Friday, July 12, 2013
အနတ္တတရား နဲ့ မျိုးစောင့် ဥပဒေအကြောင်း မသီတာ(စမ်းချောင်း) ရဲ့ စင်ကာပူ စာပေဟောပြောပွဲမှ ဖြေကြားချက် ။
  4 comments:
  1. ဗုဒ္ဓဘာသာရဲ့ အနတ္တသဘောနဲ့ ပတ်သက်ပြီး ပညာတတ်အသိုင်းအ၀ိုင်းကလူတွေတောင် အလွဲကြီးလွဲနေကြတာ တွေ့ရတယ်၊ အခု ဆရာမ မသီတာ(စမ်းချောင်း) ပြောသလိုမျိုးစကားလုံးတွေနဲ့ ဒေါက်တာမောင်ဇာနည်ဆိုသူကလည်း အမေရိကားမှာ ရိုဟင်ဂျာတွေရဲ့ ဟောပြောပွဲတစ်ခုမှာ ဗုဒ္ဓဘာသာကို ပုပ်ခပ်ပြောဆိုတာ တွေ့လိုက်ရတယ်။ သူတို့ပြောတာက ရုပ်နဲ့နာမ် နှစ်မျိုးပဲရှိတယ်။ လူသားအားလုံးကိုတောင် အတူတူပဲလို့ သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာမှာ ဘာလို့များ ဘာသာမတူ၊ လူမျိုးမတူဆိုပြီး ခွဲခြားပြောဆို နေကြတာလည်းဆိုပြီး အပစ်တင်တဲ့လေသံနဲ့ ပြောဆိုကြတယ်။
    တကယ်တော့ အဲဒီ ဆရာ၊ ဆရာမတွေ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အစစ်အမှန်ကို နဲနဲမှ နားမလည်တာ ထင်ရှားပါတယ်။
    ဗုဒ္ဓဘာသာမှာ သမုတိသစ္စာနယ်နဲ့ ပရမတ္တသစ္စာနယ်ဆိုတဲ့ နယ်နှစ်မျိုးရှိတယ်။ အဖေ၊ အမေ၊ ဆရာ၊ သူဌေး၊ သူတောင်းစား စတဲ့ပညတ်ချက် အားလုံး၊ အခေါ်အဝေါ်အားလုံးဟာ သမုတိသစ္စာနယ်ထဲမှာရှိတယ်။ ဒါတွေအားလုံးကို ဘုရားက မပစ်ပယ်ခဲ့ဘူး။ မိန်းမခြင်းတူပေမယ့် ကိုယ့်မိန်းမကို ဇနီး၊ မွေးဖွားပေးတာကို အမေလို့ သမုတိသစ္စာနယ်မှာ သတ်မှတ်တယ်။ အမေနဲ့ ကိုယ့်ဇနီးမိန်းမကို ရုပ်နာမ်တွေပဲရှိတာ အတူတူပဲလို့ ဘုရားက လုံးဝ(လုံးဝ) မဟောဘူး။ အမေဆိုတာ ဘုရားနဲ့တစ်ဂိုဏ်းထဲ၊ မိန်းမဇနီးက ကိုယ့်ရဲ့ ဘ၀ကျင်ဖော်ဆိုပြီး ခွဲခြားသမုတ်ထားတယ်။ အလုပ်သဘော အနှစ်သာရခြင်းလည်း ခွဲခြားသတ်မှတ်ထားတယ်။
    ဒါပေမယ့် ပရမတ္တသစ္စာနယ်မှာတော့ အားလုံးဟာ ရုပ်နာမ်တွေပဲမို့ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ခွဲခြားလို့မရဘဲ အားလုံးဟာ အတူတူပဲလို့ သတ်မှတ်တယ်။
    ကျွန်တော်တို့တတွေ အသက်ရှင် လှုတ်ရှား နေထိုင်ပြောဆိုနေကြတာ သမုတိသစ္စာနယ်ထဲမှာပါ။ ဘုရားရဲ့ တရားတော်တွေဟာလည်း ပညတ်ထားတဲ့ စကားလုံး အခေါ်အဝေါ်တွေပါပဲ။ ဘုရားရဲ့ တရားတွေနဲ့ ရပ်ကွက်ထဲက လက်ဘက်ရည်ဝိုင်းမှာ ပြောဆိုနေတဲ့ စကားလုံးတွေဟာ ရုပ်တရားတွေသာ ဖြစ်တာမို့ အတူတူပဲလို့ သတ်မှတ်လို့ မရပါဘူး။ သမုတိသစ္စာနယ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတာတွေဟာ တကယ်ရှိပါတယ်။ အားလုံးဟာ မတူပါဘူး။ အဖေဆိုတာ တကယ်ရှိပါတယ်။ ကောင်းမှုတွေ၊ မကောင်းမှုတွေ လုပ်နေတဲ့ ငါဆိုတာတကယ်ရှိပါတယ်။ တကယ်လို့များ ငါဆိုတာ မရှိခဲ့ရင် ကောင်းမှုတွေ၊ မကောင်းမှုတွေ လုပ်စရာ ဘယ်လိုတော့မလဲ။ ကောင်းမှုတွေရဲ့ အကျိုးဆက်ကို လုပ်သူမရှိသလို၊ ခံသူလဲ ဘယ်ရှိတော့မလဲ။ ဒါကြောင့် ဘုရားက သမုတိသစ္စာနယ်ကို မပစ်ပယ်ခဲ့ဘူး။ ဘုရားက ပညတ်စကားလုံးတွေနဲ့ သမုတ်ဟောပြောခဲ့တယ်။
    တကယ်လို့ သမုတိသစ္စာနယ်ထဲမှာ ပရမတ္တသစ္စာအမြင်နဲ့ ပြုလုပ်ရှုမြင်ကြမယ်ဆိုရင် လူတစ်ယောက်ကို ဓါးနဲ့ထိုးရင်တောင်မှ ရုပ်တရား တစ်ခုထဲကို ရုပ်တရားတစ်ခုက ၀င်သွားပြီး ငါဆိုတာ မရှိတာမို့ ခံရသူဆိုတဲ့ အတ္တအထည်ကိုယ်လည်း မရှိတဲ့အတွက် ဘာမှ အပစ်မဖြစ်တော့ဘူးလို့... ပြောစရာ ဖြစ်လာရပါမယ်။
    ဒါကြောင့် သမုတိသစ္စာနယ်ထဲက လုပ်ငန်းဆောင်တာတွေ အားလုံးကို ပရမတ္တအမြင်နဲ့ လုံးဝရောထွေး ရှုမြင်လို့ မရကောင်းပါဘူုး။ အဲလို သစ္စာနယ်တွေကို ရောထွေးရှုမြင်တာကို သစ္စာဖေါက်တယ်လို့ ခေါ်တယ်လို့ ဆရာတော်တစ်ပါး ဟောကြားတာ မှတ်သားဖူးပါတယ်။
    ReplyDelete
  2. This comment has been removed by the author.
    ReplyDelete
  3. အခု အမျိုး၊ ဘာသာ၊ သာသနာ ကိစ္စဟာ သမုတ္တိသစ္စာနယ်ရဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကို ပရမတ္တသစ္စာနယ် ပေတံနဲ့ တိုင်းတာလို့ မရပါဘူး။ သစ္စာမဖေါက်ရပါဘူး။ သစ္စာနယ်တွေကို ရောထွေးပြီး ပြောနေကြတော့ အားလုံး အလွဲကြီး လွဲကုန်ကြရတယ်။
    ဟောပြောနေတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က သစ္စာတရားတွေ၊ ဗုဒ္ဓရဲ့ အနှစ်သာရတွေကို သေသေချာချာ နားမလည်ကြပဲ အပစ်တင်ပြောဆိုနေကြတာဟာ တော်တော်ကို ကျိုးကြောင်းမဆီလျော်တဲ့ ပြဿနာဖြစ်ပါတယ်။
    ဘုရားက ရောဟနီမြစ်မှာ စစ်ဖြစ်ကြသူတွေကို ဆွေရိပ်၊ မျိုးရိပ်ဟာ အေးချမ်းလွန်းလှပါတယ်လို့ ဟောပြောခဲ့တယ်။ ရုပ်၊ နာမ်တွေရဲ့ အရိပ်ဟာ အေးချမ်းလွန်းလှပါတယ်လို့ မဟောခဲ့ဘူး။
    ဘယ်အရာမှ တည်မြဲတာမရှိဘူး၊ အချိန်တိုင်းသေနေကြတယ်။ ပျက်နေကြတယ်.. ဆိုတာ ပရမတ္တသစ္စာနယ်ကိုပြောတာ။ အဲဒါကို သမုတိသစ္စာနယ်ထဲ ဆွဲသွင်းလိုက်ရင် အားလုံးဟာ အချိန်တိုင်း ပျက်နေတာပဲမို့ လူတွေ.. ပညာ သင်စရာလဲမလိုတော့ဘူး၊ စီးပွားရှာစရာလည်းမလိုတော့ဘူး။ မေတ္တာထားစရာလည်း မလိုတော့ဘူး...လို့ ဖြစ်သွားလိမ့်မယ်။ ရောင့်ရဲတာနဲ့ အပျင်းကြီးတာကို ရောထွေး ရှုမြင်သွားကြလိမ့်မယ်။
    အဓိက ပြောချင်တာက စာပေဟောပြောသူတွေ အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီး ကိုယ်ကိုတိုင် အသေအချာ နားလည်ခြင်းမရှိသေးဘဲ ကိုယ့်အသိဥာဏ်ပေတံလေးနဲ့ တိုင်းတာပြီး စွတ်စက်ဝေဖန်ပြောဆိုတာမျိုး မလုပ်သင့်ဘူး။ သူတို့ရဲ့ ပရိဿတ်ကပါ အတွေးအခေါ် အယူအဆတွေ လွဲကုန်ရင် သူတို့မှာ သိပ်အပစ်ကြီးပါတယ်။ ဒီလို တစ်ပိုင်းကြောင်တွေရဲ့ ဟောပြောမှုတွေကြောင့် ဗုဒ္ဓဘာသာကို အဆိုးမြင်ဘာသာလို့ တချို့သော ဘာသာခြားတွေက သတ်မှတ်ပြောဆိုကြတာဖြစ်တယ်။
    အနတ္တလက္ခဏာနဲ့ ပတ်သက်ပြီး ရောထွေးနေသူတွေ အနီးစပ်ဆုံး ဆရာဦးဆန်းလွင်ရဲ့ သူ့ဘ၀ ဖြစ်စဉ်ကို ရေးထားတဲ့ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်လာသူုတစ်ယောက်အကြောင်း စာအုပ်ကို ဖတ်သင့်တယ်။
    သမုတိသစ္စာနယ်မှာ လူဆိုတာရှိတယ်။ ပြုသူဆိုတာရှိတယ်၊ ခံရသူဆိုတာရှိတယ်။ အားလုံးဟာ ပျက်ဆီးနေတယ်၊ ရုပ်နာမ်ပဲရှိတယ်.. အားလုံး အတူတူပဲလို့ မသတ်မှတ်ဘူး။
    ဒီသစ္စာနယ်နှစ်ခုရဲ့ စည်းဟာ တစ်ဖက်နဲ့ တစ်ဖက်ကျော်လို့ မရဘူး။
    ဒီနှစ်မျိုးကို ရောထွေးနားလည်နေသ၍ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လုံးဝ နားမလည်သေးဘူးလို့ ယတိပြတ် သတ်မှတ်လို့ရတယ်။
    ReplyDelete
  4. ဗုဓ္ဒဘာသာဝင်တော်တော်များများဟာ သမုတိသစ္စာနဲ့
    ပရမတ္ထသစ္စာကိုခွဲခြားမသိကြပါဘူးဒါကြောင်တခြားဘာ
    သာဝင်တွေကထောက်ပြလာတဲ့အခါမရှင်းနိုင်ကြပါဘူး။
    ReplyDelete
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...