Sunday, July 7, 2013

နည်းပညာက အမြင်အာရုံကို ဖန်တီးခဲ့ပြီ

နည်းပညာက အမြင်အာရုံကို ဖန်တီးခဲ့ပြီ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၂၄ နှစ်အရွယ်လူငယ်တဦးဟာ ရထားပြူတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း 
"ဖေဖေ ကြည့်စမ်းပါအုန်း သစ်ပင်တွေ နောက်ပြန်ပြေးနေကြတယ် ။"
သူ့အဖေကတော့ သူ့သားကို ပြုံးပြီးကြည့်နေပေမဲ့ သူတို့နားမှာ ထိုင်နေတဲ့ လူငယ်စုံတွဲကတော့ ၂၄ နှစ်အရွယ် လူသားတဦးရဲ့ ကလေးကလား အပြုအမှုတွေကို သနားသဖွယ်ပုံစံမျိုးနဲ့ ကြည့်နေကြတယ် ။
ရုတ်တရက်ပဲ ၂၄ နှစ်အရွယ်လူငယ်လေးက "ဖေဖေ ကြည့်ပါအုန်း တိမ်တွေက ကျွန်တော်တို့နဲ့ အတူပြေးနေကြတယ်"
အနီးမှာ ထိုင်နေတဲ့ လူငယ်စုံတွဲဟာ ပြောချင်စိတ်ကို မအောင့်နိုင်တော့ပဲ အဖေလုပ်သူကိုပြောလိုက်တယ် ။
"ဘာကြောင့် အန်ကယ်ရဲ့သားကို ကျွမ်းကျင် ဆရာဝန်ကောင်းနဲ့ မပြတာလည်း"
အဖေလုပ်သူက လူငယ်စုံတွဲကို ပြုံးပြီး ပြန်ပြောလိုက်တာက
"ဆရာဝန်ကောင်းနဲ့ ပြပါတယ် ၊ အခုပဲ ကျွန်တော်တို့ ဆေးရုံက ပြန်လာကြတာ ၊ ကျွန်တော့သားက မွေးရာပါ မျက်မမြင်တယောက်ပါ ။ ဒီနေ့ပဲ မျက်စိအစားထိုး ကုသတာအောင်မြင်လို့ သူ့အမြင်အာရုံကို ရတာ"

လူတယောက်ရဲ့ အကြောင်းကို သင်မသိခင် ကောက်ချက်မချပါနဲ့ အမှန်တရားက သင့်ကို အံ့အားသင့်စေလိမ့်မယ် ။

နည်းပညာက အမြင်အာရုံကို မျက်မမြင်တွေ အတွက် ဖန်တီးနိုင်ခဲ့ပါပြီ ။
ဒါဟာ စိတ်ကူးတွေက ပုံဖော်ယူတဲ့ သိပ္ပံ ပညာရဲ့ ရိုးရှင်းတဲ့ အောင်မြင်မှုသာမက မကြာခင်မှာ စိတ်ကူးယဉ် အိပ်မက်တွေလည်း အကောင်အထည်ပေါ်လာတော့မှာပါ။
အခုလောက်ဆို အချို.လူတွေ (bionic eye) နဲ့ စာတွေဖတ်ကောင်းဖတ်နေလောက်ပါပြီ ။ 
အချိန်ရရင် အောက်ကလင့်မှာ ဖတ်ကြည့်စေချင်ပါတယ် ။ မျက်ကြည်လွှာကနေ ဦးနှောက်ကို သတင်းပို့မှု ချို.ယွင်းတဲ့ ရောဂါ ခံစားနေရတဲ့ ကြွက်ကို သိပ္ပံ ပညာ အကူအညီနဲ့ အမြင်အာရုံ ရအောင် ကုသနိုင်ခဲ့ပါပြီ ။

http://www.bloomberg.com/news/2012-08-13/blind-mice-given-sight-after-device-cracks-retinal-code.html

Bionic Eye? သေးငယ်တဲ့ မိုက်ခရို ချစ်ပ် ကို အသုံးပြုပြီး မျက်မမြင်တဦးရဲ့ အမြင်အာရုံ တွေကို ကုသနိုင်ခဲ့ပြီ ။
Microchip Implants Restore Some Vision To Men Blinded By Retinitis Pigmentosa

http://www.huffingtonpost.com/2012/05/03/bionic-eye-microchip-implant-vision-blind_n_1475960.html

First implantation of prototype bion eye with 24 electrodes

http://www.sciencedaily.com/releases/2012/08/120831065003.htm

The past, present, and future of bionic eyes

http://www.extremetech.com/extreme/142411-the-past-present-and-future-of-bionic-eyes

(Technologies restoring sight to the blind ဆောင်းပါးအား ဘာသာပြန်ဆိုသည် )

ရဲသူရိန်မင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...