ဒေါက်တာ ဆိတ်ဖွားကြောင့် ပြန်ကြားရေး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ကြောင်းပေါ်
လွှတ်တော်က ဖွဲ့စည်းထားသော ဒေါက်တာဆိတ်ဖွား စုံးစမ်းရေးကော်မရှင်က မနေ့က တင်သွင်းဖတ်ကြားသော အစီရင်ခံစာအရ တချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေးအင်အားစုများက
ဒေါက်တာဆိတ်ဖွားစုံစမ်းရေးေ
ယင်းရေဒီယိုမှာ သမ္မတဦးသိန်းစိန် အာဏာရယူပြီးနောက်ပိုင်း မီဒီယာအပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်
ဇူလိုင်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကို ဝေဖန်ချက်ရေးသူ ဒေါက်တာဆိတ်ဖွားဆိုသူ မည်သူဖြစ်နိုင်ကြောင်း စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များကို ဖတ်ကြားရာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်ဖြစ်နိုင်သော်လည်း ၄င်း၏ ဆောင်းပါးကို ဖော်ပြခဲ့သည့် Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို(ဘောဂဗေဒ)က ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။
ဒေါက်တာဆိတ်ဖွားစုံစမ်းရေးေ
”Eleven နဲ့ ဦးရဲထွဋ်နဲ့က မတည့်ဘူး။ သူတို့နှစ်ယောက် ရန်ဖြစ်တာက သမ္မတရုံးက ဦးဇော်ဋ္ဌေးရဲ့ ထွက်ဆိုချက်ထဲမှာပါတယ်။ သူတို့နှစ်ယောက်က ကျနော့်ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာ လာပြီးရန်ဖြစ်နေတယ်တဲ့။ ခင်ဗျားတို့ တခြားနေရာမှာ သွားရန်ဖြစ်ကြပါဗျာ ဆိုပြီး မောင်းထုတ်ရတယ်တဲ့။ ဦးရဲထွဋ်နဲ့ Elevenက ဝေဖြိုးတို့နဲ့ လုံးဝရန်ဘက်။ နှစ်ဖက်ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေပါလုပ်နေကြတ
အစီရင်ခံစာအရ စစ်အောင် ဆိုသော ဖေ့ဘွတ်အကောင့်သည် ဆိတ်ဖွားနှင့် ပတ်သက်သည်ဟု Eleven ကတင်ပြရာ ဦးရဲထွဋ်က ငြင်းကြောင်း၊ Eleven က တင်ပြထားသောဓာတ်ပုံမှာ ဦးရဲထွဋ် ဆွစ်ဇာလန်သွားစဉ်က ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ပုံကို ကော်မရှင်က စုံစမ်းရာ အတိုက်အခံဆန့်ကျင်ရေး ပိတောက်မြေ၀က်ဆိုဒ်မှ ဖြစ်နေကြောင်း သိရသည်။
“အဲဒါနဲ့ ပြန်ကြားရေးကို မေးတော့ ပြန်ကြားရေးက သူတို့က ပိတောက်မြေအသံလွှင့်ပဲ လုပ်တာတဲ့။
ဝက်ဆိုဒ်မလုပ်ဘူးလို့ ဖြေတယ်။ ပိတောက်မြေကိုလည်း လုပ်ဖို့ ညွှန်ကြားထားခြင်း မရှိဘူးလို့ သမ္မတရုံးက မှူးဇော်ကပြောတယ်။ ဆိုတော့ စစ်အောင်က လိုက်လို့ မရတော့ဘူး”ဟုလည်း ဦးလှဆွေက ပြောသည်။
ဒေါက်တာ ဆိတ်ဖွားဆောင်းပါးကို ပုံနှိပ်ဖြန့်ချိခဲ့သော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညိုက ယင်းစာမူကို အင်တာနက်ထဲကယူပြီး ထည့်သွင်းဖော်ပြခြင်းဖြစ်ြေ
ဒေါက်တာဆိတ်ဖွားဆီမှ ခွင့်ပြုချက် မတောင်းကြောင်း၊ စာမူခလည်း ကိုယ်တိုင် ထုတ်ယူခဲ့ကြောင်း ဖြေဆိုသည်ဟု အစီရင်ခံစာက ဆိုသည်။
ဦးခင်မောင်ညို(ဘောဂဗေဒ)ကမူ သူ့ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကိုသာ တာဝန်ယူပြီး “တခြားဆောင်းပါးများကို တာဝန်မယူ”ဟု ဧရာဝတီကို ချက်ဘောက်စ်ကတဆင့် ပြောသည်။ ယင်းပြောဆိုချက်သည် ကော်မရှင်က ဒေါက်တာဆိတ်ဖွားသည် တဦးတယောက်တည်း မဟုတ်ပဲ အုပ်စုဖြင့် လုပ်ဆောင်နေနိုင်ကြောင်း သံသယကို ပိုမို ခိုင်မာစေခဲ့သည်။
‘(ပြသနာဖြစ်တဲ့) ABOVE THE LAW ဆောင်းပါးရေးတာဟာ ဦးခင်မောင်ညိုလို့ ကျနော်တို့ ဆိတ်ဖွားကော်မရှင် ၁၇ ယောက်စလုံးက ထင်တယ်။ ဒါပေမယ့် ကော်မရှင်ရဲ့
လေ့လာချက်အရ ဆိတ်ဖွားဝက်ဆိုဒ်က တစ်ခါတလေ တညလုံးနီးပါး တက်နေတော့ သူတယောက်တည်း ဖြစ်တယ်လို့ မထင်ဘူး။ တယောက်တည်း မကရင် သူ့မှာ
အဖွဲ့ရှိနေတယ်။ အဲဒါကို ဦးခင်မောင်ညိုက မဖော်ဘူး။ ဒေါက်တာဆိတ်ဖွားရဲ့ တချို့ဆောင်းပါးတွေမှာ အပြုသဘောဆောင်ပေမယ့် သူက သမ္မတကလွဲရင် အကုန်လုံးကို
လိုက်တွယ်နေတယ်။
လွှတ်တော်အပါအ၀င် NLD တောင်မချန်ဘူး အကုန်တွယ်ခဲ့တာပဲ”ဟုလည်း ဦးလှဆွေက ပြောဆိုသည်။
အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါဘူးလို့ လွှတ်တော်ကို ဦးခင်မောင်ညို(ဘောဂဗေဒ)က မတ်လ ၂၈ နေ့မှာ စာရေးသားထုတ်ပြန်ခဲ့သည်။
အစီရင်ခံ တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ချက်ပေးရာတွင် ထိုသို့လုပ်ဆောင်မှုသည် “အမှောင်ထဲက ခဲနဲ့ပေါက်”နေခြင်းသာဖြစ်ပြ
ထက်နိုင်ဇော်
Irrawaddy Burmese
July 2, 2013
0 comments:
Post a Comment