Wednesday, July 10, 2013

မီဒီယာ အနိစ္စ

Maha Mingyi posted a photo to Khin Mgoo's timeline.


မီဒီယာ ဥပဒေအတွက် အစာ မချက်နိုင်ကြလို့ နှစ်ဖက်လုံး အစာမကြေကြဘူး ၊ မီဒီယာသမားတွေဘက်ကလဲ အဆင်သင့် မဖြစ်လို့ လွှတ်တော်က အဆင်သင် လိုသလို လုပ်လိုက်တာတဲ့…………….


ကဲ တခါတည်း စိန်ခေါ်လိုက်မယ် ၊ သိန်းစိန်အစိုးရရော ဇာတ်ဖြည့် သရုပ်ဆောင်နေသူ အန်အယ်ဒီရော ။ အထူးတန်းပွဲကြည့်စင်က စောင့်ကြည့်နေသူ အာဏာရှင် သေခါနီး မသာကြီးတွေရော ၊ ဒူးခေါင်းနဲ့ မြေကြီး ထိတွေ့ပြီး သူရဲကောင်းဆုတွေ ရနေတဲ့ ၈၈ ပွင့်လင်း နွားမဖင်ပိတ်တွေရော ...............
အခု ဖေ့ဘွတ်ပေါ်မှာ တစိုက်မတ်မတ်ရေးနေကြတဲ့

(၁) မအေးအေးစိုးဝင်း
(၂) ဇော်ဝမ်းမောင်
(၃) ဂိုလ်ရှယ်လေး ....တို့ရဲ့ ရေးသားတင်ပြပြီးသော ဆောင်းပါးများအား ခွင့်ပြုချက်မလိုပဲ ပြည်တွင်းဝယ် တရားဝင် ဖြန့်ချီခွင့် ရနိုင်မလား ဆိုတာကိုပါပဲ။

မရသေးဘူး ခွင့်မပြုသေးဘူး ဆိုရင် လာပြီး အာဖျံန်မကွီးနဲ့ မပြောင်းလဲသေးဘူး၊
လာပြီး ဖာသယ်လာမလုပ်နဲ့ အရင်တိုင်းနဲ့ ဘာမှ သိပ်မကွာသေးဘူး။
လာပြီး ပွဲစားမလုပ်နဲ့ အမျိုးယုတ်တွေက အမျိုးပြုတ်အောင် အုပ်ချုပ်နေတုံန်းပဲ။
မယုံဘူးလား တရုတ်အကြောင်း ရေးကြည့် အဆိပ်မိသွားမယ်။
မမြင်ဘူးလား ၀မ်ပေါင် တူးနေတာ တောတောင်တွေ ပြောက်ကုန်ရမယ်ဆိုတဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းသမီးက လက်ခံတယ်။
မရှင်းဘူးလား ၈၈ ပွင့်လင်းက တာဝန်ပေးတဲ့ ဂျင်မီက ပြောတယ် ဆန္ဒပြလဲ မရပါဘူး လုပ်မနေပါနဲ့တဲ့။
မကြားဘူး လား ကချင်မှာ ဗုံးတွေ မိုးရွာသလိုပစ်ချတာ မဟုတ်ရပါဘူး လေယာဉ်နဲ့ ရိက္ခာ ပို့တာပါတဲ့။
မရှက်ဘူးလား သင်္ဃန်းဝတ်တွေကို ဒုတ်ဓါးကိုင်ခွင့်ပေးလိုက်တဲ့ မန္တလေး တိုင်း ၀န်ကြီးက အချေနေတွေကို တည်ငြိမ်သွားအောင် ဆောင်ရွက်နေပါတယ်တဲ့။
မကြည့်မိဘူးလား အဖြူကတ်နဲ့ မဲပေးခွင့်ရတဲ့ ဘင်ဂလီတွေက ရဲရဲပဲ ရှင်းမယ်တဲ့။
မကြောက်ဘူးလား လူ့အခွင့်ရေးကို ဥပဒေနဲ့ မတိုင်းတာပဲ နိုင်ငံရေး ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ခတ်ပစ်လိုက်ကြတယ်။
ဘာကိစ္စလဲ ဘာပြသနာလဲ ဖြေရှင်းနည်း တခုပဲရှိနေတယ် ။ စုံစမ်းစစ်ဆေးရေး (ဥက္ကဌ) အရန်သင့်ရှိတယ် ( ဒေါ်အောင်ဆန်း စုကြည်)။

ဘယ်လယ်သမား မကြေနပ်ဘူး လဲ ၊ ဘယ်မြေယာသိမ်းခံရသူ ပြန်မရဘူးလဲ ၊ မိချောင်းကန်ကလား ပူတာအိုကလား အောက်ကပဲဖြစ်ဖြစ် အထက်ကပဲဖြစ်ဖြစ် ရေနက်ကွင်းလား ဆားတွင်းလား လာမပြောနဲ့ အပ်တိုတချောင်းတောင် မယူတတ် မလိုအပ်တဲ့ ဗိုလ်အောင်ဆန်း ထူထောင်ထားတဲ့ ကျမဖေဖေ တပ်မတော်က သိမ်းထားတယ်။။
ဘုရား ဘုရား စာဖတ်သူတွေ တလွဲမြင်ကုန်ပါပြီ အမြန်ရှင်းမှ ဟန်ကျတော့မယ်၊
လွတ်လပ်ရေးရဲ့ဗိသုကာ တိုင်းပြည်ရဲ့ ထွတ်ခေါင် ဇာနည်မောင်း သခင်ဆန်းရယ် ၊ ကျနော်တို့တိုင်းပြည် အရေခွံလဲထားတဲ့ စစ်ဘီလူးရဲ့ ကလိမ်ကွက်မှာ နစ် ကျကျွံ နေရတယ်၊ အဲဒီထဲမှာ မီဒီယာသမားတွေက လက်ငင်းး လည်စင်းပြီး အိမ်ပြန်ကုန်ပြီတဲ့။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...