Wednesday, July 3, 2013
လူမှုရေးလား ဘာသာရေးလား နိုင်ငံရေးလား
by Myint Shwe (Notes) on Monday, July 1, 2013 at 4:50pm
[အောက်ပါစာမူကို ပြည်တွင်းဂျာနယ်တစ်ခုသို့ ပေးပို့ ထားပါသည်။
မြန်ဆန်စွာပြောင်းလဲနေသောအခြေအနေနှင့်အမှီဆက်စပ်သုံးသပ်နိုင်ရန်မိတ်ဆွေများသို့ ကြို၍တင်ပြပါသည်။]
“မျိုးစောင့်ဥပဒေဟုအမည်ပေးထားသည့်မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ'' တွင်ပါရှိသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထပ်မည့်အမျိုးသားသည်လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းပြီးမှသာလက်ထပ်ရမည်ဖြစ်ဆိုသောအချက်အားအမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ကသဘောမတူဘဲဘာသာများအကြားအပြန်အလှန်လေးစားကြရန်တိုက်တွန်းလိုက်သည်။ ......
.....''အဲဒါကိုတော့ကျွန်တော်တို့သဘောမတူပါဘူး။ တစ်ခုရှိတာကကျွန်တော်တို့ကလွတ်လပ်စွာကိုးကွယ်
ခွင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒါတွေနဲ့ပတ်သက်လို့လွတ်လပ်ခွင့်ပေး
ထားပါတယ်။” ..........
.......''အန်ကယ့်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်ဒါဟာလူတွေကိစ္စဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေက
လုပ်တာကောင်းပါတယ်'' ဟုကော်မရှင်အတွင်းရေးမှုးဦးစစ်မြိုင်ကဆိုသည်။"
- Ref: ဇွန်လ 26 ရက် 2013 ခုနှစ် မဇ္ဈိမသတင်း -
ဖျာပုံနယ်ဘက်ကလယ်သမားများအကြားတွင်ဒေသိယစကား(local usage) တစ်ခွန်းရှိသည်။
“မိအေးအော်တာတော့လူကြားတယ်။ဂဏန်းညှပ်နေတာကျတော့လူမမြင်ဘူး”ဟုဖြစ်ပါသည်။
ကောက်စိုက်ဆင်းချိန်လယ်ကွင်းထည်း၌တစ်စုံတစ်ခုဖြစ်လျှင်(ဥပမာ-ပိုးထိလျှင်)ထိပ်လန့်တကြားမအော်ရ။ ဤသို့ အော်လိုက်လျှင်အပမှီ (ရွာထည်းသို့ ဝင်ခွင့်ရလိုသောမကောင်းဆိုးဝါးတစ်ကောင်၏ပူးကပ်တာ)
ခံရနိုင်သည်ဟုအယူရှိကြသည်။ သို့ သော်လည်းကောက်စိုက်နေစဉ်မတော်ရာကိုဂဏန်းအညှပ်ခံရသောကောက်စိုက်
သမမိအေးကတော့အောင့်အီးမနေနိုင်ပါ။အလန့် တကြားထအော်လိုက်မိပြီးသည့်နောက်သူမကိုအပြစ်ဆိုသောအဖေါ်များ
ကိုအထက်ပါအတိုင်းနှုတ်လှန်ထိုးခဲ့ရာမှထိုစကားတစ်ခွန်းသည်အများသုံးဥပမာတစ်ခုဖြစ်လာခဲ့သည်။
အခြေအနေတရပ်နှင့်ထဲထဲဝင်ဝင်မရှိဘဲအပေါ်ယံကြောထင်မြင်ချက်/ဆုံးဖြတ်ချက်
(superficial outlook/ judgment) ကိုလက်မခံနိုင်သည့်သဘောဖြစ်ပါသည်။
ယခုတလောမြန်မာသံဃာတော်များကအားထုတ်နေကြသောအမျိုးစောင့်ဥပဒေဟုအကြမ်းအားဖြင့်သိထားကြ
သောဥပဒေကြမ်းတွင်ပါသောအချက်တစ်ခုကိုအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလက်မခံနိုင်ကြောင်းသိရသည်။ ဤဥပဒေနှင့်ပါတ်သက်၍ပထမဆုံးအကြိမ်အဖြစ်လေးစားလောက်သောပြည်တွင်းအဖွဲ့အစည်းတစ်ခုက သဘောထားအတိအလင်းထုတ်ဖေါ်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဤသည်မှာမျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။လူ့အခွင့်အရေးကော်မရှင်လိုအဖွဲ့ အစည်းထံ
မှထောက်ခံပါသည်ဟုကြားရရန်မဖြစ်နိုင်ပါ။
မြန်မာပြည်လူ့အခွင့်အရေးလှုပ်ရှားသမိုင်းတွင်သူတို့ ၏အမည်များတစ်ခါမျှမကြားဘူးခဲ့သောဗြူရိုကရက်ဟောင်း
များဖြင့်ဖွဲ့စည်းထားသောဤကော်မရှင်သည်နေ့ ချင်းညချင်း မြန်မာနိုင်ငံ၏လူ့ အခွင့်အရေးချန်ပီယံဖြစ်လာသည်။
နေကြသည်မှာအမှန်ပင်ဖြစ်ပါသည်။ဤသည်မှာသဘာဝပင်ဖြစ်သည်။ ဒီမိုကရေစီခေတ်တွင်ဘယ်အရာမှဘယ် လိုပုဂ္ဂိုလ်မျိုးမှပြည်သူတစ်ရပ်လုံးကရာခိုင်နှုံးပြည့်ထောက်ခံပါသည်/မဲပေးပါသည်ဆိုသည်မှာမဖြစ်နိုင်တော့။
အဲဒါမျိုးကအတိပ်မှာကျန်ရစ်ခဲ့ပြီ။
အထူးသဖြင့်ယခုလိုလူမှုရေး-ဘာသာရေး-နိုင်ငံရေး-အရေးသုံးမျိုးထပ်နေသော(interdisciplinary nature) ပြဿနာမျိုးတွင်ပို၍အငြင်းအခုံတွေများလိမ့်မည်။
ကျနော့်အမြင်ခေတ်ပရိယယ်မကြွယ်ဝသောသံဃာတော်များသည်သူတို့ ပြဌန်းချင်သောဥပဒေ
ကို“အမျိုးစောင့်ဥပဒေ” ဟုကနဦးအဖြစ်အတုံးလိုက်အတစ်လိုက်အမည်ပေးမိရာကစ၍
တာထွက်မှား (false start) သွားသည်ဟုဆိုချင်ပါသည်။
တာထွက်မှားသွားခြင်းအတွက်ပေးရသောတန်ဘိုး(cost) မှာမသေးလှပါ။
တရားလိုဘ၀ကနေတရားခံဘ၀ ရောက်သွားရလောက်အောင်အထင်မှားခံရတာဖြစ်သည်။Hannah Beech လိုနိုင်ငံခြားသူတစ်ဦးကသာမက ပြည်တွင်းနေဒါယကာ၊ ဒါယိကာမတစ်ချို့ ကပါ “ကိုယ်တော်တို့ ကရွာသူတွေရဲ့
ကိုယ်ရေးကိုယ်တာ ထဲမှာဝင်ပါ ချင်ရသလား” ဟုအထင်မှားခံ၊ အဝေဘန်ခံရတာတွေဖြစ်လာသည်။
သို့ သော်ဇွန်လ ၂၇ ရက်နေ့ သံဃာညီလာခံနောက်ပိုင်းမှစ၍ ‘မျိုးစောင့်ဥပဒေ’ဟူသောအသုံးအနှုံးမရှိတော့ဘဲ
“မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ်ဥပဒေ(မူကြမ်း) နှင့် ကိုးကွယ်ရာ ဘာသာနှင့်ပတ်သက်သောမှတ်ပုံတင်ဥပဒေ (မူကြမ်း)” ၂ ခုဖြစ်လာသည်ကိုသတိပြုမိပါသည်။ ပထမဆုံးမူကြမ်း တုံးကလိုသက်ဆိုင်မည့်သူတွေမလိုက်နာနိုင်လောက်သောပြဌန်းချက်တွေပြန်ပါမလာစေရန်ဆန္ဒပြုပါသည်။
ဤဥပဒေမူကြမ်းများကိစ္စနှင့်ပါတ်သက်၍အဓိကအားဖြင့်ဝေဖန်ချက်သုံးမျိုးသုံးစားရှိသည်ဟုကျနော်ထင်ပါသည်။
-      လူ့ အခွင့်အရေးနှင့်ညိနေသည် (ဦးစစ်မြိုင်)
-      ဘာသာရေးကလူမှုရေးထည်းဝင်ရောနေသည် (အရည်အတွက်အကန့် အသတ်မရှိပုဂ္ဂိုလ်များ)
-      ဘာသာရေးအလံထောင်ကာနိုင်ငံရေးလုပ်သည် [သီရိလင်္ကာမှာလို] – (ဦးညီပုလေး- မန္တလေး)
ဝေဘန်ချက်များသည်ရှုဒေါင့်တစ်ခုစီမှဝေဘန်ကြသည်ဖြစ်ရာသူ့ရှုဒေါင့်မှကြည့်လျှင်သူမှန်သည်ဟု
သဘောတူပေးရမည်ဖြစ်ပါသည်။
သို့ သော်ငြားလည်း-“ဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထပ်မည့်အမျိုးသားသည်လူမျိုးခြားဖြစ်ပါကဗုဒ္ဓဘာသာဝင်အဖြစ်
ကူးပြောင်းပြီးမှသာလက်ထပ်ရမည်” ဆိုသောအချက်သည်ရှိပြီးသားမြန်မာနိုင်ငံကလက်ခံအတည်ပြုပေးထားပြီးသား
ခရစ်ယန်-ဟိန္ဒူ - အစ္စလမ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေများကိုအတုယူထားခြင်းသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်ဤကန့် သတ်ချက်မျိုးဗုဒ္ဓ ဘာသာဝင်များအတွက်မရှိသဖြင့်သူတို့ ဘာသာဝင်များနှင့် လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနစ်နာနေပါသည်” ဟုမျိုးစောင့်ဥပဒေသမားများကအကြောင်းပြသည်။
သို့ ဆိုလျှင်ယခုသံဃာများကကြိုးစားကြံစည်နေသောဥပဒေကြမ်းသည်ဥပဒေကြမ်းဘ၀မှာပင်လူ့အခွင့်အရေးနှင့် မကိုက်ညီဟုဝေဘန်နေပါလျှင်ဥပဒေအဖြစ်နှင့်ရှိနှင့်နေပြီးသော အခြားဘာသာဝင်များ၏လက်ထပ်ခြင်းဆိုင်ရာ
ဥပဒေများသည်လည်းလူ့အခွင့်အရေးစံနှင့်မကိုက်ညီတာကိုဦးစစ်မြိုင်ဘာကြောင့်ထည့်မပြောခဲ့သနည်း။
ဖြစ်/ရှိနေသောပစ္စုပ္ပန်လက်တွေ့၌အားလုံးဘယ်သူမှလူ့ အခွင့်အရေးပေတံနှင့်မကိုက်တာကိုပါပြောရမည်။
“မိအေးအော်တာတော့လူကြားသည်။ဂဏန်းညှပ်တာကျတော့ လူမမြင်” ဆိုတာမျိုးဖြစ်နေသည်ဟုထင်ပါသည်။
ဒုတိယဝေဘန်ချက်ဖြစ်သောဘာသာရေးကလူမှုရေးထည်းဝင်စွက်သည်ဆိုသည့်အချက်၌လည်းလက်တွေ့ 
ဖြစ်ပျက်ခဲ့ပုံအရဘုန်းကြီးတွေကိုအပြစ်တင်၍မရဟုကျနော်ထင်သည်။
ပြဿနာကိုအချိန်မှတ်တစ်ခုတွင်ရပ်တန့်၍ (ဗီဒီယိုကြည့်နေစဉ် Pause လုပ်သလိုမျိုး) မြင်ကွင်းတစ်ခုတည်း ကိုကွက်၍ကြည့်လျှင်တော့ဒါလူမှုရေးကိစ္စဘုန်းကြီးတွေနဲ့မဆိုင်ဘူးဟုယူဆလိမ့်မည်။ သီတာထွေးကိစ္စမှစ၍ တနှစ်လုံးဖြစ်သမျှကိုမျက်ချေမပြတ်ခဲ့သူများအဖို့တော့ဘုန်းကြီးတွေကဤနှစ်ခုကိုရောပစ်တာမဟုတ်ဘဲပြဿ နာကိုယ်တိုင်ကဘာသာရေးနှင့်လူမှုရေးရောထွေးနေပြီးသားဖြစ်ကာဘုန်းကြီးတွေထံဆိုက်ဆိုက်မြိုက်မြိုက်
ရောက်သွားတာဖြစ်သည်။
ကြုံကြိုက်သည့်အခါလမ်းပေါ်တွင်အသက်မွေးနေသူဆိုက်ကားသမားတစ်ဦးဦး၊ သို့မဟုတ်ဆိုက်ကားပေါ်က အိမ်ရှင်မတစ်ဦးဦးကိုမေးကြည့်ပါ။“ဘုန်းကြီးတွေကိုယ်တိုင်ဆွဲအသတ်ခံနေကြရမှတော့ဒီအထဲမှာဘုန်းကြီးတွေ
ပါလာတော့မှာပေါ့”ဟုလက်တွေ့ အကျဆုံးနိုင်ငံရေးအမြင် (real life political outlook) ကိုကြားနိုင်ပါလိမ့်မည်။
ပြဿနာသူတို့ ဆီရောက်လာသောအခါဘုန်းကြီးတွေကလူမှုရေးအစကိုကိုင်တွယ်ဖြေရှင်းမှဖြစ်မည်ဟုယူဆကြသည်။
ခါတိုင်းလိုဝံသာနုရက္ခိတတရားဟောနေယုံ(ဘာသာရေးသက်သက်)မျှဖြင့်မလုံလောက်ဟုယူဆကြ၍ဖြစ်လိမ့်မည်။
သာမန်လူထုများအချိန်မပေးနိုင်ကြသော-နှစ်လတွေနှင့်ချီ၍အကဲခပ်နေမှမြင်နိုင်သောပြဿနာကိုဖြေရှင်းရန်သံဃာက
အားထုတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်အမျိုးသမီးရေးရာအဖွဲ့ တွေအပြိုင်အဆိုင်ရှိနေကြပြီးသား- လူထုခေါင်းဆောင်ဆိုတာလည်းရှိနေ ပြီးသားဖြစ်ရာဘုန်းကြီးတွေဝင်ပါမလာခင်-ယခုလိုပြဿနာကြီးထွားမလာခင်-လူမှုရေးပြဿနာအသေးစားကလေးများ (မိမ္မကိုနှိပ်စက်ခြင်း - wife assault/domestic violence) အဆင့်တွင်သူတို့ က၀င်ရောက်တားဆီးပေးခဲ့ကြသင့်သည်။ ဘယ်သူမှဂရုမစိုက်လစ်ဟင်းခဲ့ကြသဖြင့်ပြဿနာကထုနှင့်ထည်နှင့်ဖြစ်လာပြီးအမျိုးသားရေးဘ၀၏အခြားမျက်နှာစာများ
(other aspects of the national life) သို့ ကူးစက်လာတော့မှဘုန်းကြီးတွေဝင်ပါလာကြရတာဖြစ်သည်။
၂၀၀၅ ခုနှစ်ကချမှတ်ခဲ့သောကုလသမဂ္ဂ၏ကြားဝင်နိုင်ခွင့်မူဝါဒ(The UN Initiative: Responsibility to Protect) ကိုသာမြန်မာသံဃာတော်များကကိုးကားခွင့်ရပါလျှင်ခံစားရသူတွေ(victims) ကကိုယ့်ကိုကိုယ်မ ကာကွယ်နိုင်၊ သက်ဆိုင်သောအဖွဲ့ အစည်းများကလည်းလျစ်လျူရှုထားကြသဖြင့်သူတို့၏တာဝန်ဖြစ်လာပါသည်ဟုလျှောက်လဲကြလိမ့်
မည်ထင်ပါသည်။
တတိယဝေဘန်ချက်ဖြစ်သောနိုင်ငံရေးထည်းသို့ ဘာသာရေးအလံထောင်၍၀င်ရန်ခြေလှမ်းဆိုသောအချက်ကို
လည်းမငြင်းနိုင်ပြန်ပေ။ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် “ဘာသာရေးနှင့်နိုင်ငံရေးမရောယှက်ရေး”
(Principle of separation of Church and State) ဟူသောသဘောတရားတရပ်ပင်အခိုင်အမာရှိသည်။
သို့သော်လက်တွေ့ တွင်ဒါကိုဘယ်နိုင်ငံကမှလိုက်နာနိုင်စွမ်းမရှိတာကိုလည်းကျနော်တို့ သတိပြုကြရပါမည်။
မြန်မာဘုန်းကြီးတွေနိုင်ငံရေးထည်းမှာပါဝင်ခဲ့တာပုဂံခေတ်ရှင်ဒိသာပါမောက်တို့ လက်ထက်ကတည်းက ဖြစ်သည်။ ပံ့သကူမထေရ်သည်ပြည်သူကိုနှိပ်စက်သောမင်း၏ဆွမ်းကိုမစားဘဲသပိတ်မှောက်ကာသီဟိုဠ်သို့ ကြွသွားခဲ့သည်။
ကိုလိုနီခေတ်တွင်ဦးဥတ္တမတို့ - ဦးဝိစာရတို့ သည်နိုင်ငံရေးထည်းမှာပါခဲ့ကြသည်။ ဟိုခေတ်တုံးကလည်းကနေ့ 
ကျနော့် တို နည်းတူဘုန်းကြီးတွေနိုင်ငံရေးမလုပ်သင့်ဟုယူဆသူတွေရှိခဲ့ကြသည်။ ကျနော်တို့ ခေတ်မှာ လိုပင်သူ့ တို့ ခေတ်တွင်လည်းသူတို့ ကိုလူတိုင်းထောက်ခံခဲ့ကြသည်မဟုတ်ပါ။သို့ သော်ကနေ့ ခေတ်တွင်
ဦးဥတ္တမ၊ ဦးဝိစာရတို့ ကိုအမျိုးသားကျေးဇူးရှင်များအဖြစ်အသိအမှတ်ပြုထားကြပြီ။ဦးဝိစိတ္တသာရ(၀ီရသူ) ကိုလည်းနောင်တစ်ချိန်တွင်သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မည်။
(History shall be his judge and jury.)
စစ်အာဏာရှင်ခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလကြီးအတွင်းအတိုက်အခံနိုင်ငံရေးဘက်၏အသုံးချမှုကိုခံရင်း
သံဃာသည်နိုင်ငံရေးထည်းမှာပါနေခဲ့သည်။ ယခုအချိန်ကျမှနိုင်ငံရေးအတိုက်အခံများနှင့်လမ်းခွဲကာ- သူတို့ ကိစ္စ (အမျိုး၊ဘာသာ၊သာသနာအရေး-သူတို့ ၏ဆွမ်းဒကာ-ဒကာမများ၏အရေး) ကိုသူတို့ ဆောင်ရွက်လာသည်ဟု ကျနော်ယူဆပါသည်။မိမိဘက်ကိုမပါ၊ မိမိကိုဆန့် ကျင်သလိုလိုရှိလာတော့မှသံဃာတော်တွေနိုင်ငံရေးမလုပ်သင့်ဟု ဘာသာရေးကိုကိုးကား၍ပြောလျှင်စဉ်းလဲရာကျလိမ့်မည်။
ယခုအားထုတ်နေကြသောအမျိုးစောင့်ရှောက်ရေးဥပဒေ၂ခုပြဌန်းနိုင်ရေးလှုပ်ရှားမှုသည်တနည်းအားဖြင့် ဒီမိုကရေစီခေတ်သစ်တွင်သံဃာထုကသူတို့ ၏အခဏ်းကဏ္ဍကိုအသိအမှတ်ပြုလာအောင်လုပ်တာဟုခေါ်လို
ကခေါ်နိုင်ပါလိမ့်မည်(Politics of recognition)။
ဒီမိုကရေစီခေတ်တွင်သူတို့ သည်ဘာသာရေးအင်အားစုတစ်ခုမျှသာမဟုတ်နိုင်ငံရေး
အင်အားစုတစ်ခုလည်းဖြစ်ကြောင်းပြသတာလည်းဖြစ်နိုင်သည်။
သူတို့ အတွက်အဆိုးထည်းကအကောင်းဖြစ်ပုံမှာ Time Magazine ၏သုံးသပ်ချက်သည်ကြောင်းကျိုးဆီလျှော် ခိုင်မာသည်ဆိုစေဦး၎င်း၏မျက်နှာဖုံးနှင့်ခေါင်းစဉ် (cover and title) ကအားလုံးကိုစော်ကားသည်ဟုခံစားမိကြ
ကာ Brotherhood in grievance သဘောဖြင့်သံဃာထုစုစည်းသွားကြသည်ကိုအင်းစိန်ညီလာခံတွင်တွေ့ရသည်။
ဇွန်လ ၂၇ ရက်နေ့ကအင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်းသံဃာ့ညီလာခံ၌ရဟန်းပရိဿတ်တစ်ထောင်ကျော် (လူပရိဿတ်ပါနှင့်ဆိုလျှင်နှစ်ထောင်ခန့် - ကိုကျော်သူ့ အဆို) ကိုသီတဂူဆရာတော်ရှင်ဉာဏိဿရက- “တပည့်တော်
အသက် ၇၇ နှစ်ရှိပါပြီ…” အစချီကာတနာရီကျော်ကြာပြောသွားသောသြ၀ါဒသည်သံဃာထုအတွက်သမိုင်းဝင်မိန့် ခွန်းဖြစ်နိုင်သည်။
ဆရာတော်ပြောဟောသွားသည်များအနက်အချက်သုံးချက်သည်အရေးကြီးသည်ဟုကျနော်ထင်သည်။
ဦးဉာဏိဿရကသံဃာထုနိုင်ငံရေးလုပ်ခြင်းနှင့်ပါတ်သက်၍မြတ်စွာဘုရားတောင်ကိုယ်တော်တိုင်၏အကျိုး
- လောကအကျိုးနှင့်ဆွေတော်မျိုးတော်တွေ၏အကျိုးစီးပွား(လောကတ္တစရိယ- ဉာတတ္ထစရိယ- ဗုဒ္ဓတ္ထစရိယ)
ပူးတွဲ၍လုပ်ခဲ့သေးရာသံဃာထုအနေဖြင့် “အမျိုး၊ဘာသာ၊သာသနာစေါင့်ရှောက်ရေးနိုင်ငံရေး”
(politics of faith survival ဟုခေါ်နိုင်မလားမသိ) ကိုလိပ်ပြာသန့် သန့် နှင့်လုပ်ပိုင်ခွင့်ရှိကြောင်းလမ်းကြောင်းချပြခဲ့သည်။
ထို့ ပြင်သံဃာထုသည်တပ်မတော်ကဲ့သို့ ပင်အင်အားငါးသိန်းရှိသည်။ ပရိယတ်ပဋိပါတ်ဘက်သက်သက်လုပ်ဖို့ 
ကောအမျိုးဘာသာသာသနာအကျိုးလုပ်ဘို့ ပါလူအရည်အတွက်အလုံအလောက်ရှိသဖြင့်ပရိယတ်-ပဋိပတ်တာ ၀န်လစ်ဟင်းမည်ကိုပူစရာမလိုကိုယ်သန်ရာဘက်ကိုအထူးပြု၍လုပ်နိုင်ကြသည်ဟုအဆုံးအဖြတ်ပြုပေးခဲ့သည်။
ကိုယ်ပိုင်စည်းမျဉ်းများစည်းကမ်းများဖြင့်ထူထောင်ရန်ကိုလည်းတိုက်တွန်းခဲ့သည်။ဤအချက်သည်ယခင်ကလို
အာဏာရ - သို့ မဟုတ် -အတိုက်အခံနိုင်ငံရေးတစ်ခုခု၏လက်ဝေခံမဟုတ်တော့ဘဲကိုယ်ပိုင်သီးခြား လွပ်လပ်သောနိုင်ငံရေးအမျိုးအစားတရပ်လုပ်ရန်လမ်းကြောင်းချလိုက်တာဟုဆိုရမည်။
သီရိလင်္ကာတွင်ဘုန်းကြီးအမတ်တွေလွှတ်တော်ထည်းဝင်ထိုင်နေတာကိုကျနော်တို့ မြင်ရသည်။ လက်ရှိမြန်မာပြည်တွင်စစ်ဗိုလ်တွေလွှတ်တော်ထည်းဝင်ထိုင်နေသည်ကိုလည်းကျနော်တို့ မြင်ရသည်။ ဘယ်သူတွေနိုင်ငံရေးလုပ်နိုင်သည်၊ဘယ်သူတွေကတော့နိုင်ငံရေးလုပ်ခွင့်မရှိဆိုတာကိုဘယ်သူကဆုံးဖြတ်ခွင့်ရှိသလဲ။
အစိုးရကလား - လူတွေကလား - ဘုန်းကြီးတွေကိုယ်တိုင်ကလား - အားလုံးစုပေါင်း၍ဆုံးဖြတ်ကြသလား။
မြန်မာဘုန်းကြီးများကမူဥပဒေနှစ်ခုကိုလွှတ်တော်ကပြဌန်းပေးရန်အားထုတ်တာမျှဘဲဖြစ်သည်။
ဤလူမှုရေးတဖြစ်လဲဘာသာရေးပြဿနာတွင်မြန်မာဘုန်းကြီးတွေကနိုင်ငံရေးကိုသုံး၍ဖြေရှင်းလိုခြင်း၏အကြောင်းရင်း
သည်ပြဿနာကိုယ်တိုင်၏သဘောသဘာဝအရပင်ဖြစ်မည်။
ကျနော်အမြင်ဤပြဿနာသည်လူမှုရေး-ဘာသာရေး-နိုင်ငံရေးသုံးမျိုးစလုံးခွဲထုတ်လို့မရအောင်ရောနေသည်။
(complex and profound)
ပြသနာရင့်လာပုံကိုနမူနာတစ်ခု (a hypothetical case)  အားဖြင့်ပြန်လည်ကြည့်ရှုပါမည်။
မြို့တမြို့၌အရွယ်ရောက်ပြီးဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးနှင့်အစ္စလမ်ဘာသာဝင်အမျိုးသားတစ်ဦးတို့  နှစ်ဦး သဘောတူ၍အိမ်ထောင်ပြုလိုက်ကြသည်။
အိမ်ထောင်ပြုကြပြီးသောအခါမှအစ္စလမ်ဘာသာဝင်ခင်ပွန်းနှင့်၎င်း၏မိဘနှင့်ညီအစ်ကိုမောင်နှစ်မများက
ဗုဒ္ဓဘာသာဝင်ခလေးမကလေးကိုဘာသာပြောင်းရန်နည်းမျိုးစုံဖြင့်ဖိအားပေးသည်။ကိုယ်ထိလက်ရောက်ပြု၍
အကြပ်ကိုင်ကြသည်။ နောက်ဆုံးမခံစားနိုင်တော့၍ထိုအမျိုးသမီးသည်လင်ယောက်ကျား၏ဘာသာထည်းသို့ 
ဝင်လိုက်ရသည်။ ဤအကြောင်းကိုမီဒီယာကတင်ပြလိုက်ရာ သတင်းတစ်ပုဒ်(story) ဖြစ်လာသည်။ သို့ သော်အလားတူအဖြစ်မျိုးနောက်ထပ်အခြားတစ်နေရာမှထပ်၍ - အနည်းဆုံးလက်ရှိအဖြစ်အပျက်လူတွေ၏ အာရုံထည်းမှမေ့ပျောက်မသွားမီကာလအတွင်း -  မကြားရတော့။ (isolated case)
ဒုတိယအဆင့်တွင်ပထမအဖြစ်မျိုးနှင့်အလားတူသောဖြစ်ရပ်တွေနေရာအတော်များများတွင်ကြိုကြားဖြစ်နေ
ကြောင်းသိလာရသည်။ ဖြစ်ပွားနှုံးကလည်းလူသိ၍မီဒီယာကတင်ပြလိုက်နိုင်သောအရေအတွက်အရကြည့်လျှင်
တစ်မှုနှင့်နောက်တစ်မှုအကြားအချိန်သည်ပထမအမှုကိုလူတွေမေ့မသွားခင်နောက်တစ်မှုထပ်ဖြစ်တာကိုတွေ့ ရမည်။ အမူတွေကဆင်တူရိုးမှားဆိုလျှင်အသွင်သဏ္ဍန် (pattern) တစ်ခုသဘောဆောင်လာပြီ။
ယခင်က အမှတ်တမဲ့နေသူတွေစိတ်ဝင်စားလာပြီ။ စောင့်ကြည့်ရန်/စုံစမ်းရန်အသံထွက်လာပြီ။
ဘာသာရေးသမားများကလည်းပြဿနာထည်းတွင်ဘာသာရေးအရနစ်နာမှုကိုထောက်ပြသဖြင့်မူလလူမှုရေးပြဿနာ
သည်တစ်ချိန် ထည်းတွင်ပင်ဘာသာရေးပြဿနာလည်းဖြစ်လာသည်။ဘာသာရေးပြဿနာဖြစ်လာသည်နှင့်
(ဘုန်းကြီးတွေမပါ-ပါဘူးဆိုလျှင်ပင်) နိုင်ငံရေးပြဿနာဖြစ်လာရန်အလွန်လွယ်ကူသည်။
တတိယအဆင့် - လိပ်ခဲတင်းလင်းဖြစ်နေမှုသည်အဆင့်တစ်ခုရောက်သည်တွင်ပေါက်ကွဲထွက်လာသည်။
အဓိကရုဏ်းတွေဖြစ်လာ-အရေးပေါ်အခြေအနေကြေငြာရသည်။ဤအဆင့်ရောက်သောအခါပြင်ပမှပါဝင်စွက်ဖက်မှု
(OIC/ Time Magazine cover etc.) များရှိလာသောကြောင့်မခံမရပ်နိုင်ဖြစ်မှု(national indignation) တရပ်ပါမွေးဖွားလာကာယခင်ကဖာသိဖာသာနေခဲ့သူများပါပြဿနာထည်းရောက်လာစိတ်ဝင်စားလာသည်။
ပြဿနာအပေါ်လူထုအတွင်းသဘောထားနှစ်ဘက်ကွဲလာသည်။တစ်ချိန်တည်းမှာပင်သူ့ ဘက်ကိုယ်ဘက်အထိ
အခိုက်တွေများသည်ထက်များလာလျှင်စိတ္တဇသက်သက်ဖြစ်သောတရားမျှတခြင်းသဘော(justice and fairness) ကိုပစ်ပါယ်လိုက်ကြပြီးသူ့ ဘက်/ကိုယ့်ဘက် - “ဘက်”သဘော (With us or against us) သာကျန် ရစ်တော့သည်။ ထိုအခါအင်္ဂါအားလုံးစုံလင်သည့်ပြဿနာကြီးတစ်ခု(a fully blossomed issue) ဘ၀သို့ ဆိုက်ရောက်သွားပြီဖြစ်သည်။
ကျနော်ကနေ့ တို့ ရင်ဆိုင်နေရသောပြဿနာသည်ဘယ်အဆင့်မှာရောက်နေသလဲစစ်ဆေးကြည့်လျှင်ဤ
နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟုကျနော်ယူဆသည်။ ဤအဆင့်တွင်ပြဿနာသည်လူမှုရေးဆိုလည်းဟုတ်သည်-ဘာသာရေးဆိုလည်းမှန်ကန်-နိုင်ငံရေးဆိုပါကလည်းမမှားတော့။ ဤအဆင့်ရောက်သောအခါဘုန်းကြီးလည်းပါဝင်နိုင်သည်။ အမျိုးသမီးတွေလည်းပါဝင်နိုင်သည်။ အခြားစိတ်ဝင်စားသူတွေ၊ပညာရှင်တွေလည်းပါဝင်နိုင်သည်။
နိုင်ငံတော် (The state) သည်လည်းအနှေးနှင့်အမြန်ပါဝင်လာရတော့မည်သာ။
မြန်မာနိုင်ငံသည်၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍အခြေခံကျသောပြောင်းလဲမှုကြီး (Social transformation)
တစ်ခုကိုဖြတ်သန်းနေသည်။ထိုပြောင်းလဲမှုကြီးကို ‘အစဉ်အလာ’ နှင့် ‘ခေတ်’ တို့ အကြားအားပြိုင်မှု
(the struggle between tradition and modernity) အဖြစ်နှင့်လည်းအဓိပ္ပါယ်ကောက်ယူနိုင်သည်။
ထိုအဓိပ္ပါယ်အရလူ့ အဖွဲ့ အစည်းအတွင်းရှိအုပ်စုကြီးများ (elites, clergy, intelligentsia, new generations,
minorities, women etc. ) အနက်အချို့ ကလူ့ အဖွဲ့ အစည်းအတွင်းမိမိတို့ ၏အဆင့်အတန်းနှင့် အခဏ်းကဏ္ဍ
ဤသို့ ပြန် လည်၍ဖွင့်ဆို၊ပြန်လည်၍သတ်မှတ်စေလိုကြသည်။
ထေရ၀ါဒဗုဒ္ဓဘာသာသံဃာသည်သဘာဝအားဖြင့်‘အစဉ်အလာ’(Tradition) အုပ်စုဝင်ဖြစ်သဖြင့်ပညာတတ် များ နှင့်မျိုးဆက်သစ်များကဲ့သို့ ‘ခေတ်’ (Modernity) သဘောကိုဦးစားပေးတတ်သောအုပ်စုများကသံသယ ရှိတတ်ကြသည်။ယခုသံဃာတော်များကပြဌန်းလိုသောဥပဒေများသည်ထိုအုပ်စုများနှင့်အဓိကပါတ်သက်မည်ဖြစ်ရာ
ဤနှစ်ဘက်အကြားဆက်ဆံရေးတွင်စကားလုံးများရွေးချယ်မှုသည်အထူးအရေးကြီးသည်။
ကမ္ဘာတ၀ှမ်းဒီမိုကရေစီကူးပြောင်းစနိုင်ငံတိုင်းဖြစ်နေကျအမျိုးသားရေးဝါဒခေါင်းထောင်လာမှုကိုထိမ်းကွပ်ရအလွန်ခက်သည်။
ဤသို့ ဆိုလျှင်သူတို့ နှင့်စေ့စပ်၍သူတို့ ဖန်တီးသောလှိုင်းလုံးကိုတက်စီး၊သူတို့ အားကိုယူ၍နိုင်ငံရေးအကျိုးစီးပွားတစ်ခုခု အတွက်အသုံးချမလား - သို့ မဟုတ်ကိုယ်တိုင်ကတကယ်မလိုက်နာကြပေမဲ့လူ့ အခွင့်အရေးလိုက်နာရေးတစ်ခုတည်း ကိုသာဂရုစိုက်ဖို့ နိုင်ငံကြီးများကဖိအားပေးတာကိုနားထောင်မလား။
ဖိအားသည်သင်္ကြန်အမြောက်တော့မဟုတ် (not an empty threat)။
ဆန်ရှင်အားလုံးတစ်ခုမကျန်ရုပ်သိမ်းသွားတာမဟုတ်သေး။
အိမ်နီးနားချင်းနိုင်ငံများနှင့်မိတ်မပျက်ရေးကိုလည်းထည့်စဉ်းစားရဦးမည်။
လက်ရှိအခြေအနေသည်တိုင်းပြည်အုပ်ချုပ်သူများအတွက်တော့
(between the rock and a  hard place) ဆိုသလိုဖြစ်လိမ့်မည်။
ရွှေမြင့်မောင်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...