Friday, July 5, 2013

-"ငါလမ်းဘေးခလုတ်တိုက်လဲတာလဲ နယ်ချဲ့စံနစ်ကြောင့်...။ "

Win Ko Myint and Seaman Nayminthu shared Myo Set's photo.


-Jump To Conclusion လို့အင်္ဂလိပ်လိုခေါ်ကြတဲ့ အလွယ်တစ်ကူ ကောက်ချက်ဆွဲတတ်ကြတဲ့ အလေ့အထ၊ အထူးသဖြင့်နိုင်ငံရေးမှာ အပြစ်ဖို့ကြေးလုပ်ကြတဲ့ အလေ့အထကို သရော်ထားတဲ့ ဟာသ လေးဖြစ်ပါတယ်။ ဆိုဗီယက်ဟာသလို့လဲပြောကြတယ်။


-အခု အဲ့ဒါလေးကို ကျနော်တို့ပြန်မြန်မာမှု ပြုလိုက်ရင် "ငါလမ်းဘေးခလုတ်တိုက်လဲတာ စစ်အစိုးရကြောင့်"...။ အဲ့လို့ပေါ့။

-ဒါက ဟာသ အတွက်..စိတ်၇ွှင်စေဖို့အတွက်ပါ။ တစ်ကယ်ပြောပြချင်တာက သတ်သတ်ရှိပါတယ်။

-ကျနော်တို့တွေ တစ်ခုခုဆိုရင် အလွယ်တစ်ကူ လက်ညှိုးထိုးတတ် အပြစ်တင်တတ်ကြတယ်။ ကျနော်ဆိုရင် ငယ်တုန်းက နေမကောင်းတဲ့လူတစ်ယောက်အတွက် အစိုးရကို အပြစ်တင်ခဲ့တယ်။ သူ့ကျန်းမာရေးကို သူမစောင့်ရှောက်တာကို ကျနော်မမြင်ခဲ့မိဘူး။

-ကျနော်တို့မှာ မကောင်းတဲ့အာဏာရှင်စံနစ်ရှိခဲ့တယ်။ ဒီစံနစ်က ကျနော်တို့တွေရဲ့ နေ့စဉ်ဘဝတွေမှာ တွေးခေါ်စဉ်းစားပုံတွေကို လွှမ်းမိုးစေခဲ့တယ်။

-အာဏာရှင်စံနစ်မှာ အာဏာကိုတပ်မက်မောမှု၊ ဖိနှိပ်မှု၊ ဆန့်ကျင်ဘက်ကို ချေမှုန်းလိုမှု၊ ဆန့်ကျင်ဘက်ကိုချေမှုန်း လိုတဲ့အတွက် အမျိုးမျိုးထောင်ချောက်ဆင်မှု စတာတွေဟာ အာဏာရှင်စံနစ် ရှည်ကြီးထဲမှာ ကျနော်တို့တွေ့ကြုံခံစားနေရတာတွေ။

-ဒီလို ဖိနှိပ်မှုတွေကြောင့် ကျီးလန့်စာစားဖြစ်ခဲ့ရတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ မပြောဝံ့တဲ့စကားလုံးဖြစ်ခဲ့တယ်။

-ဒီလိုစံနစ်တွေကနေပဲ အာဏာအတွက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး ကွင်းထဲမှာ ကစားတဲ့ အာဏာရှင်ဖက်က လူတန်းစားတွေကော၊ အာဏာရှင်ကို တွန်းလှန်တဲ့လူတန်းစားတွေကော တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပုတ်ခတ်၊ စွပ်စွဲ၊ ထောင်ချောက်ဆင်ချေမှုန်းလိုတဲ့ အတွေးတွေဟာ ပုံသွင်းခံရသလို ဝင်နေခဲ့တော့တယ်။

-ဒါကို ယနေ့ နိုင်ငံရေးဖြစ်စဉ်များထဲမှာ သိသာစွာတွေ့နေရဆဲပါ။ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "မေ့ပစ်ဖို့မဟုတ်ဘူး" ဆိုပြီး ပြောခဲ့ရတယ်။ "ခံစားချက်တွေနဲ့လုပ်လို့မရဘူး" ဆိုပြီးသတိပေးခဲ့တယ်။ ဒီလို 2010 ရွေးကောက်ပွဲဝင်တဲ့အချိန်မှာတင် ဒီ လို အပြတ်ချေမှုန်းတဲ့အတွေးအခေါ်ရှိတဲ့နောက်လိုက်တွေရဲ့ ဖိအားကို ခေါင်းဆောင်အနေနဲ့အများကြီးရုန်းကန်ခံစားခဲ့ရပုံပေါ်ပါတယ်။

-တစ်ဖန် အာဏာရှင်ဖက်ကိုကြည့်ပြန်ရင်လဲ မလိုက်လိုသူတွေကို ချန်ထားခဲ့ရမယ်ဆိုပြီး သမ္မတက ထုတ်ပြောရတဲ့အထိ ရန်၊ ငါ အစွဲပြင်းထန်ခဲ့ကြတယ်။ အခုထိ အတိုက်အခံဆိုတာ ကိုယ့်ပြည်သူထဲက ပြည်သူဆိုတာ မမြင်သေးဘဲ ရန်သူလို ဆက်ဆံနေကြဆဲဖြစ်ပါတယ်။

-ဒီလို အတွေးအခေါ်တွေဟာ Political System နဲု့ယှဉ်တွဲဖြစ်ပေါ်နေတတ်တဲ့ Social Frame ကနေ မွေးထုတ်ပေးလိုက်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ကျနော်တို့တွေအားလုံး ဒီ Social Frame ထဲမှာနေကြတော့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ ဆိုပြီးမကွဲပြားပဲ ကျနော်တို့အားလုံး ဒီအတွေးအခေါ်တွေရဲ့ သားကောင်ဖြစ်ခဲ့ကြတယ်။

-တစ်ယောက်နဲ့တစ်ယောက် သံသယနဲ့ကြည့်ကြတယ်။ ငါ့ကို ထိ မှာလား ဆိုတဲ့ မယုံသင်္ကာစိတ်တွေနဲ့ကြည့်ကြတယ်။ မလွတ်လပ်ကြဘူး။ မရဲတင်းကြဘူး။ လူရှေ့သူရှေ့ထွက်ရင် ကုပ်ချောင်းချောင်းလေးတွေ ဖြစ်နေကြတယ်။ သိမ်ငယ်နေကြတယ်။ ကျနော်တို့လဲ အတူတူပဲ။ အများစုဟာ ဒီလိုပါပဲ။

- ပြောပြချင်တာက အာဏာရှင်စံနစ်ကြောင့် အာဏာရှင်တွေကိုယ်တိုင်နဲ့ ကျန်ပြည်သူတွေပါ ဒီလို အချုပ်အနှောင်ခံနေရတဲ့ အကြောက်တရားကြားထဲ ပိတ်မိနေကြတယ်ဆိုတာပါ။

-ထစ်ခနဲရှိ စွပ်စွဲလိုက်ချင်တာ၊ လက်ညှိုးကို သူများကိအရင်ဦးအောင်ထိုးထား အပြစ်ဖို့ထားလိုက်ချင်တာ စတဲ့ အရာတွေဟာ ဘယ်ကနေလာလဲဆိုတာ သိလောက်ပြီထင်ရဲ့။

-ဒီဟာတွေကို ပြောင်းလဲသွားဖို့၊ ကိုယ့်နိုင်ငံသားတွေ ရဲရဲဝံ့ဝံ့ ပိုဖြစ်လာဖို့ အချိန်ခဏ ယူရမှာပါ။ ပညာရေးစံနစ်တွေပြောင်းရဦးမှာပါ။ Social Mobilities လို့ခေါ်တဲ့ လူမှုလှုပ်ရှားမှုတွေလုပ်ရဦးမှာပါ

-ကျနောတို့ ဘာလုပ်သင့်လဲ သိလောက်ပြီထင်ရဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...