"လင်းသက်၏ Ice Coffee ဖျော်နည်း အသစ်"
Author: lubo601 | 5:46 PM | No မှတ်ချက် |
လိုအပ်သည့် ပစ္စည်းများ-
၁။ ကော်ဖီမစ် - ၁ ထုပ်
၂။ ရေသန့်ဗူးခွံ - ၁ ဗူး
၃။ ရေ - မတ်ခွက် ၁ ခွက်စာမျှ
၎။ ပီနံကြိုး - ၁ ပေ
၅။ အုတ်ခဲ - ၁ လုံး
၆။ ရေတိုင်ကီ (ရေအတော်အသင့်ပါပြီး) - ၁ လုံး
Ice Coffee ကော်ဖီဖျော်နည်း အဆင့်-၁
ပထမဦးစွာ ကော်ဖီမစ်ထုပ်ကို ရေသန့်ဗူးခွံထဲသို့ ဖေါက်ထည့်လိုက်ပါ။
Ice Coffee ကော်ဖီဖျော်နည်း အဆင့် - ၂
မတ်ခွက် တစ်ခွက်စာ ရေကို ထိုကော်ဖီမစ်မှုန့်ထည့်ထားသည့်
ဗူးခွံထဲသို့ လောင်းထည့်လိုက်ပါ။
Ice Coffee ကော်ဖီဖျော်နည်း အဆင့် - ၃
ရေနှင့် ကော်ဖီမှုန့်ထည့်ထားသည့် ထိုဗူးကို ပြင်းထန်စွာလှုပ်ပါ။
မည်မျှကြာအောင် လှုပ်ရမည်ဆိုသည်မှာ သင်၏ ဇွဲလုံ့လအပေါ်
မူတည်ပါသည်။
မှတ်ချက်။ ။ (တစ်ခါတစ်ရံတွင် လက်မောင်းကြွက်သားများ ကြီး
လာသည်အထိလည်း လှုပ်ရတတ်ပါသည်။)
Ice Coffee ကော်ဖီဖျော်နည်း အဆင့် - ၎
ထိုသို့ ပြင်းထန်စွာ လှုပ်ထားသည့် ကော်ဖီဗူးကို အဖုံးလုံအောင်
ပိတ်ပါ။ ပြီးလျှင် ၄င်းဗူးနှင့် အုတ်ခဲကို ကြိုးဖြင့် တွဲချည်ပါ။
Ice Coffee ကော်ဖီဖျော်နည်း အဆင့် - ၅
ထိုသို့ အုတ်ခဲနှင့် တွဲချည်ထားသော ကော်ဖီဗူးကို ရေတိုင်ကီတွင်
ထည့်ထားလိုက်ပါ။
မည်မျှ ကြာအောင် စိမ်ထားရမည်ဆိုသည်မှာ အချိန်အကန့်အသတ်
မရှိချေ။
မှတ်ချက်။ ။ (တစ်ခါတစ်ရံတွင် ရာသီဥတုအပေါ်မူတည်၍ တစ်ညမျှ
စိမ်ထားရသည်လည်း ရှိတတ်ပါသည်။)
ထိုသို့ ရေစိမ်ထားသည့် ကော်ဖီဗူး အေးသွားပြီဟု ယူဆလို့ရလျှင်
သင့်အတွက် အသင့်သောက်သုံးရန် Ice Coffee ကောင်းတစ်ခွက်
ရရှိသွားမည်ဖြစ်ပါသည်။
(လင်းသက်) — feeling funny.
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment