Tuesday, July 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၇)

သစ်ထူးလွင်



Posted: 16 Jul 2013 06:34 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://1.bp.blogspot.com/-scudnjpsapq/uevlwvjmjki/... more info...
http://3.bp.blogspot.com/-r0k50qc3gle/uevh_notivi/... more info...
http://1.bp.blogspot.com/-0grlwi-sv8c/uevbobez7bi/... more info...
http://3.bp.blogspot.com/-jfofoofc1xi/ueuxd3j8p3i/... more info...
http://1.bp.blogspot.com/-i21hulxpnje/ueuucfyzizi/... more info...
http://1.bp.blogspot.com/-r1sufbgzevu/ueuewge64pi/... more info...
http://1.bp.blogspot.com/-uetmcacsfpu/uet9tby-gfi/... more info...
http://1.bp.blogspot.com/-e6zjsegt6m8/uet9dne4rwi/... more info...
http://3.bp.blogspot.com/-whrkvt2j1xe/uet8urh1ipi/... more info...
ဗြိတိန်နိုင်ငံမှာ ၂ ရက်တာ ချစ်ကြည်ရေးခရီးအဖြစ်  ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  ဇူလိုင် ၁၆ ရက်နေ့မှာ  ဗြိတိန်နိုင်ငံက ဘဏ်လုပ်ငန်းရှင်တွေ၊ ငွေကြေး ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေ အပါအ၀င် ဥပဒေပညာရှင် တွေနဲ့ မနက်စာ သုံးဆောင်ခဲ့ပြီး ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 06:18 AM PDT
စင်္ကာပူနိုင်ငံတွင် သူနာပြု ဒီပလိုမာ သင်တန်းကို အခမဲ့ ပညာသင်ကြားနိုင် ရန်အတွက် ပြည်တွင်းမှ ထူးချွှန် ကျောင်းသား ကျောင်းသူများကို ခေါ်ယူ မည်ဖြစ်ကြောင်း သုခစုစံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ယခုလို သူနာပြု ဒီပလိုမာ သင်တန်းကို စင်္ကာပူနိုင်ငံရှိ
နန်ယန်း ပေါ်လီတက်ကနစ်နှင့် နန်ယန်း ပေါ်လီတက်ကနစ် တက္ကသိုလ်များတွင် တက်ရောက် ခွင့်ရမည် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 06:01 AM PDT
ပဲခူးတိုင်း ဒေသကြီး အတွင်း အရပ်သား အစိုးရ လက်ထက်တွင် ပထမဆုံး ဆန္ဒ ထုတ်ဖော်ခြင်းကို ဇူလိုင်လ(၁၆)ရက်နေ့ မနက်၁၀နာရီခွဲခန့်မှ စတင်ပြီး မြေသိမ်းခံလယ် သမားများက ဆန္ဒထုတ် ဖော်ခဲ့သည်။ “ဆန္ဒပြခွင့် တင်တာ(၃)ကြိမ်ရှိပြီ တခါမှမရသေးဘူး”ဟု လယ်ယာမြေ သိမ်းဆည်းခံ လယ်သမားများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပဲခူးတွင် လယ်သမားများ ပထမဆုံး အကြိမ်ဆန္ဒပြ ။ ဓါတ်ပုံ - ပဲခူး သတင်းစဉ်


Posted: 16 Jul 2013 05:51 AM PDT
ရှမ်းပြည်နယ် ပင်လုံမြို့နယ်က မွေးရာပါ ခြေ ၄ ချောင်းရှိတဲ့ လသားအရွယ် မိန်းကလေးငယ်တဦးကို ရန်ကုန်တိုင်း  ရန်ကင်းကလေးဆေးရုံကြီးမှာ  ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းက ခွဲစိတ်ပေးပါတယ်။ မွေးရာပါ  ဦးခေါင်း ၁ လုံး၊ လက် ၂ ဘက်၊ ခြေ ၄ ချောင်း၊ မအင်္ဂါ ၂ ခုနဲ့ စအို ၂ ခု ပါရှိတဲ့   မိန်းကလေးကို  အရိုးအထူးကုပါရဂူ ဒေါက်တာ ဦးမြင့်သောင်းနဲ့တကွ သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအဖွဲ့က  ဒီနေ့မနက် ၇ နာရီကျော်မှာ စတင်ခွဲစိတ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 05:46 AM PDT
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်တို့အဖွဲ့ဟာ မလေးရှားအစိုးရ အဆင့်မြင့် အရာရှိတဦးနဲ့ ဒီနေ့ တွေ့ဆုံပြီး မလေးရှားရောက် မြန်မာတွေရဲ့ လုံခြုံရေးကိစ္စကို ဆွေးနွေးပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးကိုကိုကြီး (စမ်းချောင်း)နဲ့ ဒေါ်သန်းမြင့်အောင်တို့ဟာ မလေးရှားနိုင်ငံကို ရောက်ရှိစဉ် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးရုံးမှာ ဒီနေ့ ၀န်ကြီးရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကိုဂျင်မီ

Posted: 16 Jul 2013 06:13 AM PDT
ရွှေကူမြို့၊ အမှတ်(၄) ရေပြန်ကြီး ရပ်ကွက်တွင် ဖွင့်လှစ် ထားရှိသည့် ပန်းပျိုးလက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင် ပိုင်ရှင် ဦးအောင်ဇော်မိုး နှင့် နည်းပြ ဦးအောင်ဇော်ထက်တို့သည် ၄င်းတို့ ဘော်ဒါ ဆောင်တွင် ညအိပ် စာသင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေနဒီဖြိုး (အဖ ဦးကျော်ဝင်း) (၁၀ တန်း သူ) အား ဇူလိုင်လ ၆ ရက်နေ့ တွင် မိဘ အုပ်ထိန်း သူအား အသိ မပေးဘဲ ရွှေကူမြို့မှ မန္တလေး မြို့သို့ စည်းရုံး ခေါ် ဆောင်သွားပြီး မန္တလေးမှတဆင့် ဇူလိုင်လ ၈ ရက်နေ့ တွင် တောင် ကြီး မြို့ သိင်္ဂီ တည်းခိုခန်းသို့ ရောက်ရှိ တည်းခို ခဲ့ကြောင်း ကြားသိရ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 16 Jul 2013 02:51 AM PDT
လူမှုဖူလုံရေးကြေး ထည့်သွင်းထားသည့် အမျိုးသမီး အလုပ်သမားများ မီးဖွားလျှင် အာမခံကြေးအဖြစ် နောက်ဆုံး ခြောက်လအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၅၀ ရာခိုင်နှုန်းဖြင့် သက်တမ်းတစ်နှစ် ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လူမှုဖူလုံရေး ဆေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 02:38 AM PDT
ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည့် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာ၌ လိုင်စင်မလိုဘဲ တင်သွင်း နိုင်မည်ဟူသော အချက် ပါဝင်လာပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 02:09 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၂) ဦးနှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးဖြစ် အပစ်ခံရ၍ ကျေးရွာ ရာအိမ်မှူး သေဆုံးသည့် မှုခင်းတစ်ခု ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ပသျှူးချောင်းကျေးရွာတွင် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Jul 2013 02:29 AM PDT
ပဲခူးမြို့ တောင်ငူလမ်း အလယ်တန်းကျောင်းရှေ့မှာရှိတဲ့ မြို့နယ် တရားရုံးဝန်းအတွင်းမှာ လက်ပစ်ဗုံးတစ်လုံးကို ဇူလိုင် ၁၆ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ပဲခူးမြို့ အမှတ်(၁)ရဲစခန်း တာဝန်ရှိသူတစ်ဦးက DVB ကိုပြောပါတယ်။

"တရားရုံးထဲမှာရှိတဲ့ရဲကင်းက ရဲဝန်ထမ်းတစ်ဦးက စနက်တံလေးကို တွေ့လို့လိုက်ရှာကြည့်တဲ့အခါ မပေါက်သေးတဲ့ဗုံးကိုတွေ့ရတာပါ။
စနက်တံလေးဖြုတ်ပြီး ပစ်ထားပေမယ့် ဗုံးကမိုးစိုလို့လား မသိဘူး မကွဲဘူးဖြစ်နေတယ်။ ဗုံး ချွတ်ယွင်းချက်ကြောင့် မကွဲတာပါ။ အဲ့ဒီဗုံးကို
တော့ သက်ဆိုင်ရာဘီအီးတပ်ကိုလွဲပေးလို
က်ပါပြီ။"လို့ သူကဆိုပါတယ်။

မပေါက်သေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ပေမယ့် ပဲခူးမြို့မှာ လုံခြုံရေးအရ တင်းကြပ်မှုတွေမရှိဘဲ ပုံမှန်အတိုင်း သွားလာနေထိုင်လျက် ရှိတယ်လို့ပဲခူးဒေသခံတစ်ဦးကဆို
ပါတယ်။
by ဒီဗွီဘီ


Posted: 16 Jul 2013 01:31 AM PDT
လာဘ်စား မှုကြောင့် ရာထူးမှ ဖယ်ရှားခံရ သော ပြည်တွင်းအခွန်များ ဦးစီးဌာန ရန်ကုန်နှင့် မန္တလေးမှ အကြီး တန်းအရာရှိများနှင့် တခြားဝန် ထမ်းများနေရာတွင် အစားထိုးခန့် အပ်မှုများကို ရက်ပိုင်းအတွင်းပြု လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက် အရ သိရသည်။ ယင်းနေရာတွင် အစားထိုး ခန့်အပ်မှုများ ပြုလုပ်ရာတွင် စစ် မှန်ပြီး အရည်အချင်း ရှိသည့်ဝန် ထမ်းများကို ခန့်အပ်သွားမည်ဖြစ် ပြီး ခန့်အပ်မည့်သူများ၏ နောက် ကြောင်းရာဇဝင်များနှင့် အလုပ် လုပ်ဆောင်မှု အပိုင်းကိုပါ အလေး ထား ကြည့်ရှုသွားမည် ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Jul 2013 01:10 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတစု ပင်လယ်ထဲ ရေဆင်းကစားရင်း ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။ အလုပ်သမားတွေဟာ ဇူလိုင် ၁၄ ရက်နေ့က တကွာပါ မြို့နယ် ၀ပ်ယန်းယောင် ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပွဲလုပ်ပြီး ညနေပိုင်း ကျောင်းတိုက်နားက ပင်လယ်ကမ်းစပ်မှာ ရေဆင်းကစားရင်း ရေနစ်ခဲ့တာလို့ ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 01:01 AM PDT
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ကျပ် ၅၀၀ ဖြင့် ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနထံမှ သိရသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိရန် ဧရိယာအကျယ်အဝန်း မည်မျှကိုမဆို လုပ်ကွက်တစ်ခုလျှင် စာရွက်စာတမ်း ကုန်ကျစရိတ်မလိုဘဲ ကျပ် ၅၀၀ ကို မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် ပုံစံ ၇ ရရှိပြီးပါက လယ်ယာ မြေဥပဒေနှင့် နည်းဥပဒေများအရ ပိုင်ဆိုင်လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 12:58 AM PDT
“တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ Movie ကြောင့် အခုလို ထင်စရာတွေ ဖြစ်ကုန် တာပါ၊ ယူနီဖောင်းဝတ် ဆိုပေမယ့် အများပြည်သူရှေ့မှာ ဗီဒီယို ကင်မရာနဲ့ ရိုက်ကူးနေတာဖြစ်လို့ အယောင်ဆောင်လို့ ထင်စရာအကြောင်း မရှိတဲ့ အတွက် အရေးယူလို့ မရဘူး ထင်လို့ပါ၊ ဥပဒေ ရှိတာကို မသိပါဘူး၊ ရိုက်ပြီးရင် ရုပ်ရှင် အစည်းအရုံးကို တင်မယ် သူတို့က ယာဉ်ထိန်းရဲ ပြကွက် ပါတဲ့အတွက် ယာဉ်ထိန်း တာဝန်ရှိသူတွေကို တင်ပြမယ် မသုံးစေချင်ရင် ဆင်ဆာဖျက်မယ် ဒီလောက်ပဲ သိခဲ့တာပါ”ဟု ၎င်းက ထပ်မံ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 12:55 AM PDT
မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ဆိုတေးအား  နှစ်ရက်အတွင်း သတိပြန်လည်လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှု ခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေကြကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 12:52 AM PDT
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာနေ ဦးကြီးမောင်သည် ရန်ကုန်မှ ဆေးဝယ်ပြီး နေအိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့် မှာ ခေါင်းဖြတ် အသတ်ခံရကြောင်း သားဖြစ်သူ ဦးဇင်းဦးဇာနေရမှ ပြောပြချက် အရသိရသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Jul 2013 12:44 AM PDT
ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့်ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 09:03 PM PDT
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 08:57 PM PDT
မြန်မာနိုင်ငံ တစ်နံတလျား မြေသိမ်းယူမှုများနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဇူလိုင်လ ၁၅ ရက်က ဆွေးနွေးခဲ့ကြရာ လွှတ်တော်အမတ်များက စစ်တပ်အပါအ၀င်၊ အာဏာပိုင်များ၊ ကုမ္ပဏီများကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ဝေဖန်ခဲ့ကြသည်။ မအူပင်မြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းက လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များ တွင် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ ပုဂ်္ဂိုလ်များ၊ အုပ်ချုပ် ရေးမှူးများသည် လယ်မြေ သိမ်းခံရမှုများ အတွက် လိမ်လည်နေကာ၊ လယ်သမားများ အပေါ် ဓါးပြတိုက် ကဲ့သို့ လုပ်ဆောင်နေသည်ဟု ဝေဖန် ပြောဆို သွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နယ်စပ်ဒေသဖြစ်သော ကရင်ပြည်နယ် မြ၀တီ-ဘားအံ လမ်းကြောင်းပေါ်တွင် တည်ရှိသော
မြ၀တီခရိုင်၊ မြ၀တီမြို့နယ်ရှိ သင်္ဃန်းညီနောင်ကျေးရွာ တိုက်နယ်ဆေးရုံ အနောက်ဘက်ခြမ်းအား လွန်ခဲ့သော (၁၀)နှစ်ကျော်ခန့်က နေထိုင်ခဲ့သည့် အိမ်ခြေအလုံး (၂၀)တို့အား တပ်ပိုင်နယ်မြေဟူ၍ (6.7.2013)ရက်နေ့တွင် အုပ်ချုပ်ရေးမှူးရုံး၌(12.7.
2013)ရက်နေ့နောက်ဆုံးထားပြီ ဖယ်ရှားပေးရမည်ဟူ၍ လက်မှတ်ထိုး ခဲ့ရကြောင်းသိရသည်။  (12.7.2013)ရက်နေ့တွင် အခြေချစစ်ဗျုဟာမှ တပ်သားများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ အင်အားသုံးပြီး ဖယ်ရှားမည်ဆို၍ ခြိမ်းခြောက်ပြောဆိုကာ (13.7.2013)ရက်နေ့တွင် အိမ်များအား စတင်ဖျတ်ကြရာ အိမ်ရှင်များမှ အပျက်အစီး အလေအလွင့်မရှိစေရန် မိမိတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကြ ဖျတ်ပေးပါမည်ဟူ၍ ပြောဆိုပြီ စတင်ဖျတ်နေ ကြရကြောင်းအား ဒေသခံများက ပြောကြားလာခဲ့ပါသည်။
Posted: 15 Jul 2013 08:42 PM PDT
ဇူလိုင် (၁၆) ရက်နေ့ မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Jul 2013 08:41 PM PDT
ဇူလိုင် (၁၆) ရက်နေ့  ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Jul 2013 08:39 PM PDT
ဇူလိုင် (၁၆) ရက်နေ့  မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 15 Jul 2013 05:58 PM PDT
ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန် ကျရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ကတိပေး စကား ပြောကြားခဲ့ ပါတယ်။ လန်ဒန်ကို ရောက်ခိုက် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လာမယ့် သီတင်းပတ်တွေ အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ရနိုင်ချေ ရှိကြောင်းနဲ့ သူ့အဆိုအရ နှစ်ခြောက်ဆယ် အတွင်း ပထမဆုံး သေနတ်သံတွေ ချုပ်ငြိမ်းသွားတော့မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်

Posted: 15 Jul 2013 05:54 PM PDT
ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၉၁ ခုနှစ် ကစလို့ အနိမ့်ဆုံးနှုန်းနဲ့ နှေးကွေးသွားခဲ့ပါတယ်။ ဒါဟာ တစိတ်တပိုင်းအားဖြင့် ကုန်သွယ်မှုမှာ အားနည်းလာမှုတွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော် စာရင်းအင်းဌာနက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ် ပထမသုံးလပတ်မှာ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဇွန်လမှာပြီးဆုံးတဲ့ ဒုတိယ သုံးလပတ်မှာတော့ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို ရောက်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Jul 2013 05:51 PM PDT
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...