Friday, July 12, 2013

"လူမှုရေးမူဝါဒ (Social Policy)"

Athenian Ahnyarthar's status.
- ပေါ်လစီတစ်ခု၊ ဥပဒေတစ်ခုဆိုတာ လူ့ အဖွဲ့ အစည်းကို ရောင်ပြန်ဟပ်ဖို့ ကြိုးစားရစမြဲပါ..။ သက်ဆိုင်ရာ အုပ်စု (target group)ရောက်ရှိနေတဲ့လူမှုစီးပွားဆိုင်ရာနောက်ခံအခင်းအကျင်းရယ်....သမိုင်းနောက်ခံနဲ့ လက်ရှိ ခေတ်အခြေအနေရယ် (current and historical context)....စသဖြင့် ဘက်စုံထဲ့သွင်း စဉ်းစားရစမြဲ..။

- ခက်တာက ဥပဒေပြုရေးသမားတွေ (law maker) မူဝါဒချမှတ်သူတွေ (policy maker) တွေက မယောင်ရာဆီလူး လစာတိုးပေးဖို့ ၊ ဆရာဝန်တွေခန့် ထားဖို့  အစရှိတဲ့ အစိုးရ (Executive Body) ကလုပ်ရမယ့် အလုပ်တွေ လုပ်ချင်နေတာကလည်း မသေးလှတဲ့ ပြဿနာတစ်ခု။



- လက်ရှိ အငြင်းပွားရဆုံး အဆို ၂ ခုက မြန်မာ့အတွေးအခေါ်လမ်းကြောင်းမှာ လူမှုရေးပေါ်လစီ (social policy) ဆိုတာကို အခြားသော စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒ ပေါ်လစီတွေလောက် အရေးမထားတဲ့ လားရာကိုပြနေသလိုပဲ..။

၁) ၅၄။

- မျိုးစောင့်ဥပဒေ ဟာ လက်တွေ့ ဘ၀ ကထွက်လာတဲ့ပြဿနာတွေကိုကြည့်ပြီး ၅၄ ရဲ့ အားနည်းချက်ကို ပြင်ဆင်ဖို့ ကြိုးစားကြတာလို့ နားလည်မိတယ်..။

- ၅၄ ဟာ ဓလေ့ထုံးတမ်းဥပဒေ (customary law) မျှသာဖြစ်တယ်။ ဗမာတွေရဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေဆက်ခံခြင်းဓလေ့တွေကို လေ့လာခြင်းမရှိပဲနဲ့ တော့..နင်ပဲ ငဆ မပြောဆိုသင့်လို့ ပဲမြင်မိတယ်...။ သို့ မဟုတ်လျှင် ကိုယ်ညဏ်နဲတာကို ပြနေသလိုပဲ..။

- ကံဆိုးချင်တော့ ဒီအဆိုဟာ နာမည်ကဆိုး၊ ဦးဆောင်ဦးရွက်ပြုသူကလည်း နာမည်ဆိုး၊ အဆိုးဆုံးကတော့ သံယာက လူအလုပ်ကို ၀င်ရှုပ်သလိုဖြစ်လာတော့တာပဲ..။

- ဒါပေမယ့်...ဒါဟာ....မြန်မာလို အမျိုးစုံတဲ့နိုင်ငံတစ်ခုအတွက်...အရေးကြီးလှတဲ့..လူမှုရေးပေါ်လစီ (social policy) တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံသုံးသပ်နိုင်ဖို့ အရေးကြီးတယ်...။ သို့ မဟုတ်လျှင် ပေါက်ကွဲမယ့် ဗုံးကြီးကို စံနစ်တံ ဖြုတ်ပေးသလိုအဖြစ်မျိုးက အနှေးနဲ့ အမြန်ပဲ။

- လစ်ဘရယ်ဆိုသူတွေရဲ့ ...ကျားကျားမီးယပ် အသံတွေပဲ တမိုးလုံးဖျေက်ဆိပ်ဖြစ်နေပြီး ဒေါ်စုကို ထိပ်တိုက်တွေ့ တဲ့ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပုံပြောင်းချင်နေကြတာကိုပဲ မြင်နေ ကြားနေရတာဟာ...မျက်ကန်းတစ္တေမကြောက်သလိုပဲ..။

၂။ ပြည့်တန်ဆာ။

- ဒေါ်စန္ဒာမင်း တင်တဲ့အဆိုဟာ ပြည့်တန်ဆာလုပ်ငန်း တရားဝင်ဖြစ်ရေးလို့ မမြင်။

- ပြည့်တန်ဆာဆိုတဲ့ လူ့ အဖွဲ့ အစည်းတိုင်းရဲ့ အပယ်ခံအုပ်စု (marginalized group) တစ်ခုအတွက် လူမှုရေးတရားမျှတမှု (social justice) ကိုရယူပေးဖို့ ကြိုးစားတာပဲ လို့ မြင်တယ်..။ ဒါဟာ အမျိုးသမီးအမတ်တစ်ယောက်အတွက် အလုပ်သင့်ဆုံး အလုပ်တစ်ခုပဲ..။

- ပြည့်တန်ဆာလုပ်ငန်းကို မီးခိုးမထွက်တဲ့လုပ်ငန်း (Smokeless Industry) အဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အဆိုပြုချက်လိုလို ပုံဖေါ်နေကြတာကလည်း ငါ့စကားနွားရ ပြောဆိုနေသလိုပဲ။

- "ဖာ" ကိစ္စ အရေးတကြီးလုပ်စရာမလိုလို့  အလွယ်တကူ ကောက်ချက်ချခြင်းဟာလည်း ကျဉ်းမြောင်းလှတဲ့သဘောထားနဲ့ လူမှုရေးတာဝန်မဲ့တဲ့ အပြုအမူအပြောအဆိုမျှပဲ..။

- ဒီအစ်ရှူးဟာ ကျန်းမာရေး၊ မှုခင်းဖြစ်ပွားမှုနှုန်း၊ ပညာရေး၊ လူမှုစီးပွား အစရှိတဲ့ အခြားသော ကဏ္တတွေနဲ့ ပါဆက်စပ်ကြည့်ဖို့ လိုမှာပဲမဟုတ်လား...။

-အမှန်တကယ်တော့ ဖွံ့ ဖြိုးမှုလို့ သတ်မှတ်တဲ့ လူ့ အဖွဲ့ အစည်းတိုင်းရဲ့ ဗြဟ္မပါလပန်းတိုင်ကို သွားရာလမ်းမှာ- လူမှုရေးညီမျှမှု (social equality) အဆင့်အတန်းကို ဖေါ်ညွှန်းဖို့ အတွက်....သမိုးနဲ့ ချီအိုမင်းနေတဲ့ ...ဒီအသက်မွေးဝမ်းကြောင်းမှုက ညွှန်ပြကိန်းတစ်ခု (indicator) ဖြစ်နေတယ်လေ...။

- တကယ်တော့... NLD ကတင်ရင် "ဘုန်းတော်ကြောင့်" လုပ်ချင်ကြတဲ့ ဒေါ်စုပရိုအုပ်စုနဲ့ ....NLD ဆိုရင် ရန်သူသတ်မှတ်တဲ့ anti-Su အုပ်စု နှစ်ခု ဟာလည်း နိုင်ငံ့ဘဏ္တာနဲ့ ငိုက်၊ ဆိတ်ဖမ်း၊ မယောင်ရာဆီလူးလုပ်ချင်ကြတဲ့ မင်းဥယျဉ်ထဲကမျောက်တွေလို စိတ်ပျက်ဖွယ်ပါ..။

  1 comment:

  1. သိပ်မှန်၊ သိပ်ကောင်းတဲ့ ဆောင်းပါးပါ...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...