaing, Burma's ASSR win a stunning victoryအထိန်းသိမ်းခံဘဝနဲ့အဖွဲ့ချုပ်ကို သွားဖို့ပိတ်ပင်ခံထားရတဲ့ကြားထဲက မြန်မာနိုင်ငံရဲ့ ဒေါ်စုကတော့တုန်လှုပ်ခြောက်ခြားလောက်အောင် အောင်မြင်မှုတစ်ခုရခဲ့ပါတယ် လို့  မြန်မာ့အတိုက်အခံခေါင်းဆောင်ရဲ့  သတ္တိကို ချီးမြှောက်ပြခဲ့ပါတယ်။

The face of Buddhist Terror ....... ဗုဒ္ဓဘာသာဝင်လူကြမ်းရဲ့မျက်နှာစာ ဆိုပြီးတော့How Militant Mouks Are FuelingAnti – Muslim Violence In Asiaအာရှအကြမ်းဖက်မှုကို လိုလားတဲ့ဘုန်းကြီးတွေက မွန်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို ဘယ်လိုသွေးထိုးမြောက်ပင့်ပေးနေကြသလဲ ...လို့  မေးခွန်းထုတ်ခဲ့တာပါ။

ကျွန်တော့်အမြင်ကတော့ Time က သူ့ အလုပ်ကိုသူလုပ်တာပါ။ ကမ္ဘာကျော်စာနယ်ဇင်းတစ်ခုက သူ့ အမြင်ကိုသူယုံကြည်ရာအတိုင်းရေးဖွဲ့ ခဲ့တာပါ။ သူတို့ က ကောင်းတယ် ဆိုးတယ် သုံးသပ်တာထက် ၊ သူတို့ တွေရဲ့  မေးမြန်းတွေ့ ဆုံမှုတွေအရ ၊ လေ့လာစူးစမ်းမှုတွေအရ ဒါတွေကတော့ ဒီလို ရှိနေပါတယ်လို့  လွတ်လပ်တဲ့ စာနယ်ဇင်းအလုပ်ကိုပဲ သူတို့ ယုံကြည်ရာကို လုပ်ခဲ့တာပါ။

မြန်မာကို ကောင်းတာရေးပေးရင်တော့ မိတ်ဆွေ။ ကိုယ့်အကြိုက်ကို မလိုက်ရင်တော့ ရန်သူ ဆိုတာမျိုး စာနယ်ဇင်းကိုသတ်မှတ်လို့ တော့ ရမှာ မဟုတ်ပါဘူး။ သူတို့  မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ သိတာကို သိတဲ့အတိုင်း၊ သူတို့ တွေ့ တာကိုတွေ့ တဲ့အတိုင်းရေးသားဖော်ပြကြမှာပါ။

တစ်နည်းအားဖြင့်ပြောရရင်တော့လည်း ဘယ်သူမပြုမိမိမှုတွေပါ။ Time ကတင် ဒီလို ထင်တာမှမဟုတ်တာ။ မြန်မာပြည်က အသိညဏ်ရှိပြီး မှန်မှန်ကန်ကန် မြင်တတ်၊ သုံးသပ်တတ်တဲ့ ဘယ်မြန်မာ မဆို ဒီလိုပဲ မြင်မိပါလိမ့်မယ်။ Hate speech တွေကိုတရားအဖြစ် စတင်ကြားနေရကတည်းက ဘာသာရေးဟာ အသုံးချခံလိုက်ရနေပြီ။ ဘာသာတရားဟာ လမ်းအလွှဲခံနေကြရပြီ ဆိုတာကို မြင်တွေ့ ကြားသိနေကြရတာပါ။

မြန်မာတွေက သွေးဆူလွယ်တယ်။ ဘာသာရေးအကဲဆတ်တယ် ။ နိုင်ငံရေးလှည့်ကွက်အဖြစ် အာဏာရှင်အဆက်ဆက်ရေလဲနဲ့ သုံးခဲ့တဲ့ လက်စွဲတော် ဆေးကြီးတစ်ပါး ဖြစ်တယ်။ Hate speech တွေနဲ့  ဂဏန်းတွေ ပျံ့ နှံ့ စပြုစဉ်အခါကတည်းကကျွန်တော်အပါအ၀င် အတော်များများက ဒါကတော့ ဘယ်ကို ဦးတည်နေပါတယ်လို့  ထောက်ပြခဲ့ကြပေမယ့်လည်း အများညီတဲ့ ဒဏ်ကိုတော့ မတွန်းလှန်နိုင်ခဲ့ကြပါဘူး။

အံ့သြစရာကောင်းတာက အခုထိကို သွေးထိုးလှုံ့ ဆော်မှုက မရပ်တန့် သေးတာပါ။ လမ်းဘေးက လိင်တူစုံမက်သူတွေကိုတောင် အမိအရ ဖမ်းတတ်တဲ့ တိုင်းပြည်မှာ ဘယ်အကြောင်းကြောင့်ရယ်တော့ မသိရပါပဲ အမုန်းစကားလှုံ့ ဆော်နေသူကြီးဟာ အခုအချိန်ထိ ကောလဟာလများစွာကို လွတ်လပ်စွာ ဖန်တီးခွင့် ရနေဆဲပါ။

သူ့ တစ်ဦးတည်းအပေါ်မှာ မထောက်ခံခဲ့ကြတဲ့ သံဃာအများစု သွေးစည်းညီညွတ်စွာ သူ့ ရဲ့  အမျိုးစောင့် ဥပဒေ ဆိုတာကြီးကို တညီတညွတ် ထောက်ခံခဲ့ကြတာဟာ Time မဂ္ဂဇင်းရဲ့  မျက်နှာဖုံးဆောင်းပါးက အများကြီး တွန်းအားပေးသလို ဖြစ်ခဲ့တာပါ။ အမှန်တော့ Time က ဦးဝီရသူကို အင်တာဗျူးတယ်။ မေးတယ် ။ ဖြေတယ်။ အဲဒီနောက်မှ သူတို့ မြင်တာသူတို့  ရေးခဲ့တာပါ။ မြန်မာ့ အကြောင်း ကေ၇ှ့ မှာ ကျွန်တော် ရေးခဲ့သလို ဒီတစ်ပုဒ်ထဲမဟုတ်ပါဘူး။ Time ဟာ အမြဲပဲ သူ့ အမြင်သူ လွတ်လပ်စွာ ရေးလေ့ရှိတာ၊ သူရဲ့  သမ္မတပင်ဖြစ်စေ ဘယ်လို ရေးပြတတ်တာ ဆိုတာတွေကိုသာ နားလည်နိုင်ခဲ့ရင် ဒီလောက်ဒေါသထွက်မယ် မထင်ပါဘူး။ သူတို့ က ဗုဒ္ဓဘာသာကို စော်ကားတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတဲ့ဦးဝီရသူရဲ့  Hate speech တွေ အပေါ်မှာသာ အခြေတည်ပြီး သူ့ ကိုသာ Highlight လုပ်ဖော်ပြခဲ့တာပါ။

အခုတော့ အဲဒီလိုနဲ့ ပဲ ကျွန်တော်တို့ ဟာ တိုင်းပြည်က အစစ အရာရာ မဖွံ့ ဖြိုး နိမ့်ကျရတဲ့အထဲ၊ အခုတော့ ရှေ့ ဆက်တိုးတက်ဖို့ နေနေသာသာ ၊ Middle Age အလယ်ခေတ်ဆီကို ပြန်သွားချင်နေကြပြီ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာရေး ဆရာ လက်ယာ အစွန်းရောက်များ ကြီးစိုးအုပ်ချုပ်တဲ့ ၊ အယူဝါဒမတူရင် ရက်ရက်စက်စက် ကွပ်ညပ်ပစ်တဲ့ ခေတ်ဆိုးကြီးဆီကို ဗုဒ္ဓဘာသာဟာ အရောက်သွားဖို့  ပြင်နေခဲ့ရပါပြီ။ ဒါမှမဟုတ်ရင်တော့ လည်း နောက်ကြောင်းပြန်လှည့်ဖို့ အတွက် စစ်တပ်ရဲ့  Campaingn တစ်ခုကို ဦးဝီရသူ ဦးစီးအကောင်အထည်ဖော်ပေးနေ တယ်လို့ ပဲ ရိုးရှင်းစွာ မြင်ပါတယ်။

အဲဒါကတော့ ဦးဝီရသူရဲ့  ရုပ်ပုံလွှာအောက်က ကျွန်တော် မြင်မိတဲ့ အမြင်တွေပါ။ ။

ပြည်ချစ်သူ
10.7.2013
Ref: Mg Yu Py အပင်ပန်းခံပြီး ရှာဖွေစုဆောင်းထားသည့် အချက်အလက်များအား ရေးသား အသုံးပြုခွင့် ပေးသော ဆရာ မောင်ယုပိုင်ကို ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါသည်။

Win Ko Myint shared Yaw Min Gyi's photo.
 အဲဒါလေးဖတ်ကြည့်ရင် အဖြေထွက်သွားပါလိပ်မည်
.
Time မဂ္ဂဇင်း ရဲ့  မျက်နှာဖုံး ဆောင်းပါးတွေက ကမ္ဘာကျော်ပါတယ်။ လူပုဂ္ဂိုလ်တွေရဲ portrait အပြည့်ကိုမျက်နှာဖုံးတင်ပြီး သူတို့ ရဲ့ ဘ၀ ၊ သူတို့ ရဲ့  အတွေးအခေါ်တွေကို နာမည်ကျော် စာရေးဆရာတွေက cover storyအဖြစ် အမြင်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ ရေးသားဖွဲ့ ဆို ကြတာပါ။ စာပေအဆင့်အတန်း တစ်ခုမှာ လည်း ရှိနေတတ်တာမျိုးပါ။ နယ်ပယ်အစုံက ထင်ရှားကျော်ကြားသူအများအပြားကို cover story အဖြစ်ရေးဖွဲ့ ခဲ့ရာမှာ အကြောင်းအမျိုးမျိုးနဲ့ ထင်ရှားကြောက်ကြားတဲ့သူတွေ ပါခဲ့ပါတယ်။ အိုစမာဘင်လာဒင် လို၊ ကဒါဖီ လို လူတွေလည်း ပါခဲ့ပါတယ်။

အမေရိကန်ကထုတ်တဲ့မဂ္ဂဇင်းမို့ ဆိုပြီး အမေရိကန်သမ္မတကိုလည်း ဘေးမဲ့ပေးထားတာမျိုးတော့ မဟုတ်ပါဘူး။မှတ်မှတ်ရရ အိုဘားမားက လိင်တူဥပဒေကို သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အခါ Time ကတင်ခဲ့တဲ့ မျက်နှာဖုံးကGay President ဆိုပြီး အိုဘားမားရဲ့  portrait အပြည့်နဲ့ ပါ။ Time ၏ မျက်နှာဖုံးပေါ်မှာ အချို့ လည်း သေဆုံးပြီးမှရောက်ရှိလာခဲ့ကြပြီး၊ အချို့ ကတော့ ရှင်သန်နေကြဆဲမှာပဲ ရုပ်ပုံလွှာတွေအဖြစ် အကြိမ်ကြိမ် ဖွဲ့ နွဲ့  ခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံနဲ့  ပတ်သက်လို့ လည်း Time က လျစ်လျူမရှုခဲ့ပါဘူး။ မြန်မာအကြောင်းကို cover story အဖြစ် ရှုထောင့်မျိုးစုံကနေ အကြိမ်ကြိမ်ရေးဖွဲ့ ခဲ့တာပါ။

Burma's Long March ..... မြန်မာရဲ့ခရီးရှည်ချီတက်ပွဲ ဆိုပြီး လူငယ်ဗိုလ်လောင်းတစ်ယောက်ရဲ့  ပုံနဲ့ How the junta is grooming a new generation to perpetuate its hold on power အာဏာကိုကြိုးကိုင်ထားနိုင်အောင်စစ်အစိုးရကသူရဲ့မျိုးဆက်သစ်ကို ဘယ်လိုအမွှေး အရောင်ပြောင်အောင် ဖြီးသင်ပေးမှာလဲ..လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Proujin For Barma ..... မြန်မာနိုင်ငံအတွက် ဆုတောင်း ဆိုပြီး အဖြူရောင် cover ပေါ်မှာ လက်အုပ်ချီဆုတောင်းနေတဲ့ဘုန်းကြီးများပုံနဲ့  Monks lead protets against abnuted regine that replies with an iron first. But the wold is watchingသံဃာတွေဦးဆောင်တဲ့ ဆန့်ကျင်ပွဲတွေကို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရက သံလက်သီးနှင့်တုန့်ပြန်တယ်။ ဒါပေမဲ့ ကမ္ဘာကတော့ စောင့်ကြည့်နေရုံပါပဲ....လို့  ပြောပြခဲ့ပါတယ်။

Child Warriors ..... ကလေးစစ်သည်များ ဆိုပြီး ကလေးစစ်သားတစ်ယောက်ရဲ့ ပုံနဲ့  Barma's Tin Hle is only13 years old. In war zones around the world, kids like him are fighting¬— and dyingမြန်မာပြည်က ထင်လေးဟာ ၁၃ နှစ်ပဲရှိပါသေးတယ်။ ကမ္ဘာ့နေရာအနှံ့က စစ်မြေပြင် တွေမှာ သူ့လိုပဲ ကလေးသူငယ်တွေဟာ စစ်တိုက်နေ-သေကျေပျက်စီးနေကြပါတယ်.......လို့  ကမ္ဘာကို လှစ်ဟပြခဲ့ပါတယ်။

The Fighter ....... တိုက်ခိုက်ရေးသမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ငယ်နုစဉ်ကပုံရိပ်အသွင်နဲ့ Burma's ASSK is a beacon of freedom in a country without it ဒေါ်စုဟာ နိုင်ငံတစ်ခုအတွက် လွတ်မြောက်ခြင်းရဲ့မီးသျူးတန်ဆောင်၊ သူမရှိလို့ကတော့........ဆိုပြီး ဒေါ်စုရဲ့  တန်ဖိုးကို ဖော်ပြခဲ့ဖူးပါတယ်။

Burma Unbound ....နှောင်ကြိုးက လွတ်တဲ့မြန်မာ ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့  ပုံနဲ့  Presendent UTS is trying to trous form a military state into a thriuing democracy. Can be succeed and will Burma's Geuseral let him?သမတကြီးဦးသိန်းစိန်ကတော့ စစ်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံကနေအောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူအောင်မြင်နိုင်ပါ့မလား။ မြန်မာဗိုလ်ချုပ်တွေကရော သူ့ကိုခွင့်ပြုပါ့မလား လို့  ဒီမိုကရေစီအစိုးရအသစ်ဆိုတာရဲ့  ခေါင်းဆောင်ကို မေးခွန်းထုတ်ပြခဲ့ပါတယ်။

Bewave of pied pipe...... မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနု ဆိုပြီး ဦးနုပုံပန်းချီနဲ့  Bewave of pied piper မှော်ပလွေဆရာကိုသတိထား .....ဆိုပြီး မျက်နှာဖုံးတင်ခဲ့တာပါပဲ။

Young Burma .......နုနယ်တဲ့မြန်မာ ဆိုပြီး Rapper လူငယ်များပုံနဲ့ There may be little sign of political change, but a quiet resolution is under wayနိုင်ငံရေးပြောင်းလဲတဲ့လက္ခဏာပါးပါးလေးရှိကောင်းရှိနိုင်ပေမဲ့ တိတ်ဆိတ်တဲ့တော်လှန်ရေးကတော့ ဆက်ရှိနေမှာပါ လို့  မြန်မာ့လူ့ ဘောင်အတွင်းက လူငယ်တွေရဲ့  နိုင်ငံရေးအမြင်ကို အကဲဖြတ်ပြခဲ့ပါတယ်။

The Lady Returns .......သူ ပြန်လာပြီ ဆိုပြီး ဒေါ်စုရဲ့  ပုံနဲ့ လည်းBut ASSK now has to become more tham an icon of democracyအခုတော့ ဒေါ်စုဟာ သေးငယ်တဲ့ဒီမိုကရေစီပုံရိပ်တစ်ခုထက်သာလွန်တဲ့ အနေအထားကို ရောက်ဖို့လိုအပ်နေပြီ လို့ ထောက်ပြခဲ့တာပါ။

Asian Jouney ..... အာရှခရီးစဉ် ဆိုပြီး ဦးပိန်တံတားပေါ်သံဃာတော်တစ်ပါး လျှောက်လှမ်းနေပုံနဲ့ In Seanch for Panadise ...နိဗ္ဗာန်ရှာပုံတော် လို့ လည်း ဗုဒ္ဓဘာသာရဲ့  ငြိမ်းအေးရာခရီးကို သရုပ်ဖော်ပြခဲ့ဖူးပါတယ်။

Bankrolling Burma ..... ငွေကြေးထောက်ပံ့မှုတွေရနေတဲ့မြန်မာ ဆိုပြီးတော့လည်း မြန်မာဗိုလ်ချုပ်ကြီးများပုံနဲ့ A flood of investments by Asian Companies is helping a vicious molitary regine cling to power. Is democracy now a vanishing dreamအာရှကုမ္ပဏီတွေရဲ့ များပြားလွန်းလှတဲ့စစ်အစိုးရအာဏာကို တွယ်ကပ်နေနိုင်အောင် အကူအညီပေးနေတယ်။ အခုတော့ ဒီမိုကရေစီဆိုတာ ပျောက်ကွယ်စပြုနေပြီ ဖြစ်တဲ့အိမ်မက်တစ်ခုဖြစ်နေပြီလား လို့  ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေကြေးအလှည့်အပတ်တွေကို ဖော်ပြခဲ့ဖူးတာပါပဲ။

Burmese Days...... မြန်မာတွေရဲ့နေ့ရက်တွေ ဆိုပြီး ကွန်မန်ဒိုလည်စည်းအနီနဲ့  မြန်မာစစ်သား တစ်ဦးရဲ့ လက်နက်ကိုင် ပြေးလွှားနေတဲ့ပုံနဲ့ ရုပ်ပုံကို ဖော်ပြပြီးA people's upsising is brutally put down on the streets of Rangom. But is the resolution truely over? An eyewitness account of a week that shook a nation – and the world ပြည်သူတွေရဲ့အုံကြွမှုတစ်ခု ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာရက်ရက်စက်စက် ခြေမှုန်းခံလိုက်ရတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာအမှန်တကယ်ပဲ အဆုံးသတ်သွားပြီ လား။ ကမ္ဘာနဲ့မြန်မာကို ကိုင်လှုပ်လိုက်တဲ့မျက်ဝါးထင်ထင် တစ်ပတ်အတွင်း သတင်းတစ်ပုဒ် ဆိုပြီး မျက်နှာဖုံးတင်ပြပေးခဲ့တာပါ။

Will She Rule? ....... သူအုပ်ချုပ်ရမှာလား ဆိုပြီး ဒေါ်စုရဲ့  ရုပ်သွင်ကို ဖော်ပြပြီuးnder deution and forbidden to campaing, Burma's ASSR win a stunning victoryအထိန်းသိမ်းခံဘဝနဲ့အဖွဲ့ချုပ်ကို သွားဖို့ပိတ်ပင်ခံထားရတဲ့ကြားထဲက မြန်မာနိုင်ငံရဲ့ ဒေါ်စုကတော့တုန်လှုပ်ခြောက်ခြားလောက်အောင် အောင်မြင်မှုတစ်ခုရခဲ့ပါတယ် လို့  မြန်မာ့အတိုက်အခံခေါင်းဆောင်ရဲ့  သတ္တိကို ချီးမြှောက်ပြခဲ့ပါတယ်။

The face of Buddhist Terror ....... ဗုဒ္ဓဘာသာဝင်လူကြမ်းရဲ့မျက်နှာစာ ဆိုပြီးတော့How Militant Mouks Are FuelingAnti – Muslim Violence In Asiaအာရှအကြမ်းဖက်မှုကို လိုလားတဲ့ဘုန်းကြီးတွေက မွန်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို ဘယ်လိုသွေးထိုးမြောက်ပင့်ပေးနေကြသလဲ ...လို့  မေးခွန်းထုတ်ခဲ့တာပါ။

ကျွန်တော့်အမြင်ကတော့ Time က သူ့ အလုပ်ကိုသူလုပ်တာပါ။ ကမ္ဘာကျော်စာနယ်ဇင်းတစ်ခုက သူ့ အမြင်ကိုသူယုံကြည်ရာအတိုင်းရေးဖွဲ့ ခဲ့တာပါ။ သူတို့ က ကောင်းတယ် ဆိုးတယ် သုံးသပ်တာထက် ၊ သူတို့ တွေရဲ့  မေးမြန်းတွေ့ ဆုံမှုတွေအရ ၊ လေ့လာစူးစမ်းမှုတွေအရ ဒါတွေကတော့ ဒီလို ရှိနေပါတယ်လို့  လွတ်လပ်တဲ့ စာနယ်ဇင်းအလုပ်ကိုပဲ သူတို့ ယုံကြည်ရာကို လုပ်ခဲ့တာပါ။

မြန်မာကို ကောင်းတာရေးပေးရင်တော့ မိတ်ဆွေ။ ကိုယ့်အကြိုက်ကို မလိုက်ရင်တော့ ရန်သူ ဆိုတာမျိုး စာနယ်ဇင်းကိုသတ်မှတ်လို့ တော့ ရမှာ မဟုတ်ပါဘူး။ သူတို့  မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ သိတာကို သိတဲ့အတိုင်း၊ သူတို့ တွေ့ တာကိုတွေ့ တဲ့အတိုင်းရေးသားဖော်ပြကြမှာပါ

တစ်နည်းအားဖြင့်ပြောရရင်တော့လည်း ဘယ်သူမပြုမိမိမှုတွေပါ။ Time ကတင် ဒီလို ထင်တာမှမဟုတ်တာ။ မြန်မာပြည်က အသိညဏ်ရှိပြီး မှန်မှန်ကန်ကန် မြင်တတ်၊ သုံးသပ်တတ်တဲ့ ဘယ်မြန်မာ မဆို ဒီလိုပဲ မြင်မိပါလိမ့်မယ်။ Hate speech တွေကိုတရားအဖြစ် စတင်ကြားနေရကတည်းက ဘာသာရေးဟာ အသုံးချခံလိုက်ရနေပြီ။ ဘာသာတရားဟာ လမ်းအလွှဲခံနေကြရပြီ ဆိုတာကို မြင်တွေ့ ကြားသိနေကြရတာပါ။

မြန်မာတွေက သွေးဆူလွယ်တယ်။ ဘာသာရေးအကဲဆတ်တယ် ။ နိုင်ငံရေးလှည့်ကွက်အဖြစ် အာဏာရှင်အဆက်ဆက်ရေလဲနဲ့ သုံးခဲ့တဲ့ လက်စွဲတော် ဆေးကြီးတစ်ပါး ဖြစ်တယ်။ Hate speech တွေနဲ့  ဂဏန်းတွေ ပျံ့ နှံ့ စပြုစဉ်အခါကတည်းကကျွန်တော်အပါအ၀င် အတော်များများက ဒါကတော့ ဘယ်ကို ဦးတည်နေပါတယ်လို့  ထောက်ပြခဲ့ကြပေမယ့်လည်း အများညီတဲ့ ဒဏ်ကိုတော့ မတွန်းလှန်နိုင်ခဲ့ကြပါဘူး။

အံ့သြစရာကောင်းတာက အခုထိကို သွေးထိုးလှုံ့ ဆော်မှုက မရပ်တန့် သေးတာပါ။ လမ်းဘေးက လိင်တူစုံမက်သူတွေကိုတောင် အမိအရ ဖမ်းတတ်တဲ့ တိုင်းပြည်မှာ ဘယ်အကြောင်းကြောင့်ရယ်တော့ မသိရပါပဲ အမုန်းစကားလှုံ့ ဆော်နေသူကြီးဟာ အခုအချိန်ထိ ကောလဟာလများစွာကို လွတ်လပ်စွာ ဖန်တီးခွင့် ရနေဆဲပါ။

သူ့ တစ်ဦးတည်းအပေါ်မှာ မထောက်ခံခဲ့ကြတဲ့ သံဃာအများစု သွေးစည်းညီညွတ်စွာ သူ့ ရဲ့  အမျိုးစောင့် ဥပဒေ ဆိုတာကြီးကို တညီတညွတ် ထောက်ခံခဲ့ကြတာဟာ Time မဂ္ဂဇင်းရဲ့  မျက်နှာဖုံးဆောင်းပါးက အများကြီး တွန်းအားပေးသလို ဖြစ်ခဲ့တာပါ။ အမှန်တော့ Time က ဦးဝီရသူကို အင်တာဗျူးတယ်။ မေးတယ် ။ ဖြေတယ်။ အဲဒီနောက်မှ သူတို့ မြင်တာသူတို့  ရေးခဲ့တာပါ။ မြန်မာ့ အကြောင်း ကေ၇ှ့ မှာ ကျွန်တော် ရေးခဲ့သလို ဒီတစ်ပုဒ်ထဲမဟုတ်ပါဘူး။ Time ဟာ အမြဲပဲ သူ့ အမြင်သူ လွတ်လပ်စွာ ရေးလေ့ရှိတာ၊ သူရဲ့  သမ္မတပင်ဖြစ်စေ ဘယ်လို ရေးပြတတ်တာ ဆိုတာတွေကိုသာ နားလည်နိုင်ခဲ့ရင် ဒီလောက်ဒေါသထွက်မယ် မထင်ပါဘူး။ သူတို့ က ဗုဒ္ဓဘာသာကို စော်ကားတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတဲ့ဦးဝီရသူရဲ့  Hate speech တွေ အပေါ်မှာသာ အခြေတည်ပြီး သူ့ ကိုသာ Highlight လုပ်ဖော်ပြခဲ့တာပါ။

အခုတော့ အဲဒီလိုနဲ့ ပဲ ကျွန်တော်တို့ ဟာ တိုင်းပြည်က အစစ အရာရာ မဖွံ့ ဖြိုး နိမ့်ကျရတဲ့အထဲ၊ အခုတော့ ရှေ့ ဆက်တိုးတက်ဖို့ နေနေသာသာ ၊ Middle Age အလယ်ခေတ်ဆီကို ပြန်သွားချင်နေကြပြီ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာရေး ဆရာ လက်ယာ အစွန်းရောက်များ ကြီးစိုးအုပ်ချုပ်တဲ့ ၊ အယူဝါဒမတူရင် ရက်ရက်စက်စက် ကွပ်ညပ်ပစ်တဲ့ ခေတ်ဆိုးကြီးဆီကို ဗုဒ္ဓဘာသာဟာ အရောက်သွားဖို့  ပြင်နေခဲ့ရပါပြီ။ ဒါမှမဟုတ်ရင်တော့ လည်း နောက်ကြောင်းပြန်လှည့်ဖို့ အတွက် စစ်တပ်ရဲ့  Campaingn တစ်ခုကို ဦးဝီရသူ ဦးစီးအကောင်အထည်ဖော်ပေးနေ တယ်လို့ ပဲ ရိုးရှင်းစွာ မြင်ပါတယ်။

အဲဒါကတော့ ဦးဝီရသူရဲ့  ရုပ်ပုံလွှာအောက်က ကျွန်တော် မြင်မိတဲ့ အမြင်တွေပါ။ ။

ပြည်ချစ်သူ
10.7.2013
Ref: Mg Yu Py အပင်ပန်းခံပြီး ရှာဖွေစုဆောင်းထားသည့် အချက်အလက်များအား ရေးသား အသုံးပြုခွင့် ပေးသော ဆရာ မောင်ယုပိုင်ကို ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...