စာစီစာကုံး တို့ ဖေဖေ
Author: lubo601 | 8:24 AM | No မှတ်ချက် |
ကိစ္စများလျှင် ပေါ်ပေါက်လျှင်
စီရင်တတ်ပေ တို့ဖေဖေ။
ကျွန်တော်၏ဖေဖေမှာ ဦးလှ ဖြစ်ပါသည်။ ကျွန်တော်၏ ဖေဖေ သည်
အရာရှိကြီးဖြစ်ပါသည်။ ကျွန်တော်၏ ဖေဖေကို အဘဟု ခေါ် ပါသည်။ ကျွန်တော်၏ဖေဖေတွင် တပည့်များရှိပါသည်။ ကျွန်တော်၏ဖေ ဖေသည်
လက်မှတ်တွေအများ ကြီး ထိုးရပါသည်။
ခရီးထွက်လျှင် ကျွန်တော်၏ေ မမေဒေါ်
လှနှင့် ကျွန် တော်မောင်လှတို့ ရံဖန်ရံခါ လိုက် ပါသွားတတ် ပါသည်။
ခရီးသွားလျှင် ကားအနက်ကြီးနှင့် သွားရပါသည်။
ကျွန်တော်၏ဖေဖေနှင့်
ခရီး ထွက်ရသည်မှာ အလွန်ပျော်စရာ ကောင်းပါသည်။ ကျွန်တော်၏ဖေဖေ ဦးလှ၏
စကားကို တပည့်များမှ ရို ကျိုးစွာ နားထောင်ကြပါသည်။ ဖေဖေ၏ တပည့်များမှာ
သူတို့ စိုက်ထားသော ချဉ်ပေါင်ခင်းများ၊ မီးစက်များ၊ ဂိုဒေါင်ဟောင်းများ၊
ဝါးတံတားများကို လိုက် လံပြသကြပါ သည်။ အလွန်ပျော်စရာကောင်းပါ သည်။
ကျွန်တော်က ချဉ်ပေါင်ခင်းထဲ သွားပြီး အကြီးဆုံးချဉ်ပေါင်ပင် များ
နုတ်ယူပါသည်။ ဂိုဒေါင်ထဲဝင်၍ လိုချင်တာများလည်း နှိုက်ယူပါသည်။
ဝါးတံတားဆီသွား၍ ဖနောင့်နှင့်နင်း ချိုးပါသည်။ ဖေဖေ၏ တပည့်များက
ပြုံးကြည့်နေကြပါ သည်။ ထမင်းစား ချိန်၌ တပည့်များက “ဘဘ ဘာစားမှာ လဲ
အသားရှောင်တာလား၊ငါးရှောင် သလား” ဟု လာမေးတတ်ပါသည်။
ထိုအခါ ဖေဖေက
“ရပါတယ်၊ ဘာဖြစ်ဖြစ်” ဟုသာ ဆိုတတ်ပါ သည်။ ဖေဖေသည် ဘဲသားနှင့် ပုစွန်တုပ်
မီးဖုတ်ကို အလွန်ကြိုက်ပါသည်။ ဘာ ဖြစ်ဖြစ်ဆိုသော်လည်း တပည့်များက
အလိုက်တသိနှင့် ချက်ပေး ရပါသည်။ မေ့သွားပါက ဖေဖေစိတ်မကြည်တော့ ပါ။ ဖေဖေက
လုပ်ငန်းများ ကို စစ်ပြီး တိုင်း “မင်းတို့လုပ်တာ အဘကို ငါ တင်ပြပေးမယ်” ဟု
သာတွင်တွင်ပြော တတ်ပါသည်။ အဖေ၏ အဘ ကျွန်တော်၏ ဘိုး ဘိုးမှာ သေသွား တာဖြင့်
ကြာပြီဖြစ်ပါသည်။ ယခု အဖေပြောသော “အဘ” မှာ မည် သူဟု ကျွန်တော် မသိပါ။
ဖေဖေက နောက်တစ်နေရာကူး တော့မည်ဆိုလျှင်တပည့်များက မီးစက် များ၊ပန်းအိုးများ၊ရေးဘူးများကို
ဖေဖေ ၏ ကျောဘက်မှ သယ်၍ ကားပေါ် တင်ကာ မောင်းပြေးတတ်ပါသည်။ ဒါမှ
နောက်တစ်နေရာ ဖေဖေရောက် ချိန် မီးဆိုလင်းထိန်၊ ပန်းဆိုမညှိုးရှိ
နေပေလိမ့်မည်။ ဖေဖေသွားရာ လမ်း တစ်လျှောက် စည်ပင်ဝန်ထမ်းများ လည်း
အလုပ်လုပ်ကြပါသည်။ ဆေး ရုံမှ လူနာများပင် စိတ်ချမ်းသာကြ
ရပါသည်။ဒုက္ခသည်များလည်း ပျော် ရွှင်မြူးထူးကြပါသည်။ဒုက္ခသည်များ မှာ လူမပြောင်းပါ။မီးစက်နှင့်အတူ ကားပေါ်တင်ရွှေ့ပေး၍ ဖြစ်ပါသည်။
နောက်တစ်နေ့တွင်လည်း မီး များထိန်ညီးနေပါသည်။ ကျွန်တော် နှင့်ရွယ်တူ ကျောင်းသားများက ကွန်ပျူတာနှင့်ဂိမ်းများဆော့ပြပါ
သည်။ “ဘဘကြီး ကျန်းမာပါစေ” ဟု ရေးပြကြပါသည်။ ထိုကွန်ပျူတာများ မှာလည်း
တခြားနေရာမှ ရွှေ့လာ ကြောင်း ကျွန်တော် သိပါသည်။ ငရုတ်ေ ကာင်း ပင်များ
စိုက်ပျိုး ထားခြင်းကို လိုက် ပြကြပါသည်။ ဒုက္ခ သည်များ လည်း ပျော်
နေကြပါသည်။ တံတား ဖဲကြိုးဖြတ်ရပါသည်။
အိမ်ပြန်သောအခါ ကျွန်တော်
ဝမ်းသာ၊ဝမ်းနည်းဖြစ်ရပါသည်။ ဝမ်း သာရခြင်းမှာ လက်ဆောင်ပစ္စည်းများ ရ၍
ဖြစ်ပါသည်။ ပိုနေသော လက် ဆောင်များကို တန်ခိုးကြီးဘုရားများ သွား၍
လှူပါသေးသည်။ ဝမ်းနည်း ရခြင်းမှာ ကျောင်းပြန်တက်ရမှာဖြစ် ၍ ဖြစ်ပါသည်။
ကျွန်တော် တို့၏ ဖေဖေသည် လွန်စွာသည်းခံနိုင်သူ၊ ခွင့်လွှတ်နိုင်သူ ဖြစ်၍
ဂုဏ်ယူမိပါသည်။ အရာရာကို မသိချင်ယောင်လည်း ဆောင်နေပေး တတ်ပါသည်။
ရသည့်လခနှင့် ပေး သမျှ လက်ဆောင်လေးသာယူပြီး ချို့ချို့ငဲ့ငဲ့သာနေပါသည်။
ကျွန်တော် သည် တာဝန်သိသော၊ သည်းခံစိတ် ရှိသော ဖေဖေကို ပိုင်ဆိုင်ထား၍
ဂုဏ်ယူမိပါသည်။ ကျွန်တော်လည်း ကြီးလာလျှင် ဖေဖေ့လိုသည်းခံခွင့်
လွှတ်စိတ်ရှိသော အဘဖြစ်အောင် ကြိုးစားပါဦးမည်။
”ကျေးဇူးကြီးပေတို့ ဖေဖေ”
ကျွန်တော်၏ စာစီစာ ကုံးကို ကြိုက်နှစ်သက်ပါက စောင့်မျှော်ဖတ်ရှုကြပါ ခင်ဗျား။
အကြည်တော်
ကိစ္စများလျှင် ပေါ်ပေါက်လျှင်
စီရင်တတ်ပေ တို့ဖေဖေ။
ကျွန်တော်၏ဖေဖေမှာ ဦးလှ ဖြစ်ပါသည်။ ကျွန်တော်၏ ဖေဖေ သည် အရာရှိကြီးဖြစ်ပါသည်။ ကျွန်တော်၏ ဖေဖေကို အဘဟု ခေါ် ပါသည်။ ကျွန်တော်၏ဖေဖေတွင် တပည့်များရှိပါသည်။ ကျွန်တော်၏ဖေ
ခရီးထွက်လျှင် ကျွန်တော်၏ေ မမေဒေါ် လှနှင့် ကျွန် တော်မောင်လှတို့ ရံဖန်ရံခါ လိုက် ပါသွားတတ် ပါသည်။ ခရီးသွားလျှင် ကားအနက်ကြီးနှင့် သွားရပါသည်။
ကျွန်တော်၏ဖေဖေနှင့် ခရီး ထွက်ရသည်မှာ အလွန်ပျော်စရာ ကောင်းပါသည်။ ကျွန်တော်၏ဖေဖေ ဦးလှ၏ စကားကို တပည့်များမှ ရို ကျိုးစွာ နားထောင်ကြပါသည်။ ဖေဖေ၏ တပည့်များမှာ သူတို့ စိုက်ထားသော ချဉ်ပေါင်ခင်းများ၊ မီးစက်များ၊ ဂိုဒေါင်ဟောင်းများ၊ ဝါးတံတားများကို လိုက် လံပြသကြပါ သည်။ အလွန်ပျော်စရာကောင်းပါ သည်။ ကျွန်တော်က ချဉ်ပေါင်ခင်းထဲ သွားပြီး အကြီးဆုံးချဉ်ပေါင်ပင် များ နုတ်ယူပါသည်။ ဂိုဒေါင်ထဲဝင်၍ လိုချင်တာများလည်း နှိုက်ယူပါသည်။ ဝါးတံတားဆီသွား၍ ဖနောင့်နှင့်နင်း ချိုးပါသည်။ ဖေဖေ၏ တပည့်များက ပြုံးကြည့်နေကြပါ သည်။ ထမင်းစား ချိန်၌ တပည့်များက “ဘဘ ဘာစားမှာ လဲ အသားရှောင်တာလား၊ငါးရှောင် သလား” ဟု လာမေးတတ်ပါသည်။
ထိုအခါ ဖေဖေက “ရပါတယ်၊ ဘာဖြစ်ဖြစ်” ဟုသာ ဆိုတတ်ပါ သည်။ ဖေဖေသည် ဘဲသားနှင့် ပုစွန်တုပ် မီးဖုတ်ကို အလွန်ကြိုက်ပါသည်။ ဘာ ဖြစ်ဖြစ်ဆိုသော်လည်း တပည့်များက အလိုက်တသိနှင့် ချက်ပေး ရပါသည်။ မေ့သွားပါက ဖေဖေစိတ်မကြည်တော့ ပါ။ ဖေဖေက လုပ်ငန်းများ ကို စစ်ပြီး တိုင်း “မင်းတို့လုပ်တာ အဘကို ငါ တင်ပြပေးမယ်” ဟု သာတွင်တွင်ပြော တတ်ပါသည်။ အဖေ၏ အဘ ကျွန်တော်၏ ဘိုး ဘိုးမှာ သေသွား တာဖြင့် ကြာပြီဖြစ်ပါသည်။ ယခု အဖေပြောသော “အဘ” မှာ မည် သူဟု ကျွန်တော် မသိပါ။
ဖေဖေက နောက်တစ်နေရာကူး တော့မည်ဆိုလျှင်တပည့်များက မီးစက် များ၊ပန်းအိုးများ၊ရေးဘူးများကု
နောက်တစ်နေ့တွင်လည်း မီး များထိန်ညီးနေပါသည်။ ကျွန်တော် နှင့်ရွယ်တူ ကျောင်းသားများက ကွန်ပျူတာနှင့်ဂိမ်းများဆော့ပြပ
အိမ်ပြန်သောအခါ ကျွန်တော် ဝမ်းသာ၊ဝမ်းနည်းဖြစ်ရပါသည်။ ဝမ်း သာရခြင်းမှာ လက်ဆောင်ပစ္စည်းများ ရ၍ ဖြစ်ပါသည်။ ပိုနေသော လက် ဆောင်များကို တန်ခိုးကြီးဘုရားများ သွား၍ လှူပါသေးသည်။ ဝမ်းနည်း ရခြင်းမှာ ကျောင်းပြန်တက်ရမှာဖြစ် ၍ ဖြစ်ပါသည်။ ကျွန်တော် တို့၏ ဖေဖေသည် လွန်စွာသည်းခံနိုင်သူ၊ ခွင့်လွှတ်နိုင်သူ ဖြစ်၍ ဂုဏ်ယူမိပါသည်။ အရာရာကို မသိချင်ယောင်လည်း ဆောင်နေပေး တတ်ပါသည်။ ရသည့်လခနှင့် ပေး သမျှ လက်ဆောင်လေးသာယူပြီး ချို့ချို့ငဲ့ငဲ့သာနေပါသည်။ ကျွန်တော် သည် တာဝန်သိသော၊ သည်းခံစိတ် ရှိသော ဖေဖေကို ပိုင်ဆိုင်ထား၍ ဂုဏ်ယူမိပါသည်။ ကျွန်တော်လည်း ကြီးလာလျှင် ဖေဖေ့လိုသည်းခံခွင့် လွှတ်စိတ်ရှိသော အဘဖြစ်အောင် ကြိုးစားပါဦးမည်။
”ကျေးဇူးကြီးပေတို့ ဖေဖေ”
ကျွန်တော်၏ စာစီစာ ကုံးကို ကြိုက်နှစ်သက်ပါက စောင့်မျှော်ဖတ်ရှုကြပါ ခင်ဗျား။
အကြည်တော်
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment