Tuesday, July 9, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၇)

သစ်ထူးလွင်



Posted: 09 Jul 2013 07:16 AM PDT
မြန်မာပြည်တွင်းကနေ နိုင်ငံတကာကို ဖုန်းခေါ်နိုင်တဲ့ ကတ်တွေကို စတင် ရောင်းချနေ တာကြောင့် ပြည်ပနိုင်ငံတွေကို အလွယ်တကူ ဖုန်းဆက်သွယ် နိုင်တော့မယ်လို့ VMG Telecom ကုမ္ပဏီက ဇူလိုင် ၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 06:58 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://1.bp.blogspot.com/-a8yeh8rifay/udpqpcupt5i/... more info...
http://1.bp.blogspot.com/-vy8on3wrd74/udwothvn4vi/... more info...
http://1.bp.blogspot.com/-kqcoupjbaps/udvbyn9_qvi/... more info...
http://1.bp.blogspot.com/-lq8i9kbfxh8/udvji0d2k0i/... more info...
ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ် ပိန်းဇလုပ် နယ်မြေ ရဲစခန်း အနောက် လေးဖာလုံခန့် အကွာတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်း သတင်း ရရှိသဖြင့် ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ခေတ္တ စခန်းမှူး ဒုတိယ ရဲအုပ် မျိုးအောင်နှင့် အဖွဲ့သွားရောက် စစ်ဆေးရာ ဆိုင်ကယ် တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ် စီးနင်း လိုက်ပါလာသူ သုံးဦး သေဆုံးနေကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 06:52 AM PDT
၉.၇.၂၀၁၃ ရက်နေ့ ၁၁း၁၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တရုတ်နိုင်ငံပိုင် ကုန်တင်သင်္ဘော MV AN XIN JIANG တွင် မြန်မာနိုင်ငံသား ကုန်တင် ကုန်ချကြီးကြပ်သူ ဦးမောင်မြင့်၊ (ဘ) ဦးမောင်မောင်၊ (၅)ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ် နေသူသည် ကုန်တင်ကုန်ချ ပြုလုပ်ရန် အတွက် ၁၅ ပေခန့် အမြင့်ရှိ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 09 Jul 2013 06:23 AM PDT
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် တောင်ကြော၌ ဝ ပြည်သွေး စည်းညီညွတ် ရေးတပ်မတော် နှင့် မြန်မာအစိုးရ စစ်တပ်တို့ နှစ်ဘက်တပ်များ အင်အား ပြိုင်ဖြည့်ကာ အထပ်ထပ်ဝိုင်းရံနေကြောင်း ဒေသခံများ ကပြောသည်။ “မိုင်းဆတ်- တာချီလိတ်ကား လမ်းမှာ ရှိတာကြောင့် အဲဒီလွယ်ဆမ်ဆုမ်ဘက်မှာ မြန်မာစစ်တပ်က စခန်းထိုင်တယ်။ အဲဒီစခန်း ရဲ့တောင်ဘက် လွယ်ပါကေတောင်မှာ ဒီလဆန်းကစပြီး မြန်မာစစ်တပ်က ၀ တပ်ဖွဲ့ကို ဝိုင်းလိုက်၊ အပြင်မှာက ဝ က ပြန် ဝိုင်းလိုက်၊ မြန်မာက ပြန်ဝိုင်းလိုက်နဲ့ အခုထိဝိုင်း နေကြတုန်း။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 09 Jul 2013 06:20 AM PDT
နမ့်ခမ်းမြို့နယ်တွင် ကာရာအိုကေ ဆိုင်ဘမ်းပြကာ တရုတ် လောပန်းများ လောင်းကစားဝိုင်း (အသစ်) ဖွင့်လှစ် နေသဖြင့် မူးယစ်ဆေးသုံး လူငယ်များ ဆုံရပ်တခု ဖြစ်နေရာ ဆူညံအသံ များကြောင့် အနှောင့်အယှက် ဖြစ်ရကြောင်း ဒေသခံများ ကပြောပါသည်။ ကောင်းဆာ ကျေးရွာတွင်း တနေရာနှင့် ပေါက်တိုက် ရပ်ကွက်တွင်တနေရာ ဖွင့်လှစ်ကြောင်း မြို့ခံ ဦးလုံးစိုင်း ကပြော သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 06:16 AM PDT
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တလအတွင်း  လယ်သမားတွေ အပါအ၀င် လယ်သမား အရေး လှုပ်ရှားသူ ၁၅၀ နီးပါး တရားစွဲခံနေရပြီး  အဲဒီထဲက ၁၇ ဦးဟာ ထောင်ဒဏ်ချမှတ်ခံ ထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (မြန်မာနိုင်ငံက)  စာရင်း ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ ရဲ့   ဒီကနေ့ထုတ် လစဉ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လယ်မြေသိမ်းဆည်းခံရသူများ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြနေကြစဉ်

Posted: 09 Jul 2013 06:12 AM PDT
ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေး တောင်သူ ၂၀၀ လောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်တံတားရဲစခန်းရဲ့ တရားဝင်ခွင့်ပြုချက်အရ ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး မတရား အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ရရေးအတွက်  သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အနေနဲ့ အမြန်ဆုံးကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ပိုစတာတွေကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြို့တော်ခန်းမရှေ့ ဆန္ဒပြနေကြစဉ်


Posted: 09 Jul 2013 06:07 AM PDT
ကယန်းပြည်သစ် တပ်မတော်မှ တပ်ခွဲမှူး အဆင့်ရှိသူ ကိုနေလင်းအောင်(ခ)ကိုအသိုက်ကို စိတ်ကြွဆေး ပြားများနှင့်အတူ ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးရှိ တိုးဂိတ်အမှတ်-၃တွင် ဇူလိုင် ၇ ရက်က ရဲများက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ကိုနေလင်းအောင်တို့ မောင်းနှင်လာသည့် HONDA PREKUDE ပြိုင်ကားထဲတွင်ပါလာသည့် WY စာတမ်း ပါစိတ်ကြွဆေးပြားများသည် ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိပြီး ကားသည်လည်း လိုင်စင်မဲ့ကားဖြစ်ကြောင်း လည်းရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Jul 2013 05:51 AM PDT
မွန်ပြည်နယ် သထုံမြို့ နေမိန္ဒရ တောင်ခြေ၊ မြို့ရိုးရန်ကုန် ကျောင်းတွင် ဇူလိုင်လ (၄) ရက် နံနက်  (၀၈၀၀)ခန့်တွင် ဆရာတော် ဦးကုသလ သက်တော် (၅၁)၊ ၀ါတော် (၂၂) သည် သထုံမြို့မဈေးတွင် ဈေးဝယ်ပြီး ပြန်ရောက်လာစဉ် ကျောင်းတိုက်ခတ်သည့် သော့ အနေအထား မှားယွင်းနေခြင်း၊ စားပွဲပေါ်တွင် တင်ထားသော Sumsung အမျိုးအစားဖုန်း၊ ပျောက်ဆုံး နေကြောင်း သိရှိရပြီး၊ အိပ်ခန်းအတွင်း ခုတင်အောက်ရှိ ငွေထည်ူထားသော သေတ္တာအား ထပ်မံစစ်ဆေးကြည့်ရာ ငွေကျပ် (၁၀၄)သိန်း၊ (၁)သောင်း ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် သထုံမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဇူလိုင်လ (၄)ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့သော သထုံမြို့ နေမိန္ဒရတောင်ခြေ မြို့ရိုးရန်ကုန်ကျောင်းတိုက် တွင် သိန်း (၁၀၄)သိန်း (၁) သောင်းဖေါက်ထွင်းခိုးယူမှုကို သထုံခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူနှင့်တပ်ဖွဲ့ဝင်များ၊ သထုံရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ (၄)နာရီအတွင်း ဖေါ်ထုတ်ဖမ်းဆီးရာ တွေ့မြင်ရသော တရားခံ ၀င်းထွန်း (ခ)ဗိုက်ပေါက် (ခ) ဗေဒါအား သက်သေခံပစ္စည်းများဖြင့် တွေ့မြင်ရစဉ်။

Posted: 09 Jul 2013 03:45 AM PDT
ဗုဒ္ဓဂါယာတွင် တနင်္ဂနွေနေ့က ဖြစ်ပွါးခဲ့သော ဆက်တိုက် ဗုံးပေါက်ကွဲမှုများသည် ဆော်ဒီ အာရေးဗျနိုင်ငံ Jeddah မြို့တွင် ပြုလုပ်နေသော မြန်မာ နိုင်ငံအရေး အစ္စလာမ္မစ် ကွန်ဖရင့်နှင့် ချိန်ကိုက်ပြုလုပ်လေသလားဟု အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်း သတင်းစာကြီးက မေးခွန်းထုတ် ရေးသားလိုက်သည်။ ထို ကွန်ဖရင့်မှာ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ မူဆလင်များအပေါ် ကျူးလွန်ခဲ့သော ကြမ်းကြုတ် ရက်စက်မှုများကို မီးမောင်းထိုးပြမည့် ကွန်ဖရင့် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 03:39 AM PDT
9.7.2013 နေ့လည်(2)နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အစ္စလာမ်ဘာသာ ဗလီကျောင်းတွင် ဘာသာကြီး လေးဘာသာမှ ခေါင်းဆောင်များနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ဝင်များ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများသည် ၊ ဖြစ်ပေါ်နေသော ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ မြို့ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ ဆွေးနွေး ညှိနှိုင်း ကြကြောင်း သတင်း ရရှိပါသည်။
Myanmar News Now




Posted: 09 Jul 2013 03:32 AM PDT
ပြည်တွင်း စစ်ကြောင့် ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ ရှမ်းရွှေ့ပြောင်း အလုပ်သမားတွေ မြန်မာနိုင်ငံသား စိစစ်ရေးကတ်နဲ့ အိမ်ထောင်စု ဇယားရရှိရေး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့က စီစဉ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ချင်းမိုင်တွင် အလုပ်သမားအချို့ လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေကြစဉ်

Posted: 09 Jul 2013 03:10 AM PDT
ကိုးကန့်အင်အားစုရဲ့  ကာကွယ်ရေး ခေါင်းဆောင်တဦး ဖြစ်သလို အရှေ့တောင်အာရှ မှုးယစ်ဆေးဝါးနဲ့ ဘိန်း မှောက်ခိုကူးသူလို့ လူသိများတဲ့ လော်စစ်ဟန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားပါတယ်။ လော်စစ်ဟန်ဟာ ရန်ကုန်မြို့ အောင်ရတနာ အထူးကုဆေးခန်းမှာ ဇူလိုင် ၆ ရက်နေ့ ညက နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။  လော်စစ်ဟန်ရဲ့ ဈာပနကို လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ ယူနန်သုသာန်ကို ပိုဆောင် ဂူသွင်း သင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးလော်စစ်ဟန်

ဦးခွန်စိုင်း

Posted: 09 Jul 2013 02:46 AM PDT
မြန်မာ့တပ်မတော်အတွင်းက ကလေးသူငယ် နဲ့ လူငယ် (၄၂) ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်တဲ့အပေါ် ကုလ သမဂ္ဂ က ကြိုဆိုလိုက်ပြီး၊ စစ်အုပ်ချုပ်ရေးအောက်က တိုင်းပြည်လွတ်ကင်းလာနေချိန်မှာ နောက်ထပ် ကျန်နေ သေးတဲ့ ကလေးစစ်သားတွေအားလုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။  အခုအခါ မြန်မာစစ်တပ် က ကလေးစစ်သားစုဆောင်းနေတာတွေ လျော့နည်းသွားပြီဖြစ်ပေမယ့် လုံးဝ ပပျောက်သွားတာတော့ မဟုတ်သေးဘူးလို့ ကုလသမဂ္ဂ ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 01:32 AM PDT
ပြဋ္ဌာန်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပေမယ့် ပြည့်တန်ဆာ လုပ်ငန်းကို အတိုင်းအတာတခုအထိ ဟန့်တားနိုင် နေသေးတာကြောင့် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ မရှိသေးဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာန ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Jul 2013 01:26 AM PDT
ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်လေ့ရှိသည့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇူလိုင် ၇ ရက်နေ့က စက်ဘီး စီးလာသော အသက် ၂၀ ကျော်အရွယ် ထိုင်းနိုင်ငံသူ နှစ်ဦး ပစ္စည်း လုယက်ခံခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၇ ရက်နေ့က ထိုင်းနိုင်ငံသူ နှစ်ဦးသည် ရွှေဆံတော် ဘုရား တွင် နေဝင်ချိန် ကြည့်ရှုပြီး စက်ဘီးစီး ပြန်လာစဉ် ဥပါလိသိမ် အနီးအနား အရောက်တွင် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Jul 2013 01:15 AM PDT
စစ်တပ်နှင့်ရဲက သိမ်းထားသည့် လယ်မြေများပေါ်တွင် ထွန်တုံး တိုက်ပွဲဝင်သည့် ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လုံခြုံရေးယူထားသည့် စစ်တပ်က သေနတ်ပစ်ဖောက်မှု တစ်ခု ဇူလိုင် ၈ ရက်တွင် ဖြစ်ပွားခဲ့သည်။ ယင်းလယ်မြေများ ပေါ်တွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲခြင်းကို ဇွန် ၁၀ ရက်ကပင် စတင်ခဲ့ပြီး ခမရ ၅ အင်းမ တပ်က နတ်တလင်းမြို့နယ်၊ ကျပ်ကြီး ကြိုးဝိုင်းလယ်ကွင်းတွင် လုံခြုံရေးယူထား ခဲ့ခြင်းဖြစ်သည်ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 01:11 AM PDT
နိုင်ငံရေးပါတီများ ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၇ ဇူလိုင် အထိမ်းအမှတ်နေ့တွင် ကျောင်းသားဟောင်း အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယင်းသင်္ကေတကိုသာ ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 01:07 AM PDT
လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....

ဒီနေ့ ခေတ်မှာလည်း ကမ္ဘာနိုင်ငံ တိုင်းမှာ ပြည့်တန်ဆာတွေ ရှိနေပါတယ်… ဘာသာရေး အထိန်း အကွပ်ကြောင့် ပြည့်တန်ဆာ လုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်… ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ ဥပဒေတွေကိုလည်း ကမ္ဘာနိုင်ငံ့ အများစုမှာ ပြထန်းထားပါတယ်… အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက် အဖြစ်ကို သက်မှတ်ပေးထားတာပါ… ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့ လူတန်းစားတွေ အတွက် သီးခြား သက်မှတ်ပေးထား တာလည်းဖြစ်ပါတယ်…

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

(ဒေါ်စန္ဒာမင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)

Posted: 09 Jul 2013 12:55 AM PDT
၂၀၁၃ ခုနှစ် ဇွန်လအထိ တောင်ကြီး ခရိုင်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သေမှုသေခင်းများ၊ လူသတ်မှုများ၊ မုဒိမ်းမှုများ အပါအ၀င် မူးယစ်မှုများအားလုံး လိုလိုသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်မှုက အများဆုံးဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲမှူးကြီး ကျော်အေးက သုံးသပ်လိုက်ပါတယ်။ တောင်ကြီးမြို့ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွင် ဇွန်လ ၂၉ ရက်နေ့က မြို့မိမြို့ဖများအား တွေ့ဆုံစဉ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 12:49 AM PDT
မကွေးမြို့နယ်အတွင်းရှိ ချမ်းမြေ့သာယာရွာတွင် သီလရှင်နှစ်ပါး သီတင်းသုံးသည့် ကျောင်းတစ်ကျောင်း ရှိရာ အတူသီတင်းသုံးသည့် ထိုသီလရှင်နှစ်ပါး သဘောထားကွဲလွဲသောအခါ အဆိုပါကျောင်းကို ခွဲယူရာ မှ စကားများကြပြီး ယင်းကိစ္စကို ၀င်ပါမိသော ရွာသား ၅၀ ကျော်ပါ အချေအတင် ခိုက်ရန်ဖြစ်ကြသည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 12:45 AM PDT
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော် တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 12:41 AM PDT
ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Jul 2013 12:39 AM PDT
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးကွဲမှုအပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ ရွှေတိဂုံ စေတီတော်နှင့် မန္တလေးတိုင်း ဒေသကြီးရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုးများကို လုံခြုံရေး တိုးမြှင့် ချထားဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။  ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 08 Jul 2013 09:32 PM PDT
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် လုံခြုံရေး တင်းကျပ် ထားပြီး နိုင်ငံတကာမှ ဘုရားဖူး ခရီးသွားများကို ယင်းနေရာများသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က The Voice သို့ ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...