Friday, July 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၇)

သစ်ထူးလွင်



Posted: 05 Jul 2013 06:42 AM PDT
ရွှေတြိဂံဒေသ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာ တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဓားဖြင့် မသေမချင်း ခုတ်သတ်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးရဲကြည်က The Voice သို့ ပြောကြားသည်။ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာတွင် နေထိုင်သော ဦးတူးတယ်ကို နေအိမ်၌ လာရောက်တည်းခိုသူ ဦးအိုက်အွန်က အရှည် ၂၁ လက်မခန့်ရှိ ဓားဖြင့်မသေမချင်း ခုတ်သတ်ခြင်း ဖြစ်ကြောင်း ယင်းမြို့ ရဲစခန်းမှတ်တမ်းများ အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jul 2013 06:10 AM PDT
ဇူလိုင်လ (၅)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 06:07 AM PDT
ဇူလိုင်လ (၆)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၁၇)
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 05 Jul 2013 05:29 AM PDT
ဂျပန်နိုင်ငံက နာမည်ကြီး အလှကုန် ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကာနီဘိုး (Kanebo) က မနေ့ကစပြီး သူတို့ရဲ့ထုတ်ကုန် ၅၄ မျိုးကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဈေးကွက်ကနေ ပြန်လည် သိမ်းဆည်း နေပါတယ်။ သုံးစွဲပြီးရင် အရေပြားပေါ်မှာ အကွက်တွေ ဖြစ်လာတာကြောင့် သိမ်းဆည်းနေတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 04:57 AM PDT
မြန်မာနိုင်ငံရဲ့ ပထဝီ အနေ အထားအရ အချက်အ ချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ မန္တလေးမြို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားရာမှာ လည်း ဆုံချက်မြို့ဖြစ်နေ တယ်လို့ မန္တလေးမြို့က မြောက်ပိုင်းမူးယစ် (အထူး)အဖွဲ့ရဲ့ ကြီးကြပ်သူ အရာရှိ ဒုတိယရဲမှူး ဒီဒီရောဟန်က ပြောပါ တယ်။ နိုင်ငံကြီးများ၏ လမ်းဆုံ ရှမ်းပြည်နယ်ဘက်က ဘိန်း ဖြူ၊ ဘိန်းမည်းတွေနဲ့ တရုတ်ပြည် နယ်စပ်ကလာတဲ့ စိတ်ကြွရူးသွပ် ဆေးပြားတွေဟာ မန္တလေးမြို့ကို ဖြတ်ပြီးမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Jul 2013 03:52 AM PDT
ဒီဇင်ဘာလထဲ  ပြန်ဖွင့်မယ့် ရန်ကုန်တက္ကသိုလ်မှာ ထူးချွန်ကျောင်းသားနဲ့ ကျောင်းသူတွေပဲ လက်ခံသင်ကြားပေးမယ်လို့ အဲ့ဒီတက္ကသိုလ်က သင်တန်းရေးရာဌာနမှူး ဒေါက်တာလှဆွေက ပြောပါတယ်။ သိပံ္ပနဲ့ဝိဇ္ဇာထူးချွန် ကျောင်းသားတွေကို ဘာသာရပ် ၂၀ သင်ကြားပေးမှာဖြစ်ပြီး ဘာသာရပ်တခုမှာ ကျောင်းသား ၁၅ ဦး လက်ခံသင်ကြားမယ်လို့ ဆိုပါတယ်။ ၄ နှစ် သင်တန်း ဖြစ်ပြီး ကျောင်းသားတွေကို ပါရဂူဘွဲ့ရတဲ့ထိ သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 03:36 AM PDT
တပ်မတော်အစိုးရ လက်ထက်တွင် စီမံကိန်းများ ဖော်ဆောင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည်ပေးအပ်သည့် လုပ်ငန်းစဉ်တွင် လယ်သမားများ လက်ဝယ်တွင် လယ်ခွန်ပြေစာများ ခိုင်ခိုင်မာမာ ရှိနေလျှင် ကျေးရွာအဆင့်မြေယာ ကော်မတီမှာတင် လယ်ပြန်ရနိုင်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 03:31 AM PDT
ဟိုတယ်ခ ကြီးမြင့်ခြင်းကြောင့် ခရီးသွား ဧည့် အဝင်နှုန်း ကျဆင်းသွားနိုင်ကြောင်း Dream Palace ခရီးသွား ကုမ္ပဏီမှ ဦးစိုးလွင်က ပြောသည်။ ”ဈေးတက် သလောက် ဆားဗစ်ကလည်း တန်ရာ တန်ရာ မရဘူး။ အဲဒီတော့ ငါတို့မလာကြ တော့ဘူးတဲ့။ အဲဒီလိုတွေ ဖြစ်ကုန်ပြီ”ဟု နိုင်ငံခြား ဧည့်များက ခရီးသွား ကုမ္ပဏီများသို့ Complaint တက်ကြောင်း ၄င်းက ဆက်ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 03:26 AM PDT
ရန်ကုန်-မန္တလေး လမ်းပိုင်းအ တွင်း မီးရထား မတော်တဆမှုနှင့် ဝန် ဆောင်မှု ပိုင်း တိုးတက်စေရေး အတွက် JICA ဦးဆောင်သော ဂျပန် ကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ မီးရထား ပူးပေါင်းဆောင် ရွက်မည်ဟု သိရသည်။ ”ရန်ကုန်- ပဲခူးကြားမှာ ကီလိုမီတာ ၂ဝ လောက် ရှိတဲ့ စံပြနေရာ တစ်ခု ရွေး ပြီး ဂျပန်အဖွဲ့က လမ်းပိုင်း ပြင်ဆင်မှုကို စတင် ဆောင်ရွက်ပေးမှာပါ” ဟု မြန် မာ့ မီးရထားမှ လက်ထောက် အထွေ ထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Jul 2013 03:20 AM PDT
မုံရွာ-ရေဦး လမ်းမကြီးဘေး မြို့သစ်ရပ်ကွက်တွင် ရှိသော ကေတီဗီတစ်ခုကို ဇူလိုင်လ ၃ ရက်နေ့ ညဥ့်နက်ပိုင်း အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် ဆိုင်အတွင်းမှ ထွက်လာသော တပ်မတော်သားအရာရှိ တစ်ဦးနှင့် အချင်းများ ခဲ့ကြောင်း ယင်းကေတီဗီ အနီးတွင် နေထိုင်သည့် မြို့သစ်ရပ်ကွက်သား တစ်ဦးက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 03:18 AM PDT
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တရားရုံးတွင် ဇူလိုင် ၃ ရက်နေ့ ၃ နာရီ ၂၀ မိနစ်က အချုပ်တရားခံ တစ်ဦးအား ခွင့်ပြုချက်မရဘဲ ချောင်းဆိုးပျောက်ဆေးများ ပေးသွင်းသူ အမျိုးသမီးကို ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Jul 2013 03:12 AM PDT
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကို ရဲတွေက ပစ်မှတ်ထား ဖမ်းဆီးနေပါတယ်။ ဇူလိုင်လ အစောပိုင်းက စတင်ခဲ့တဲ့ ဖမ်းဆီး နှိမ်နင်း မှုတွေကြောင့် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေ ရာနဲ့ချီ အဖမ်းဆီး ခံခဲ့ရတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေ သူတွေ့နဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားတချို့



Posted: 04 Jul 2013 10:58 PM PDT
မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်း မြို့နယ်၊ ပေါက်ခေါင်းကျေးရွာ မှတဆင့် တရားမဝင် နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ ဆမုတ် ပရာကန် ခရိုင်၊ မဲကလောင် (မဲခေါင်) လှေဆိပ်၌ ထိုင်းသူဌေးပိုင် ငါးဖမ်းလှေပေါ်တွင် ရောင်းချခြင်း ခံရသည့် မြန်မာနိုင်ငံသား ၃၈ ဦး အနက် ၁၁ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်ထုတ် နိုင်ခဲ့ကြောင်း ဖြစ်စဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) မှ ဦးကျော်သောင်း က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 10:47 PM PDT
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဘုရင့်နောင် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့သူ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Jul 2013 10:24 PM PDT
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံ တွင် မေလ ၇ ရက်နေ့က ကိုယ်ဝန်သည် မယုဇာလှိုင် သေဆုံးမှုနှင့် ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီးဌာနက လက်ထောက် ဆရာဝန် ဒေါက်တာယူသိန်းနိုင်ကို တိုက်နယ်ဆေးရုံ တစ်ခုသို့ ခေတ္တပြောင်းရွှေ့ တာဝန်ချထားကြောင်း ရွှေတောင် မြို့နယ် ပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Jul 2013 10:14 PM PDT
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂/၃)၊ ပြည်ထောင်စု လမ်းမကြီး၊ တောင်ရပ်ကွက်ရှိ ရိုးမဘဏ် ဧည့်ကြို ဝန်ထမ်း ဖြစ်သူထံသို့  ၂ဝ၁၃ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် အမည်မသိ ဆိုင်ကယ်စီး နင်းလာသူ တစ်ဦး ရောက်ရှိလာပြီး စာတစ်စောင် ပေးခဲ့ကြောင်း၊ ၎င်းစာတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 10:06 PM PDT
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ရဲတပ်ဖွဲ့ စခန်း ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးမြင့်ဦးနှင့် အဖွဲ့သည်  ကျောက်တံခါး မြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ဒဂုံမန်း ကားလမ်းပေါ်ရှိ လက်ခ်ျမီး လက်ဖက်ရည် ဆိုင်တွင် မသင်္ကာသူ တစ်ဦးရောက်ရှိနေကြောင်း ဆိုင်ပိုင်ရှင် ဆူးရစ်ကူးမားက လာရောက် အကြောင်းကြားသဖြင့် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ၎င်းမသင်္ကာသူမှာ အဆိုတော် သရုပ်ဆောင် ရဲတိုက် ၃ဝ နှစ်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 04 Jul 2013 09:36 PM PDT
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ က အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် သူတို့ပါတီ က ပြင်ဆင် ဆောင်ရွက်မှုတွေ ပြီးစီးသွားပြီ လို့ ဆိုပါတယ်။ အဓိက ပြင်ဆင် လိုတဲ့ အချက်တွေ ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ကို ကာကွယ်ရေး ဦးစီးချုပ် က ရွေးချယ်မယ့် အစား တပ်မတော်သားတွေ ကိုယ်တိုင်ရွေး တဲ့ ကိုယ်စားလှယ်ဖြစ်ရေး လည်း ပါဝင် ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လွှတ်တော်တက် တပ်မတော်အရာရှိများ

Posted: 04 Jul 2013 09:29 PM PDT
ဇူလိုင်လ (၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 04 Jul 2013 09:27 PM PDT
ဇူလိုင်လ (၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Jul 2013 09:26 PM PDT
ဇူလိုင်လ (၅)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.63)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 04:46 PM PDT
သဘာဝ အလင်းကင်းကာ ညမီးအလင်း ဖျော့ဖျော့ ၊ အပင်ငယ်လေးတွေ အောက် က ရွှေအိုရောင်
အဆင်း မီးအလင်း ရောင်လေးတွေကြားမှာ အဆင် အသွေးစုံ၊ ကာလာစုံ၊ ဒီဇိုင်းစုံ၊ ဆံနွယ်အတို၊
အရှည်၊ အမွှေးအကြိုင် အနံ့ပေါင်း စုံနှင့် ဟိုတစ်စု၊ ဒီတစ်စု အဖွဲ့လိုက် တစ်မျိုး၊ တစ်ကိုယ်ရည်တစ်
ဖုံ၊ ကျော့ လို့၊ မော့လို့ ကူးချီသန်းချီနှင့် ဟန်ရေး ပြ လျှောက်လှမ်းနေကြသည်တို့မှာ စိတ်ဝင်စားစ
ရာကောင်းလှသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အလှအပများကို ညကျမှ ဖော်လှစ်ကြွားဝါခွင့် ရကြရှာသော မိန်းမလျာများအား မန္တလေးကျုံးမြို့ရိုးတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်



Posted: 04 Jul 2013 04:44 PM PDT
'ရေနွေးကြမ်း သောက်ပါ ဦးလား'ဆိုတဲ့ စကားဟာ မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်
ကမ်းနား တလျှောက်မှာတော့ သာမန်ဖိတ်ခေါ်မှု ထက်ပိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆို
တာ နယ်ခံမဟုတ်ရင် မသိနိုင် လောက်ပါဘူး။ ကမ်းနားလမ်း ဘက်ကို လူစိမ်း တစ်ယောက် ရောက်လာပြီ ဆိုရင် ဒီလိုလိုက် မေးတတ်တဲ့ သူတွေနဲ့ ကြုံရတတ်ပြီး တကယ်တမ်းမှာ ရေနွေးကြမ်းအစား သွေးသားနဲ့ ဧည့်ခံဖို့ စကားလုံး လှလှနဲ့ ဖိတ်ခေါ် လိုက်တာပဲ ဖြစ်ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ပြုန်း ပွဲတော်တွင် လိင်ပညာပေး လက်ကမ်း စာစောင်နှင့် ကွန်ဒုံးများကို အင်န်ဂျီအို တချို့က ပွဲတော်လာ သူများအား ဝေငှနေစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်

Posted: 04 Jul 2013 03:09 PM PDT
ချင်းတွင်းမြစ်၏ တဘက်ကမ်းတွင် တည်ရှိသော ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာဟောင်း၌ တည်ထား ကိုးကွယ်သော ရွာဦးဘုန်းတော်ကြီး ကျောင်းသည် ၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၅ ရက်နေ့ခန့်က သက်ဆိုင်ရာ အာဏာပိုင်များမှ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း နယ်မြေနှင့် ကင်းလွတ်ခြင်းမရှိဟုဆိုကာ ဘုန်းတော်ကြီး ကျောင်းအား ချိတ်ပိတ်ထားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Jul 2013 02:59 PM PDT
4.7.2013 နေ့ ညနေ ၃:၃၀ နာရီခန့်တွင် မုံရွာမြို့နယ် ထန်းတော၊
နန္ဒ၀န်ကျွန်းဆွယ် တွင်နေထိုင်သော မမိုးမိုးထွေး အသက် (၁၄) နှစ် နှင့်
မသန္တာအောင် အသက်(၁၅) နှစ် တို့အား အသက် (၂၁) ခန့်ရှိသော မစိုးစိုးမှ
မိဘခွင့်ပြုချက်မရဘဲ သွေးဆောင်ဖျားယောင်း ခေါ်ဆောင်သွား ပါသဖြင့်
ကလေးနှစ်ယောက်၏ မိဘများမှ လူကုန်ကူးမှု အသွင်ဆောင်ပါသဖြင့် နန္ဒ၀န် ရပ်ကွပ်
အမှတ် (၂) ရဲစခန်းတွင် တိုင်ကြားကာ လိုက်လံ ရှာဖွေနေပါသည်။ တွေ့ရှိပါက
အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ---      09-33222829
                              
    09-33221176

Myanmar News Now

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...